backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sodium Chloride (ဆိုဒီယမ် ကလိုရိုက် )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Sodium Chloride (ဆိုဒီယမ် ကလိုရိုက် ) ကို ဘာအတွက်အသုံးပြုကြသလဲ

Sodium Chloride သည် အိမ်သုံးဆားဖြစ်သည်။ Sodium ဆိုသည်မှာ ကိုယ်ခန္ဓါထဲတွင် ရေဓါတ်ကို ထိန်းပေးသော ဓါတ်ဖြစ်ပြီး အာရုံကြောများနှင့် ကြွက်သားများ ကျုံ့ဆန့်ခြင်းအတွက်လည်း အရေးပါပါသည်။

Sodium Chloride ကို ရောဓါတ်ခမ်းခြောက်ခြင်း၊ ချွေးထွက်နည်းခြင်း နှင့် အခြားသော အကြောင်းများကြောင့် Sodium ဓါတ်နည်းခြင်းကို ကုသရာတွင် အသုံးပြုပါသည်။ ထိုပြင့် ဆရာဝန်က Sodium Chloride ဖြင့် ကုသမှုများ လိုအပ်သလို ပြုလုပ်နိုင်ပါသည်။

Sodium Chloride (ဆိုဒီယမ် ကလိုရိုက် ) ဘယ်လိုသောက်သုံးသင့်သလဲ

Sodium Chloride ကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ပါ။ ပိုသောက်ခြင်း၊ လျှော့သောက်ခြင်း မပြုလုပ်ပါနှင့်။ ဆေးအညွှန်းတွင်ရေးထားသည့် ညွှန်ကြားချက်များကို လိုက်နာပါ။

ရေ ၈အောင်စဖြင့်သောက်ပါ။

အစာနှင့် ဖြစ်စေ၊ အစာမရှိဘဲဖြစ်စေ သောက်နိုင်ပါသည်။

ဆေးသောက်နေစဉ် သွေးစစ်ရန်လိုအပ်သောကြောင့် ဆရာဝန်နှင့် မှန်မှန် သွားပြပါ။

သင့်ကဲ့သို့ ရောဂါတူခံစားနေရသော သူများကို ဆေးသောက်ရန် မတိုက်တွန်းပါနှင့်။ ဆရာဝန်နှင့် ပြပြီးမှသာ သောက်သင့်သောပါသည်။

ဆေးသောက်နေသော်လည်း ရောဂါဝေဒနာများ မသက်သာလာလျှင် ဆရာဝန်အားပြောပြပါ။

ဆေးကို အခန်းအပူချိန်တွင်ထားနိုင်ပါသည်။ စိုထိုင်းခြင်း၊ အပူ၊ အအေးများနှင့် တိုက်ရိုက်မထိတွေ့အောင် ထားပါ။

Sodium Chloride (ဆိုဒီယမ် ကလိုရိုက် ) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက်ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Lomustine ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Sodium Chloride ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Sodium Chloride ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Sodium Chloride ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက်ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Sodium Chloride ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sodium Chloride (ဆိုဒီယမ် ကလိုရိုက် ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • ကိုယ်ဝန်ရှိခြင်း၊ နို့တိုက်နေခြင်း၊ ကလေးယူရန်စီစဉ်နေခြင်း များရှိလျှင်
  • သင်သည် ဆရာဝန်ညွှန်ကြားထားသော၊ မိမိသဘောနှင့် သောက်နေသော ဆေးများ၊ တိုင်းရင်းဆေးများ၊ အားဖြည့်ဆေးများသောက်နေလျှင်
  • အခြားသော ဆေးများ၊ အစားအစာများ ၊ အရာဝတ္ထုများနှင့် ဓါတ်မတည့်ခြင်း တစုံတရာရှိလျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sodium Chloride (ဆိုဒီယမ် ကလိုရိုက် ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Sodium Chloride (ဆိုဒီယမ် ကလိုရိုက် ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါတို့ခံစားရပါက ဆရာဝန်ထံချက်ချင်းသွားပြပါ။

  • နှလုံးခုန်မြန်ခြင်း
  • ဖျားခြင်း
  • အင်ပြင်ထခြင်း၊ နီရဲခြင်း၊ ယားယံခြင်း
  • အသံသြလာခြင်း
  • ဓါတ်မတည့်ခြင်း
  • အဆစ်များတောင့်တင်းခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း
  • အသားများ နီရဲလာခြင်း
  • အသက်ရှုကျပ်ခြင်း၊ မောခြင်း
  • မျက်လုံး၊ မျက်နှာ၊ မျက်ခွံ၊ နှုတ်ခမ်းများ၊ လက်၊ ခြေများရောင်ရမ်းလာခြင်း
  • ရင်ကျပ်လာခြင်း
  • အသက်ရှုကျပ်ခြင်း၊ မျိုရခက်လာခြင်း

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Sodium Chloride (ဆိုဒီယမ် ကလိုရိုက် ) နဲ့ ဓါတ်ပြုနိုင်သလဲ

Sodium Chloride ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Sodium Chloride (ဆိုဒီယမ် ကလိုရိုက် ) နဲ့ ဓါတ်ပြုနိုင်သလား

Sodium Chloride က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Sodium Chloride (ဆိုဒီယမ် ကလိုရိုက် ) နဲ့ ဓါတ်ပြုနိုင်သလဲ

Sodium Chloride ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။

အထူးသဖြင့် သင့်မှာ

  • ရိုးတွင်း ချဉ်ဆီရောဂါ၊ ကျောက်ကပ်၊ နှလုံး အသည်း ၊ အဆုတ် ရောဂါများရှိလျှင်
  • ဘက်တီးရီးယား၊ မှိုရောဂါ နှင့် ဗိုင်းရပ်စ်ပိုးဝင်ရောဂါများရှိလျှင် (ဥပမာ- ရေကျောက်ပေါက်ခြင်း၊ ခါးပတ်ရေယုန်ဖြစ်ခြင်း)
  • ဓါတ်ရောင်ခြည်နှင့် ကုသမှုများ ခံယူနေလျှင်သင့်အတွက် စိတ်ချရမှုရှိစေရန် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Sodium Chloride (ဆိုဒီယမ် ကလိုရိုက် ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • အမျိုးမျိုးသော အကြောင်းများကြောင့် ဦးနှောက်အတွင်း ဖိအားမြင့်တက်ခြင်း (ဥပမာ- ဦးနှောက်အလွှာအောက်တွင် သွေးထွက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်ကင်ဆာဖြစ်ခြင်း) နှင့် ဦးနှောက်သားကျွံခြင်း ဝေဒနာများအတွက် Sodium Chloride အကြောဆေး 23.4 % (30-60 mL) ကို ပင်မသွေးပြန်ကြောမှတဆင့် ပေးနိုင်သည်။
  • သွေးဆိပ်တက်ခြင်း၊ ခန္ဓါကိုယ်၏ သွေးလည်ပတ်မှုစနစ်များကို နှိုးဆွရန်အတွက် 0.9% Sodium Chloride အကြောဆေး ကို အနည်းဆုံး 30 mL/kg ပေးနိုင်သည်။

ကလေးတွေအတွက် Sodium Chloride (ဆိုဒီယမ် ကလိုရိုက် ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ရုတ်တရက် Sodium ဓါတ်နည်းသွားသော၊ ဦးနှောက်ကို ဒဏ်ရာရခြင်းကြောင့် ဦးနှောက်အတွင်း ဖိအားမြင့်တက်ခြင်း ကလေးငယ်များတွင် 0.9% ထက်ပြင်းအားများသော Sodium Chloride အကြောဆေး ကို ပေးနိုင်သည်။
  • ထို့နောက် တနေ့လျှင် 3-4 mEq/kg/day နှုန်းပေးပါ။
  • အများဆုံး 100 – 150 mEq/dayပေးနိုင်ပါသည်။
  • ကလေးငယ်၏ အခြေအနေအပေါ်မူတည်ပြီး ဆေးပမာဏများ ကွာခြားနိုင်ပါသည်။

Sodium Chloride (ဆိုဒီယမ် ကလိုရိုက် ) ကိုဘယ်လိုရရှိနိုင်သလဲ

Sodium Chloride ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် ရရှိနိုင်ပါတယ်။

  • 9% (90 mL, 240 mL) ရှုဆေးရည်
  • 1 gဂျယ်လီ၊ဆေးရည်
  • 355 mL လိမ်းဆေး
  • 5% (3.5 g)မျက်စဉ်းဆေး

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Sodium Chloride ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement