Generic Name: Sildenafil (စီဒါနာဖေးလ်) Brand Name(s): Sildenafil (စီဒါနာဖေးလ်).

အသုံးပြုပုံများ

Sildenafil (စီဒါနာဖေးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Sildenafil ကို အဆုတ်အတွင်း သွေးဖိအားများခြင်းကို ကုသရာတွင် အသုံးပြုသည်။၎င်းသည် အဆုတ်တွင်းရှိ သွေးကြောများကို ကျယ်စေခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေသည်။အဆုတ်တွင်း သွေးဖိအားနည်းသွားခြင်းဖြင့် အဆုတ်နှင့် နှလုံးတို့ကို ပိုမိုကောင်းမွန်စွာ အလုပ်လုပ်စေနိုင်ပြီး သင့်အနေဖြင့် ကိုယ်လက်လှုပ်ရှားမှုများကို ပို၍ အချိန်ကြာကြာ လုပ်ဆောင်နိုင်စေသည်။
ဤဆေးကို ကလေးများတွင် အသုံးမပြုရပါ။ ဆေး၏ ကောင်းကျိုးဆိုးပြစ်များနှင့် ပတ်သတ်၍ ဆရာဝန်နှင့် သေချာစွာဆွေးနွေးပါ။
အခြားအသုံးပြုမှုများ။ ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် Sildenafil ကိုအသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။
အမျိုးသားများတွင် ပန်းသေပန်းညှိုးရောဂါကို ကုသရန်အတွက် Sildenafil ကို အမျိုးမျိုးသော တံဆိပ်များ၊အချိုးအဆများဖြင့်လည်း ရရှိနိုင်သည်။ ပန်းသေပန်းညှိုးရောဂါ သို့မဟုတ် အဆုတ်တွင်း သွေးဖိအားများခြင်းအတွက် Sildenafil သို့မဟုတ် အလားတူဆေးများ( ဥပမာ။ ။ Tadalafil, cardenafil )ပါဝင်သည့်တံဆိပ်များကို Sildenafil နှင့် အတူတွဲဖက် အသုံးမပြုရ။

Sildenafil (စီဒါနာဖေးလ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကို စတင်အသုံးမပြုခင် သို့မဟုတ် ဆေးကုန်သွား၍ ဝယ်ယူသည့်အချိန်တိုင်းတွင် ဆေးဆိုင်မှ ပေးလိုက်သည့် ဆေးညွှန်းစာရွက်ကို ဂရုတစိုက်ဖတ်ရှုပါ။မရှင်းလင်းသည်များ ရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။ အဆုတ်တွင်း သွေးဖိအားများခြင်းကို ကုသရန် Sildenafil ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း (အများအားဖြင့် တစ်နေ့လျှင် ၃ ကြိမ်)အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သောက်နိုင်ပါသည်။ သောက်ရမည့် ဆေး၏ပမာဏသည် သင်၏ ရောဂါအခြေအနေ၊ ဆေးအပေါ် တုန့်ပြန်မှု နှင့် အခြားသောက်သုံးနေသော ဆေးဝါးများ ရှိမရှိ အပေါ်မူတည်ပါသည်။သင်လက်ရှိ သောက်သုံးနေသော ဆေးများ (ဆရာဝန် ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ အခြား သဘာဝဆေးဖက်ဝင် ပစ္စည်း များအားလုံး အကျုံးဝင်သည်)ကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား ပြောပြပါ။

မိမိ သဘောဖြင့် ဆေးပမာဏ တိုးခြင်း သို့မဟုတ် အကြိမ်ရေပိုသောက်ခြင်းတို့ မပြုလုပ်ရ။ထိုသို့ ပြုလုပ်ခြင်းဖြင့် ဆေးအာနိသင်ကို ပိုမလာစေသည့် အပြင် ဘေးထွက်ဆိုးကျိုးများကိုသာ ပိုဆိုးစေမည်။
ဤဆေးကို ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်မှ ရောစပ်ပေးလိုက်မည်ဖြစ်သည်။ ဆေးမသောက်မီ ၁၀စက္ကန့်ခန့် အလိုတွင် ဆေးပုလင်းကို နာနာလှုပ်ပါ။ဆေးဘူးနှင့် အတူပါလာသော အစက်ချပြွန်လေးအား အသုံးပြု၍ ဆေးပမာဏကို တိကျစွာ တိုင်းတာပါ။(ဆေးပမာဏ တိုင်းတာရာတွင် မှားနိုင်သဖြင့်) အိမ်တွင်ပုံမှန်အသုံးပြုသည့် ဇွန်းကို မသုံးပါနှင့်။
ဆေးကို အခြားသော ဆေး/အရည်တို့နှင့် မရောပါနှင့်။
ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ သင်၏ရောဂါ အခြေအနေမသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်အား အသိပေးပါ။

Sildenafil (စီဒါနာဖေးလ်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။
Sildenafil ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Sildenafil ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Sildenafil ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Sildenafil ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။
Sildenafil ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sildenafil (စီဒါနာဖေးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
လိင်ဆက်ဆံနေစဉ် ခေါင်းအလွန်မူးလာခြင်း၊ပျို့အန်ချင်လာခြင်း သို့မဟုတ် ရင်ဘတ်၊လက်မောင်း၊လည်ပင်း၊မေးရိုးတဝိုက်တို့တွင် နာကျင်ခြင်း၊ထုံကျင်ခြင်းစသည်တို့ကို ခံစားရပါက သင်သည် Sildenafil ၏ ဆိုးရွားသော ဘေးထွက်ဆိုးကျိုးလက္ခဏာများကို ခံစားနေရခြင်း ဖြစ်နိုင်သဖြင့် လိင်ဆက်ဆံခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်ထံ အမြန်အကြောင်းကြားရပါမည်။
အောက်ပါလက္ခဏာများ ပေါ်ပေါက်လာလျင်လည်း Sildenafil အသုံးပြုမှုကို ချက်ချင်းရပ်ပြီး ဆရာဝန်ထံ အမြန်အကြောင်းကြားရပါမည်။

• အမြင်အာရုံထိခိုက်ခြင်း သို့မဟုတ် ရုတ်တရက် မျက်စိမမြင်ရတော့ခြင်း။
• နားထဲတွင် ဆူညံသံများ ကြားနေရခြင်း သို့မဟုတ် ရုတ်တရက် နားမကြားရတော့ခြင်း။
• ရင်ဘတ်အောင့်ခြင်း၊တခုခုဆွဲထားသကဲ့သို့ ရင်ဘတ်ထဲတွင် လေးလံနေခြင်း၊ရင်ဘတ်အောင့်ခြင်းသည် လက်မောင်းသို့မဟုတ် ပုခုံးထိပ်သို့ ပျံ့သွားခြင်း၊ပျို့ခြင်း၊ချွေးစေးများပျံခြင်း၊နေမထိထိုင်မသာဖြစ်ခြင်း။
• နှလုံးခုန်မမှန်ခြင်း၊
• အသက်ရှုမဝခြင်း၊မောခြင်း၊ခြေလက်များ ဖောရောင်ခြင်း။
• တက်ခြင်း။
• သတိလစ်ခြင်း။
• ၄နာရီ သို့မဟုတ် ထို့ထက်ကြာကြာ လိင်တံထောင်မတ်ပြီး နာကျင်နေခြင်း။
• သာမန် ဘေးထွက်လက္ခဏာများမှာ
• မျက်နှာ၊လည်ပင်း၊ရင်ဘတ်တို့တွင် နီရဲပူနွေးခြင်း။
• အအေးမိခြင်းလက္ခဏာများဖြစ်သော နှာစေးခြင်း၊နှာချေခြင်း၊လည်ချောင်းနာခြင်း။
• ခေါင်းကိုက်ခြင်း
• မှတ်ဉာဏ်ပြဿနာများ
• ဝမ်းလျှောခြင်း၊ဗိုက်နာ/အောင့်ခြင်း။
• ကြွက်သားများနာခြင်း၊နောက်ကျောနာခြင်း။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sildenafil (စီဒါနာဖေးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Sildenafil (စီဒါနာဖေးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Sildenafil (စီဒါနာဖေးလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Sildenafil ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Sildenafil ကိုအသုံးမပြုသင့်ပါဘူး။သင့်ဆရာဝန် အနေနဲ့ Sildenafil ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
• Amprenavir

• Amyl Nitrite

• Atazanavir

• Boceprevir

• Cobicistat

• Darunavir

• ErythritylTetranitrate

• Fosamprenavir

• Indinavir

• IsosorbideDinitrate

• IsosorbideMononitrate

• Lopinavir

• Molsidomine

• Nelfinavir

• Nitroglycerin

• Nitroprusside

• PentaerythritolTetranitrate

• Riociguat

• Ritonavir

• Saquinavir

• Telaprevir

• Tipranavir
အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Sildenafil နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
• Cannabis

• Carbamazepine

• Ceritinib

• Clarithromycin

• Dabrafenib

• Dihydrocodeine

• Eslicarbazepine Acetate

• Fluconazole

• Idelalisib

• Mitotane

• Nefazodone

• Nilotinib

• Piperaquine

• Primidone

• Siltuximab

• Simeprevir

• Telithromycin

• Voriconazole
အောက်ဖော်ပြပါ ဆေးများသည် Sildenafil ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
• Alfuzosin

• Bosentan

• Bunazosin

• Ciprofloxacin

• Delavirdine

• Doxazosin

• Erythromycin

• Etravirine

• Itraconazole

• Ketoconazole

• Moxisylyte

• Nebivolol

• Prazosin

• Rifapentine

• Silodosin

• Tamsulosin

• Terazosin

• Trimazosin

အစားအသောက်တွေနဲ့ အရက်က Sildenafil (စီဒါနာဖေးလ်) နဲ့ ဓာတ်ပြုနိုင်သလား

Sildenafil က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Sildenafil (စီဒါနာဖေးလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Sildenafil ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• -လိင်တံပုံစံမမှန်ခြင်း(လိင်တံကောက်ခြင်း၊မွေးရာပါ လိင်တံပြဿနာများရှိခြင်း အပါအဝင်) —->ဘေးထွက်ဆိုးကျိုးပြဿနာများဖြစ်ပေါ်စေရန် အခွင့်အလမ်းများသဖြင့် ဆေးကို သတိနှင့်သုံးစွဲရမည်။
• ရင်ဘတ်ခဏခဏ အောင့်တတ်ခြင်း။
• နှလုံးစည်းချက်မမှန်ခုန်ခြင်း—-> လွန်ခဲ့သည့် ၆လအတွင်း
• သွေးတိုးရှိခြင်း။
• သွေးပေါင်ချိန်ကျလေ့ရှိခြင်း။
• သွေးတိုးရှိခြင်း။
• သွေးပေါင်ချိန်ကျလေ့ရှိခြင်း။
• နှလုံးရောဂါရှိခြင်း။
• လူကီးမီးယား သွေးကင်ဆာရှိခြင်း။
• Multiple myeloma ဟုခေါ်သော ရိုးတွင်းချဉ်ဆီဆိုင်ရာ ကင်ဆာရှိခြင်း။
• ပုံမှန်ထက် ပို၍အချိန်ကြာမြင့်စွာ လိင်တံထောင်မတ်ပြီး နာကျင်သော ရောဂါ ရာဇဝင်ရှိခြင်း။
• Retinitis pigmentosa ဟုခေါ်သော မွေးရာပါ မျက်စိရောဂါရှိခြင်း။
• Sickle cell anaemia ဟုခေါ်သော သွေးအားနည်းရောဂါ တမျိုးရှိခြင်း
• အသက် ၅၀နှစ် အထက်ဖြစ်ခြင်း။
• မကြာသေးမီက လေဖြတ်ထားခြင်း
• အစာအိမ်အနာရှိခြင်း
• သွေးတွင်း အဆီဓာတ်များခြင်း။
• crowded disc ဟုခေါ်သော မျက်စိရောဂါတစ်မျိုးရှိခြင်း။
• ဆေးလိပ်သောက်တတ်သူဖြစ်ခြင်း —–> non-arteritic ischaemic optic neuropathy ဟုခေါ်သော မျက်စိရောဂါဖြစ်နိုင်ချေကို ပိုမိုများစေသည်။
• မျက်စိတဖက်တွင် ဖြစ်စေ နှစ်ဖက်လုံးတွင် ဖြစ်စေ non-arteritic ischaemic optic neuropathy ဟုခေါ်သော မျက်စိရောဂါဖြစ်ဖူးသူများ
• -PVOD (Pulmonary veno-occlusive disease) ဟုခေါ်သော အဆုတ်ရောဂါရှိခြင်း။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Sildenafil (စီဒါနာဖေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပန်းသေပန်းညှိုးအတွက်
—->ကနဦး သောက်သုံးရန် —–>၅၀မီလီဂရမ်ကို တစ်နေ့လျင် တစ်ကြိမ် (လိုအပ်သည့် အချိန်တွင်) သောက်ရမည်။လိင်မဆက်ဆံမီ တစ်နာရီကြိုသောက်ရမည်။
—->ဆက်လက်သောက်သုံးရန်—->၂၅-၁၀၀မီလီဂရမ်ကို တစ်နေ့လျင် တစ်ကြိမ် (လိုအပ်သည့် အချိန်တွင်) သောက်ရမည်။လိင်မဆက်ဆံမီ တစ်နာရီကြိုသောက်ရမည်။
မှတ်ချက်။ ။ ဤဆေးကို လိင်မဆက်ဆံမီ နာရီဝက် မှ ၄နာရီအတွင်း အဆင်ပြေသည့်အချိန်တွင် သောက်နိုင်သည်။

အဆုတ်တွင်း သွေးဖိအားများခြင်းအတွက်
—->Refatio (R)
သောက်ဆေး —–> ၅မီလီဂရမ် သို့မဟုတ် ၂၀မီလီဂရမ်ကို တစ်နေ့လျှင် ၃ကြိမ် (၄နာရီ သို့မဟုတ် ၆နာရီခြား တစ်ခါ သောက်နိုင်သည်)။
အများဆုံးသောက်နိုင်သော ပမာဏ။ ။ ၂၀မီလီဂရမ်ကို တစ်နေ့လျှင် ၃ကြိမ်
ထိုးဆေး—–> ကနဦးထိုးရန်ဆေးပမာဏ ——> ၂.၅-၁၀မီလီဂရမ်ကို အကြောထိုးဆေးအဖြစ် တစ်နေ့လျှင် ၃ကြိမ်။

မှတ်ချက်။ ။သတ်မှတ်ထားသော အများဆုံးသောက်သုံးသင့်သည့် ပမာဏထက် ပိုသောက်လျှင်လည်း ဆေးအာနိသင်ကို ပိုမိုမရရှိနိုင်ပါ။
။ ထိုးဆေး ၁၀မီလီဂရမ် သည် သောက်ဆေး ၂၀မီလီဂရမ်နှင့် ညီမျှစွာ အာနိသင်ရှိမည်ဟု ခန့်မှန်းရသည်။

အသက်ကြီးသူများတွင် ပန်းသေပန်းညှိုးခြင်းအတွက်
—->ကနဦး သောက်သုံးရန် —–>၂၅မီလီဂရမ်ကို တစ်နေ့လျင် တစ်ကြိမ် (လိုအပ်သည့် အချိန်တွင်) သောက်ရမည်။လိင်မဆက်ဆံမီ တစ်နာရီကြိုသောက်ရမည်။

ကလေးတွေအတွက် Sildenafil (စီဒါနာဖေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Sildenafil (စီဒါနာဖေးလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Sildenafil ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြား —-> ၂၀၊၂၅၊၅၀၊၁၀၀ မီလီဂရမ်
ထိုးဆေး —-> 10mg/12,5ml
အမှုန့် ၊ သောက်ဆေးရည် —->10mg/ml

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Sildenafil ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 16, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 16, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ