backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Selenium (စီလီနီယမ်)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Selenium (စီလီနီယမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Selenium ကို မြေဆီလွှာထဲတွင် တွေ့ရှိရပြီး အချို့သော အစားအစာများ (ဥပမာ။ ။ အစေ့များ၊ဘရာဇီးအခွံမာသီးများ၊နေကြာစေ့ နှင့် ပင်လယ်စာများ) တွင် သဘာဝအလျောက် ပါဝင်သည်။ Seleniumကို ခန္တာကိုယ်ထဲတွင် မထုတ်လုပ်နိုင်ပါ။ သို့သော် သိုင်းရွိုက်ဂလင်း နှင့် ခန္တာကိုယ်၏ ခုခံအားစနစ်တို့ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် Seleniumကို လိုအပ်သည်။Selenium ဓါတ် ချို့တဲ့ခြင်းအတွက်လည်း Seleniumကို အသုံးပြုနိုင်သည်။ တိုင်းရင်းဆေးပညာတွင် Seleniumကို Hashimoto’s thyroiditis ဟုခေါ်သော သိုင်းရွိုက်ရောဂါတစ်မျိုးနှင့် ကိုလက်စထရောဓါတ်များပြားခြင်းကို ကုသရန် အသုံးပြုသည်။

Selenium (စီလီနီယမ်) ဘယ်လိုသောက်သုံးသင့်သလဲ

သဘာဝ ဆေးဖက်ဝင်ပစ္စည်းများကို အသုံးပြုရန် စဉ်းစားတိုင်း ဆရာဝန်ထံမှ အကြံဉာဏ်ကို ဦးစွာ တောင်းခံပါ။ သဘာဝ ဆေးဖက်ဝင်ပစ္စည်းများနှင့် ပတ်သတ်ပြီး ကောင်းစွာလေ့လာထားသော ဆရာဝန်နှင့်လည်း တိုင်ပင်သင့်သည်။ အကယ်၍သင်သည် Selenium ကို အသုံးပြုရန် ရွေးချယ်လိုက်ပါက ဆေးဘူးတွင်ပါသောအညွှန်းအတိုင်း သို့မဟုတ် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူတို့ထံမှ ညွှန်ကြားချက်အတိုင်း လိုက်နာသုံးစွဲပါ။

တနေ့လျှင် 400 micrograms ထက်ပို၍ ပမာဏများသော Seleniumကို ကာလကြာရှည်စွာ စွဲသုံးပါက အလွန်ဆိုးရွားသော ကျန်းမာရေးပြဿနာများအပြင် အသက်အန္တရာယ်ကိုပါ ရင်ဆိုင်ရနိုင်သည့်အတွက် ဆေးညွှန်းထက်ပို၍ အသုံးမပြုပါနှင့်။ တနေ့တာအတွက် လိုအပ်သော Selenium ပမာဏမှာ အသက်ကြီးလာသည်နှင့် အမျှ ပိုမိုများပြားလာပါသည်။ ထို့ကြောင့် ဆရာဝန်၏ ညွှန်ကြားချက်ကို အတိအကျလိုက်နာပါ။

အကယ်၍ သင့်အနေဖြင့် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ပါက Selenium သုံးစွဲနေကြောင်း ခွဲစိတ်ဆရာဝန်ကို ကြိုတင်၍ပြောပြပါ။ ခွဲစိတ်မှု မပြုလုပ်မီ ၂ပတ်ခန့် အလိုတွင် သင့်အနေဖြင့် Selenium သုံးစွဲခြင်းကို ရပ်ဆိုင်းထားရန် လိုကောင်းလိုပါလိမ့်မည်။ ထို့အပြင် Selenium သည် အချို့သော ဓါတ်ခွဲစမ်းသပ်မှုများ၏ အဖြေကို ပြောင်းလဲစေနိုင်သောကြောင့် သင်Selenium သုံးစွဲကြောင်း ဆရာဝန်ကို ကြိုတင်အသိပေးထားပါ။

Selenium ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

Selenium (စီလီနီယမ်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Selenium ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Selenium ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Selenium ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Selenium ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။

Selenium ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Selenium (စီလီနီယမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။Selenium ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။

—>ဓါတ်မတည့်ခြင်း

Selenium ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓါတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

ကလေးငယ်များတွင် Selenium ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။ သို့သော် Selenium သည် ကလေးများတွင် လူကြီးများနှင့် မတူညီသော အာနိသင်၊ဘေးထွက်ဆိုးကျိုးများ ရှိလိမ့်မည်ဟု မယူဆရပါ။

—–>သက်ကြီးရွယ်အိုများ

ဆေးအများစုကို အသက်အရွယ်ကြီးသူများတွင် အထူးတလည်စမ်းသပ်လေ့ မရှိပါ။ ထို့ကြောင့် လူငယ်များတွင် ရရှိသည့် အာနိသင်များအတိုင်း အသက်ကြီးသူများတွင် ရရှိခြင်း ရှိမရှိ သေချာစွာ မသိရပါ။ ထိုသို့ အသက်ကြီးသူများတွင် Selenium၏ အာနိသင် ကို တိကျစွာ စမ်းသပ်ထားခြင်း မရှိသော်လည်း လူငယ်များနှင့် မတူညီသော အာနိသင် နှင့် ဘေးထွက်ဆိုးကျိုးများ အသက်ကြီးသူများတွင် ရရှိဖြစ်ပေါ်လိမ့်မည်ဟု မယူဆနိုင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Selenium (စီလီနီယမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Selenium (စီလီနီယမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

• ဆေးလွန်ခြင်း၏ လက္ခဏာများ

• ဝမ်းလျှောခြင်း

• လက်သည်းများ ကျိုးလွယ်ခြင်း

• ခံတွင်းမှ သို့မဟုတ် ချွေးတွင် ကြက်သွန်ဖြူနံ့ရခြင်း

• အမွှေးအမျှင်များ ပါးလာခြင်း

• စိတ်တို စိတ်ဆတ်လာခြင်း

• အရေပြား ယားယံခြင်း

• ပျို့အန်ခြင်း

• ပုံမှန်မဟုတ်သော ပင်ပန်းနွမ်းနယ်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Selenium (စီလီနီယမ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Selenium ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Selenium (စီလီနီယမ်) နဲ့ ဓါတ်ပြုနိုင်သလား

Selenium က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Selenium (စီလီနီယမ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Selenium ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

——>သင်၏ဦးရေပြား သို့မဟုတ် ခန္တာကိုယ် တစ်နေရာရာတွင် အရည်ကြည်ဖုဖြစ်နေသော နေရာများ၊အသားနီလန်နေသော နေရာများ ရှိနေခြင်း ——–>အဆိုပါနေရာများတွင် Selenium ကို အသုံးပြုပါက အရေပြားအတွင်းသို့ ဆေး စိမ့်ဝင်မှု ပမာဏ ပိုများလာမည်ဖြစ်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Selenium (စီလီနီယမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သုံးစွဲသင့်သည့် ပမာဏ ———-> 20-40 mcg/day

ကလေးငယ်တွေမှာ Selenium ကို သုံးစွဲရမယ့်အချိုးအစားက ဘယ်လောက်လဲ။

သုံးစွဲသင့်သည့် ပမာဏ ———-> 3mcg/kg/day

ကလေးတွေအတွက် Selenium (စီလီနီယမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သုံးစွဲသင့်သည့် ပမာဏ ———-> 3mcg/kg/day

Selenium (စီလီနီယမ်) ကိုဘယ်လိုရရှိနိုင်သလဲ

Selenium ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• ထိုးဆေး 400mcg/10ml

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Selenium ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement