backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Selbex (ဆဲလ်ဘတ်စ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Selbex (ဆဲလ်ဘတ်စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Selbex (Teprenone) သည် အစာအိမ်ဆေးဖြစ်သည်။

Selbex (Teprenone) သည် ဆေးတောင့်များဖြစ်ပြီး Teprenone ၅၀ မီလီဂရမ် ပါဝင်ပါသည်။ အများဆုံးသုံးကြသည်မှာ – ရုတ်တရုတ်ပြင်းထန် အစာအိမ်ရောင်ခြင်းတွင်ဖြစ်တတ်သောအစာအိမ်အနာများ (အက်စစ်စားအနာ၊ သွေးယိုခြင်း၊ နီးခြင်း၊ ဖောခြင်း) များ ပြန်ကောင်းလာစေရန်နှင့် နာတာရှည် အစာအိမ်ရောင်ခြင်းတွင် အစာအိမ်ပေါက်ခြင်းတို သက်သာလာစေရန် အသုံးပြု၏။

Selbex (ဆဲလ်ဘတ်စ်) ဘယ်လိုသောက်သုံးသင့်သလဲ

ပါးစပ်မှသောက်ရသည့် ပုံစံများအတွက် အောက်ပါတို့ကို လုပ်ဆောင်သင့်ပါသည်။

  • Selbex (Teprenone) ကို ဆရာဝန်ညွှန်ကြားထားသည့် ဆေးပမာဏ၊ အချိန်အတိုင်း သောက်ပါ။
  • Selbex (Teprenone) ကိုမသုံးခင် အညွှန်းစာကို သေချာဖတ်ပါ။
  • အညွှန်းစာတွင် နားမလည်သည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Selbex (ဆဲလ်ဘတ်စ်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Selbex (Teprenone) ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Selbex (Teprenone) ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။

Selbex (Teprenone) ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။)

Selbex (Teprenone) အား အိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချတာမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာ အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Selbex (ဆဲလ်ဘတ်စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါတို့ရှိပါက Selbex (Teprenone) ကိုမသုံးခင် ဆရာဝန်အား ပြောပါ။

  • ဓါတ်မတည့်ခြင်း- Selbex (Teprenone)၊ ၎င်းတွင်ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်လျှင်။ ဆေးနှင့်ဆိုင်သော အချက်အလက်များ အညွှန်းစာတွင် ပါပါသည်။
  • တခြားသောဆေးများ၊ အစာများ၊ ဆိုးဆေးများ၊ တာရှည်ခံဆေးများ သို့မဟုတ် တိရိစ္ဆာန်များနှင့် ဓါတ်မတည့်လျှင်
  • ကလေးငယ်
  • အသက်ကြီးသူ
  • တခြားသော ကျန်းမာရေးအခြေအနေ၊ သုံးနေသောဆေးများသည် Selbex (Teprenone)နှင့် ဓါတ်ပြုမှုဖြစ်နိုင်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Selbex (ဆဲလ်ဘတ်စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Selbex (ဆဲလ်ဘတ်စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးများကဲ့သိုပင် Selbex (Teprenone) သည်လည်း ဘေးထွက်ဆိုးကျိုးတစ်ချို့ကို ဖြစ်စေနိုင်ပါသည်။ ဖြစ်သည်မှာ ရှာပါးပြီး ဆေးအကူညီယူရန်လည်း မလိုအပ်တတ်ပါ။ သို့သော် ဆေးကိုအသုံးပြုပြီးနောက် ပြဿနာတစ်ခုခုရှိလာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အမြဲတမ်းအရေးကြီးပါသည်။

တစ်ချို့ဘေးထွက်ဆိုးကျိုးများကို အောက်တွင် စာရင်းပြုစုထားပါသည်။

  • အသည်းအင်ဇိုင်းများ များလာခြင်း
  • ဝမ်းချုပ်ခြင်း
  • အာခြောက်ခြင်း
  • ပျို့ခြင်း၊ ဗိုက်နာခြင်း
  • ခေါင်းကိုက်ခြင်း
  • အရေပြားကွဲခြင်း
  • တစ်ကိုယ်လုံးယားယံခြင်း
  • မျက်ခွံများ နီခြင်း ပူနွေးခြင်း
  • သွေးတွင်းကိုလက်စ်ထရောများခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။

ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Selbex (ဆဲလ်ဘတ်စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Selbex (Teprenone) သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။

မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။)

ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Selbex (ဆဲလ်ဘတ်စ်) နဲ့ ဓါတ်ပြုနိုင်သလား

Selbex (Teprenone) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Selbex (ဆဲလ်ဘတ်စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Selbex (Teprenone) သည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအား ပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။

ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီး၏။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Selbex (ဆဲလ်ဘတ်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Selbex (Teprenone) hydrochloride ဆေးပမာဏနှင့် ပါတ်သတ်သည့် အချက်အလက်များအတွက် ဆရာဝန်နှင့် ဆွေးနွေးပါ။

တစ်ချို့ဖြစ်ရပ်များတွင် ဆေးသုံးတောင့် (150 mg of teprenone) ကို နေ့စဉ် အစာစားပြီးတိုင်း ခွဲသောက်ရမည်။ ဆေးပမာဏသည် လူနာ၏ အသက်နှင့် လက္ခဏာများအပေါ် မူတည်ပါသည်။

ကလေးတွေအတွက် Selbex (ဆဲလ်ဘတ်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစား ဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရာ လိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Selbex (ဆဲလ်ဘတ်စ်) ကိုဘယ်လိုရရှိနိုင်သလဲ

Selbex (Teprenone) ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

ဆေးတောင့် ၅၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Selbex (Teprenone) ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သောက်လိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement