backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Scopolamine (စကိုပိုလမင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Scopolamine (စကိုပိုလမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

အစာအိမ်နဲ့အူကဲ့သောအချို့သောအင်္ဂါအစိတ်အပိုင်းတွေရဲ့ စစ်ထုတ်ပေးခြင်းကို လျှော့ချပေးပါတယ်။ သင့်ရဲ့အစာအိမ်ကအန်ထွက်တာကို ဖြစ်စေတဲ့အာရုံကြောလှုံ့ဆော်မှုကို လျှော့ချပေးပါတယ်။ ခွဲစိတ်ကုသစဉ်အတွင်း မေ့ဆေးထုံဆေးေကြောင့် သို့ ရွေ့လျားမှုကြောင့်ဖြစ်တဲ့ မအီမသာဖြစ်ခြင်းနဲ့အော့အန်ခြင်းကို ကာကွယ်ဖို့သုံးပါတယ်။

အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာများ၊ ကြွက်သားတောင့်တင်းခြင်း၊ ပါကင်ဆန်ရောဂါစတာတွေကို ကုသရာမှာလည်းသုံးပါတယ်။

Scopolamine (စကိုပိုလမင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးညွှန်းစာမှာပါတဲ့အတိုင်း အကုန်လိုက်နာသင့်ပါတယ်။ ပိုပြီး လျော့ပြီး သို့ အချိန်ပိုအသုံးပြုတာတွေ မလုပ်သင့်ပါဘူး။ ရေအပြည့်တစ်ဖန်ခွက်နဲ့သောက်သင့်ပါတယ်။ အစာနဲ့တွဲပြီးသို့ အစာမပါဘဲအသုံးပြုနိုင်ပါတယ်။ ပါကင်ဆန်ရောဂါအတွက်သုံးမယ်ဆိုရင် ရုတ်တရက်ဆေးရပ်လိုက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ရုတ်တရက်ရပ်လိုက်ခြင်းက သင့်အခြေအနေကိုပိုဆိုးသွားစေနိုင်ပါတယ်။

Scopolamine (စကိုပိုလမင်း) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ မလိုအပ်တော့ဘူးဆိုရင် သေချာစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Scopolamine (စကိုပိုလမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • methscopolamine or hyoscyamine, သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်

scopolamine သို့ methscopolamine or hyoscyamineကဲ့သို့သော အခြားအလားတူဆေးတွေနဲ့ ဓါတ်မတည့်တာတွေရှိမယ်ဆိုရင် မသုံးသင့်ပါဘူး။ အောက်ပါအချက်တွေရှိနေမယ်ဆိုရင်လည်း မသုံးသင့်ပါဘူး။

  • ရေတိမ်ရောဂါ
  • အစာအိမ်သို့အူလမ်းကြောင်းပိတ်ဆို့ခြင်း
  • အသက်ရှူခြင်းဆိုင်ရာပြဿနာများ ဆီးမသွားနိုင်ခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Scopolamine (စကိုပိုလမင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။

FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ

  • A=အန္တရာယ်မရှိ
  • B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
  • C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
  • D=အန္တရာယ်ပေးနိုင်ချေရှိသည်။
  • X=မသုံးသင့်
  • N=မသိ

ဘေးထွက်ဆိုးကျိုးများ

Scopolamine (စကိုပိုလမင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါအခြေအနေတွေမှာ ဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။

ဆီးနည်းခြင်း သို့ ဆီးမသွားနိုင်ခြင်း

နှလုံးခုန်နှုန်းမြန်ခြင်း သို့ တဒုန်းဒုန်းဆောင့်ခြင်း

မရေမရာဖြစ်ခြင်း

ယုံမှားသံသယလွန်ကဲခြင်း

မျိုချရခက်ခြင်း

တွေ့ရလေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

အာခြောက်ခြင်း၊ ရေငတ်ခြင်း

အရေပြားခြောက်သွေ့ခြင်း

ဝမ်းချုပ်ခြင်း

ဆီးသွားရနာခြင်း ခက်ခြင်း

အိပ်ချင်မူးတူးဖြစ်ခြင်း

မူးဝေခြင်း

ကနာမငြိမ်ခြင်း

အမြင်ဝါးခြင်း၊ သူငယ်အိမ်ကျယ်ခြင်း၊ အလင်းအထိမခံဖြစ်ခြင်း

အသက်ကြီးသူတွေမှာ ဘေးထွက်ဆိုးကျိုးတွေကပိုပေးနိုင်ပါတယ်။

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Scopolamine (စကိုပိုလမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

အောက်ဖော်ပြပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။

  • potassium tablets/capsules, pramlintide.

အစားအသောက်တွေနဲ့ အရက်က Scopolamine (စကိုပိုလမင်း) နဲ့ ဓါတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Scopolamine (စကိုပိုလမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

ရေတိမ်

ဆီးကျိတ်ကြီးခြင်း၊ ဆီးအိတ်ပိတ်ဆို့ခြင်း၊ ဆီးသွားခြင်းဆိုင်ရာပြဿနာများ

အစာရေမျိုပြွန်၊ အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာပြဿနာများ

ကျောက်ကပ်ရောဂါ

အသည်းရောဂါ

နှလုံရောဂါ။ သွေးတိုးရောဂါ

နှလုံးသွေးကြောကျဉ်းရောဂါ (သွေးလွှတ်ကြောများမာခြင်း)

သိုင်းရွိုက်အလုပ်လုပ်လွန်းခြင်း

ကြွက်သားအားနည်းရောဂါ

ဆေးဓါတ်မတည့်ခြင်း

ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးခြင်း သို့ ဦးနှောက်အကျိတ်တည်ဖူးခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Scopolamine (စကိုပိုလမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

မအီမသာဖြစ်ခြင်း အော့အန်ခြင်းအတွက်

အအန်သက်သာဆေးအနေဖြင့် – 0.3 to 0.65 mg အကြောဆေး၊ အသားဆေး၊ အရေပြားအောက် လိုအပ်သလို ၆နာရီကနေ၈နာရီတိုင်း

ခွဲစိတ်ပြီးနောက် မအီမသာဖြစ်ခြင်း၊ အန်ခြင်းအတွက်

1.5 mg transdermal disc နားအနောက်ပိုင်းမှာ အသုံးပြုနိုင်ပါတယ်။ ညနေပိုင်း ခွဲစိတ်မှုမပြုလုပ်ခင်မှာ ဖြစ်ပါတယ်။ ခွဲစိတ်ပြီးနောက် ၂၄နှာရီဲကြာ ကပ်ထားသင့်ပါတယ်။ ကလေးမွေးမယ့်လုူနာတွေ အသုံးပြုတော့မယ်ဆိုရင် ကလေးကိုမထိတွေ့မိအောင် သားအိမ်မခွဲခင် တစ်နာရီကြိုပြီး ကပ်ထားသင့်ပါတယ်။

ရွေ့လျားမှုကြောင့်ဖြစ်တဲ့နေမကောင်းခြင်းအတွက်

1.5 mg transdermal disc နားအနောက်ပိုင်းမှာ ၄နာရီကြိုပြီးတော့ ကပ်နိုင်ပါတယ်။ လိုအပ်သလို ၃ရက်တိုင်းမှာတစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

ပါကင်ဆန်တုန်ခြင်းရောဂါအတွက်

သတ်မှတ်ထားတဲ့ပမာဏ- 0.4 to 0.8 mgသောက်ဆေး ၈နာရီတိုင်း လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

ကလေးတွေအတွက် Scopolamine (စကိုပိုလမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းအတွက်

၁နှစ်ကနေ၁၂နှစ်ကလေးတွေအတွက် 6 mcg/kg/dose ( အများဆုံးအသုံးပြုနိုင်သည့်ပမာဏ 0.3 mg/dose) အကြောဆေး၊ အသားဆေး၊ အရေပြားအောက် ၆နာရီကနေ၈နာရီတိုင်း လိုသလိုအသုံးပြုနိုင်ပါတယ်။

ရွေ့လျားမှုကြောင့်ဖြစ်တဲ့ နေမကောင်းခြင်း

အသက်၁၂နှစ်အထက်- 1.5 mg transdermal disc နားအနောက်ပိုင်းမှာ ၄နာရီကြိုပြီးတော့ ကပ်နိုင်ပါတယ်။ လိုအပ်သလို ၃ရက်တိုင်းမှာတစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

Scopolamine (စကိုပိုလမင်း) ကိုဘယ်လိုရရှိနိုင်သလဲ

အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

ဆေးပြား 1.5 mg; 1 mg/mL; 0.4 mg/mL; 0.4 mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement