Generic Name: Sandostatin (ဆန်ဒိုစတက်တင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Sandostatin (ဆန်ဒိုစတက်တင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Sandostatin® ကို အများဆုံးအသုံးပြုကြသည်မှာ ပြင်းထန်တဲ့ ရေကဲ့သို့ဝမ်းလျှောခြင်းနဲ့ အချို့အကျိတ်တွေဖြစ်တဲ့ carcinoid tumours, vasoactive intestinal peptide tumours တို့ကြောင့် ဖြစ်တဲ့ မျက်နှာနဲ့ လည်ပင်း ရုတ်တရက်နီရဲခြင်းတို့ကို ကုသဖို့ဖြစ်ပါတယ်။ Sandostatin® ဟာ ဟော်မုန်းထုတ်လုပ်မှုကို တားပေးပြီး ကိုယ်ခန္ဓာအတွင်း အရည်နဲ့ သတ္တုဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။

Sandostatin® ကို ကြီးထွားတဲ့ ဟော်မုန်း ကိုယ်ခန္ဓာက သဘာဝအလျောက် အမြောက်အမြားထုတ်ပေးတဲ့ အခြေအနေတစ်ခုဖြစ်တဲ့ acromegaly ကို ကုသဖို့ အသုံးပြုကြပါတယ်။ Acromegaly ကို ကုသခြင်းအားဖြင့် ဆီးချိုနဲ့ နှလုံးရောဂါ အစရှိတဲ့ ပြင်းထန်တဲ့ ပြဿနာတွေဖြစ်နှုန်းကိုလည်း လျှော့ချပေးပါတယ်။

Sandostatin (ဆန်ဒိုစတက်တင်) ဘယ်လိုသောက်သုံးသင့်သလဲ

  • Sandostatin® ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ ညွှန်ကြားချက်ထက်ပိုပြီး (သို့) လျော့ပြီး (သို့) အချိန်ပိုကြာရှည်စွာ အသုံးမပြုသင့်ပါဘူး
  • Sandostatin® ကို အရေပြားအောက်ကို ထိုးသွင်းပြီး (သို့) သွေးပြန်ကြောထဲကို သွင်းပြီး အသုံးပြုနိုင်ပါတယ်။ အိမ်မှာ ဘယ်လိုထိုးရမလဲဆိုတာ သိကောင်းသိမှာပါ။ ဘယ်လိုသေချာထိုးရမလဲဆိုတာ မသိရင်၊ အသုံးပြုပြီါ်သာ အပ်တွေ၊  ပြွန်တွေနဲ့ ဆေးထိုးဖို့သုံးတဲ့အရာတွေကို ဘယ်လိုသေချာ ပစ်ရမလဲဆိုတာမသိရင် ဆေးကို ကိုယ်တိုင် မထိုးသင့်ပါဘူး။
  • ကိုယ့်တိုင် သေချာ ထိုးနိုင်ပြီဆိုတာ သေချာမှ ဆေးကို ပြင်ဆင်ပါ။ အရောင်ပြောင်းနေရင် (သို့) အထဲမှာ အမှုန်လေးတွေ တွေ့ရင် Sandostatin® ကို အသုံးမပြုပါနဲ့။ ဆရာဝန်ကို ဆေးအသစ်တောင်းပါ။
  • ကျန်းမာရေးစောင့်ရှောက်သူက Sandostatin® ထိုးဖို့ သင့်ကိုယ်ခန္ဓာရဲ့ အသင့်တော်ဆုံး နေရာကို ပြသပါလိမ့်မယ်။ တစ်ခါထိုးတိုင်း မတူညီတဲ့ နေရာတစ်ခုကို အသုံးပြုပါ။ တစ်နေရာထဲကို နှစ်ကြိမ်ဆက်တိုက် ဆေးမထိုးပါနဲ့။
  • တစ်ခါသုံးဆေးထိုးအပ်နဲ့ ဆေးထိုးပြွန်ကို အသုံးပြုပါ။ ဆေးထိုးအပ်နဲ့ ဆေးထိုးပြွန်တွေကို စွန့်ပစ်ဖို့ ဥပဒေက ညွှန်ကြားထားတဲ့အတိုင်း လိုက်နာပါ။ လက်ကို မရှမိအောင် စူးရှတဲ့ ပစ္စည်းတွေ စွန့်ပစ်တဲ့ ဘူးကို အသုံးပြုပါ။ ဒီဘူးကို ကလေးတွေနဲ့ တိရိစ္ဆာန်တွေ လက်လှမ်းမမီနိုင်တဲ့ နေရာမှာ ထားပါ။
  • Sandostatin® ကို အသုံးပြုနေစဉ်မှာ ကျန်းမာရေး စစ်ဆေးမှုကို မကြာခဏ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
  • ထိုးဆေးတစ်လုံးကို တစ်ကြိမ်သာ အသုံးပြုပါ။ တစ်ခါ သုံးပြီး လွှင့်ပစ်ပါယ။ ဆေးထိုးပြီး အချို့ဆေးတွေ ကျန်သေးရင်တောင် လွှင့်ပစ်ပါ။
  • ၁၄ ရက်အသုံးပြုပြီးရင် multi-use vial ထဲမှာ ကျန်နေတဲ့ Sandostatin® ကို လွှင့်ပစ်ပြီး အသစ်တစ်ခု စတင်အသုံးပြုပါ။

Sandostatin (ဆန်ဒိုစတက်တင်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Sandostatin® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Sandostatin® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Sandostatin® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Sandostatin® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

 ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

Sandostatin® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sandostatin (ဆန်ဒိုစတက်တင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို သေချာစွာ ပြောပြထားသင့်ပါတယ်။

  • Octreotide နဲ့ ဓါတ်မတည့်ရင်
  • ဆီးချို
  • သည်းခြေအိတ် ရောဂါ ရှိရင်
  • နှလုံးရောဂါ၊ သွေးပေါင်တက်ခြင်း၊ နှလုံးခုန် မမှန်တဲ့ရောဂါ
  • သိုင်းရွိုက် ပြဿနာများ
  • မုန့်ချိုအိတ် ရောင်ရမ်းခြင်း
  • အသည်းရောဂါ
  • ကျောက်ကပ်ရောဂါ

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sandostatin (ဆန်ဒိုစတက်တင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယေဘူယျအသိပေးချက်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Sandostatin (ဆန်ဒိုစတက်တင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • အန်ခြင်း
  • အစာအိမ် နာခြင်း
  • လေပွခြင်း
  • ဂက်စ် ထခြင်း
  • ခေါင်းကိုက်ခြင်း
  • ခေါင်းမူးခြင်း
  • ဆေးထိုးစဉ် နာကျင်ခြင်းတို့ ဖြစ်ပါတယ်။

အောက်ပါ အချက်တွေ ရှိရင် ဆရာဝန်ကို အကြောင်း ကြားသင့်ပါတယ်။

  • ပြင်းထန်စွာ ဗိုက်နာခြင်း
  • ပြင်းထန်စွာ ဝမ်းချုပ်ခြင်း
  • နှေးကွေးသော (သို့) မညီမျှသော နှလုံးခုန်သံများ
  • ဗိုက်အပေါ်ပိုင်းတွင် အပြင်းအထန် နာကျင်ပြီး နောက်ကျောကို ပြန့်သွားခြင်း
  • ပျို့အန်ခြင်း
  • နှလုံးခုန် မြန်ခြင်း
  • သွေးထဲ သကြားဓါတ်များခြင်း
  • ရေငတ်ခြင်း
  • ဆီးပိုသွားခြင်း
  • ဗိုက်ဆာခြင်း
  • ပါးစပ်ခြောက်ခြင်း
  • ခေါင်းမူးခြင်း
  • အသားခြောက်ခြင်း
  • အမြင်အာရုံ ဝေဝါးခြင်း
  • ကိုယ်အလေးချိန် ကျဆင်းခြင်း
  • သွေးသကြားဓါတ် နည်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ချွေးပြန်ခြင်း
  • စိတ်ရှုပ်ခြင်း
  • စိတ်တိုခြင်း
  • ခေါင်းမူးခြင်
  • အထိတ်တလန့် ဖြစ်ခြင်း
  • သိုင်းရွိုက် အလုပ်သိပ် မလုပ်ခြင်း
  • အလွန်အကျွံ မောပန်းခြင်း
  • အသား ခြောက်ခြင်း
  • အဆစ် နာကျင်ခြင်း
  • မာတောင့်ခြင်း
  • ကြွက်သား နာကျင်ခြင်း
  • အားနည်းခြင်း
  • အသံသြခြင်း
  • အပူ၊ အအေး ပိုမို ခံစားလွယ်ခြင်း
  • ကိုယ်အလေးချိန် တက်လာခြင်း

Sandostatin® နဲ့ မတည့်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ အရေပြား ယားခံခြင်း၊ အသက်ရှူရန် ခက်ခဲခြင်း၊ မျက်နှာဖေါင်းခြင်း၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်း ဖေါင်းခြင်းတို့ ဖြစ်လာရင် အရေးပေါ် ကျန်းမာရေးကုသမှု ယူသင့်ပါတယ်။

 ယေဘူယျအသိပေးချက် – ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Sandostatin (ဆန်ဒိုစတက်တင်) နဲ့ ဓာတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် – Sandostatin® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Sandostatin (ဆန်ဒိုစတက်တင်) နဲ့ ဓာတ်ပြုနိုင်သလား

ယေဘူယျအသိပေးချက် – Sandostatin® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ဘယ်ရောဂါအခြေအနေတွေက Sandostatin (ဆန်ဒိုစတက်တင်) နဲ့ ဓာတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် – Sandostatin® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

အထူးသဖြင့် အောက်ဖေါ်ပြပါ ရောဂါတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • သည်းခြေပြွန် ရောင်ရမ်းခြင်း
  • နှလုံးရောဂါ ပြင်းထန်ခြင်း
  • သည်းခြေအိတ် ရောဂါ
  • သည်းခြေအိတ် ကျောက်တည်ခြင်း
  • နှလုံးခုန် မမှန်မှုများ
  • မုန့်ချိုအိတ် ရောင်ခြင်း
  • Thyroid ပြဿနာများ
  • ဗီတာမင် B12 မလုံလောက်ခြင်း
  • ဆီးချို
  • ကျောက်ကပ်ရောဂါ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Sandostatin (ဆန်ဒိုစတက်တင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သောက်ရမယ့် ပမာဏဟာ လူပေါ်လိုက်ပြီး ကွာခြားမှုရှိပါတယ်။ ဆရာဝန် ညွှန်ကြားမှုနဲ့ ဆေးအညွှန်းတို့ကို ဖတ်ပြီး သေချာလိုက်နာပါ။ အောက်ဖေါ်ပြပါ အချက်တွေဟာ ပျမ်းမျှ သုံးစွဲရန် ပမာဏတွေ ဖြစ်ပါတယ်။ တကယ်လို့ ပမာဏ မတူဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဆေးပမာဏဟာ ဆေးပြင်းအားပေါ်မှာ မူတည်ပါတယ်။ တစ်နေ့ ဘယ်နှစ်ကြိမ်သောက်လဲဆိုတာ ပေါ်မှာလည်း မူတည်ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား အချိန်ကြာမြင့်မှု၊ ဘယ်နှစ်ရက်ကြာအောင် သောက်ရမလဲဆိုတာ ရောဂါပေါ် မူတည်ပါတယ်။

ရေရှည်အာနိသင်သက်ရောက်သော ဆေးများထိုးခြင်းအတွက် ဆေးပမာဏ(long-acting injection)

  • ကြီးထွားမှုဟော်မုန်းများ များပြားနေသော Acromegaly ကုသရန် ။ဦးစွာ 20 mg ကို gluteal ကြွက်သားထဲသို့ ၄ ပတ်တစ်ကြိမ် သုံးလထိုးရမည်။ ဆရာဝန်က ဆေးဒဏ်ခံနိုင်အောင် ချိန်ညှိပေးပါလိမ့်မယ်။
  • အူအကျိတ်တွေကြောင့် ဖြစ်တဲ့ ပြင်းထန်တဲ့ ဝမ်းလျှောခြင်းကို ကုသရန် ။ ဦးစွာ 20 mg ကို  gluteal ကြွက်သားထဲသို့ ၄ ပ တ်တစ်ကြိမ် နှစ်လထိုးရမည်။ ဆရာဝန်က ဆေးဒဏ်ခံနိုင်အောင် ညှိပေးပါလိမ့်မယ်။

ရေတိုအာနိသင်မြန်မြန်သက်ရောက်သော ဆေးများထိုးခြင်းအတွက်ဆေးပမာဏ (short-acting injection)

  • ကြီးထွားမှုဟော်မုန်းများများပြားနေသော Acromegaly ကုသရန် ။ 50 mcg ကို အရေပြားအောက် (သို့) အကြောထဲသို့ တစ်ရက်သုံးကြိမ် ထိုးပေးသည်။ ဆရာဝန်က ဆေးဒဏ်ခံနိုင်အောင် ညှိပေးပါလိမ့်မယ်။
  • Carcinoid tumours ကုသရန်: တစ်ရက်ကို 100 to 600 mcg ပမာဏကို ၂-၄ ကြိမ်ခွဲပြီး အရေပြားအောက်သို့ ပထမနှစ်ပတ်ထိုးပေးရသည်။ ဆရာဝန်က ဆေးဒဏ်ခံနိုင်အောင် ညှိပေးပါလိမ့်မယ်။ သို့သော် ဆေးပမာဏ တစ်ရက်ကို 1500 mcg ထက်ပိုပေးလေ့မရှိပါ။

အူအကျိတ်တွေကြောင့် ဖြစ်တဲ့ ပြင်းထန်တဲ့ ဝမ်းလျှောခြင်းကို ကုသရန် : တစ်ရက်ကို 200 to 300 mcg ပမာဏကို ၂-၄ ကြိမ်ခွဲပြီး အရေပြားအောက်သို့ ပထမနှစ်ပတ်ထိုးပေးရသည်။ ဆရာဝန်က ဆေးဒဏ်ခံနိုင်အောင် ညှိပေးပါလိမ့်မယ်။

ကလေးတွေအတွက် Sandostatin (ဆန်ဒိုစတက်တင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Sandostatin (ဆန်ဒိုစတက်တင်) ကိုဘယ်လိုရရှိနိုင်သလဲ

Sandostatin® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Sandostatin® 0.05 mg/ml ထိုးဆေး လေလုံပုလင်း
  • Sandostatin® 0.1 mg/ml ထိုးဆေး လေလုံပုလင်း
  • Sandostatin® 0.2 mg/ml ထိုးဆေး လေလုံပုလင်း
  • Sandostatin® 0.5 mg/ml ထိုးဆေး လေလုံပုလင်း
  • Sandostatin® 1 mg/ml ဖန်ဗူး

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ယေဘူယျအသိပေးချက် – အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ယေဘူယျအသိပေးချက် – Sandostatin® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 16, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 16, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ