Generic Name: Rulid (ရူလစ်ဒ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Rulid (ရူလစ်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

       Rulid® ကို ခန္ဓာကိုယ်နေရာ အနှံ့တွင် ဘတ်တီးရီးယား ကူးစက်မှုများကို ကုသရန် အသုံးပြုပါသည်။ ဥပမာ-

  • လည်ချောင်းရောင်ခြင်း ( လည်ချောင်းနာခြင်း၊ မြိုချ ရာတွင် သက်တောင့်သက်သာမရှိခြင်း)
  • ပသိရောင်ခြင်း
  • ထိပ်ကပ်နာ
  • လေပြွန်ရောင်ခြင်း ( လေပြွန် ရောဂါပိုးဝင်ခြင်း၊ ချောင်းဆိုးစေသည်)
  • အဆုပ်ရောင်ရောဂါ ( အဆုတ် ရောဂါပိုးဝင်ခြင်း၊ အဖျားတက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း)
  • အရေပြားနှင့် တစ်ရှူးများ ရောဂါပိုးဝင်ခြင်း
  • Gonococci ကြောင့် မဟုတ်သော ဆီးထုတ်ပြွန် ရောင်ခြင်း
  • အနာစက် ( အရေပြားပေါ်တွင် အနာဖြစ်စေသော ဘတ်တီးရီးယား ကူးစက်မှု)

Rulid (ရူလစ်ဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးပြားများ သောက်ရာတွင် သင်သည် အောက်ပါတို့ ပြုလုပ်သင့်သည်။

  • ဤဆေးကို ညွှန်ကြားထားသည့်အတိုင်း ပါးစပ်မှ သောက်ပါ။ ဆေး၏ ထုတ်ပိုးမှုတွင်ပါသော ညွှန်ကြား ချက်များအားလုံးကို လိုက်နာပါ။
  • အချက်အလက်အချို့ကို သေချာမသိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

Rulid (ရူလစ်ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

Rulid® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Rulid® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။

Rulid® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Rulid® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Rulid (ရူလစ်ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

 ဤဆေးကို မသုံးမပြုမီ သင်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင့်တွင် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကိုယ်ဝန်ယူရန် ရည်ရွယ်ထားပါက
  • သင့်တွင် အခြားဆေးများ သို့မဟုတ် အခြားအရာများ ဥပမာ အစားအစာများ၊ ဆိုးဆေးများကို ဓာတ်မတည့် ခြင်း ရှိပါက
  • Roxithromycin, အခြား macrolide ပဋိဇီဝဆေး ( ဥပမာ- azithromycin, clarithromycin or erythromycin) သို့မဟုတ် Rulid ရှိ ပါဝင်ပစ္စည်း များနှင့် ဓာတ်မတည့်ပါက

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Rulid (ရူလစ်ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Rulid® သုံးခြင်းသည် ဘေးကင်းသလား သေချာ မသိရှိပါ။ Rulid® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်များကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Rulid (ရူလစ်ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘေးထွက်ဆိုးကျိုး အချို့မှာ

  • အသက်ရှူ မြန်ခြင်း၊ အသက်ရှူခက်ခဲခြင်း
  • မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများ ရောင်ရမ်းခြင်း
  • အရေပြားပေါ်တွင် အဖုအပိမ့်များထွက်ခြင်း၊ ယားယံခြင်း၊ အင်ပျဉ် ထွက်ခြင်း
  • ဝမ်းဗိုက်အောင့်ခြင်း
  • မအီမသာဖြစ်ခြင်း
  • ဝမ်းလျှောခြင်း
  • ခံတွင်းပျက်ခြင်း
  • သရက်ရွက်ရောင်ခြင်း
  • မိန်းမအင်္ဂါတွင် candida မှိုကူးစက်ခြင်း
  • ကျောက်ကပ် ပျက်စီးခြင်း
  • QT interval ကြာခြင်း
  • အသည်းတွင် အဆိပ်တက်ခြင်း
  • အသားဝါခြင်း
  • Eosinophilia
  • Thrombocytosis
  • Lymphopenia
  • ခေါင်းကိုက်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • သွေးတွင်း ဂလူးကို့စ် များခြင်း
  • ယားယံခြင်း
  • လက်သည်း ခြေသည်း အရောင်ပြောင်းခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။

 

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Rulid (ရူလစ်ဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

 Rulid® သည် လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ဤဆေးနှင့် ဓာတ်ပြုနိုင်သော ထုတ်ကုန်များမှာ

  • Ergot alkaloids ( ဥပမာ- Migral, Cafergot, Ergodryl, Dihydergot)
  • Astemizole
  • Dofetilide
  • Ergot Derivatives
  • Pimozide
  • Thioridizine

အစားအသောက်တွေနဲ့ အရက်က Rulid (ရူလစ်ဒ်) နဲ့ ဓာတ်ပြုနိုင်သလား

Rulid® သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Rulid (ရူလစ်ဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Rulid® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။ ထိုကျန်းမာရေးအခြေအနေများမှာ

  • ပြင်းထန်သော အသည်းရောဂါများ
  • ကျောက်ကပ်ရောဂါများ ( လုပ်ငန်းမကောင်းခြင်း)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Rulid (ရူလစ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  အရွယ်ရောက်ပြီးသူ အတွက် ထောက်ခံထားသော ပမာဏ မှာ တစ်နေ့ ၃၀၀ မီလီဂရမ် ဖြစ်သည်။

ကလေးတွေအတွက် Rulid (ရူလစ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကိုယ် အလေးချိန် ၄၀ ကီလိုဂရမ် မကျော်သော ကလေးများအတွက် ထောက်ခံထားသော ပမာဏမှာ  ၁၅၀ မီလီဂရမ် ဆေးပြား တစ်ပြားကို တစ်နေ့ နှစ်ကြိမ် သောက်ရန် ဖြစ်သည်။ ကလေးများကို ပေးသော roxithromycin ဆေး အချိုးအစားသည် ကလေး၏ ကိုယ်အလေးချိန်အပေါ် မူတည် သည်။ Roxithromycin ကို ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ် အောက် ကလေးများအတွက် မပေးပါ။

Rulid (ရူလစ်ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

Rulid® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။

  • ဆေးပြား ၁၅၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Rulid® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 19, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 19, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ