Rogaine (ရိုဂိန်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Rogaine (ရိုဂိန်း) Brand Name(s): Rogaine (ရိုဂိန်း).

အသုံးပြုပုံများ

Rogaine (ရိုဂိန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Rogaine ကို သင့်ရဲ့ဦးရေပြားပေါ်မှာရှိသော ဆံပင်များပြန်ပေါက်ရန်အတွက်အသုံးပြုပါတယ်။ Rogaineမှာပါဝင်သော Minoxidil ဘယ်လိုအလုပ်လုပ်လဲဆိုတာ အတိအကျမသိသော်လည်း ဦးရေပြားပေါ်မှာရှိသော သွေးကြောလေးတွေကျယ်လာပြီး ဆံပင်မွေးလုပ်ငန်းဆောင်ရွက်မှုတိုးလာကာ ဆံပင်ရှည်နှုန်းမြန်လာတာဖြစ်နိုင်ပါတယ်။

Rogaine သည်ဦးရေပြားပေါ်မှဆံပင်ကိုအမြဲတမ်းအတွက် ပြန်မပေါက်နိုင်ပါ။ သင့်ရဲ့ဆံပင်အမြဲပြန်ပေါက်ရန်အတွက် Rogine ကိုဆက်သုံးနေဖို့လိုအပ်ပါတယ်။

Rogaine (ရိုဂိန်း) ဘယ်လိုသောက်သုံးသင့်သလဲ

Rogaine ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း (သို့မဟုတ်) ဆေးဗူးတွင်ပါသော အညွှန်းအတိုင်း သုံးရပါမယ်။ သတ်မှတ်ထားသော ပမာဏထက် နည်းနည်းဖြစ်စေ များများဖြစ်စေ ပို၍မသုံးရပါ။

သတ်မှတ်ထားသော ပမာဏထက်ပိုသုံးခြင်းသည် ဆံပင်အရှည်မြန်မှာမဟုတ်သည့်အပြင် အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးများကိုပါ ဖြစ်စေနိုင်ပါတယ်။

ထိုဆေးကို ညွှန်ကြားထားသည့်အတို်င်းသုံးပါက ဘေးကင်းပြီး အကျိုးရှိပါတယ်။ အကယ်၍မရှင်းသည့်အချက်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးပညာရှင်များကို မေးမြန်းနိုင်ပါတယ်။

Rogaine အသုံးမပြုမီ သင့်၏ဦးရေပြားနှင့် ဆံပင်ကို ခြောက်သွေ့အောင်သုတ်ပါ။

ဦးရေပြား၏လိမ်းမည့်နေရာသို့ သတ်မှတ်ထားသော ပမာဏသာ လိမ်းပေးပါ။Rogine ကို တစ်ရက်၂ကြိမ် မနက်တစ်ကြိမ် ညတစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

ဆေးလိမ်းပြီးပါက သင့်ရဲ့လက်ကို ဆေးကြောပါ။

Rogaine ကို ဦးရေပြားမှအပ ကျန်သည့်ခန္ဓာကိုယ် မည့်သည့်အစိတ်အပိုင်းမှ သုံးစွဲရန်မသင့်ပါ။

၎လ သို့မဟုတ် ၄လကျော်လာပါက ဆံပင်အသစ်များ ပေါက်နေသည်ကိုသတိပြုမိပါလိမ့်မယ်။ဆံပင်အသစ်သည် နူးညံ့ပျော့ပျောင်း၍ အရောင်မရှိဘဲ မြင်ရုံသာ မြင်နိုင်ပါတယ်။ နောက်ထပ်ကုသမှုများနှင့်အတူ သင့်ရဲ့အရင်ဆံပင်ပုံစံအတိုင်း အထူနှင့်အရောင်ကို လိုသလိုပြောင်းနိုင်ပါတယ်။

လိမ်းပြီး၎လကြာသော်လည်း ဆံပင်ပြန်ပေါက်လာခြင်းနည်းနည်းမျှမရှိလျှင် သင့်ရဲ့ဆရာဝန်နဲ့တွေ့ဆုံပေးပါ။

ဆေးဗူးကို အပူချိန်မြင့်သော နေရာများ အပူလွန်ကဲသောနေရာများနှင့်ဝေးဝေးမှာထားပေးပါ။ဥပမာ နေပူသောနေ့တွင်ကားထဲတွင်မထားသင့်ပါ။ ဆေးဗူးသည်အရမ်းပူလာပါက ပေါက်ကွဲတတ်ပါတယ်။ ဆေးဗူးအလွတ်ကိုလည်း ထိုးဖောက်ခြင်း မီးရှို့ခြင်းများမပြုလုပ်ရပါ။

Rogaine (ရိုဂိန်း) ဘယ်လိုသိမ်းဆည်းရမလဲ

Rogaineကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Rogaine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Rogaine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Rogaine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Rogaine (ရိုဂိန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်​ ဆရာဝန်ညွှန်ကြားချက်ရမှသာသုံးသင့်ပါတယ်။

သင်ဟာ ​ဆေးဖက်ဝင်အပင်တွေနဲ့ ဖြည့်​စွက်စာတွေ​သောက်သုံးနေလျှင်၊ Rogaineနဲ့ မတည့်လျှင်၊ သင့်​မှာတခြားရောဂါတွေ၊ ကျန်းမာရေး အခြေအနေတွေရှိနေလျှင် အသုံးမပြုသင့်ပါ။

-သင့်တွင် Rogaine ၌ပါဝင်တဲ့ ပစ္စည်း နဲ့ အလာဂျီဖြစ်ခြင်း(အရေပြားယားယံခြင်း သို့မဟုတ် နီမြန်းခြင်း)

– ဖျားနာခြင်း၊ ကစဥ့်ကလျားဖြစ်ခြင်းနှင့်​အခြားဆေးဝါးကုသနေခြင်းများ ရှိလျှင်​၊

-အကယ်၍ သင်၏ဦးရေပြားနီမြန်းယောင်ယမ်းလာခြင်း၊ယားယံခြင်း၊ပိုးမွှားကူးစက်ခံရခြင်းဖြစ်နေပါက Rogaine ကိုအသုံးမပြုပါနှင့်။ အသုံးပြုမိပါက ဒဏ်ရာဖြစ်နေသော ဦးရေပြားက ဆေးကိုစုပ်ယူပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

သင်၏ဆံပင်ပြန်ပေါက်ခြင်း ၊ဆံပင်ကျွတ်ခြင်းကို စနစ်တကျ ကုသရန် ဆေးအညွှန်းကိုသေချာဖတ်ရန်လိုအပ်ပါတယ်။

ကိုယ့်ရဲ့ ကျား မ အမျိုးအစားပေါ်မူတည်ပြီး ထုတ်လုပ်ထားသော Rogaine ကိုသာ အသုံးပြုသင့်ပါတယ်။ အမျိုးသမီးများဟာ အမျိုးသားတွေအတွက်​သီးသန့်​ထုတ်ထားတဲ့​ဆေး ကိုမသုံးသင့်​ပါဘူး။

အကယ်၍သင့်တွင် ရောဂါအခြေအနေတစ်ခုခု (အထူးသဖြင့် နှလုံးရောဂါ) ရှိလျှင် ထိုဆေးကိုသုံး ရန် အန္တရာယ်ကင်းမကင်း ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်တစ်ယောက်ယောက်ကိုမေးမြန်းရန် လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Rogaine (ရိုဂိန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Rogaineကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင်း အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Rogaine (ရိုဂိန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Rogaine သုံးရာတွင် ယားနာဖြစ်ခြင်း၊ အသက်ရှုရခက်ခြင်း၊မျက်နှာ ၊ နှုတ်ခမ်း ၊ လျှာ နှင့် လည်ချောင်းများ ယောင်ယမ်းလာ ပါက  ချက်ချင်း ​ဆေးဝါးကုသမှုခံယူသင့်ပါတယ်​။

Rogaine ကိုဦးရေပြားတွင် လိမ်းရာ၌ ဖြစ်လာသော ဘေးထွက်ဆိုးကျိုးမှာ အ လွန်နည်းပါးသော်လည်း ဦးရေပြားအနာကဖြစ်ဖြစ် Rogine ကိုစုပ်ယူပြီး သွေးစီးကြောင်းထဲကိုဝင်သွားပါက ပို၍ဆိုးသော ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။

အကယ်၍ အောက်ပါဘေးထွက်ဆိုးကျိုးများဖြစ်လာပါက ဆရာဝန်ထံချက်ချင်းပြသရပါမယ်။

-ဦးရေပြားအလွန်တရာ ယားယံခြင်း။

-မျက်နှာ တွင်  အမွေးများပေါက်လာခြင်း။

-ရင်ဘတ်နာခြင်း၊နှလုံးခုန်မြန်ခြင်း။

-ခြေလက်များဖောင်းကားလာခြင်း၊ ဝိတ်တက်လာခြင်း။

-တရိပ်ရိပ်နှင့်ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ခေါင်းရှုပ်ထွေးခြင်း၊နီမြန်းလာခြင်း

-သင့်ဆံပင်၏ အရောင်နှင့်အထူများ ပြောင်းလဲခြင်းတို့ပါဝင်ပါတယ်​။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Rogaine (ရိုဂိန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Rogaine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံ ပြောင်းလဲသွားကာ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Rogaine (ရိုဂိန်း) နဲ့ ဓာတ်ပြုနိုင်သလား

Rogaine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေရဲ့အကျိုးသက်ရောက်မှုပုံစံ​ပြောင်းလဲသွားကာ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိ ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Rogaine (ရိုဂိန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Rogaine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Rogaine (ရိုဂိန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးလူတစ်ယောက် ထိပ်ပြောင်ခြင်းအတွက် ပုံမှန်​ပမာဏမှာ

အရည်ပုံစံ:

ဦးရေပြား၏ဆံပင်ပေါက်လိုသောနေရာသို့ တစ်ခါလိမ်း 1ml ဖြင့် တစ်ရက်၂ကြိမ် လိမ်းပေးပါ။တစ်ရက်ကို 2ml ထက်ပို၍မလိမ်းသင့်ပါ။

အမြှုပ် ပုံစံ:

Capတစ်ဝက်စာလောက်ကို ဦးရေပြား၏ဆံပင်ပေါက်လိုသောနေရာအား တစ်ရက်၂ကြိမ် လိမ်းပေးပါ။

ကလေးတွေအတွက် Rogaine (ရိုဂိန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Rogaine (ရိုဂိန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Rogaine ကိုအောက်ပါ ဆေးပမာဏနှင့်ပြင်းအားပုံစံများအတိုင်း ရနိုင်ပါတယ်။

  • အရည်ပုံစံ:1ml တွင်Minoxidil 50 mg ပါဝင်သည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Rogaineကို လိမ်းဖို့ မေ့သွား ပါက သတိရတဲ့အချိန်မှာ အမြန်ဆုံးလိမ်းပါ။ သို့သော်လည်း နောက်တစ်ကြိမ်လိမ်းရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ လိမ်း လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုး လိမ်းတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ မေ 15, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 15, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။