Generic Name: Robitussin (ရိုဘစ်တက်ဆင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Robitussin (ရိုဘစ်တက်ဆင်) ကို ဘာအတွက်အသုံးပြုကြသလဲ

အောက်ပါအခြေအနေတွေကို ယာယီသက်သာစေရန် သုံးနိုင်ပါတယ်။

အအေးမိခြင်း သို့ နေမထိထိုင်မသာဖြစ်စေသောအရာတွေကြောင့် မပြင်းထန်တဲ့လည်ပင်း၊ လေပြွှန်ကသိကအောက်ဖြစ်ခြင်းကြောင့် ချောင်းဆိုးခြင်း

အိပ်ချင်စေတဲ့ချောင်းဆိုးစေတဲ့လှုံ့ဆော်မှု

Robitussin (ရိုဘစ်တက်ဆင်) ဘယ်လိုသောက်သုံးသင့်သလဲ

မသုံးခင်မှာ ပုလင်းကိုသေချာခါသင့်ပါတယ်။ တိုင်းတာတဲ့ခွက်နဲ့သာ တိုင်းတာသင့်ပါတယ်။ အခြားပစ္စည်းဆေးတွေ ထည့်မသုံးသင့်ပါဘူး။ ညွန်ကြားစာမှာပါတဲ့အတိုင်း သို့ ဆရာဝန်ညွှန်တဲ့အတိုင်း သုံးသင့်ပါတယ်။

Robitussin (ရိုဘစ်တက်ဆင်) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို  ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Robitussin (ရိုဘစ်တက်ဆင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

  • အခြားဆေးတွေမှီဝဲနေရ၇င်

ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။

  • Robitussin®   သို့ အခြားသောဆေးများနဲ့ ဓာတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်

monoamine oxidase inhibitor (MAOI) ( စိတ်ကျေ၇ာဂါ၊ စိတ်ရောဂါနဲ့ ခံစားမှုဆိုင်ရာပြဿနာတွေ ပါကင်ဆန်ရောဂါအတွက်) အသုံးပြုနေရတယ်ဆိုရင် သို့မဟုတ် MAOI drugဆေးဖြတ်လိုက်ပြီး နှစ်ပတ်အတွင်း အသုံးမပြုသင့်ပါဘူး။ သင့်သောက်ရမယ့်ဆေးမှာ MAOIပါမပါမသိဘူးဆိုရင် အသုံးမပြုခင် သင့်ဆရာဝန်သို့ဆေးဝါးကျွမ်းကျင်သူကိုမေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Robitussin (ရိုဘစ်တက်ဆင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Robitussin (ရိုဘစ်တက်ဆင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဒီဆေးနဲ့ပတ်သက်လို့ ဘေးထွက်ဆိုးကျိုးတွေက အာရုံထားဂရုပြုလောက်အောင်မရှိပါဘူး။

ဆေးကိုသင့်ခန္ဓာကိုယ်ကရင်းနှီးသွားတဲ့အခါမှာ ဘေးထွက်ဆိုးကျိုးတွေက ပျောက်သွားနိုင်ပါတယ်။ သင့်ကျန်းမာရေးကြီးကြပ်ကျွမ်းကျင်သူတွေက ဒီဘေးထွက်ဆိုးကျိုးတွေကိုမဖြစ်အောင် လျော့နည်းအောင်ကုညီပေးနိုင်ပါတယ်။ အောက်ပါဘေးထွက်ဆိုးကျိုးတွေ ဆက်တိုက်ဖြစ်နေမယ်ဆိုရင် သို့ သင်စိုးရိမ်နေမယ်ဆိုရင် ကျွမ်းကျင်သုတွေနဲ့စစ်ဆေးနိုင်ပါတယ်။

သိပ်အတွေ့မများတဲ့ဘေးထွက်ဆိုးကျိုးများ

  • မရေမရာဖြစ်ခြင်း
  • ၀မ်းချုပ်ခြင်း
  • မူးဝေခြင်း(သိပ်မပြင်းထန်သော)
  • အိပ်ချင်မူးတူးဖြစ်ခြင်း (သိပ်မပြင်းထန်သော)
  • ခေါင်းကိုက်ခြင်း
  • မအီမသာဖြစ်ခြင်း အန်ခြင်း
  • ဗိုက်အောင့်ခြင်း အန်ခြင်း

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Robitussin (ရိုဘစ်တက်ဆင်) နဲ့ ဓာတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

အစားအသောက်တွေနဲ့ အရက်က Robitussin (ရိုဘစ်တက်ဆင်) နဲ့ ဓာတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Robitussin (ရိုဘစ်တက်ဆင်) နဲ့ ဓာတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Robitussin (ရိုဘစ်တက်ဆင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

10 mL ၁၂နာရီခြားတစ်ကြိမ် ၊ နှစ်ဆယ့်လေးနာရီအတွင်း 20 mLထက်ပိုမသုံးသင့်ပါဘူး။

ကလေးတွေအတွက် Robitussin (ရိုဘစ်တက်ဆင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

၁၂နှစ်နှင့် ၁၂နှစ်အထက်ကလေးများအတွက်

10 mL ၁၂နာရီခြားတစ်ကြိမ် ၊ နှစ်ဆယ့်လေးနာရီအတွင်း 20 mLထက်ပိုမသုံးသင့်ပါဘူး။

အသက်၆နှစ်မှ၁၂နှစ်ကလေးများအတွက်

5mL ၁၂နာရီခြားတစ်ကြိမ် ၊ နှစ်ဆယ့်လေးနာရီအတွင်း 10 mLထက်ပိုမသုံးသင့်ပါဘူး။

အသက်၎နှစ်မှ၆နှစ်ကလေးများအတွက်

2.5mL ၁၂နာရီခြားတစ်ကြိမ် ၊ နှစ်ဆယ့်လေးနာရီအတွင်း 5 mLထက်ပိုမသုံးသင့်ပါဘူး။

၎နှစ်အောက်ကလေးများအတွက်

အသုံးမပြုပါဘူး။

Robitussin (ရိုဘစ်တက်ဆင်) ကိုဘယ်လိုရရှိနိုင်သလဲ

အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

Robitussin  ၁၂နှစ်နာရ်ီ ချောင်းဆိုးသက်သာဆေး 3 OZ (89ml)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 11, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 11, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ