Generic Name: Risperidone (ရစ်စ်ပယ်ရီဒုန်း) Brand Name(s): Risperidone (ရစ်စ်ပယ်ရီဒုန်း).

အသုံးပြုပုံများ

Risperidone (ရစ်စ်ပယ်ရီဒုန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Risperidone ကို စိတ်ကစဥ့်ကလျားရောဂါ၊ စိတ်အတက်အကျ မြန်သောရောဂါ၊အော်တစ်ဇင်ရောဂါနှင့် ဆက်စပ်သော ဂဏှာမငြိမ်စိတ်တိုစိတ်ဆတ်ခြင်း စသည့် စိတ်ကျန်းမာရေးနှင့် ဆိုင်သော ရောဂါများကို ကုသရန် အသုံးပြုပါသည်။ Risperidone သည် သင်ကြည်လင်ရှင်းလင်းစွာ စဉ်းစားတွေးတောနိုင်ရန် နှင့် နေ့စဉ်လှုပ်ရှားသွားလာမှုများကို ပြန်လည်ပြုလုပ်လာနိုင်စေရန် ကူညီပေးပါသည်။
Risperidone သည် atypical antipsychotics ဟုခေါ်သော ဆေးအုပ်စုအမျိုးအစားတွင် ပါဝင်သည်။ ၎င်းသည် ဦးနှောက်အတွင်းရှိ သဘာဝပစ္စည်းများ၏ အတိုင်းအဆ ပမာဏကို ပြန်လည်၍သင့်တင့်မျှတမှု ရှိစေရန် ဆောင်ရွက်ပေးသည်။

အခြားအသုံးပြုမှုများ။ ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် Risperidone ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။
———>အခြားသော ဆေးများနှင့် ပူးတွဲပြီး စိတ်ကျရောဂါကုသရာတွင်လည်း အသုံးပြုနိုင်သည်။

Risperidone (ရစ်စ်ပယ်ရီဒုန်း) ဘယ်လိုသောက်သုံးသင့်သလဲ

Risperidone ကို အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တနေ့လျင် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ် သို့မဟုတ် သင့်ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း သောက်နိုင်သည်။ Risperidone သည် ဆေးကဒ်ပုံစံဖြစ်သဖြင့် သင်ဆေးသောက်မည့် အချိန်ရောက်မှသာ ဆေးကို ဆေးကဒ်မှ ဖောက်ပါ။ခြောက်သွေ့သောလက်များဖြင့် ဆေးကဒ်ကို အသာခွါပြီး ဆေးပြားကို ထုတ်ယူပါ။ဆေးပြားလေး ကျိုးကြေသွားနိုင်သဖြင့် ဆေးကို ကဒ်အပြင်သို့အတင်းတွန်းမထုတ်ပါနှင့်။ထို့နောက် ဆေးပြားကို လျှာပေါ်သို့အမြန် တင်ပြီး လျှာပေါ်တွင် ပျော်သွားပါစေ။ဆေးကို မဝါးပစ်ရ၊ မခြေပစ်ရ။ လျှာပေါ်တွင် ဆေးအရည်ပျော်သွားပြီးနောက် ရေ သို့မဟုတ် ရေမပါဘဲ မြိုချနိုင်သည်။
ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ၊ ဆေးကို တုန့်ပြန်မှု နှင့် အခြားသောက်သုံးနေသော ဆေးဝါးများအပေါ် မူတည်သည်။ သင်လက်ရှိ သုံးစွဲနေသော ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။ ဘေးထွက်ဆိုးကျိုးများကို နည်းနိုင်သမျှ နည်းစေရန်အတွက် ဆေးပမာဏ အနည်းငယ်မှစသောက်ပြီး တဖြည်းဖြည်းချင်း လိုအပ်သလို ပမာဏတိုးသားရန် ဆရာဝန်က ညွှန်ကြားလိမ့်မည်။ ဆရာဝန် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာပါ။
ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ရောဂါအနည်းငယ်သက်သာသွားသည့်တိုင် ဆေးကို ဆရာဝန်ညွှန်ကြားထားသည့် ကာလအတိုင်း ဆက်လက်သောက်ရန် လိုအပ်ပါသည်။ဆရာဝန်ထံမှ ညွန်ကြားချက်မပါဘဲ ဆေးသောက်ခြင်းကို မိမိသဘောနှင့် ရပ်မပစ်ရပါ။
ရောဂါမသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကို အသိပေးပါ။

Risperidone (ရစ်စ်ပယ်ရီဒုန်း) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Risperidone ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Risperidone ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Risperidone ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Risperidone ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Risperidone ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Risperidone (ရစ်စ်ပယ်ရီဒုန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Risperidone ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။
—>ဓာတ်မတည့်ခြင်း
Risperidone ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။
—>ကလေးသူငယ်များ
အသက် ၁၃နှစ်အောက် ကလေးငယ်များတွင် စိတ်ကစဥ့်ကလျားရောဂါကို ကုသရာ၌၎င်း၊ အသက်၁၀နှစ်အောက်ကလေးများတွင် စိတ်အတက်အကျမြန်ရောဂါကို ကုသရာ၌၎င်း သို့မဟုတ် အသက်၅နှစ်အောက်ကလေးများတွင် အော်တစ်ဇင်နှင့်ဆက်စပ်သော စိတ်ရောဂါကို ကုသရာ၌၎င်း Risperidone ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။
—>သက်ကြီးရွယ်အိုများ
လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Risperidone ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။သို့သော် သက်ကြီးရွယ်အိုများတွင် အသက်အရွယ်ကြောင့်ဖြစ်သည့် နှလုံးရောဂါများ၊ အသည်းရောဂါ၊ကျောက်ကပ်ပြဿနာ စသည်တို့ရှိနေနိုင်သဖြင့် Risperidone ဆေး၏ ဆေးပမာဏကို ဂရုတစိုက်ချိန်ဆရန် လိုအပ်သည်။Risperidone ကို သူငယ်ပြန်ခြင်းကြောင့်ဖြစ်သော အပြုအမူပိုင်းဆိုင်ရာ ပြဿနာများအတွက် အသုံးမပြုသင့်ပါ။
Risperidone ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Risperidone (ရစ်စ်ပယ်ရီဒုန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Risperidone (ရစ်စ်ပယ်ရီဒုန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။အောက်ပါလက္ခဏာများ ခံစားရပါက Risperidone သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။
 ဖျားခြင်း၊ကြွက်သားများ မာတောင့်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊ချွေးများထွက်ခြင်း၊နှလုံးခုန်မမှန်ခြင်း သို့မဟုတ် မြန်ခြင်း။
 မျက်လုံး၊လျှာ၊မေးရိုး နှင့် လည်ပင်းရှိကြွက်သားများ တဆတ်ဆတ်တုန်ခါခြင်း။
 ခြေလက်များကို မထိန်းချုပ်နိုင်ဘဲ တုန်ခါခြင်း၊ သားရည်များကျခြင်း။
 တက်ခြင်း။
 တုပ်ကွေးမိသကဲ့သို့ တကိုယ်လုံးနာကျင် ကိုက်ခဲခြင်း။
 နှာခေါင်းသွေးလျှံခြင်း။
 ပါးစပ်အတွင်း နှင့် နှုတ်ခမ်းပေါ်တွင် အဖြူရောင်အကွက်များထွက်ခြင်း၊အနာများ ပေါက်ခြင်း။
 မြိုရခက်ခဲခြင်း။
 သတိလစ်သွားတော့မယောင်ခံစားရခြင်း။
 ၄နာရီထက်ကြာအောင် လိင်တံမာတောင့်နေပြီး နာကျင်ခြင်း။

 သာမန်ဘေးထွက်လက္ခဏာများမှာ
 ကိုယ်အလေးချိန်တက်ခြင်း။
 ပူလာလိုက် အေးလာလိုက် ခံစားရခြင်း။
 ခေါင်းကိုက်ခြင်း၊ မူးဝေထိုင်းမှိုင်းခြင်း။
 ပင်ပန်းနွမ်းနယ်ခြင်း။
 စိုးရိမ်စိတ်များခြင်း၊ဂဏှာမငြိမ်ခြင်း။
 အိပ်မပျော်ခြင်း။
 ပျို့အန်ခြင်း၊ဗိုက်နာ/အောင့်ခြင်း၊ဝမ်းချုပ်ခြင်း။
 ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊နှာရည်ယိုခြင်း။
 အရေပြားပေါ်တွင် အနီစက်များ အနည်းငယ် ပေါ်လာခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Risperidone (ရစ်စ်ပယ်ရီဒုန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Risperidone ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Risperidone ကိုအသုံးမပြုသင့်ပါဘူး။သင့်ဆရာဝန် အနေနဲ့ Risperidone ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
• Amifampridine

• Bepridil

• Cisapride

• Levomethadyl

• Mesoridazine

• Metoclopramide

• Pimozide

• Piperaquine

• Terfenadine

• Thioridazine
အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Risperidone နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

• Acecainide

• Ajmaline

• Amiodarone

• Amisulpride

• Amitriptyline

• Anagrelide

• Aprindine

• Aripiprazole

• Arsenic Trioxide

• Asenapine

• Astemizole

• Azimilide

• Bretylium

• Bupropion

• Buserelin

• Chloral Hydrate

• Chloroquine

• Chlorpromazine

• Citalopram

• Clarithromycin

• Crizotinib

• Dabrafenib

• Delamanid

• Desipramine

• Deslorelin

• Dibenzepin

• Disopyramide

• Dofetilide

• Dolasetron

• Domperidone

• Doxepin

• Droperidol

• Encainide

• Enflurane

• Erythromycin

• Escitalopram

• Flecainide

• Fluconazole

• Fluoxetine

• Foscarnet

• Gemifloxacin

• Ginkgo Biloba

• Gonadorelin

• Goserelin

• Halofantrine

• Haloperidol

• Histrelin

• Hydromorphone

• Hydroquinidine

• Ibutilide

• Imipramine

• Ivabradine

• Ketoconazole

• Leuprolide

• Linezolid

• Lithium

• Lorcainide

• Mefloquine

• Metronidazole

• Milnacipran

• Moxifloxacin

• Nafarelin

• Nortriptyline

• Octreotide

• Ondansetron

• Pasireotide

• Pazopanib

• Pentamidine

• Probucol

• Procainamide

• Prochlorperazine

• Propafenone

• Protriptyline

• Quetiapine

• Sematilide

• Sertindole

• Sertraline

• Sevoflurane

• Simvastatin

• Sotalol

• Spiramycin

• Sulfamethoxazole

• Sultopride

• Tedisamil

• Telithromycin

• Tetrabenazine

• Tramadol

• Trifluoperazine

• Trimethoprim

• Trimipramine

• Triptorelin

• Vandetanib

• Vemurafenib

• Vinflunine

• Zotepine
အောက်ဖော်ပြပါ ဆေးများသည် Risperidone ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

• Carbamazepine

• Cimetidine

• Fosphenytoin

• Itraconazole

• Lamotrigine

• Levorphanol

• Methadone

• Midodrine

• Paroxetine

• Phenobarbital

• Phenytoin

• Ranitidine

• Ritonavir

• Valproic Acid

အစားအသောက်တွေနဲ့ အရက်က Risperidone (ရစ်စ်ပယ်ရီဒုန်း) နဲ့ ဓာတ်ပြုနိုင်သလား

Risperidone က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Risperidone (ရစ်စ်ပယ်ရီဒုန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Risperidone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• အစာများ အသက်ရှုလမ်းကြောင်းထဲဝင်ဖူးခြင်း/ဝင်ရန် အခွင့်အလမ်းများခြင်း။
• သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများ ရှိခြင်း။
• ရေဓာတ်ခမ်းခြောက်ခြင်း။
• သူငယ်ပြန်ခြင်း (စိတ်ပိုင်းဆိုင်ရာချို့ယွင်းလာခြင်း)
• အစာ/ရေ မြိုရခက်ခဲခြင်း ———–> ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေသည်။
• prolactin ဟော်မုန်းကြောင့်ဖြစ်သော ရင်သားကင်ဆာ
• ဆီးချို
• အတက်ရောဂါ
• နှလုံးနှင့် သွေးကြောဆိုင်ရာပြဿနာများ (လေဖြတ်ခြင်း၊နှလုံးခုန်မမှန်ခြင်းတို့ အပါအဝင်)
• သွေးတွင်းသကြားဓာတ်များခြင်း။
• သွေးတွင်း prolactin ဓာတ်များခြင်း။
• ပါကင်ဆန်ရောဂါ ——> ရောဂါအခြေအနေကို ပိုဆိုးစေမည်။
• ကျောက်ကပ်ရောဂါ။
• အသည်းရောဂါ ——–> ခန္တာကိုယ်ထဲမှ ဆေးကို စွန့်ပစ်ရာတွင် နှောင့်နှေးစေသဖြင့် ဆေး၏အာနိသင်ကို လိုသည်ထက်ပိုလာစေနိုင်သောကြောင့် သတိထားပြီး အသုံးပြုရမည်။
• Phenylketouria (PKU) ——> ပျော်ဝင်သွားသော ဆေးပြားများတွင် ဤအခြေအနေကို ပိုဆိုးစေသော aspartame ဓာတ် ပါဝင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Risperidone (ရစ်စ်ပယ်ရီဒုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Risperidone ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

စိတ်ကစဥ့်ကလျားရောဂါအတွက်
——>သောက်ဆေး———>တနေ့လျှင် ၂မီလီဂရမ်။ ထို့နောက် တနေ့လျှင် ၁-၂မီလီဂရမ် နှုန်းဖြင့် ဆေးပမာဏကို လူနာခံနိုင်ရည်ရှိလျှင် ရှိသလို တိုးပေးနိုင်သည်(တခါတိုးရန် အနည်းဆုံး ၂၄နာရီ ခြားရမည်)။
ထိန်းထားသင့်သော ပမာဏ ———->တနေ့လျှင် ၄-၈ မီလီဂရမ်
အများဆုံးသုံးနိုင်သော ပမာဏ ————>တနေ့လျှင် ၁၆မီလီဂရမ်
——>အချိန်ကြာမြင့်စွာ အကျိုးသက်ရောက်မှုရရှိသော အသား ထိုးဆေး———> Risperidone သောက်ဆေးမသောက်ဖူးသူများအနေနှင့် ထိုးဆေးကို ခံနိုင်ရည်ရှိစေရန်အတွက် ထိုးဆေးမထိုးမီ သောက်ဆေးကို ဦးစွာ သောက်သင့်သည်။
ကနဦးပမာဏ ———-> ၂၅မီလီဂရမ် အသားထိုးဆေးကို ၂ပတ်တခါ။ထို့နောက် ၃၇.၅မီလီဂရမ် သို့မဟုတ်၅၀မီလီဂရမ် အထိ လိုအပ်သလိုတိုးပေးနိုင်သည်။ထိုးဆေး၏ အာနိသင်သည် ဆေးထိုးပြီး ၃ပတ်ခန့်ကြာမှ စတင်ပြတတ်သဖြင့် ဆေးပမာဏတိုးခြင်းကို လေးပတ်တခါထက်ပို၍ မလုပ်သင့်ပေ။
အများဆုံးသုံးနိုင်သော ပမာဏ ———–>၅၀မီလီဂရမ် အသားထိုးဆေးကို ၂ပတ်တခါ။

စိတ်အတက်အကျမြန်ရောဂါအတွက်
——>သောက်ဆေး———>တနေ့လျှင် ၂-၃ မီလီဂရမ်။ ထို့နောက် တနေ့လျှင် ၁ မီလီဂရမ် နှုန်းဖြင့် ဆေးပမာဏကို လူနာခံနိုင်ရည်ရှိလျှင် ရှိသလို တိုးပေးနိုင်သည်(တခါတိုးရန် အနည်းဆုံး ၂၄နာရီ ခြားရမည်)။
ထိန်းထားသင့်သော ပမာဏ ———->တနေ့လျှင်၁-၆ မီလီဂရမ်
အများဆုံးသုံးနိုင်သော ပမာဏ ————>တနေ့လျှင် ၆ မီလီဂရမ်
——>အချိန်ကြာမြင့်စွာ အကျိုးသက်ရောက်မှုရရှိသော အသား ထိုးဆေး———> Risperidone သောက်ဆေးမသောက်ဖူးသူများအနေနှင့် ထိုးဆေးကို ခံနိုင်ရည်ရှိစေရန်အတွက် ထိုးဆေးမထိုးမီ သောက်ဆေးကို ဦးစွာ သောက်သင့်သည်။
ကနဦးပမာဏ ———-> ၂၅မီလီဂရမ် အသားထိုးဆေးကို ၂ပတ်တခါ။ထို့နောက် ၃၇.၅မီလီဂရမ် သို့မဟုတ်၅၀မီလီဂရမ် အထိ လိုအပ်သလိုတိုးပေးနိုင်သည်။ထိုးဆေး၏ အာနိသင်သည် ဆေးထိုးပြီး ၃ပတ်ခန့်ကြာမှ စတင်ပြတတ်သဖြင့် ဆေးပမာဏတိုးခြင်းကို လေးပတ်တခါထက်ပို၍ မလုပ်သင့်ပေ။
အများဆုံးသုံးနိုင်သော ပမာဏ ———–>၅၀မီလီဂရမ် အသားထိုးဆေးကို ၂ပတ်တခါ။

ကလေးတွေအတွက် Risperidone (ရစ်စ်ပယ်ရီဒုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

စိတ်ကစဥ့်ကလျား ရောဂါအတွက်
အသက် ၁၃နှစ်နှင့်အထက် ကလေးများ
——>သောက်ဆေး———>တနေ့လျှင် ၀.၅ မီလီဂရမ်။ ထို့နောက် တနေ့လျှင် ၀.၅ – ၁ မီလီဂရမ် နှုန်းဖြင့် ဆေးပမာဏကို လူနာခံနိုင်ရည်ရှိလျှင် ရှိသလို တိုးပေးနိုင်သည်(တခါတိုးရန် အနည်းဆုံး ၂၄နာရီ ခြားရမည်)။
ထိန်းထားသင့်သော ပမာဏ ———->တနေ့လျှင် ၃ မီလီဂရမ်
အများဆုံးသုံးနိုင်သော ပမာဏ ————>တနေ့လျှင် ၆ မီလီဂရမ်

စိတ်အတက်အကျမြန် ရောဂါအတွက်
အသက် ၁၀နှစ်နှင့် အထက် ကလေးများ
——>သောက်ဆေး———>တနေ့လျှင် ၀.၅ မီလီဂရမ်။ ထို့နောက် တနေ့လျှင် ၀.၅ – ၁ မီလီဂရမ် နှုန်းဖြင့် ဆေးပမာဏကို လူနာခံနိုင်ရည်ရှိလျှင် ရှိသလို တိုးပေးနိုင်သည်(တခါတိုးရန် အနည်းဆုံး ၂၄နာရီ ခြားရမည်)။
ထိန်းထားသင့်သော ပမာဏ ———->တနေ့လျှင် ၁ – ၂.၅ မီလီဂရမ်
အများဆုံးသုံးနိုင်သော ပမာဏ ————>တနေ့လျှင် ၆ မီလီဂရမ်

အော်တစ်ဇင်အတွက်

အသက် ၅နှစ် မှ ၁၇ နှစ် အတွင်းရှိ ကလေးများ
ကိုယ်အလေးချိန် ၁၅ကီလို နှင့် ၂၀ ကီလိုကြား ရှိ ကလေးများ
ကနဦးသောက်ရန်ဆေးပမာဏ——–> ၀.၂၅မီလီဂရမ်ကို တနေ့လျှင် တကြိမ်
ဆက်လက်ပေးရန်ဆေးပမာဏ ——-> အနည်းဆုံး ၄ရက်ကြာပြီးနောက် တနေ့လျှင် ၀.၅ မီလီဂရမ်အထိ တိုးနိုင်သည်။ ၎င်းပမာဏကို အနည်းဆုံး ၁၄ရက်အထိ ဆက်ပေးပြီး နောက်ထပ် ၀.၂၅ မီလီဂရမ်စီကို အနည်းဆုံး ၂ ပတ်ခြားပြီး တိုးပေးနိုင်သည်။
ထိန်းထားသင့်သော ဆေးပမာဏ ——->တနေ့လျှင် ၀.၅ မီလီဂရမ်

ကိုယ်အလေးချိန် ၂၀ ကီလို နှင့်အထက် ကလေးများ
ကနဦးသောက်ရန်ဆေးပမာဏ——–> ၀.၅မီလီဂရမ်ကို တနေ့လျှင် တကြိမ်
ဆက်လက်ပေးရန်ဆေးပမာဏ ——-> အနည်းဆုံး ၄ရက်ကြာပြီးနောက် တနေ့လျှင် ၁ မီလီဂရမ်အထိ တိုးနိုင်သည်။ ၎င်းပမာဏကို အနည်းဆုံး ၁၄ရက်အထိ ဆက်ပေးပြီး နောက်ထပ် ၀.၅ မီလီဂရမ်စီကို အနည်းဆုံး ၂ ပတ်ခြားပြီး တိုးပေးနိုင်သည်။
ထိန်းထားသင့်သော ဆေးပမာဏ ——->တနေ့လျှင် ၁ မီလီဂရမ်

အာနိသင်ထိရောက်သော ဆေးပမာဏ——>တနေ့လျှင် ၀.၅ – ၃ မီလီဂရမ် (ဆေးအပေါ်တုန့်ပြန်မှုနှင့် ဆေးကို ခံနိုင်ရည်ရှိမှုအပေါ်မူတည်ပြီး တဦးနှင့် တဦး ဆေးပမာဏ မတူညီနိုင်ပါ)။
အများဆုံးပေးနိုင်သော ဆေးပမာဏ ——–>တနေ့လျင် ၃မီလီဂရမ်
ဆက်လက်ထိန်းထားသင့်သည့် ဆေးပမာဏ ——–> သိသာထင်ရှားသော ဆေးအာနိသင်ကို ရရှိပြီးနောက် ထိုဆေးပမာဏကို ဆက်လက်ပြီးပေးပါ။ထို့နောက် ဆေး၏ အကျိုးနှင့် အပြစ်တို့ကို ချိန်ဆကာ ဆေးပမာဏကို ဖြည်းဖြည်းချင်း ပြန်လည်လျှော့ရန် စဉ်းစားပါ။

Risperidone (ရစ်စ်ပယ်ရီဒုန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Risperidone ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြား ———> 0.25mg; 0.5mg; 1mg; 2mg; 3mg; 4mg.0

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

(ယေဘူယျအသိပေးချက် -အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးလွန်သည့် လက္ခဏာများမှာ
• မူးဝေထိုင်းမှိုင်းခြင်း။
• နှလုံးခုန် မမှန်ခြင်း၊မြန်ခြင်း။
• ဗိုက်အောင့်/နာခြင်း။
• အမြင်အာရုံဝေဝါးခြင်း။
• သတိလစ်ခြင်း။
• တက်ခြင်း။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

(ယေဘူယျအသိပေးချက် -Risperidone ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 16, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 16, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ