backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Rimantadine (ရီမန်တဒင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Rimantadine (ရီမန်တဒင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Rimantadineကိုတစ်ချို့သောတုပ်ကွေးအမျိုးအစားများ (တုပ်ကွေးအေ)တွင် အသုံးပြုကြပါသည်။ သင့်တွင် တုပ်ကွေးပိုးကူးစက်ခံရပြီဆိုပါကဆေးများကလက္ခဏာကိုသက်သာအောင်သာလုပ်ပေးနိုင်ပြီး ပြန်ကောင်းရန် ကြာချိန်ကိုတိုစေရန်အတွက် ကူညီပေးပါသည်။ Rimantadineကိုတုပ်ကွေးပိုးနှင့်ထိတွေ့မိပါကတုပ်ကွေးဖြစ်မလာအောင်ကာကွယ်ရန် သောက်ပါ။ ဤဆေးသည် ဗိုင်းရပ်စ်သတ်ဆေးဖြစ်ပြီးတုပ်ကွေးဗိုင်းရပ်စ်များကြီးထွားမလာအောင် တားပေးနိုင်သည်ဟုယုံကြည်ထားကြ၏။ ဤဆေးမှာကာကွယ်ဆေးမျိုးမဟုတ်ပါ။ တုပ်ကွေးမမိစေဖို့ အခွင့်အရေးပိုရစေရန် ဖြစ်နိုင်ပါကတုပ်ကွေးရာသီရောက်တိုင်းကာကွယ်ဆေးတစ်ကြိမ်လောက်တော့ ထိုးထားသင့်ပါသည်။

Rimantadine (ရီမန်တဒင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကိုအစာရှိရှိမရှိရှိ ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည်။ ဆေးကိုတုပ်ကွေးကာကွယ်ရန် သောက်မည်ဆိုပါကအသက် ၁၀ နှစ်အောက် ကလေးများတွင် တစ်ရက်တစ်ကြိမ်၊ လူကြီးများတွင် တစ်ရက် ၂ ကြိမ်သောက်သင့်၏။ လူကြီးများတွင် တုပ်ကွေးကုသရန်အတွက်သုံးပါကလည်းတစ်ရက် ၂ ကြိမ်ဖြစ်သည်။ Rimantadineကိုညွှန်ကြားထားသည့် ပမာဏ၊ အချိန်ကာလထက် ပိုသောက်ခြင်းမျိုးမလုပ်ရပါ။

ဆေးပမာဏမှာသင့်ကျန်းမာရေးအခြေအနေနှင့် ကုသမှုအပေါ် တုံ့ပြန်ခြင်းပေါ်၌ မူတည်ပါသည်။ ကလေးများတွင် ဆေးပမာဏမှာကိုယ်အလေးချိန်ပေါ် မူတည်ပါသည်။

တုပ်ကွေးနှင့်ထိတွေ့မိသည်နှင့် သို့မဟုတ် တုပ်ကွေးလက္ခဏာများပေါ်လာသည်နှင့် တတ်နိုင်သလောက် မြန်မြန်သောက်ပါ။ ဆေးကိုရက်အပြည့်သောက်ပါ။ ဆေးကိုစောရပ်လိုက်ခြင်းကဗိုင်းရပ်စ်ပိုးများဆက်ကြီးထွားလာပြီး ပြင်းထန်သည့်တုပ်ကွေးရောဂါ ဖြစ်လာနိုင်ပါသည်။

ဆေးသကာရည်ပုံစံကိုသောက်မည်ဆိုပါကဆေးချိန်သည့်ဇွန်းခွက်တို့နှင့် သေချာတိုင်းပါ။ အခြေအနေတိုးတက်မလာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကိုအကြောင်းကြားပါ။

Rimantadine (ရီမန်တဒင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Rimantadineကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Rimantadineကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Rimantadineဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Rimantadineအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Rimantadine (ရီမန်တဒင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Rimantadineကိုမသောက်ခင်ဤဆေးနှင့်ဓါတ်မတည့်ခြင်းသို့မဟုတ် တခြားသောဓါတ်မတည့်မှုများရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓါတ်မတည့်နိုင်သည့် inactive ဓါတ်ပစ္စည်းများပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဤဆေးကိုမသောက်ခြင်းသင့်ကျန်းမာရေးရာဇဝင်ကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အားပြောပါ။ အထူးသဖြင့် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ အတက်ရောဂါများ။

ဆေးကြောင့် ခေါင်းမူးနိုင်သည်။ အရက် သို့မဟုတ် ဆေးခြောက်ကလည်းခေါင်းမူးနိုင်သည်။ စိတ်ချရသည့်အခြေအနေမရောက်မချင်း နိုးကြားရန်လိုသည့် စက်မောင်ခြင်း၊ ယာဉ်မောင်းခြင်းများမပြုလုပ်ပါနှင့်။ အရက်ပါသောအချိုရည်သောက်ခြင်းကိုကန့်သတ်ပေးပါ။ ဆေးခြောက်သုံးနေသူဆိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

ကျောက်ကပ်၏လုပ်ဆောင်နိုင်စွမ်းမှာအသက်ကြီးလာသည်နှင့် ကျလာပါသည်။ ဤဆေးကိုကျောက်ကပ်များမှ ဖယ်ထုတ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် လူကြီးများတွင် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်းများပိုဖြစ်လာနိုင်ပါသည်။

ကိုယ်ဝန်ဆောင်စဉ် အမှန်တကယ်လိုအပ်မှသာဆေးကိုသောက်ရမည်။ ကောင်းကျိုးဆိုးကျိုးများသိရန်အတွက် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ဆေးသည် နို့ရည်ထဲသို့ဖြတ်နိုင်မဖြတ်နိုင် မသိရသေးပါ။ သို့သော် ခပ်ဆင်ဆင်တူသည့်ဆေးများသည် နို့ရည်ထဲသို့ဖြတ်နိုင်ပြီး နို့စို့ကလေးများတွင် မလိုလားအပ်သည့်ဆိုးကျိုးများ ဖြစ်လာတတ်ပါသည်။ နို့တိုက်ကျွေးမှုမစခင် ဆရာဝန်နှင့်အရင်တိုင်ပင်ကြည့်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Rimantadine (ရီမန်တဒင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Rimantadine (ရီမန်တဒင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အိပ်မရခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အာခြောက်ခြင်း၊ အားနည်းခြင်း၊ ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်လှုပ်ရှားခြင်းများ ဖြစ်လာနိုင်ပါသည်။ အဆိုပါဘေးထွက်ဆိုးကျိုးများပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကိုချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးကပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်းသိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

ဖြစ်လေ့မရှိသော်လည်း ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများဖြစ်သောစိတ်အခြေအနေပြောင်းလဲခြင်း (ဥပမာ – စိတ်ကျခြင်း) တက်ခြင်းတို့ ဖြစ်လာပါက ဆရာဝန်နှင့်ချက်ချင်းပြပါ။ ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာရှား၏။ သို့သော် အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Rimantadine (ရီမန်တဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

ဤဆေးနှင့် ပြင်းထန်စွာဓါတ်ပြုနိုင်သောဆေးများမှာ နှာခေါင်းမှရှူရသောတုပ်ကွေးကာကွယ်ဆေးဖြစ်သည်။

အထက်ပါဆေးကိုသုံးနေပါကRimantadineကိုမသုံးခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုပြောပါ။

Rimantadineသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Rimantadine (ရီမန်တဒင်း) နဲ့ ဓါတ်ပြုနိုင်သလား

Rimantadine က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Rimantadine (ရီမန်တဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Rimantadineသည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Rimantadine (ရီမန်တဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

တုပ်ကွေးအေအတွက် ပုံမှန်ပမာဏ

ထောက်ခံထားသောပုံမှန်ပမာဏ: 100 mgကိုတစ်ရက်နှစ်ကြိမ် ၇ ရက်သောက်ရန်။

တုပ်ကွေးကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

ထောက်ခံထားသောပုံမှန်ပမာဏ: 100 mgကိုတစ်ရက်နှစ်ကြိမ် သောက်ရန်။

အသက်ကြီးသူများအတွက် တုပ်ကွေးကာကွယ်ရန်

အသက်ကြီးသူများနှင့် အသက် ၆၅ နှစ်အထက်များ : ဆေးကို100 mgတစ်ရက်တစ်ကြိမ်ထိလျော့ချရန် ထောက်ခံထားပါသည်။

အသက်ကြီးသူများအတွက် တုပ်ကွေးအေကုသရန်

အသက်ကြီးသူများနှင့် အသက် ၆၅ နှစ်အထက်များ : ဆေးကို100 mgတစ်ရက်တစ်ကြိမ်ထိလျော့ချရန် ထောက်ခံထားပါသည်။

ကျောက်ကပ်အတွက် ပမာဏချိန်ညှိခြင်း

အပြင်းစားကျောက်ကပ်မကောင်းခြင်း(CrCl 5 to 29 mL/min)သို့မဟုတ် Renal Failure (CrCl 10 mL/min or less):ဆေးကို100 mgတစ်ရက်တစ်ကြိမ်ထိလျော့ချရန် ထောက်ခံထားပါသည်။

အသည်းအတွက် ပမာဏချိန်ညှိခြင်း

အပြင်းစားအသည်းမကောင်းခြင်း: ဆေးကို100 mgတစ်ရက်တစ်ကြိမ်ထိလျော့ချရန် ထောက်ခံထားပါသည်။

ပမာဏချိန်ညှိခြင်း

တစ်ချို့ဆရာဝန်များက အရွယ်ရောက်ပြီးသူများတွင် ဖြစ်သောရာသီတုပ်ကွေးအေအားကာကွယ်ရန်၊ ကုသရန်အတွက် 200 mg တစ်ရက်တစ်ကြိမ်ပေးရန် ထောက်ခံကြ၏။

Dialysis

အပြင်းစားကျောက်ကပ်မကောင်းခြင်း(CrCl 5 to 29 mL/min)သို့မဟုတ် Renal Failure (CrCl 10 mL/min or less):ဆေးကို100 mgတစ်ရက်တစ်ကြိမ်ထိလျော့ချရန် ထောက်ခံထားပါသည်။

ကလေးတွေအတွက် Rimantadine (ရီမန်တဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ထောက်ခံထားသောပုံမှန်ပမာဏ (အသက် ၁၇ နှင့်အထက်): 100 mgကိုတစ်ရက်နှစ်ကြိမ် ၇ရက်သောက်ရန်။

တုပ်ကွေးကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

ထောက်ခံထားသောပုံမှန်ပမာဏ:

အသက် ၁ – ၉ နှစ်: 5 mg/kg (up to 150 mg) ကိုတစ်ရက်တစ်ကြိမ်သောက်ရန်။

အသက် ၁၀ နှစ်နှင့်အထက်:100 mgကိုတစ်ရက်နှစ်ကြိမ် သောက်ရန်။

Rimantadine (ရီမန်တဒင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Rimantadineကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား
  • သောက်ဆေးရည်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Rimantadineကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement