backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ) ကို ဘာအတွက်အသုံးပြုကြသလဲ

Budesonide သည် ရောင်ရမ်းမှုကိုသက်သောစေသည့် စတီးရွိုက်တစ်မျိုးဖြစ်သည်။

Rhinocort® Allergy (ရှူရန်အတွက်သာ) ကို ရာသီဥတုကြောင့်ဖြစ်သော သို့မဟုတ် တစ်နှစ်ပတ်လုံး ဖြစ်နေသော နှာစေးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်းတို့အား ကုသရာတွင် အသုံးပြုပါသည်။

Rhinocort® Allergy ကို နှာခေါင်းတွင်းမှ အသားပိုများ ခွဲစိတ်ပြီးနောက် ပြန်မထွက်လာစေရန် အတွက်လည်း သုံးကြပါသည်။

Rhinocort® Allergy ကို ယခုဖော်ပြထားသည့် စာရင်းတွင်မပါသောရောဂါများအတွက်လည်း အသုံးပြုကောင်းပြုနိုင်ပါသည်။

Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ) ဘယ်လိုသောက်သုံးသင့်သလဲ

တစ်ခါသုံးတိုင်း ဆေးပုလင်းကိုလှုပ်ပါ။

နှာဖြန်းဆေးအတွက်

  • နှာခေါင်းကို ဖြည်းဖြည်းလေးညှစ်လိုက်ပါ။ ခေါင်းကိုတည့်တည့်ထားပြီး ဆေးပုလင်းထိပ်ကို နှာပေါက်တစ်ဖက်သို့ ထည့်လိုက်ပါ။ တခြားတစ်ဖက်ကိုတော့ လက်နှင့်ဖိပိတ်ထားရမည်။ ခပ်မြန်မြန် ရှူသွင်းရင်း ဆေးကို နှာခေါင်းထဲသို့ ဖြန်းလိုက်ရမည်။ ထို့နောက် ကျန်နှာပေါက်တွင်လည်း ထိုအတိုင်းပြုလုပ်ပါ။
  • နှာဖြန်းဆေးသုံးပြီးတိုင်း အနည်းဆုံး ၁ မိနစ် ၂ မိနစ်အထိ နှာညှစ်ခြင်းမလုပ်ရပါ။
  • နှာဖြန်းဆေးကို တစ်ရက်တစ်ကြိမ်ထက် ပိုမသုံးပါနှင့်။
  • ဖြန်းဆေးများ မျက်လုံး၊ ပါးစပ်တို့အတွင်းသို့ ဝင်သွားပါက ရေနှင့်ဆေးပါ။
  • ၁၄ ရက်အထက်ကြာအောင် နှာဖြန်းဆေးကို မသုံးဖြစ်ဘူးဆိုပါက ဆေးဗူးထိပ်အား သေချာဆေးပါ။ ၂ ချက်ခန့် အရင်ဖြန်းပြီး စမ်းသပ်ပါ။

Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ) ဘယ်လိုသိမ်းဆည်းရမလဲ

Rhinocort® Allergy (budesonide) ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Rhinocort® Allergy (budesonide) ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Rhinocort® Allergy (budesonide) ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Rhinocort® Allergy (budesonide) အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာ သုံးစွဲသုံးရမည်ဖြစ်သည်။
  • တခြားဆေးများကို သုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများ ဥပမာ အပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Rhinocort® Allergyတွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသော ဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
  • Budesonide နှာဖြန်းဆေးမှာ မမွေးသေးသော ကလေးဆီသို့ အန္တရာယ်မဖြစ်နိုင်ပါ။ ကိုယ်ဝန်ရှိလျှင်၊ ကိုယ်ဝန်ဆောင်ရန်အစီအစဉ်ရှိလျှင် ဆရာဝန်ကိုပြောပါ။

    Budesonide က နို့ရည်ထဲသို့ဖြတ်နိုင်သောကြောင့် နို့စို့ကလေးအား အန္တရာယ်ဖြစ်စေတတ်ပါသည်။ နို့တိုက်နေသူဆိုပါက ဆရာဝန်ကိုပြောပါ။

    စတီးရွိုက်ဆေးများသည် ကလေးများ၏ကြီးထွားမှုကို ထိခိုက်စေနိုင်ပါသည်။ Budesonide နှာဖြန်းဆေးကို သုံးနေရသော သင့်ကလေးတွင် ပုံမှန်ကြီးထွားမှုမရှိဟု သံသယရှိလာပါက ဆရာဝန်ကိုပြောပါ။

    Budesonide နှာဖြန်းဆေးကို အသက် ၆ နှစ်အောက် ကလေးများတွင်အသုံးပြုခြင်းကို ခွင့်မပြုထားပါ။

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    ဆေးနှင့်ဓါတ်မတည့်သည့်လက္ခဏာများ – အင်ပျဉ်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့ ဖောင်းကြွခြင်းများ ဖြစ်လာပါက အရေးပေါ်ဆေးကုသမှုခံယူရမည်။

    အောက်ပါတို့ဖြစ်လာပါက ဆရာဝန်နှင့် ချက်ချင်းပြပါ။

    • နှာခေါင်းသွေးဆိုးဆိုးဝါးဝါးထွက်ခြင်း
    • မကျက်တော့သော နှာတွင်းမှအနာများ
    • နှာချေခြင်း၊ အသက်ရှူရခက်ခြင်း
    • အမြင်အာရုံပြဿနာဖြစ်ခြင်း
    • ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ တုပ်ကွေးလက္ခဏာ

    အဖြစ်များသောဘေးထွက်ဆိုကျိုးများ –

    • လည်ချောင်းခြောက်ခြင်း၊ နာခြင်း၊ ချောင်းဆိုးခြင်း
    • နှာခေါင်းတွင်းကျိန်းစပ်ခြင်း
    • လည်ချောင်းတွင် နာခြင်း၊ ဖောင်းကြွခြင်း၊ ပူခြင်း၊ ယားခြင်း၊ စပ်ခြင်း
    • နှာခေါင်းအတွင်းနှင့် နှာခေါင်းတစ်ဝိုက်တွင် အနာများ၊ အဖြူကွက်များပေါက်ခြင်း

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ) နဲ့ ဓါတ်ပြုနိုင်သလဲ

    Rhinocort® Allergy (budesonide) သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်း စသည်တို့ မပြုလုပ်ပါနှင့်။

    အစားအသောက်တွေနဲ့ အရက်က Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ) နဲ့ ဓါတ်ပြုနိုင်သလား

    Rhinocort® Allergy (budesonide) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ) နဲ့ ဓါတ်ပြုနိုင်သလဲ

    Rhinocort® Allergy (budesonide) သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။

    ဤဆေးနှင့်ဓါတ်ပြုနိုင်သော ကျန်းမာရေးအခြေအနေများမှာ

    • တီဘီ (လက်ရှိဖြစ်နေလျှင် သို့ ဖြစ်ဖူးလျှင်)
    • ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို စသည့် ပြင်းထန်သောပိုးရောဂါများ
    • အသည်းရောဂါ
    • ရေတိမ်၊ အတွင်းတိမ်
    • မျက်လုံး၌ရေယုန်ပေါက်ခြင်း
    • ကိုယ်ခံအားနည်းခြင်း (ရောဂါကြောင့်၊ သို့မဟုတ် ဆေးများကြောင့်)
    • နှာခေါင်းအတွင်း အနာများ၊ အဖုများဖြစ်ခြင်း
    • မကြာခင်က နှာခေါင်းကိုခွဲစိတ်ထားခြင်း၊ သို့မဟုတ် ထိခိုက်ထားခြင်း

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    Budesonide နှာဖြန်းဆေးကို နေ့စဉ် နှာပေါက်တစ်ဖက်လျှင် တစ်ကြိမ်ကျစီပေးရ၏။ ပုံမှန်ပမာဏမှာ လူကြီးများအတွက် ၁-၄ ချက်ဖြန်းရပြီူး ကလေးများတွင် ၁-၂ ချက်ဖြန်ရသည်။ ဆရာဝန်ညွှန်သည့်ပမာဏအတိုင်း ဂရုပြုလိုက်နာပါ။

    ပထမအကြိမ်စမသုံးခင် ဆေးကို အရင်ဖြန်းကြည့်ပါ။ ဆေးပုလင်းကိုလှုပ်ပြီး လေထဲကို ၈ ချက်ခန့် မျက်နှာနှင့်ဝေးရာဆီဖြန်းကြည့်ပါ။ ဆေးရည်မှုန်အများဆုံးထွက်သည့်အထိ ဖြန်းပါ။ ၂ ရက်နှင့်အထက် မသုံးမိဘူး သို့မဟုတ် ပြုတ်ကျမိသည်ဆိုပါက ဆေးပုလင်းကို ထပ်ဖြန်းပြီးစမ်းသပ်ရမည်။

    ကလေးတွေအတွက် Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကို အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

    Rhinocort Allergy (ရွိင်နိုကော့တ် အလာဂျီ) ကိုဘယ်လိုရရှိနိုင်သလဲ

    Rhinocort® Allergy (budesonide) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    • နှာဖြန်းဆေး

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Rhinocort® Allergy (budesonide) ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement