Generic Name: Retinol (Vitamin A) (ရယ်တီနော) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Retinol (Vitamin A) (ရယ်တီနော) ကို ဘာအတွက်အသုံးပြုကြသလဲ

Vitamin A သည် အမြင်အာရုံများ ကြည်လင်စေရန် ၊ ကိုယ်ခံအားကောင်းစေရန်နှင့် ဆဲလ်များ ကြီးထွားစေရန်အဓိက ထောက်ပံ့ပေးပါသည်။

Vitamin A လိမ်းဆေးများကို ၀က်ခြံ၊ အရေးအကြောင်းများဖြစ်ခြင်းနှင့် အခြားသော အရေပြားပြသနာများအတွက် အသုံးပြုကြပါသည်။

Vitamin A သောက်ဆေးကို ၀က်သက်ရောဂါနှင့် Vitamin Aအားနည်းခြင်းကြောင့် မျက်သားခြောက်သူများတွင် အသုံးပြုပြီး အချို့သော သွေးကင်ဆာအမျိုးအစားကို ကုသရာတွင်လည်း အသုံးပြုပါသည်။

ထို့ပြင် ကင်ဆာရောဂါများ၊ အတွင်းတိမ်ဖြစ်ခြင်း၊ HIV ပိုးရှိလူနာများကို ကုသရာတွင် အသုံးပြုသော်လည်း ရလဒ်များမှာ အဖြေမပေါ်သေးပါ။

Retinol (Vitamin A) (ရယ်တီနော) ဘယ်လိုသောက်သုံးသင့်သလဲ

  • Retinol® သောက်ဆေးကိုဆရာဝန်ညွှန်ကြားထားသည့်အချိန်ကာလ၊ ပမာဏအတိုင်းသောက်သုံးရပါမည်။
  • ဆေးပြား သို့မဟုတ် ဆေးလုံးတခုလုံးကို မ၀ါးဘဲမျိုချပါ။ဆေးကို အလုံးလိုက်မြိုချပါ။ မ၀ါးရ။ အချေရ။
  • ဆေးသောက်နေစဉ် ဆေး၏ ဘေးထွက်ဆိုးကျိုးများကို သိစေရန် သွေးစစ်ခြင်းကို လိုအပ်လျှင် ပြုလုပ်ရပါမည်။
  • ဆေးသောက်နေစဉ် အသည်း၏ လုပ်ဆောင်ရည်ကိုလည်း စစ်ဆေးမှုများ ပြုလုပ်ရပါမည်။
  • Retinol® လိမ်းဆေးကို လိမ်းချင်သောနေရာကို
  • ရေဆေးပြီး မိနစ် ၂၀မှ ၃၀ အကြာတွင် လိမ်းပါ။

Retinol (Vitamin A) (ရယ်တီနော) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Vitamin A ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Vitamin A ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Vitamin A ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Vitamin A ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

 

 

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Retinol (Vitamin A) (ရယ်တီနော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  • မိမိကိုယ်တိုင်သို့မဟုတ် မိသားစုဝင်များတွင် စိတ်ကျန်းမာရေးပြသနာများ ရှိလျှင်
  • နှလုံးရောဂွ၊ သွေးတွင် ကိုလက်စထရောနှင့် ထရိုင်ဂရစ်စရိုက်များခြင်း
  • အရိုးပွခြင်းနှင့် အခြား အရိုးပြသနာများ
  • အစာအိမ်နှင့် အူလမ်းကြောင်းပြသနာများ (ခရုန်းအူရောင်ရောဂါ။ အူမကြီး အနာဖြစ်ပြီးရောင်ရမ်းခြင်း)
  • ဆီးချိုရောဂါ
  • ပန်းနာရင်ကျပ်ရောဂါ
  • အစားအသာက်မူမမှန်သောရောဂါ
  • အသည်းရောဂါ များရှိလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Retinol (Vitamin A) (ရယ်တီနော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်များကို အောက်ပါအတိုင်းသတ်မှတ်ထားသည်။

  • ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ( သတ်မှတ်ထားသည်ထက်ပိုသောက်လျှင်)
  • ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် A (သောက်ဆေး)
  • ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် X ((>6,000 units/day)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Retinol (Vitamin A) (ရယ်တီနော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

  • မျက်နှာ အရေပြားများရောင်ရမ်းခြင်း
  • အရေပြားများစေးကပ်ကပ်ဖြစ်နေခြင်း
  • ၀က်ခြံအနာများဖြစ်ခြင်း
  • ချွဲသလိပ်များ ခြောက်ကပ်ခြင်း
  • နှုတ်ခမ်းများ ရောင်ရမ်းခြင်း
  • ဆံပင်များ ကျွတ်ခြင်း တို့သည် Vitamin A ၏ဘေးထွက်ဆိုးကျိုးများ ဖြစ်ပါသည်။

ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ

  • ပြင်းထန်သော ဓာတ်မတည့်မှုများ ဖြစ်ခြင်း
  • မျက်ကြည်လွှာရောင်ခြင်း
  • အရေပြား အပေါ်ယံလွှာ ပါးခြင်း၊ ထိလွယ်ရှလွယ်ခြင်း
  • မျက်ကြည်လွှာတွင် အဖြူရောင်ပိတ်သွားပြီး မမြင်ရခြင်းတို့ဖြစ်ပါသည်။

အခြားသောဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသေးသည်။ Vitamin A သောက်သူတိုင်းထိုဘေးထွက်ဆိုးကျိုးများခံစားရသည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်သည်။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Retinol (Vitamin A) (ရယ်တီနော) နဲ့ ဓာတ်ပြုနိုင်သလဲ

Vitamin A သည် မိမိယခုလက်ရှိသောက်သုံးနေသောဆေးဝါးများ၏ အာနိသင်များပြောင်းလဲသွားနိုင်ပြီး ဘေးထွက်ဆိုးကျိုးများကိုလည်းပိုဆိုးစေနိုင်ပါသည်။

ထို့ကြာင့်ဖြစ်နိုင်ခြေရှိသော ဓါတ်မတည့်မှုများကိုလျှော့ချရန် သင်သောက်နေသော ဆေးများ (ဆေးညွှန်းပါ/မပါသောဆေးများ၊တိုင်းရင်းဆေးများ)ကိုစာရင်းလုပ်ပြီး ဆရာဝန်နှင့်တိုင်ပင်ပါ။ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်၏ခွင့်ပြုချက်မပါဘဲ ဆေးများကိုမိမိသဘောနှင့်အတိုးအလျှော့ပြုခြင်း၊ဆေးဖြတ်လိုက်ခြင်းတို့ မပြုလုပ်ရပါ။

Vitamin A နှင့် ဓာတ်ပြုနိုင်သော ပိုးသတ်ဆေးများမှာ Demeclocycline, Tetracyclines, Minocycline တို့ဖြစ်ပါသည်။ ထိုဆေးများကို Vitamin A ပမာဏများစွာနှင့် တွဲပြီးသောက်မိပါက ဦးနှောက်အတွင် သွေးဖိအားများတိုးခြင်းကိုဖြစ်စေပါသည်။

အသည်းကိုထိခိုက်စေသောဆေးများ

အသည်းကို ထိခိုက်စေသော ဆေးများသည်လည်း နှင့်ဓာတ်ပြုနိုင်သောကြောင့် ထိုဆေးများကို Vitamin A ပမာဏများစွာနှင့် တွဲပြီးမသောက်သင့်ပါ။ယင်းတို့မှာ Acetaminophen (Tylenol And Others), Amiodarone (Cordarone), Carbamazepine (Tegretol), Isoniazid (INH), Methotrexate (Rheumatrex), Methyldopa (Aldomet), Fluconazole (Diflucan), Itraconazole (Sporanox), Erythromycin (Erythrocin, Ilosone, Others), Phenytoin (Dilantin), Lovastatin (Mevacor), Pravastatin (Pravachol), Simvastatin (Zocor)စသည်တို့ဖြစ်ပါသည်။

Warfarin (Coumadin) သည် Retinol®နှင့်ဓာတ်ပြုနိုင်ပါသည်။

Warfarin (Coumadin)သည်သွေးခဲမှုဖြစ်စဉ်ကို နှေးစေပါသည်။ Vitamin A ပမာဏများစွာကိုသောက်လျှင်လည်း သွေးခဲမှုဖြစ်စဉ်ကို နှေးစေပါသည်။ ထို့ကြောင့် Warfarin (Coumadin)ကို  Vitamin A ပမာဏများစွာနှင့် တွဲပြီးသောက်မိပါက သွေးခြေဥခြင်း၊ သွေးထွက်ခြင်းများကို ဖြစ်စေပါသည်။

အစားအသောက်တွေနဲ့ အရက်က Retinol (Vitamin A) (ရယ်တီနော) နဲ့ ဓာတ်ပြုနိုင်သလား

Vitamin A က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ အသည်းကိုပို၍အဆိပ်အတောက်ဖြစ်စေပါသည်။မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Retinol (Vitamin A) (ရယ်တီနော) နဲ့ ဓာတ်ပြုနိုင်သလဲ

Vitamin A ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Retinol (Vitamin A) (ရယ်တီနော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ရောဂါအခြေနေပေါ်မူတည်ပြီး ဆေးပမာဏကွာခြားပါသည်။

နေ့စဉ်အတွက် သတ်မှတ်ထားသော ပမာဏမှာ

အမျိုးသားများ အတွက်

  • တနေ့လျှင် 900 mcg သို့မဟုတ် 3000 U

အမျိုးသမီများ အတွက်

  • တနေ့လျှင် 700 mcg သို့မဟုတ် 2330 U
  • အသက်၁၈နှစ်အထက် ကိုယ်ဝန်ဆောင်များအတွက် 750-770 mcg သို့မဟုတ် 2500-2600 U
  • အသက် ၁၈နှစ်အထက် နို့တိုက်မိခင်များ အတွက် 1300 mcg သို့မဟုတ် 4330 U

မျက်သားခြောက်ခြင်း

200 000IUသောက်ဆေး ၂ ရက်၊ ထို့နောက် ၂ ပတ်ကြာလျှင် နောက်တကြိမ် ပြန်သောက်ပါ။

ဝက်ခြံ

Isotretinoin သောက်ဆေး 0.5- 0.7 mg /kg

သို့မဟုတ် 0.25- 0.4 mg /kg ကို ၄ ပတ်တစ်ကြိမ်သောက်နိုင်ပါသည်။

 

ကင်ဆာရောဂါများ

  • ရင်သားကင်ဆာ

Retinol 1000-6000mg နှင့်  vitamin A 3000IU-10000IU နေ့စဉ်

 

  • အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာ

5000- 50 000IU အပတ်စဉ်

 

  • အခြားကင်ဆာများ

Betacarotene 20-50mg နေ့စဉ် သို့မဟုတ် ၁ရက်ခြား ၅-၁၂နှစ်

 

  • ကင်ဆာကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများ

100 000 IU vitamin A အပတ်စဉ်ထိုးဆေး

 

  • သားအိမ်ခေါင်းကင်ဆာ

Vitamin A ဖြည့်စွက်ဆေးများကို ၁-၃ နှစ်ထိ

 

  • အူမကြီးကင်ဆာ

Vitamin A 25000 IU +30mg Betacarotene နေ့စဉ်၇နှစ်

  • အဆုတ်ကင်ဆာ

Beta carotene 20-50mg နေ့စဉ် သို့မဟုတ် ၁ရက်ခြား ၅-၁၂နှစ်

 

  • အသည်းရောဂါ

Vitamin A 5000IU ၆လ သို့မဟုတ် 10 000IU ၄လ

  • အေ၇ပြားကင်ဆာ

Vitamin A 100 000IU ၁၈ လ(သို့သော် အေ၇ပြားကင်ဆာကုသမှုတွင် Vitamin A သည်သက်ေ၇ာက်မှုမရှိလှပေ။)

အဆစ်ရောင်ခြင်း

0.5 mg/kg Etretinate ၄ပတ်

တိုးတက်မှုမရှိပါက/ ဘေးထွက်ဆိုးကျိုးများမရှိပါက 0.25 mg/kg နေ့စဉ် ၄ပတ်

HIV ရောဂါကုသရာတွင်အထောက်အကူဖြစ်စေရန်

Vitamin A 400 000IU (လူကြီး) 50 000(ကလေး)မွေးပြီးချိန်မှ ၂နှစ်အထိ

 

၁နှစ်အောက်ကလေးငယ်များသေဆုံးမှုကိုလျှော့ချရန်နှင့် HIV ၇ှိသောကိုယ်ဝန်ဆောင်များ

Retinol 3mg (Iron/ folic acid နှင့်တွဲ၍ဖြစ်စေ)နေ့စသ် ကိုယ်ဝန် ၁၈ပတ်မှ ၂၈ပတ်အတွင်း

ကလေးတွေအတွက် Retinol (Vitamin A) (ရယ်တီနော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ရောဂါအခြေနေပေါ်မူတည်ပြီး ဆေးပမာဏကွာခြားပါသည်။

နေ့စဉ်အတွက် သတ်မှတ်ထားသော ပမာဏမှာ

  • ၆လအောက်ကလေးများ – တနေ့လျှင် 400 mcg သို့မဟုတ် 1333 U
  • ၆ လမှ ၁၂လ- တနေ့လျှင် 500 mcg သို့မဟုတ်1666 U
  • ၁နှစ်မှ ၃နှစ်- တနေ့လျှင် 300 mcg သို့မဟုတ် 1000 U
  • ၃နှစ်မှ ၈ နှစ်- တနေ့လျှင် 400 mcg သို့မဟုတ် 1333 U
  • ၈နှစ်မှ ၁၃နှစ်- တနေ့လျှင် 600 mcg သို့မဟုတ် 2000 U
  • ၁၃ နှစ်မှ ၁၈နှစ်- တနေ့လျှင် 900 mcg သို့မဟုတ် 3000 U

မျက်သားခြောက်ခြင်း

  • ရောဂါကို သိသိချင်း 200,000 IU နေ့စဉ်သောက်ပါ။
  • ထို့နောက် ဆေးရုံမဆင်းမီတွင် ရောဂါသည်းလာပါက သို့မဟုတ် ဆေးစသောက်ပြီး ၂-၄ ပတ်အကြာတွင် 200,000 IU ထပ်သောက်ပါ။
  • ၁၂လအောက် ကလေးများနှင့် ကိုယ်အလေးချိန်အလွန် နည်းသောကလေးများကို သတ်မှတ်ထားသော ပမာဏထက် တ၀က်လျှော့တိုက်ပါ။

 

ရိုးတွင်းချဉ်ဆီကင်ဆာ

ALTRA 25-45 mg ကို ရောဂါသက်သာသွားချိန်အထိ သို့မဟုတ် အခြားကင်ဆာဆေးများနှင့်ရောပြီး နေ့စဉ်

၂ နှစ်တိုက်ပါ။

သွေးအားနည်းခြင်း

3000 mcg Vitamin A နေ့စဉ် ၂လ တိုက်ပါ။

 

လမစေ့သောကလေးများတွင်ဖြစ်သည့်အဆုတ်နှင့်လေပြွန်ြဖစ်တည်မှုပုံစံမမှန်ခြင်း

Vitamin A 2000 IUနေ့စဉ် သို့မဟုတ် 3000IU ၁ပတ် ၃ကြိမ် တိုက်ပါ။

ကလေးငယ်များကြီးထွားစေရန်

၃လမှ ၁နှစ်ကလေးများအတွက် 60 mg ၁နေ့ ၄-၆ကြိမ် ၄-၆လ တိုက်ပါ။

ဝက်သက်ပေါက်ခြင်း

ချို့တဲ့သော ဒေသများတွင် နေသောကလေးများကို ၀က်သက်ပေါက်လျှင် 200000IU Vitamin A နေ့စဉ် ၂လ တိုက်ပါ။ ၁နှစ်အောက် ကလေးများအတွက် 100000IU Vitamin A ကို ၂ ရက်တိုက်ပါ။

HIV ပိုးရှိလူနာများတွင်

လူကြီးများတွင် Vitamin A 400,000 IU ကိုပေးပြီး ကလေးများတွင် Vitamin A 50,000 IU ကို မွေးပြီးချိန်မှ ၂ နှစ်အတွင်းတိုက်ပါ။

Retinol (Vitamin A) (ရယ်တီနော) ကိုဘယ်လိုရရှိနိုင်သလဲ

  • ဆေးတောင့် 7,500, 8000, 10,000, 25,000 Units
  • ဆေးပြား 10,000, 15,000 Units.
  • Retinol® ကို လိမ်းဆေးခရင်မ်၊ ဂျယ်လီပုံစံ၊အရည်များအဖြစ်လည်း ရရှိနိုင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Vitamin A ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 24, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 24, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ