Generic Name: Retinoic Acid (ရတီနိုရင့် အက်ဆစ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Retinoic Acid (ရတီနိုရင့် အက်ဆစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Retinoic Acid® ကို ဝက်ခြံကုသဖို့ အသုံးပြုပါတယ်။Retinoic Acid® ဟာ ဝက်ခြံပေါက်နေတဲ့ အရေပြားဧရိယာတွေကို ကွာကျစေပြီး မွေးညင်းပေါက်တွေကိုလည်း ပွင့်စေပါတယ်။Retinoic Acid® ဟာ ဝက်ခြံတွေကို ထိန်းချုပ်ပေးနိုင်ပေမယ့် လုံးဝပျောက်အောင်တော့ မကုသပေးနိုင်ပါဘူး။

Retinoic Acid (ရတီနိုရင့် အက်ဆစ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဝက်ခြံပေါက်နေတဲ့ အရေပြားနေရာပေါ်ကို လိမ်းပါ။Retinoic Acid® ရဲ့ ဘယ်လိုပုံစံကိုပဲ သုံးသုံး အောက်ဖော်ပြပါ အချက်တွေကို လိုက်နာရပါမယ်။

  • သင့်လက်တွေနဲ့ ဝက်ခြံပေါက်နေတဲ့ နေရာတွေကို ဆပ်ပြာအပျော့စားနဲ့ ရေကို သုံးပြီး စင်ကြယ်အောင် ဆေးကြောပါ။ဒီလို ဆေးတဲ့နေရာမှာ ဆေးဝါးတွေပါဝင်တဲ့ ဆပ်ပြာ၊ဂျီးချွတ်ပေးနိုင်တဲ့ ဆပ်ပြာအပြင်းစားတွေ ဒါမှမဟုတ် အသားအရေကို ခြောက်သွေ့စေတဲ့ ဆပ်ပြာတွေကို အသုံးမပြုရပါဘူး။ရေတွေလုံးဝခြောက်သွားတာ သေချာစေဖို့အတွက် Retinoic Acid® မလိမ်းမီ မိနစ်နှစ်ဆယ်ကနေ နာရီဝက်လောက်အထိ စောင့်ဆိုင်းရပါမယ်။
  • Retinoic Acid® ကို လိမ်းဖို့အတွက် သန့်စင်တဲ့ လက်ချောင်းထိပ်လေးတွေ၊ဂွမ်းစ ဒါမှမဟုတ် ပတ်တီးစလေးတွေကို အသုံးပြုနိုင်ပါတယ်။
  • ဝက်ခြံပေါက်နေတဲ့ နေရာတခုလုံးကို လွှမ်းခြုံနိုင်ဖို့အတွက် ဆေးကို လုံလုံလောက်လောက် လိမ်းရပါမယ်။ဒါပေမယ့် ပတ်တီး ဒါမှမဟုတ် ဂွမ်းစမှာ ဆေးတွေအများကြီး ပေမနေပါစေနဲ့။
  • ဝက်ခြံဖြစ်နေတဲ့ နေရာပေါ်ကိုပဲ Retinoic Acid® လိမ်းပေးပါ။

Retinoic Acid (ရတီနိုရင့် အက်ဆစ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Retinoic Acid® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Retinoic Acid® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Retinoic Acid® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Retinoic Acid® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Retinoic Acid® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Retinoic Acid (ရတီနိုရင့် အက်ဆစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သန့်စင်ထားပြီးသား အရေပြားပေါ်မှာ ဆေးဝါးပစ္စည်းတွေ မပါတဲ့ အလှကုန်တွေကိုသာ သုံးစွဲပါ။အယ်လ်ကိုဟော၊မန်သိုလ်၊ငရုတ်၊သံပရာ အများအပြား ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေ (ဥပမာ မုတ်ဆိတ်ရိတ်လိုးရှင်း၊အသားအရေကို တင်းရင်းစေတဲ့ ပစ္စည်းများ၊ရေမွှေးများ  စသည်)ဟာ သင့်အရေပြားကို ပူစပ်ပူလောင်ဖြစ်စေနိုင်တဲ့အတွက် အသုံးမပြုသင့်ပါဘူး (အထူးသဖြင့် ပထမဆုံး အကြိမ်အဖြစ် အသုံးပြုရင်ပေါ့)။အခြားသော Retinoic Acid® လိမ်းဆေးတွေ အထူးသဖြင့် benzoyl peroxide, salicylic acid (ကြွက်နို့ဖယ်ရှားတဲ့ ပစ္စည်း) နဲ့ sulfur သို့မဟုတ် resorcinol ပါဝင်တဲ့ ဘောက်ပျောက်ခေါင်းလျှော်ရည်တွေကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မသုံးစွဲရပါဘူး။တကယ်လို့ အထက်ဖော်ပြပါ Retinoic Acid® လိမ်းဆေးတွေကို လတ်တလော အသုံးပြုထားတယ်ဆိုရင် Retinoic Acid® ကို အသုံးမပြုခင်မှာ အချိန်အနည်းငယ် စောင့်ဆိုင်းဖို့ လိုမလို သိနိုင်ဖို့အတွက် ဆရာဝန်ကို မေးမြန်းရပါမယ်။

Retinoic Acid® ကို အသုံးမပြုခင်မှာ အောက်ဖော်ပြပါ အချက်တွေရှိနေရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။

  • Retinoic Acid® ဒါမှမဟုတ် အခြားသော ဆေးဝါးတွေနဲ့ ဓာတ်မတည့်ခြင်း။
  • ကိုယ်ဝန်ရှိနေခြင်း၊ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိခြင်း သို့မဟုတ် မိခင်နို့တိုက်ကျွေးနေခြင်း။

Retinoic Acid® ကြောင့် သင့်အနေနဲ့ နေရောင်ခြည်ဒါဏ်မခံနိုင်ခြင်း ဖြစ်စေနိုင်တဲ့အတွက် နေရောင်ခြည်နဲ့ မလိုအပ်ဘဲ ထိတွေ့တာ၊အချိန်ကြာမြင့်စွာ ထိတွေ့တာတွေကို ရှောင်ကျဉ်ရမှာ ဖြစ်သလို နေရောင်ခြည်ဒါဏ်ကို ကာကွယ်ပေးနိုင်တဲ့ အဝတ်အစား၊နေကာမျက်မှန်၊နေလောင်ခံခရင်မ် စတာတွေကိုလည်း အသုံးပြုဖို့ လိုအပ်ပါတယ်။Retinoic Acid® ကို မျက်လုံးထဲ ဒါမှမဟုတ် ပါးစပ်ထဲ မဝင်အောင် သတိထားရမှာဖြစ်သလို နှာခေါင်းထောင့်နားနဲ့ စုတ်ပြဲဒါဏ်ရာတွေပေါ်ကိုလည်း မလိမ်းရပါဘူး။Retinoic Acid® ကို မမြိုချမိအောင်လည်း သတိထားရပါမယ်။ဆေးလိမ်းထားတဲ့ နေရာကို ဆရာဝန် ညွှန်ကြားထားခြင်းမရှိဘဲ ပတ်တီးစည်းခြင်း၊ပလတ်စတာကပ်ခြင်း၊အခြားအလှကုန်ပစ္စည်းတွေ၊လိုးရှင်းတွေ ဒါမှမဟုတ် Retinoic Acid® ပါဝင်တဲ့ အခြားသော ဆေးတွေလိမ်းခြင်းကို မပြုလုပ်ရပါဘူး။သင့်အရေပြားအခြေအနေ ပိုဆိုးလာရင် ဒါမှမဟုတ် မသက်သာရင် ဆရာဝန်ကို အသိပေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Retinoic Acid (ရတီနိုရင့် အက်ဆစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Retinoic Acid (ရတီနိုရင့် အက်ဆစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Retinoic Acid® က အချို့သော ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပြီး အဆိုပါ ဘေးထွက်ဆိုးကျိုးတွေ ပိုဆိုးလာရင် ဒါမှမဟုတ် မသက်သာရင် ဆရာဝန်ကို အသိပေးပါ။

  • အရေပြား ပူနွေးခြင်း၊ပူစပ်ပူလောင်ဖြစ်ခြင်း။
  • အရေပြား အရောင်ပြောင်းလဲခြင်း (အသားပိုဖြူလာခြင်း၊မည်းသွားခြင်း စသည်)။
  • အရေပြား နီရဲခြင်း၊အကြေးခွံကဲ့သို့ အဖတ်များ ဖြစ်ခြင်း။
  • ဝက်ခြံအနာများ ပိုဆိုးလာခြင်း။
  • အရေပြား ရောင်ရမ်းခြင်း၊အရည်ကြည်ဖုများထခြင်း၊အရေပြားအဖတ်များ ကွာခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Retinoic Acid (ရတီနိုရင့် အက်ဆစ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Retinoic Acid® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Retinoic Acid (ရတီနိုရင့် အက်ဆစ်) နဲ့ ဓာတ်ပြုနိုင်သလား

Retinoic Acid® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Retinoic Acid (ရတီနိုရင့် အက်ဆစ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Retinoic Acid® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Retinoic Acid (ရတီနိုရင့် အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Retinoic Acid® ကို လိမ်းဆေးရည်၊ခရင်မ်၊ဂျဲလ်ပုံစံတွေနဲ့ ရရှိနိုင်ပြီး ညအိပ်ယာဝင်ခါနီးတိုင်း တနေ့တကြိမ်လိမ်းပေးနိုင်သလို နှစ်ရက်သုံးရက်လောက်နေမှ တခါလည်း လိမ်းနိုင်ပါတယ်။Retinoic Acid® ကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အသုံးပြုပါ။သတ်မှတ်ထားတဲ့ပမာဏထက် ပိုလိမ်းခြင်း၊လျှော့လိမ်းခြင်း ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ကာလထက်ပိုလိမ်းခြင်းတို့ကို ရှောင်ကျဉ်ရပါမယ်။စစလိမ်းချင်း တပတ်ဆယ်ရက်လောက်မှာ သင့်ဝက်ခြံတွေက ပိုဆိုးလာနိုင်ပါတယ် (ဥပမာ အရေပြားနီရဲရောင်ရမ်းလာခြင်း၊ဝက်ခြံတွေပိုထွက်လာခြင်း စသည်)။ဒါပေမယ့် ဆက်လိမ်းပါ။ဝက်ခြံအနာတွေ ပျောက်သွားပါလိမ့်မယ်။ယေဘုယျအားဖြင့် ဆေးအာနိသင်ကို သိသာထင်ရှားစွာ တွေ့မြင်ရဖို့ နှစ်ပတ်သုံးပတ်လောက် စွဲပြီးသုံးရမှာဖြစ်ပါတယ် (တခါတလေ ခြောက်ပတ်ထက်ပိုပြီးတော့တောင် စောင့်ရပါသေးတယ်)။

ကလေးတွေအတွက် Retinoic Acid (ရတီနိုရင့် အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Retinoic Acid (ရတီနိုရင့် အက်ဆစ်) ကိုဘယ်လိုရရှိနိုင်သလဲ

Retinoic Acid® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

လိမ်းဆေးရည် 0,05%၊ခရင်မ် 0,05%၊ ဂျဲလ် 0,05%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Retinoic Acid® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 11, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 11, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ