Restasis (ရစ်တာစစ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Restasis (ရစ်တာစစ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Restasis (ရစ်တာစစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Restasis® သည် ကိုယ်ခံအားဖိနှိပ်ဆေး cyclosporine ပါသောမျက်စဉ်းဆေးဖြစ်သည်။ Cyclosporineသည် မျက်ရည်ထွက်ခြင်းကိုအားပေးပြီးမျက်လုံးရောင်ခြင်းကိုလျော့ချပေးနိုင်ပါသည်။

Restasis®မျက်စဉ်းကိုရောင်ခြင်းကြောင့်ဖြစ်သောမျက်လုံးခြောက်ခြင်းကိုကုသရာတွင် အသုံးပြုနိုင်သည်။

Restasis®ကိုဤတွင်မပါသေးသောမျက်လုံးရောဂါများတွင်လည်းအသုံးပြုကောင်း ပြုနိုင်ပါသည်။

Restasis (ရစ်တာစစ်) ဘယ်လိုသောက်သုံးသင့်သလဲ

Restasis®မျက်စဉ်းကို ဆရာဝန်ညွှန်သည့်အတိုင်းသုံးစွဲပါ။ ဆေးအညွှန်းတွင်းပါသောညွှန်ကြားချက်များအားလုံကိုလိုက်နာပါ။ သတ်မှတ်ထားသောပမာဏ၊ ကာလထက်ပိုသုံးခြင်းလျော့သုံးခြင်းများမပြုလုပ်ရပါ။

ပုံမှန်ပမာဏမှာမျက်လုံးတစ်ဖက်ဆီတွင် ၁ စက် တစ်ရက်နှစ်ကြိမ်ခတ်ရပါသည်။ Restasis®များစဉ်ကို ၁၂ နာရီခြားတိုင်းတစ်ခါခတ်ရ၏။

သင့်ကိုပေးထားသောညွှန်ကြားချက်များ၊ ဂိုက်များ၊ အချက်အလက်များအားလုံးကိုဖတ်ပါ။ မေးလိုသည်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုမေးပါ။

မျက်စဉ်းမခတ်ခင် လက်များကိုအရင်ဆေးပါ။

မျက်စဉ်းခတ်ရန်အတွက်

  • ဆေးဗူးကိုအထက်အောက် အသာလေးပြောင်းလိုက်ပါ။ Restasis®မှာအဖြူရောင်သာဖြစ်ရပါမည်။
  • ခေါင်းကိုမော့ထားပြီးအောက်မျက်ခမ်းကိုဆွဲထားလိုက်ပါ။ အစက်ချမည့်ထိပ်ပိုင်းနှင့် မျက်လုံးကိုချိန်ပါ။ မျက်လုံးကိုအပေါ်မော့ကြည့်ပြီးနောက် ဆေးတစ်စက်ညှစ်ချပါ။
  • ခေါင်းကိုပြန်တည့်လိုက်ပြီးနောက် မျက်လုံးပိတ်လျက်သာ ၂-၃ မိနစ်ခန့်နေပါ။ မျက်တောင်ခတ်တာမျက်လုံးဖိပိတ်တာမျိုးမလုပ်ရပါ။ မျက်လုံးအတွင်းထောင့်ကို ၁ မိနစ်ခန့် လက်နှင့် အသာအယာဖိထားပေးပါ။ ထိုသို့ဖြင့်မျက်ရည်ပြွန်ထဲစီးမသွားအောင် လုပ်ပေးနိုင်ပါသည်။
  • မျက်ရည်တုသို့မဟုတ် တခြားမျက်စဉ်းများကိုသုံးမည်ဆိုပါက ၁၅ မိနစ်ခြားပြီးမှသုံးရပါမည်။

မျက်စဉ်းခတ်သည့်ဆေးဗူးထိပ်ကိုထိခြင်း၊ မျက်လုံးအသားနှင့်ထိခြင်းများမလုပ်ပါနှင့်။ ညစ်ပတ်သွားသောအစက်ချထိပ်သည် မျက်လုံးတွင်းသို့ ပိုးဝင်စေနိုင်ပါသည်။ ထိုမှ ပြင်းထန်သည့်အမြင်အာရုံပြဿနာများ ဖြစ်လာနိုင်သည်။

အရည်အရောင်ပြောင်းနေလျှင်၊ အမှုန်များပါနေလျှင် ဆေးကိုမသုံးပါနှင့်။ ဆေးအသစ်ထပ်ဝယ်ပါ။

တစ်ခါသုံးRestasis®ဆေးဗူးများသည် တစ်ခါသုံးရန်အတွက်သာဖြစ်သည်။ တစ်ခါသုံးပြီးတိုင်းဆေးနည်းနည်းကျန်နေလျှင်တောင်မှ လွှင့်ပစ်ရမည်။

Restasis (ရစ်တာစစ်) ဘယ်လိုသိမ်းဆည်းရမလဲ

Restasis® (cyclosporine ophthalmic)ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Restasis® (cyclosporine ophthalmic)ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Restasis® (cyclosporine ophthalmic)ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Restasis® (cyclosporine ophthalmic)အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Restasis (ရစ်တာစစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသုံးစွဲသုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Restasis® တွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Restasis (ရစ်တာစစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Restasis (ရစ်တာစစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Restasis® နှင့် ဓါတ်မတည့်သည့်လက္ခဏာများဥပမာအင်ပျဉ်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့ ဖောင်းကြွခြင်းစသည်တို့ဖြစ်လာပါကအရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူပါ။

အောက်ပါတိုဖြစ်လာသည်နှင့် ဆေးကိုရပ်ပြီး ဆရာဝန်နှင့်ချက်ချင်းပြပါ။

  • မျက်လုံးနာခြင်း
  • မျက်လုံးရောင်ခြင်း၊ နီခြင်း၊ ပြင်းထန်းစွာအောင့်နေခြင်း၊ အရည်ထွက်ခြင်း (ပိုးဝင်သည့်လက္ခဏာများ)

အဖြစ်များသောဘေးထွက်ဆိုးကျိုးများမှာ –

  • မျက်လုံးတွင် နည်းနည်းပူခြင်း၊ နည်းနည်းစူးခြင်း
  • နည်းနည်းနီခြင်း၊ ယားခြင်း
  • အမြင်ဝါးခြင်း
  • တစ်ခုခုမျက်လုံးထဲတွင်ရှိနေသလိုခံစားရခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Restasis (ရစ်တာစစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Restasis® (cyclosporine ophthalmic)သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Restasis (ရစ်တာစစ်) နဲ့ ဓါတ်ပြုနိုင်သလား

Restasis® (cyclosporine ophthalmic) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Restasis (ရစ်တာစစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Restasis® (cyclosporine ophthalmic)သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Restasis (ရစ်တာစစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

KeratoconjunctivitisSiccaအတွက် ပုံမှန်ပမာဏ

၁၂ နာရီခြား၍ တစ်ရက်လျှင် ၁ စက် ၂ ကြိမ်ခတ်ရန်။

ကလေးတွေအတွက် Restasis (ရစ်တာစစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Restasis (ရစ်တာစစ်) ကိုဘယ်လိုရရှိနိုင်သလဲ

Restasis® (cyclosporine ophthalmic)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • Ophthalmic emulsion: cyclosporine 0.5mg in 1mL

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Restasis® (cyclosporine ophthalmic)ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 15, 2019