backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Remeron

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Remeron ကို ဘာအတွက်အသုံးပြုကြသလဲ

Remeron® (mirtazapine) ကို စိတ်ကျရောဂါများတွင် အများဆုံးအသုံးပြုကြပါသည်။ Remeron® ကို ဤစာရင်းတွင်မပါသော အခြေအနေများတွင်လည်း အသုံးပြုကောင်း ပြုနိုင်ပါသည်။

Remeron ဘယ်လိုသောက်သုံးသင့်သလဲ

Remeron® ကို အိပ်ယာမဝင်ခင် တစ်ရက်တစ်ကြိမ် သောက်ရပါသည်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာပါ။ Remeron® ပုံမှန်ဆေးပြားကို ရေနှင့်သောက်နိုင်သည်။ လက္ခဏာများသက်သာရန် ရက်သတ္တပတ်ပေါင်းများစွာ ကြာတတ်၏။ ညွန်ထားသည့်အတိုင်း ဆေးကိုဆက်သောက်နေပါ။ ၄ ပတ်ကျော်လိုမှ သက်သာမလာလျှင် ဆရာဝန်ကိုပြောပါ။

Remeron® ကို ရုတ်တရတ်ဖြတ်လိုက်ခြင်းမျိုး မလုပ်ရပါ။ မအီမသာခံစားရမည့် ဆေးဖြတ်လက္ခဏာများ ခံစားရနိုင်ပါသည်။ mirtazapine ကိုစိတ်ချစွာ ဖြတ်နိုင်ရန်အတွက် ဆရာဝန်ကိုမေးပါ။

Remeron ဘယ်လိုသိမ်းဆည်းရမလဲ

Remeron® (mirtazapine) ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Remeron® (mirtazapine) ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Remeron® (mirtazapine) ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Remeron® (mirtazapine) အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Remeron အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာ သုံးစွဲသုံးရမည်ဖြစ်သည်။
  • တခြားဆေးများကို သုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများ ဥပမာ အပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Remeron®တွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသော ဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။

ပြီးခဲ့သည့် ၁၄ ရက်အတွင်း၌ MAO inhibitor များ သုံးထားပါက Remeron® ကို မသုံးရပါ။ MAO inhibitor များတွင် isocarboxazid, linezolid, methylene blue injection, phenelzine, rasagiline, selegiline, tranylcypromine စသည်တို့ ပါဝင်ပါသည်။

စိတ်ကျရောဂါကုဆေးများကို စသောက်ခါစ၌ လူငယ်များတွင် ကိုယ့်ကိုယ်ကိုသတ်သေလိုစိတ်များ ပေါ်လာတတ်၏။ Remeron® သုံးနေစဉ် ဆရာဝန်ဆီမှန်မှန်ပြခြင်းအားဖြင့် သင့်အခြေအနေတိုးတက်မှုကို ဆရာဝန်မှ စစ်ဆေးပေးပါလိမ့်မည်။ သင့်မိသားစုဝင်များ၊ သင့်ကိုပြုစုသူများကိုလည်း သင့်စိတ်အခြေအနေ ပြောင်းနိုင်ကြောင်း လက္ခဏာများပေါ်နိုင်ကြောင်း အသိပေးထားပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Remeron ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Remeron ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဤဆေးကြောင့် ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများမှာ –

  • ငိုက်မျဉ်းခြင်း
  • မှိန်းခြင်း
  • ခေါင်းကိုက်ခြင်း
  • အာခြောက်ခြင်း
  • အစားစာလိုစိတ်များလာခြင်း
  • ပုံမှန်မဟုတ်သည့်အိပ်မက်များမက်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • စိုးရိမ်စိတ်ဖြစ်ခြင်း
  • ညအိပ်မပျော်ခြင်း
  • နှုံးခွေနေခြင်း
  • ခေါင်းမူးခြင်း
  • တုန်ယင်ခြင်း
  • ပက်လက်အိပ်လျှင် သွေးပေါင်ကျခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • ကြွက်သားများနာခြင်း
  • နောက်ကျောနာခြင်း
  • မောပန်းလွယ်ခြင်း
  • ဆီးအိမ်တင်းခြင်း
  • Creatine Kinase များ များလာခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Remeron နဲ့ ဓါတ်ပြုနိုင်သလဲ

Remeron® (mirtazapine) သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်း စသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Remeron နဲ့ ဓါတ်ပြုနိုင်သလား

Remeron® (mirtazapine) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Remeron နဲ့ ဓါတ်ပြုနိုင်သလဲ

Remeron® (mirtazapine) သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။

Remeron® ကိုစိတ်ချစွာသုံးနိုင်ရန်အတွက် အောက်ပါတို့ရှိပါက ဆရာဝန်ကိုပြောပါ။

  • အသည်း သို့ ကျောက်ကပ်ရောဂါ
  • ထောင့်ကျဉ်းရေတိမ်
  • ဘိုင်ပိုလာရောဂါ
  • တက်ခြင်း၊ ဝက်ရူးပြန်ခြင်း
  • သွေးပေါင်ကျခြင်း၊ ခေါင်းခဏခဏမူးခြင်း
  • ကိုလက်စ်ထရော၊ ထရွိုင်ဂလစ်စရိုက်များ များခြင်း
  • နှလုံးရောဂါများ (ရင်ဘတ်အောင့်ခြင်း)
  • နှလုံးဖောက်ဖူးခြင်း၊ လေဖြတ်ဖူးခြင်း
  • ဆေးစွဲဖူးခြင်း၊ သတ်သေလိုသည့်အတွေးများ တွေးဖူးခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Remeron ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်ကြီးသူများအပါဝင် အရွယ်ရောက်ပြီးသူများအတွက်

သတ်မှတ်ထားသောပမာဏမှာ တစ်ရက်လျှင် 15-45 mg ဖြစ်သည်။

တုံ့ပြန်မှုမှာ မလုံလောက်လျှင် အမြင့်ဆုံးပမာဏအထိ တိုးပါ။ လုံလောက်သောပမာဏဖြစ်ပါက ရလဒ်များကို ၂-၄ ပတ်အတွင်း ပြပါလိမ့်မည်။ ထိုထက်ပိုကြာသည်အထိမပြပါက ဆေးကိုရပ်သင့်ပါသည်။

ကလေးတွေအတွက် Remeron ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကို အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Remeron ကိုဘယ်လိုရရှိနိုင်သလဲ

Remeron® (mirtazapine) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • Remeron® ဆေးပြား 30 mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Remeron® (mirtazapine) ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement