Raloxifene ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Raloxifene Brand Name(s): Raloxifene.

အသုံးပြုပုံများ

Raloxifene ကို ဘာအတွက်အသုံးပြုကြသလဲ

Raloxifeneကိုအမျိုးသမီးများသွေးဆုံးပြီးနောက် အရိုးပါးခြင်း (အရိုးပွရောဂါ) ဖြစ်မလာအောင် ကာကွယ်ရန်နှင့် ဖြစ်နေပါကကုသရန် အသုံးပြုသည်။ ၎င်းက အရိုးပါးလာမှုကိုနှေးကွေးစေပြီးအရိုးများကိုသန်မာစေနိုင်သောကြောင့် အရိုးကျိုးမှုနည်းအောင် ပြုလုပ်ပေးနိုင်၏။

Raloxifene က သွေးဆုံးပြီးနောက်ဖြစ်တတ်သောရင်သားကင်ဆာတစ်ချို့ (Invasive ရင်သားကင်ဆာ) များ ဖြစ်လာနိုင်ချေကိုလည်းလျော့ချပေးနိုင်၏။ Raloxifene က အက်စ်ထရိုဂျင်ဟော်မုန်းမဟုတ်ပါ။ သို့သော် အရိုးလို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ချို့၌ အဆိုပါဟော်မုန်းကဲ့သို့ ပြုမူနိုင်ပါသည်။ သားအိမ်နှင့် ရင်သားလိုအစိတ်အပိုင်းများ၌ Raloxifene က အက်စ်ထရိုဂျင်တားဆေးအဖြစ် ဆောင်ရွက်ပေး၏။ Raloxifene က တစ်ကိုယ်လုံးပူတက်ခြင်းကဲ့သိုသွေးဆုံးလက္ခဏာများကိုတော့ သက်သာစေမည်မဟုတ်ပါ။

Raloxifeneသည် အက်စ်ထရိုဂျင် receptor modulators – SERMs အုပ်စုဝင်ဆေးဖြစ်သည်။

ဤဆေးကိုသွေးမဆုံးခင် မသုံးသင့်ပေ။

နှလုံးရောဂါများကာကွယ်ဖို့အတွက်လည်းအသုံးမပြုသင့်ပါ။

Raloxifene ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းအစာရှိရှိမရှိရှိသောက်နိုင်ပါသည်။ များသောအားဖြင့် တစ်ရက်လျှင်တစ်ကြိမ်သာ။ ဆေးအာနိသင် ကောင်းကောင်းရစေရန်အတွက် မှန်မှန်သောက်ရမည်။ ဆေးသောက်ဖို့မှတ်မိနေစေရန် နေ့စဉ် တူညီသောအချိန်တွင်သာသောက်ပါ။

အစားအသောက်ထဲ၌ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီပါအောင်စားရမည်။ ကယ်လ်စီယမ်နှင့်ဗီတာမင်ဒီဖြည့်စွက်ဆေးများသောက်ရန်လိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးကိုအရေပြားနှင့်အဆုတ်မှတစ်ဆင့် စုပ်ယူနိုင်သောကြောင့် မမွေးသေးသောကလေး၌ အန္တရာယ်ဖြစ်စေနိုင်၏။ ကိုယ်ဝန်ဆောင်များ၊ ကိုယ်ဝန်ဆောင်မည့်သူများဤဆေးကိုကိုင်တွယ်ခြင်း၊ ရှူခြင်းများမပြုလုပ်သင့်ပါ။

Raloxifene ဘယ်လိုသိမ်းဆည်းရမလဲ

Raloxifeneကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Raloxifeneကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Raloxifeneဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Raloxifeneအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Raloxifene အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Raloxifeneကိုမသောက်ခင်ဤဆေးနှင့် ဓာတ်မတည့်ခြင်းသို့မဟုတ် တခြားသောဓာတ်မတည့်မှုများရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓာတ်မတည့်နိုင်သည့် inactive ဓာတ်ပစ္စည်းများပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇ၀င်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အားပြောပြပေးပါ။ အထူးသဖြင့်(ခြေထောက်၊ အဆုတ်၊ မျက်လုံးတို့တွင်)သွေးခဲသည့်ရောဂါ၊ လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ (နှလုံးမှသွေးကြောများပိတ်သည့်) နှလုံးရောဂါ၊ နှလုံးဖောက်ခြင်း၊ ကိုယ်လက်စ်ထရောများခြင်း၊ Atrial Fibrillation ဟုခေါ်သော နှလုံးခုန်နှုန်းမူမမှန်ခြင်း၊ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ နှလုံးညှစ်အားမကောင်းခြင်း၊ ကင်ဆာ၊ အက်စ်ထရိုဂျင်ကုထုံးကြောင့်  (ထရိုင်ဂလစ်စရိုက်) အဆီများခြင်း။

ခွဲစိတ်ထားလျှင် သို့မဟုတ် ခွဲစိတ်ရမည်ဆိုလျှင်၊ အချိန်ကြာအောင် အိပ်ယာထိုင်ခုံတို့တွင် နေထားရလျှင် (ဥပမာအချိန်ကြာသောလေယာဉ်ခရီးစဉ်) ဆရာဝန်ကိုပြောပါ။ အဆိုပါအခြေအနေများကသွေးခဲနိုင်ချေကို မြင့်စေပါသည်။ အထူးသဖြင့် Raloxifeneသုံးလျှင် ပိုမြင့်နိုင်၏။ အချိန်တစ်ခုအထိဆေးကိုရပ်ထားခြင်း၊ အထူးသတိပြုချက်များယူခြင်းတို့ ပြုလုပ်ရနိုင်ပါသည်။

ဆေးကို ကိုယ်ဝန်ဆောင်စဉ်တွင် မသုံးသင့်ပါ။ မမွေးသေးသောကလေးကိုထိခိုက်စေနိုင်ပါသည်။ ကိုယ်ဝန်ရှိလာလျှင်၊ ကိုယ်ဝန်ရှိနေပြီဟုထင်လျှင် ဆရာဝန်ကိုချက်ချင်းပြောပါ။

ဆေးသည် နို့ရည်ထဲသို့ဖြတ်နိုင်မဖြတ်နိုင် မသိရသေးပါ။ နို့တိုက်ကျွေးစဉ်ကာလပတ်လုံးဤဆေးကိုမသုံးသင့်။ နို့တိုက်ကျွေးမှုမစခင် ဆရာဝန်နှင့်အရင်တိုင်ပင်ကြည့်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Raloxifene ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Xရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Raloxifene ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ခေတ္တခဏပူဆင်းသွားခြင်း၊ ခြေကြွက်တက်ခြင်းများ ဖြစ်နိုင်ပါသည်။ အဆိုပါဘေးထွက်ဆိုးကျိုးများပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကိုချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးကပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်းသိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများဖြစ်သောသွေးခဲသည့်လက္ခဏာများ (ဥပမာခြေထောက်၊ လက်တို့တွင် ရုတ်တရတ် နာကျင်၊ ဖောင်းကြွ၊ နီမြန်း၊ ပူနွေးလာခြင်း)၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ အမြင်ဝါးခြင်း အမြင်ကွယ်ခြင်းကဲ့သို့ အမြင်အာရုံရုတ်ချည်းပြောင်းလဲခြင်းများ၊ လေဖြတ်သည့်လက္ခဏာ (ဥပမာ ခန္ဓာကိုယ်တစ်ခြမ်းအားနည်းသွားခြင်း၊ စကားပြောရခက်ခြင်း၊ အမြင်အာရုံရုတ်တရတ် ပြောင်းလဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း)။

ဤဆေးကြောင့် ပြင်းထန်သည့်ဓာတ်မတည့်ဖြစ်ခြင်းမှာရှား၏။ သို့သော် အောက်ပါပြင်းထန်ဓာတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း၊ ကျောက်ကပ်လက္ခဏာများ (ဥပမာဆီးပမာဏပြောင်းသွားခြင်း)

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Raloxifene နဲ့ ဓာတ်ပြုနိုင်သလဲ

ဤဆေးနှင့်ဓာတ်ပြုနိုင်သောဆေးကုန်များမှာbile acid-binding resins (ဥပမာcholestyramine, colestipol),အက်စ်ထရိုဂျင်တို့ဖြစ်သည်။

ဆေးသည် တစ်ချို့သောဓာတ်ခွဲစစ်ဆေးခြင်းများကို နှောက်ယှက်နိုင်သောကြောင့် အဖြေမှားများထွက်လာနိုင်သည်။ သင် ဤဆေးသုံးနေရကြောင်း ဆရာဝန်နှင့် ဓာတ်ခွဲဝန်ထမ်းများအားလုံး သိအောင်ပြောပါ။

Raloxifeneသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓာတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Raloxifene နဲ့ ဓာတ်ပြုနိုင်သလား

Raloxifene က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Raloxifene နဲ့ ဓာတ်ပြုနိုင်သလဲ

Raloxifeneသည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Raloxifene ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရိုးပွရောဂါအတွက် ပုံမှန်ပမာဏ

တစ်ရက်လျှင် 60 mg

မှတ်ချက်များ:

– အရိုးပွရောဂါအားကာကွယ်၊ ကုသရန်အတွက် အစားအစာမှ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီကိုလုံလုံလောက်လောက်မရလျှင် ဖြည်စွက်ဆေးများကိုသောက်ရန် လူနာအားအကြံပြုပါ။

– invasive ရင်သားကင်ဆာဖြစ်လာနိုင်ချေကိုလျော့ချရန်အတွက်သုံးမည်ဆိုပါကအကောင်းဆုံးသောဆေးသုံးရမည့်ကာလကိုမသိရသေးပါ။

အသုံးများ:

– သွေးဆုံးပြီးအမျိုးသမီးများ၌ အရိုးပွရောဂါအားကာကွယ်ကုသရန်။

– အရိုးပွရောဂါရှိသောသွေးပြီးသူများ၌ Invasive ရင်သားကင်ဆာ ဖြစ်လာနိုင်ချေကိုလျော့ချရန်။

အရိုးပွခြင်းကိုကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

တစ်ရက်လျှင် 60 mg

မှတ်ချက်များ:

– အရိုးပွရောဂါအားကာကွယ်၊ ကုသရန်အတွက် အစားအစာမှ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီကိုလုံလုံလောက်လောက်မရလျှင် ဖြည်စွက်ဆေးများကိုသောက်ရန် လူနာအားအကြံပြုပါ။

– invasive ရင်သားကင်ဆာဖြစ်လာနိုင်ချေကိုလျော့ချရန်အတွက်သုံးမည်ဆိုပါကအကောင်းဆုံးသောဆေးသုံးရမည့်ကာလကိုမသိရသေးပါ။

အသုံးများ:

– သွေးဆုံးပြီးအမျိုးသမီးများ၌ အရိုးပွရောဂါအားကာကွယ်ကုသရန်။

– အရိုးပွရောဂါရှိသောသွေးပြီးသူများ၌ Invasive ရင်သားကင်ဆာ ဖြစ်လာနိုင်ချေကိုလျော့ချရန်။

ရင်သားကင်ဆာကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

တစ်ရက်လျှင် 60 mg

မှတ်ချက်များ:

– အရိုးပွရောဂါအားကာကွယ်၊ ကုသရန်အတွက် အစားအစာမှ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီကိုလုံလုံလောက်လောက်မရလျှင် ဖြည်စွက်ဆေးများကိုသောက်ရန် လူနာအားအကြံပြုပါ။

– invasive ရင်သားကင်ဆာဖြစ်လာနိုင်ချေကိုလျော့ချရန်အတွက်သုံးမည်ဆိုပါကအကောင်းဆုံးသောဆေးသုံးရမည့်ကာလကိုမသိရသေးပါ။

အသုံးများ:

– သွေးဆုံးပြီးအမျိုးသမီးများ၌ အရိုးပွရောဂါအားကာကွယ်ကုသရန်။

– အရိုးပွရောဂါရှိသောသွေးပြီးသူများ၌ Invasive ရင်သားကင်ဆာ ဖြစ်လာနိုင်ချေကိုလျော့ချရန်။

ကျောက်ကပ်အတွက် ချိန်ညှိခြင်း

– အပျော့စားကျောက်ကပ်မကောင်းခြင်း (CrCl 51 to 80 mL/min):အချက်အလက်များမရှိသေးပါ။

– အလတ်စားမှအပြင်းစားကျောက်ကပ်မကောင်းခြင်း(CrCl 50 mL/min or less):သတိနှင့်သုံးရန်။

အသည်းအတွက် ချိန်ညှိခြင်း

အသည်းမကောင်းခြင်း: သတိနှင့်သုံးရန်။

တခြားမှတ်ချက်များ

Administration Advice:

– ဆေးကိုအစာရှိရှိမရှိရှိ ကြိုက်သည့်အချိန်တွင် စသောက်နိုင်ပါသည်။

General:

– ရင်သားကင်ဆာဖြစ်နိုင်ချေအမြင့်ဆုံးကိုရင်သားအသားစစစ်ဆေးရာ၌ lobular carcinoma in situ (LCIS) သို့မဟုတ် atypical hyperplasia တွေ့ခြင်း၊ ရင်သားကင်ဆာပထမဒီဂရီအဆင့် ဆွေမျိုးတစ်ဦးနှင့်အထက်ရှိခြင်း၊ သို့မဟုတ် ၅ နှစ်ကြိုတင်ခန့်မှန်းစာတွင် ဖြစ်နိုင်ချေ ၁.၆၆% နှင့်အထက် ရှိနေခြင်း (modified Gail modelအားအခြေခံသည်) စသည်တို့ဖြင့် သတ်မှတ်ပါသည်။

– Clinical trial တွေ့ရှိချက်များကဤဆေးသည် သားအိမ်နှင့်ရင်သားတစ်ရှူးများ၌ အက်စ်ထရိုဂျင်တူသောအာနိသင်မရှိကြောင်းဆိုထားသည်။

– ဆေးလွန်ခြင်း: သီးသန့်အဆိပ်ဖြေဆေးမရှိပါ။

စောင့်ကြည့်ခြင်း:

– ရင်သားကိုစမ်းသပ်ခြင်း၊ (ဆေးမစတင်မီ) Mammograms ရိုက်ခြင်း။

ကလေးတွေအတွက် Raloxifene ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အ၀နားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Raloxifene ကိုဘယ်လိုရရှိနိုင်သလဲ

Raloxifeneကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Raloxifeneကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 18, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ