backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Quetiapine (ကွက်တိုင်ရာပင်း)


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Quetiapine (ကွက်တိုင်ရာပင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

စိတ်ကစဉ့်ကလျားရောဂါ၊ စိတ်ကျစိတ်ကြွရောဂါ ကဲ့သို့သော စိတ်ဝေဒနာလက္ခဏာများကို ကုသရန်အသုံးပြုပါတယ်။ သင့်ဆရာဝန်ဆုံးဖြတ်ထားတဲ့ အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ စိတ်ဝေဒနာဆန့်ကျင်ဆေး ဖြစ်ပါတယ်။ သုူရဲ့လုပ်ဆောင်ပုံနဲ့ပတ်သက်ပြီး တိတိကျကျမပြောနိုင်သေးပါဘူး။ ဦးနှောက်ထဲမှာရှိတဲ့ပစ္စည်းတွေကို အကျိုးသက်ရောက်မှုရှိပါတယ်။

Quetiapine (ကွက်တိုင်ရာပင်း) ဘယ်လိုသောက်သုံးသင့်သလဲ

အစာနဲ့တွဲပြီး သို့ အစာမပါဘဲ နေ့စဉ်၂ကြိမ်မှ၃ကြိမ် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရမှာဖြစ်ပါတယ်။ စိတ်ကျစိတ်ကြွရောဂါနဲ့ဆက်နွှယ်နေတဲ့ စိတ်ကျရောဂါကိုကုသဖို့အတွက် တစ်နေ့တစ်ကြိမ်ညအိပ်ရာဝင်ခါနီးမှာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ပေးရမှာဖြစ်ပါတယ်။ ပမာဏကိုသင့်ကျန်းမာေရေးအခြေအနေပေါ်မူတည်နေပြီး ကုသမှုပေါ်တုန့်ပြန်မှုအပေါ်မှာလည်း မူတည်နေပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကိုလျှော့ချနိုင်ဖို့ ပမာဏနည်းနည်းကနေစပေးပြိးတော့ တဖြည်းဖြည်းတိုးပေးသွားမှာဖြစ်ပါတယ်။

သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဂရုတစိုက်လိုက်နာ်သင့်ပါတယ်။ အကျိုးကျေးဇူးများများရနိုင်ဖို့ ပုံမှန်မှိဝဲသင့်ပါတယ်။ မှတ်မိစေဖို့အတွက် အချိန်တူတူမှာပဲပေးသင့်ပါတယ်။

သင်သက်သာနေပြီဆိုရင်တောင်မှ ဆက်သောက်သွားဖို့လိုပါတယ်။ ဆရာဝန်နဲ့မတိုင်ပင်ဘဲဆေးရပ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ ဆေးရုတ်တရက်ရပ်လိုက်တဲ့အခါမျိုးမှာ အချို့အခြေအနေတွေကပိုဆိုးသွားနိုင်ပါတယ်။ အိပ်စက်ရာတွင်အခက်အခဲရှိခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ နေမထိထိုင်မသာဖြစ်ခင်းစတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေနည်းအောင် ဆေးကိုတဖြည်းဖြည်းလျှော့ပေးသင့်ပါတယ်။ ရုတ်တရက်အခြေအနေဆိုးလာတဲ့မျိုးဆိုရင် သင့်ဆရာဝန်ကိုပြောပြသင့်ပါတယ်။ သင့်အခြေအနေကကြာရှည်ဖြစ်နေမယ် ပိုဆိုးလာမယ်ဆိုရင်လည်း ပြောပြသင့်ပါတယ်။

Quetiapine (ကွက်တိုင်ရာပင်း) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Quetiapine (ကွက်တိုင်ရာပင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • quetiapine သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်
  • သင်သို့သင့်မိသားစုဝင်တစ်ဦးဦးမှာ မိမိကိုယ်ကိုအဆုံးစီရင်လိုတဲ့အတွေးတွေ ကြိုးပမ်းမှုတွေရှိခဲ့မယ်ဆိုရင် ၊ စိတ်ကျစိတ်ကြွရောဂါရှိဖူးခြင်း၊ အခြားစိတ်ခံစားချက်ဆိုင်ရာပြဿနာများ၊ နှလုံးခုန်နှုန်းမမှန်ခြင်း (prolonged QT interval)၊ ဆီးချိုသို့ သွေတွင်းသကြားဓါတ်မြင့်ခြင်း
  • အရက်သောက်ြခ်င်း သို့ အရက်နဲ့အခြားအရာများစွဲဖူးခြင်း
  • မှတ်ဉာဏ်ချို့ယွင်းခြင်းရောဂါ၊ ရူးသွပ်ခြင်း၊ ကျန်းမာရေားချို့တဲ့ခြင်း၊ မြိုချရခက်ြခ်င်း၊ ကိုယ်အလေးချိန်တက်ခြင်း
  • ရေဓါတ်ခန်းခြောက်ြခ်ငး၊ သွေးပမာဏကျခြင်း၊ အရမ်းပူလွန်းတဲ့အပူချိန်နဲ့ထိတွေ့နေရခြင်း
  • နှလုံးရောဂါဖောက်ဖူးခြင်းနဲ့အခြားနှလုံးပြဿနာများ ( ဥပမာ နှလုံးကြီးခြင်း၊ နှလုံးမညှစ်နိုင်ခြင်း၊ နှလုံးခုန်မမှန်ခြင်း) ၊ လေဖြတ်ခြင်း၊ သွေးကြောဆိုင်ရာပြဿနာများ ( ဥပမာ ဦးနှေက်ထဲတွင်) ၊ ကိုလက်စထရော triglycerideပမာဏမြင့်တက်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်းကျခြင်းစသည့်ရောဂါရာဇဝင်များရှိဖူးခြင်း
  • သွေးဖြူဥအရေအတွက်ကျခြင်း( ဆေးကြောင့်ကျခြင်းအပါအဝင်) ၊ ကျောက်ကပ်၊ အသည်း၊ သရက်ရွက်ပြဿနာများ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာများ၊ သိုင်းရွိုက်ပြဿနာများ၊ မျက်စိတိမ်စွဲရောဂါ၊ ရေတိမ်၊ တက်ြခ်ငး၊ အာရုံကြော neuroleptic malignant syndrome (NMS)၊ သည်းခြေကျောက်၊ magnesium or potassiumကျခြင်း စသည့်ရာဇဝင်များရှိခြင်း
  • Prolactinပမာဏမြင့်တက်ခြင်း၊ သို့ ကင်ဆာဖြစ်ဖူးခြင်း ( ရင်သား၊ သရက်ရွက်၊ ဦးနှေက်အောက်ခြေရှိအဆီကျိတ်၊ ဦးနှေ်က်) ၊ ရင်သားကင်ဆာဖြစ်နိုင်ချေနှုန်းမြင့်နေတယ်ဆိုရင်
  • အသည်းကိုထိခိုက်စေတဲ့ဆေးများမှီဝဲခြင်း (
  • g., acetaminophen, methotrexate, ketoconazole, isoniazid, certain medicines for HIV infection). သင့်ဆေးတွေအသည်းကိုထိခိုက်စေနိုင်မန်ုငိနဲ့ ပတ်သက်ပြိးသငိဆရာဝန်ကိုမေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Quetiapine (ကွက်တိုင်ရာပင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။

FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ

  • A=အန္တရာယ်မရှိ
  • B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
  • C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
  • D=အန္တရာယ်ပေးနိုင်ချေရှိသည်။
  • X=မသုံးသင့်
  • N=မသိ

ဘေးထွက်ဆိုးကျိုးများ

Quetiapine (ကွက်တိုင်ရာပင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။

  • ဝမ်းချုပ်ခြင်း
  • မူးဝေခြင်း
  • အိပ်ချင်မူးတူးဖြစ်ခြင်း
  • အာခြေက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အစားစားလိုစိတ်များခြင်း
  • အစာမကျေခြင်း
  • လစ်ဟာဟာစြဖ်ခြင်း
  • မအီမသာဖြစ်ခြင်း
  • နှာရည်ယိုခြင်း
  • နှေးေကွေးလေးလံခြင်း
  • လည်ချော်င်းနြာခ်ငး
  • ဗိုက်အောင့်ခြင်း
  • မောပန်းခြ်င်း
  • အော့အန်ခြင်း
  • အားနည်းခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း

အောက်ပါပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကို တွေ့ရမယ်ဆိုရင် ချက်ချင်းဂရုပြုသင့်ပါတယ်။

  • ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊
  • မရေမရဖြစ်ခြင်း
  • ဖျော့တော့ခြင်း
  • နှလုံးခုန်မြနခြင်း မမှန်ခြင်း
  • ဖျားခြင်း၊ ချမ်းတုန်ြခ်င်း၊ နာတာရှည်လည်ချောင်နာခြင်း
  • ထင်ယောင်ထင်များဖြစ်ခြင်း
  • သွားရည်ကျခြင်း
  • မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာမ်ျား
  • ဓမ္မတာဆိုင်ရာပြောင်းလဲမှုများ
  • ကြွက်သားနာခြင်း၊ တောင့်ခြင်း၊ အားနည်းခြ်ငး
  • စိတ်ခံစားချက်များဆိုးရွားပြင်းထန်ခြင်း (ရန်လိုခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်ကျငြခ်း၊ ခံစားချက်များပြင်းထန်ခြင်း၊ စိတ်လိုက်မာန်ပါလုပ်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ စိတ်ကသိကအေက်ဖြစ်ခြင်း၊ ထိန်းမရအောင်ကြောက်လန့်ခြင်း၊ ကနာမငြိမ်ခြင်း)
  • ထုံကျဉ်ခြင်း၊ ပူခြင်း၊ စပ်ဖျဉ်းဖျဉ်းခံစားရြခ်င်း
  • လိင်တံထောင်မတ်ရာတွ်င် နာခြင်း
  • အရေပြားနီ၊ ရောင်၊ ပေါက်ပြဲ၊ ကွာကျခြင်း
  • အတက်ရောဂါ
  • ပြင်းထန်တဲ့မူးဝေခြင်း၊ လစ်ဟာဟာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း
  • ဗိုက်ကျောပြင်းပြင်းထန်ထန်အောင့်ခြင်း( မအိမသာစြဖ်ြခ်င်း အော့အန်ခြင်းနှင့်တွဲလျက်သော်လည်းကောင်း၊ မတွဲဘဲနဲ့သော်လည်းကောင်း)
  • အသက်ရှူမဝခြင်း
  • သတ်သေလိုသည့်အတွေးများ အပြုအမူများ
  • လက်မောင်း၊လက်၊ ခြေထောက်၊ ခြေသလုံးရောင်ခြင်း
  • သွေးတွင်းသကြားဓါတ်မြင့်တက်နေသည့်လက္ခဏာများ ( ရေငတ်ခြင်း၊ ဆာလောင်ခြင်း၊ ဆီးသွားခြင်း၊ အားနည်းခြ်င်း)
  • prolactinသွေးတွင်းပမာဏများခြင်း ( လိင်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်ရည်ကျခြင်း၊ ရေင်သားကြိးခြင်း၊ ဓမ္မတာကျော်သွားခြင်း၊ နို့သီးခေါင်းမှအရည်များထွက်ခြင်း)
  • တုန်ခြင်း
  • စကားပြောရ၊ မြိုချရ အာရုံစူးစိုက်ရခက်ခြင်း။
  • အိပ်စက်ရာတွင်အခက်အခဲရှိခြင်း
  • လမ်းလျှောက်ရာတွင် မတ်တပ်ရပ်ရာတွင် အခက်အခဲရှိခြင်း
  • ကြွက်သားလှုပ်ရှားမှုမထိန်းချုပ်နိုင်ခြင်း ( ကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း။ မျက်နှာ၊လျှာရှုံနေခြင်း၊ လက်မောင်းခြေသလုံးလှုပ်ရှားမှုများမထိန်းနိြုင်ခင်း)
  • ပုံမှန်မဟုတ်ဘဲံပေါက်ပြဲခြင်းသွေးထွက်ခြင်း
  • အမြင်အာရုံပြောင်းလဲမှုများ ( အမြင်ဝါးခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း)

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Quetiapine (ကွက်တိုင်ရာပင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

အစားအသောက်တွေနဲ့ အရက်က Quetiapine (ကွက်တိုင်ရာပင်း) နဲ့ ဓါတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Quetiapine (ကွက်တိုင်ရာပင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Quetiapine (ကွက်တိုင်ရာပင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူများ စိတ်ကစဉ့်ကလျားရောဂါအတွက်

ချက်ချင်းအကျိုးသက်ရောက်မှုပေးနိုင်သောဆေးပြားပုံစံ

အစောပိုင်းပမာဏ- : 25 mg သောက်ဆေး တစ်နေ့နှစ်ကြိမ်

တစ်နေ့နှစ်ကြိမ် 25 to 50 mg သို့ ဒုတိယ်မြောက်နေ့နှင့် တတိယမြောက်နေ့တွေမှာ တစ်နေ့သုံးကြိမ် ဆေးမတိုးရင်မတိုးသလိုတိုးပေး နိုင်ပါတယ်။ လေးရက်မြောက်နေ့မှာတော့ တစ်နေ့ကို300 mg ကနေ400 mg အတွင်း ပေးနိုင်ပါတယ်။ (နှစ်ကြိမ်သုံးကြိမ်ခွဲပြီးပေးနိုင်ပါတယ်။) တစ်နေ့မှာနှစ်ကြိမ် 25 to 50 mgတိုးပေးတာတွေ လျော့ပေးတာတွေိကို လိုအပ်သလိုပြုလုပ်နိုင်ပါတယ်။ ထပ်ပေါင်းတာတွေလျော့တာတွေလုပ်တဲ့ကြားမှာ အနည်းဆုံးနှစ်ရက်တော့ခြားသင့်ပါတယ်။

အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး 150 to 750 mg/dayပမာဏအတွင်းမှာ ရှိနေရပါမယ်။ အများဆုံးအကျိုးသက်ရောက်မှုကိုပေးနိုင်တဲ့ပမာဏက 300 mg/dayဖြစ်ပါတယ်။ 800 mg/dayအထက်ဆေးပမာရဲ့စိတ်ချရမှုကို မပြောပြနိုင်သေးပါဘူး။

တဖြည်းဖြည်းထွက်သောဆေးပြားပုံစံ

အစောပိုင်းပမာဏ- 300 mg သောက်ဆေး တစ်နေ့တစ်ကြိမ် နေ့စဉ် အစာမပါဘဲ သို့ အစာနည်းနည်းနဲ့အသုံးပြုပေးန်ုင်ပါတယ်။

ေရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- 400 to 800 mg တစ်နေ့တစ်ကြိမ် သောက်ဆေး ( တုံ့ပြန်မှုနဲ့ ဆေးမတိုးမှုပေါ်မူတည်ပြီး)

အများဆုံးအသုံးပြုနိုင်သည့်ပမာဏ- 800 mgအထက် နေ့စဉ်အသုံးပြုနိုင်တယ်လိုပတော့ မပြောနိုင်သေးပါဘူး။

တဖြည်းဖြည်းထုတ်ပေးတဲ့ဆေးပြားတွေကို နေ့စဉ်300 mg တိုးပေးနိုင်ပါတယ်။ at intervals as short as 1 day

ရေရှည်အသုံးပြု ခြင်း( ၆ပတ်အထက်) အတွက် အကျိုးသက်ရောက်မှုရှိမရှိ မပြောနိုင်သေးပါဘူး။ လွယ်လွယ်ကူကူတုံ့ပြန်တဲ့လူတွေအတွက် အကျိုးသက်ရောက်မှုရှိတဲ့အနည်းဆုံးပမာဏကို ဆက်ပေးသင့်ပါတယ်။ ရောဂါထိန်းသိမ်းကုသဖို့အတွက် သူတို့ရဲ့လိုအပ်ချက်တွေကိုသိနိုင်ဖို့ အချိန်ပိုင်းခြားပြန်လည်ပမာဏချင့်တွက်မှုလုပ်ရမှာဖြစ်ပါတယ်။

စိတ်ကြွစိတ်ကျခြင်းနဲ့ဆက်နွှယ်တဲ့ စိတ်အစွဲအလမ်းဖြစ်ခြင်းမှာ သီးသန့်အနေနဲ့သော်လည်းကောင်း သို့ lithium or divalproex တွေနဲ့ပေါင်းပေးနိုင်ပါတယ်။

အစောပိုင်းပမာဏ – 50 mg သောက်ဆေး တစ်နေ့နှစ်ကြိမ်

နေ့စဉ်တစ်နေ့နှစ်ကြိမ် 50 mgထိတိုးပေးပြိး လေးရက်မြော်က်နေ့မှာတစ်နေ့နှစ်ကြိမ် 200 mgထိတိုးပေးန်ုငိပါတယ်။ နောက်ထပ်ဆေးပမာဏ တစ်နေ့လျှင် 800 mg ပေးပြီး ခြောက်ရက်မြောက်နေ့မှာတော့ 200 mg/dayထက်မပိုသင့်ပါဘူး။ လူအများစုမှာတော့ တစ်နေ့လျှင်400 mgကနေ 800 mgအတွင်း တုံ့ပြန်မှုပေးကြပါတယ်။ တစ်နေ့ မှာအထက်ပေးခြင်းကြောင့် စိတ်ချရမှုရှိမရှိနဲ့ ပတ်သက်ပြိးမပြောနိုင်သေးပါဘူး။

ချက်ချင်းထုတ်ပေးနိုင်သောဆေးပြားပုံစံ

စိတ်ကျစိတ်ကြွခြင်းနဲ့ဆက်နွှယ်တဲ့စိတ်ကျခြင်းအတွက်

အစောပိုင်းပမာဏ – 50 mgသေက်ဆေး တစ်နေ့တစ်ကြိမ်

လေးရက်မြောက်နေ့မှာ တစ်နေ့တစ်ကြိမ်သောက်ဆေး 300 mgထိတိုးပေးနိုင်ပါတယ်။ အချို့သောလူနာတွေမှာ ၅ရက်မြောက်နေ့မှာ 400 mg ၊ ၈ရက်မြောက်နေ့မှာ 600 mgတိုးပေးခြင်းဖြင့် တစ်နေ့တစ်ကြိမ်600 mg ထိတိုးသွားပေးဖို့လိုပါတယ်။ တစ်နေ့300 mg and 600 mg အသုံးပြုခြင်းက လူနာအများစုမှာအကျိုးသက်ရောက်မှုရှိပါတယ်။ တစ်နေ့600 mgအသုံးပြုတဲ့လူနဲ့ 300 mgအသုံးပြုသူတွေနဲ့နှိုင်းယှဉ်တဲ့အခါမှာ အကျိုးကျေးဇူးပိုမရခဲ့ကြပ်ါဘူး။

တဖြည်းဖြည်းထုတ်ပေးသောဆေးပြားပုံစံ

စိတ်ကျစိတ်ကြွခြင်းနဲ့ဆက်တဲ့စိတ်ကျခြင်း

ပြင်းထန်တဲ့အခြေအနေအတွက်ကုသမှုပမာဏ- တစ်နေ့လျှင်50 mgကနေစပြီး ညနေပိုင်းတစ်နေ့တစ်ကြိမ်သောက်ဆေး ၊ လေးရက်မြောက်နေ့မှာ တစ်နေ့လျှင်300 mgထိတိုးပေးနိုင်ပါတယ်။

ဆေးပမာဏဇယား – ပထမနေ့ 50 mg, Day 2 – 100, mg, Day 3 – 200 mg, & Day 4 – 300 mg

စိတ်ကျစိတ်ကြွခြင်းနဲ့ဆက်နွှယ်တဲ့ စိတ်ကြွခြင်းရောဂါအတွက်

ပြင်းထန်တဲ့အခြေအနေအတွက် သီးသန့်အသုံးပြုမှု သို့ပေါင်းစပ်ကုသမှု (with lithium or divalproex) – သောက်ဆေး တစ်နေ့တစ်ကြိမ် ညနေပိုင်း (ပထမနေ့ 300 mg၊ ၂ရက်မြောက်နေ့ 600 mg၊ တုံ့ပြန်မှုနဲ့ဆေးမတိုးမှုပေါ်မှာမူတည်ပြီး 400 mgကနေ 800 mgထိပေးနိုင်ပါတယ်။

စိတ်ကျစိတ်ကြွရောဂါထိန်းသိမ်းခြင်းအတွက်

ရောဂါထိန်းသိမ်းဖို့ပမာဏကိုလိုအပ်တဲ့ပမာဏကို ဆက်ပေးကုသခြင်း

ကလေးတွေအတွက် Quetiapine (ကွက်တိုင်ရာပင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများ အတက်ရောဂါကာကွယ်ခြင်းအတွက်

အသက်၂နှစ်မှ၁၂နှစ်အထိ- ချက်ချင်းအကျိုးသက်ရောက်မှုပေးနိုင်သောပုံစံ ( ဆေးပြားတစ်ပြားလုံးကို အသုံးပြုသင့်ပါတယ်။ ) ၂နှစ်မှ၆နှစ်အထိ ရောဂါထိန်းသိမ်းနိုင်ဖို့ ပမာဏကိုတဖြည်းဖြည်းတိုးပေးပြီးရပ်ရမှာဖြစ်ပါတယ်။

30 kgထက်ကိုယ်အလေးချိန်နည်းတဲ့လူတွေမှာ 30 kgအထက်ကိုယ်အလေးချိန်ရှိတဲ့လူတွေထက် 50%တိုးပေးဖို့လိုပါတယ်။

Quetiapine (ကွက်တိုင်ရာပင်း) ကိုဘယ်လိုရရှိနိုင်သလဲ

အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

ဆေးပြား၊ သောက်ဆေး 25 mg, 100 mg, 150 mg, 200 mg.

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement