backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Qsymia

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Qsymia ကို ဘာအတွက်အသုံးပြုကြသလဲ

Qsymia® ကိုအစားအသောက် လေ့ကျင့်ခန်းတို့နှင့်တွဲပြီး အဝလွန်ခြင်းအားကုသရန် အသုံးပြုပါသည်။ ဤဆေးကိုဆီးချို၊ သွေးတိုး၊ ကိုလက်စ်ထရောများခြင်းတို့နှင့်ဆက်နွယ်သော အဝလွန်ခြင်းအားကုသရာတွင်လည်းသုံး၏။

Qsymia®သည် အောက်ခံအကြောင်းရင်းကိုကုပေးမည်မဟုတ်ပါ။

Qsymia ဘယ်လိုသောက်သုံးသင့်သလဲ

Qsymia®ကို ဆရာဝန်ညွှန်သည့်အတိုင်းအစာရှိရှိမရှိရှိသောက်နိုင်ပါသည်။ များသောအားဖြင့် နေ့စဉ် မနက်ခင်းတစ်ကြိမ်သာသောက်ရပါသည်။ နောက်ကျမှသောက်လျှင် အိပ်မပျော်ခြင်း (insomnia) ဖြစ်တတ်ပါသည်။ ဆေးတောင့်တစ်ခုလုံးမျိုချရမည်။ ဆေးတောင့်ကိုကြိတ်ချေခြင်း၊ ဝါးခြင်းမလုပ်ရ။ ထိုအပြုအမူများကဆေးများကိုမြန်မြန်ထွက်လာစေပြီးဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။

ဆေးပမာဏမှာသင့်ကျန်းမာရေးအခြေအနေနှင့် ကုသမှုအပေါ်တုံ့ပြန်မှုတို့တွင် အခြေခံပါသည်။ ဘေးထွက်ဆိုးကျိုးအန္တရာယ်ကိုလျော့ချနိုင်ရန်အတွက် ဆရာဝန်က ဆေးကိုပမာဏနည်းနည်းမှစပေးပြီးတဖြည်းဖြည်းချင်းတိုးပေးပါလိမ့်မည်။ ဆရာဝန်ညွှန်ကြားသည်များကိုဂရုတစိုက်လိုက်နာပါ။

ဆီးကျောက်မတည်စေဖို့ ဆရာဝန်မှတခြားဘာမှ မပြောလျှင် ဤဆေးသောက်နေစဉ် ရေများများသောက်ပေးရမည်။

Qsymia®ကိုတခြားသောအစာစားချင်စိတ်ထိန်းဆေးများနှင့် တွဲမသောက်သင့်ပါ။ ဤဆေးတစ်မျိုးတည်းအချိန်ကြာကြီးသောက်လျှင် သို့မဟုတ်ု တခြားအစာထိန်းဆေးများနှင့် တွဲသောက်လျှင် ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေ များလာပါသည်။

ပမာဏများများသို့မဟုတ် အချိန်တစ်ခုကြာအောင် မှန်မှန်သောက်လာခဲ့ပါကQsymia®ရပ်လိုက်သည်နှင့် ဆေးဖြတ်သည့်လက္ခဏာများပေါ်လာပါမည်။ ထိုအခြေအနေများတွင် ဆေးကိုရုတ်တရတ်ဖြတ်လိုက်ပါကတက်ခြင်းကဲ့သို့ လက္ခဏာများပေါ်လာနိုင်သည်။ ဆေးဖြတ်လက္ခဏာများကိုကာကွယ်ရန် ဆရာဝန်က ဆေးပမာဏကို ဖြည်းဖြည်းချင်းလျော့ပေးပါလိမ့်မည်။ အသေးစိတ်အချက်အလက်များသိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်နှင့် တိုင်ပင်ပါ။ ဆေးဖြတ်လက္ခဏာများပေါ်လာလျှင် ချက်ချင်းပြောပါ။

အကျိုးရလဒ်များရှိသော်လည်းQsymia®သည် ဆေးစွဲသည့်အခြေအနေကိုရှားရှားပါးပါး ဖြစ်စေနိုင်၏။ ယခင်ကဆေး၊ အရက်စွဲဖူးလျှင် ဆေးစွဲနိုင်ချေပိုများ၏။ သတ်မှတ်ထားသောပမာဏ၊ ရက်အပိုင်းအခြားထက် ပိုသုံးတာမျိုးမလုပ်ပါနှင့်။ ကိုယ့်အခြေအနေပိုသက်သာမလာပဲဘေးထွက်ဆိုးကျိုးများသာပိုများလာပါလိမ့်မည်။ ဆေးကိုစွဲနိုင်ချေနည်းစေရန် ညွှန်ကြားထားသည်အတိုင်းအတိအကျလိုက်နာပါ။

ဆေးကိုအရေပြား၊ အဆုတ်တို့မှတစ်ဆင့် စုပ်ယူနိုင်သောကြောင့် မမွေးသေးသောကလေးကို အန္တရာယ်ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်များ၊ ကိုယ်ဝန်ရနိုင်သူများ သည်ဆေးကိုမကိုင်တွယ်သင့်ပေ။

Qsymia®ကိုအပတ်ပေါင်းများစွာသုံးသည့်အခါ အာနိသင်ကျလာနိုင်၏။ ဆေးအာနိသင်မပြတော့လျှင် ဆရာဝန်နှင့်ပြန်ဆွေးနွေးပါ။ ဆရာဝန်က သည်ဆေးကိုရပ်ရန် ညွှန်ကောင်းညွှန်နိုင်ပါသည်။

Qsymia ဘယ်လိုသိမ်းဆည်းရမလဲ

Qsymia® (phentermine and topiramate)ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Qsymia® (phentermine and topiramate)ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Qsymia® (phentermine and topiramate)ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Qsymia® (phentermine and topiramate)အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Qsymia အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသောက်သုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသောက်နေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများစသည်တို့ပါဝင်ပါသည်။
  • Qsymia® တွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။

ပြီးခဲ့သည့် ၁၄ ရက်အတွင်းMAO inhibitorများသုံးထားပါကQsymia®ကိုမသုံးရပါ။ အန္တရာယ်များသည့်ဆေးဝါးဓါတ်ပြုမှု ပေါ်လာနိုင်ပါသည်။ MAO inhibitors များတွင်isocarboxazid, linezolid, methylene blue injection, phenelzine, rasagiline, selegiline, tranylcypromine စသည်တို့ပါဝင်ပါသည်။

အောက်ပါတို့ရှိလျှင်လည်းQsymia®ကိုမသုံးသင့်ပါ။

  • ရေတိမ်
  • သိုင်းရွိုက်ဂလင်းတက်ကြွလွန်ခြင်း

Qsymia®ကိုသန္ဓေတားဆေးများနှင့် တွဲသောက်ပါကမိန်းမကိုယ်မှပုံမှန်မဟုတ်ပဲသွေးဆင်းနိုင်ပါသည်။ ကိုယ်ဝန်မရရန်အတွက် ဆေးကိုအားပျော့သွားအောင်လုပ်သည်တော့မရှိချေ။

Phentermine နှင့်topiramateတို့က နို့ရည်ထဲသို့ ဖြတ်နိုင်မဖြတ်နိုင်မသိရသေးသလို နို့စို့ကလေးကို အန္တရာယ်ဖြစ်မဖြစ်လည်းမသိရသေးပါ။ ဆေးကိုသုံးနေစဉ် ကလေးနို့မတိုက်သင့်ပေ။

Qsymia®ကိုအသက် ၁၈ နှစ်အောက်အရွယ်များ၌ သုံးရန်ခွင့်မပြုထားပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Qsymia ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Xရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Qsymia ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Qsymia® နှင့်ဓါတ်မတည့်သည့်လက္ခဏာများ – အင်ပျဉ်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ နှုတ်ခမ်း လျှာ လည်ချောင်းတို့တွင် ဖူးရောင်ခြင်းစသည်တို့ဖြစ်လာပါကအရေးပေါ်ဆေးကုသမှု ခံယူပါ။

အသစ်ဖြစ်လာသော၊ ဆိုးလာသောလက္ခဏာများကို ဆရာဝန်အားတင်ပြပါ။ ဥပမာ – စိတ်နေစိတ်ထားအပြုအမူပြောင်းလဲခြင်း၊ စိုးရိမ်စိတ်ဖြစ်ခြင်း၊ ထိတ်လန့်ခြင်း၊ အိပ်ရခက်ခြင်း၊ ဂဏာမငြိမ်ခြင်း၊စိတ်တိုလွယ်ခြင်း၊ဒေါသထွက်လွယ်ခြင်း၊ဆတ်ဆတ်ထိမခံခြင်း၊တက်ကြွလွန်ခြင်း၊စိတ်ကျခြင်းသတ်သေလိုကိုယ့်ကိုယ်ကိုနာကျင်လိုစိတ်များပေါ်လာခြင်း။

အောက်ပါတို့ဖြစ်လာလျှင် ဆရာဝန်ကိုချက်ချင်းခေါ်ပါ။

  • နှလုံးခုန်မြန်ခြင်း၊ ရင်ထဲတလှပ်လှပ်ဖြစ်နေခြင်း
  • ရုတ်တရတ် အမြင်အာရုံပြဿနာပေါ်ခြင်း၊ တစ်ခါတစ်ရံမျက်လုံးနာခြင်း၊ နီခြင်း
  • အာရုံစိုက်ရခက်ခြင်း၊ စကာပြောရခက်ခြင်း၊ မှတ်ဉာဏ်ပြဿနာဖြစ်ခြင်း
  • တက်ခြင်း
  • ရေငတ်ခြင်း၊ ပူခြင်း၊ ချွေးထွက်နည်းခြင်း၊ အရေပြားပူပြီးခြောက်သွေ့နေခြင်း
  • သွေးတွင်းသကြားဓါတ်နည်းခြင်း – ခေါင်းကိုက်ခြင်း၊ ဗိုက်ဆာခြင်း၊ အားမရှိခြင်း၊ ချွေးထွက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ခေါင်းမူးခြင်း၊ မူးနောက်နောက်ခံစားရခြင်း။
  • metabolic acidosisလက္ခဏာများ – စိတ်ရှုပ်ထွေးခြင်း၊ အန်ခြင်း၊ ခွန်အားမရှိခြင်း၊ နှလုံးခုန်မမှန်ခြင်း
  • ဆီးကျောက်လက္ခဏာများ – ခါး၊ ကျောအောက်ပိုင်းနာခြင်း၊ ဆီးတွင်သွေးပါခြင်း၊ ဆီးသွားလျှင်နာခြင်း။

အဖြစ်များသောဘေးထွက်ဆိုးကျိုးများ

  • ခေါင်းမူးခြင်း
  • ဝမ်းချုပ်ခြင်း
  • ထုံခြင်း၊ စပ်ဖျဉ်းဖျဉ်းခံစားရခြင်း
  • အိပ်မပျော်ခြင်း (insomnia)
  • အာခြောက်ခြင်း၊ အရသာခံအာရုံပြောင်းခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Qsymia နဲ့ ဓါတ်ပြုနိုင်သလဲ

Qsymia® (phentermine and topiramate)သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

ဤဆေးနှင့်ဓါတ်ပြုနိုင်သောဆေးကုန်များမှာ

  • Acetazolamide
  • Methazolamide
  • Zonisamide
  • Valproic acid or divalproex sodium (Depakene or Depakote)
  • ကိုယ်ဝန်တားဆေးများ
  • ဆီးဆေးများ

အစားအသောက်တွေနဲ့ အရက်က Qsymia နဲ့ ဓါတ်ပြုနိုင်သလား

Qsymia® (phentermine and topiramate) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Qsymia နဲ့ ဓါတ်ပြုနိုင်သလဲ

Qsymia® (phentermine and topiramate)သည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

ဤဆေးနှင့်ဓါတ်ပြုနိုင်သောကျန်းမာရေးအခြေအနေများမှာ

  • သွေးတိုးခြင်း၊ နှလုံးရောဂါ၊ နှလုံးစည်းချက်ပြဿနာများ၊ နှလုံးညှစ်အားမကောင်းတော့ခြင်း
  • ယခင်က နှလုံးဖောက်ဖူးခြင်း၊ လေဖြတ်ဖူးခြင်း
  • စိတ်ကျရောဂါ၊ စိတ်ရောဂါ၊ သတ်သေချင်စိတ်များ ဖြစ်ဖူးခြင်း
  • ဆီးချို
  • ကျောက်ကပ်ရောဂါ (သို့မဟုတ် ကျောက်ကပ်ဆေးခြင်း)
  • ဆီးကျောက်တည်ဖူးခြင်း
  • အသည်းရောဂါ
  • တက်ခြင်း၊ ဝက်ရူးပြန်ခြင်း
  • အရိုးသိပ်သည်းဆနည်းခြင်း
  • Metabolic acidosis (သွေးထဲ၌ အက်စစ်များနေခြင်း)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Qsymia ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကိုယ်အလေးချိန်ကျရန်အတွက်ပုံမှန်ပမာဏ

ကနဦးပမာဏ : အနည်းဆုံးပမာဏနှင့်ဆေးတောင့် (phentermine 3.75 mg/topiramate 23 mg extended-release) ကိုတစ်ရက်တစ်ကြိမ် ပထမ ၁၄ ရက်သောက်ရန်။ မနက်ခင်းတွင်သာသောက်ပါ။

ထိန်းညှိပမာဏ : ၁၄ ရက်ပြီးနောက် သတ်မှတ်ထားသောပမာဏ(phentermine 7.5 mg/topiramate 46 mg extended-release)ကိုတစ်ရက်တစ်ကြိမ် မနက်ခင်းတိုင်းတွင်သောက်ပါ။

ကလေးတွေအတွက် Qsymia ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Qsymia ကိုဘယ်လိုရရှိနိုင်သလဲ

Qsymia® (phentermine and topiramate)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • ဆေးတောင့် extended release: hydrochloride 3.75mg, topiramate 23mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Qsymia® (phentermine and topiramate)ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement