backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pyrimethamine (ပဲရီမီသာမင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Pyrimethamine (ပဲရီမီသာမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Pyrimethamineကိုတခြားဆေးများ (Sulfonamide) နှင့်တွဲ၍ ခန္ဓါကိုယ်၊ ဦးနှောက်၊ မျက်လုံးတို့တွင်ဖြစ်သည့် ဆိုးဝါးသော ကပ်ပါးပိုးကူးစက်ရောဂါ (Toxoplasmosis) အားကုသရန် သို့မဟုတ် HIV ရှိသူများတွင် Toxoplasmosis ဖြစ်မလာအောင်ကာကွယ်ရန် အသုံးပြုကြပါသည်။ Pyrimethamineသည် ကပ်ပါးပိုးသတ်ဆေးအုပ်စုဝင်ဆေးဖြစ်သည်။ ကပ်ပါးပိုးများကိုသတ်နိုင်သောအာနိသင်ရှိ၏။

Pyrimethamine (ပဲရီမီသာမင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကိုများသောအားဖြင့် ဆရာဝန်ညွှန်သည့်အတိုင်းတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သောက်ရပါမည်။ ပျို့ခြင်းအန်ခြင်းသက်သာစေရန် ဆေးကိုအစာနှင့်တွဲသောက်ပါ။ ဆိုးဆိုးဝါးဝါးအန်လျှင် ဆရာဝန်က ဆေးရပ်ခိုင်းတာမျိုးဆေးပမာဏလျော့ပေးတာမျိုးလုပ်ပါလိမ့်မည်။ ဆရာဝန်က Pyrimethamineကြောင့်ဖြစ်လာနိုင်သည့် သွေးပြဿနာများကိုကာကွယ်ရန် (Folic acid) ဆေးမျိုးထပ်ညွှန်နိုင်ပါသည်။ ဆရာဝန်ညွှန်သမျှကိုသေချာလိုက်နာပါ။ Pyrimethamineအတူဆာလ်ဖာပါသည်များကိုသောက်နေရပါကကျောက်ကပ်ကိုကာကွယ်နိုင်ရန် ရေများများသောက်ပေးပါ။ ဆေးကို ခန္ဓါကိုယ်အတွင်းလယ်ဗယ်တစ်ခု၌တည်အောင်ထားနိုင်လျှင် အစွမ်းဆုံးဖြစ်ပါသည်။ ထို့ကြောင့် ကပ်ပါးပိုးသတ်ဆေးများကို ဆရာဝန်ညွှန်သည့်အတိုင်းမှန်မှန်သောက်ရန်လို၏။ ဆေးသောက်ဖို့ မှတ်မိနေစေရန် နေ့စဉ်တူညီသောအချိန်တွင်သာသောက်ပါ။

ဆေးပမာဏမှာသင့်တွင်ရှိသောပိုးအမျိုးအစား၊ သင့်ကျန်းမာရေးအခြေအနေ၊ အသက်နှင့် ကုသမှုအားတုံ့ပြန်မှုတို့အပေါ် မူတည်ပါသည်။ ဆေးသောက်ရမည့် ရက်အပိုင်းအခြားမှာရောဂါအမျိုးအစားပေါ် မူတည်ပါသည်။ ရောဂါပိုးပျောက်စေရန်၊ ပြင်းထန်သောဘေးထွက်ဆိုးကျိုးများမဖြစ်စေရန် ဆရာဝန်က ဆေးပမာဏကိုဂရုတစိုက် ချိန်ညှိပေးပါလိမ့်မည်။

သတ်မှတ်ထားသည်ထက် လိုတိုးပိုလျှော့သောက်ခြင်းမလုပ်ရပါ။ ဆရာဝန်မှမပြောပါပဲ နေကောင်းလာသည့်တိုင် ရက်အပြည့်သာသောက်ပါ။ ဆရာဝန်ခွင့်မပြုပဲဆေးတစ်ကြိမ်ကျော်ခြင်းပြောင်းပစ်ခြင်းများပြုလုပ်ပါကကပ်ပါးပိုးအရေအတွက် များလာစေပြီးကုသရန်ပိုခက်သွားပါလိမ့်မည်။ ဘေးထွက်ဆိုးကျိုးများလည်းပိုမျာလာနိုင်သည်။

ရောဂါပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကိုပြောပါ။

Pyrimethamine (ပဲရီမီသာမင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Pyrimethamineကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Pyrimethamineကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Pyrimethamineဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Pyrimethamineအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pyrimethamine (ပဲရီမီသာမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Pyrimethamineကိုမသုံးခင် ဤဆေးနှင့် ဓါတ်မတည့်ခြင်းသို့မဟုတ် တခြားသောဓါတ်မတည့်မှုများရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓါတ်မတည့်နိုင်သည့် inactive ဓါတ်ပစ္စည်းများပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇဝင်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အားပြောပြပေးပါ။ အထူးသဖြင့်တက်ခြင်း၊ ကျောက်ကပ်ပြဿနာ၊ အသည်းပြဿနာ၊ သွေးနီဥနည်းသောရောဂါတစ်ချို့ (Folateနည်းခြင်းကြောင့်ဖြစ်သောmegaloblastic anemia)၊ တခြားသောအခြေအနေများကြောင့် Folic acid ပမာဏနည်းခြင်း (အစာမစုပ်နိုင်သည့်ပြဿနာများ၊ အရက်သမားများ၊ အာဟာရချို့တဲ့ခြင်းများ)၊ သွေးနီဥသွေးဖြူဥနည်းခြင်း။ သွေးမွှားဥပမာဏနည်းခြင်း။

ခွဲစိတ်မှုမလုပ်ခင် သင်သုံးနေသည့်ပစ္စည်းများ (ဆရာဝန်ညွှန်သည့်ဆေး၊ အညွှန်းမလိုပဲသောက်နိုင်သည့်ဆေးနှင့် ဘယပင်ထွက်ဆေးများ) ကို ဆရာဝန်အားပြောပါ။

ကိုယ်ဝန်ဆောင်စဉ်၌ ဆေးကိုအမှန်တကယ်လိုအပ်မှသာအသုံးပြုပါ။ ကောင်းကျိုးဆိုးကျိုးများအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်စဉ် Folic acid မှာအတော်အရေးပါ၏။ Folateလယ်ဗယ်နည်းခြင်းကိုကာကွယ်ရန်အတွက် ဆရာဝန်မှ Folic acid ကိုသောက်ခိုင်းပါလိမ့်မည်။

ဆေးသည် နို့ရည်ထဲသို့ ဖြတ်သွားနိုင်သည်။ နို့တိုက်ကျွေးမှုမစတင်ခင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pyrimethamine (ပဲရီမီသာမင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Pyrimethamine (ပဲရီမီသာမင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့ခြင်း၊ အန်ခြင်းနှင့် အစားအသောက်ပျက်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။ အဆိုပါဘေးထွက်ဆိုးကျိုးများပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကိုချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးကပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်းသိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

တစ်ချို့လူများတွင် ဆေးပမာဏအများကြီးသုံးပါကသွေးပြဿနာများဖြစ်လာတတ်ပါသည်။ ထိုပြဿနာများကို Folic acid သောက်ခြင်း၊ သွေးမှန်မှန်စစ်ခြင်းတို့ဖြင့် လျော့ချနိုင်သည်။ သွေးထွက်လွယ်ခြင်း၊ အညိုအမည်းစွဲလွယ်ခြင်း၊ ပြင်းထန်သည့်ပိုးဝင်လက္ခဏာ (အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာခြင်း)၊ သွေးနီဥနည်းသည့်လက္ခဏာများ (အလွန်အမင်းမောပန်းခြင်း၊ နှုတ်ခမ်းလက်သည်းအရေပြားများ ဖြူဖျော့ခြင်း၊ သာမန်လှုပ်ရှားမှုလုပ်လျှင်တောင်မှ နှလုံးခုန်နှုန်းအသက်ရှူနှုန်း မြန်နေခြင်း)၊ လျှာနာခြင်းဖောင်းကြွခြင်းများဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောရပါမည်။

ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာရှား၏။ အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Pyrimethamine (ပဲရီမီသာမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

ဤဆေးနှင့်ဓါတ်ပြုနိုင်သောဆေးကုန်များမှာ –

lorazepam, penicillamine, sulfa drugs (sulfamethoxazole), folate levelsကျစေသောဆေးများ (phenytoin, trimethoprim), သွေးဆဲလ်အရေအတွက်ကျစေသောဆေးများ (proguanil, zidovudine, chemotherapy including methotrexate, daunorubicin, cytosine)

Pyrimethamineသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Pyrimethamine (ပဲရီမီသာမင်း) နဲ့ ဓါတ်ပြုနိုင်သလား

Pyrimethamine က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pyrimethamine (ပဲရီမီသာမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Pyrimethamineသည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pyrimethamine (ပဲရီမီသာမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ငှက်ဖျားရောဂါကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

25 mgကိုတစ်ပတ်လျှင် တစ်ကြိမ်သောက်ရန်။ အဖြစ်များသည့်နယ်သို့မသွားခင် တစ်ပတ်ကြိုတင် သောက်ရန်နှင့် ပြန်လာပြီးသည့်နောက် ၆-၁၀ ပတ်အထိဆက်သောက်ရန်။

Toxoplasmosisအတွက် ပုံမှန်ပမာဏ

ကနဦး: 50 to 75 mgကို1 to 4 g sulfonamide (ဥပမာsulfadoxine, sulfadiazine) နှင့်တွဲ၍ တစ်ရက်တစ်ကြိမ်သောက်ရန်။ တုံ့ပြန်မှုနှင့် ဒဏ်ခံနိုင်မှုပေါ်မူတည်ပြီး ၁-၃ ပတ်အထိသောက်ရမည်။ ထို့နောက် ဆေးတစ်ခုစီပမာဏကို တစ်ဝက်ထိလျော့ချပြီးအပိုဆောင်း ၄-၅ ပတ် သောက်ရမည်။ pyrimethamineသောက်ရသူများကို folic acid ပါတွဲပေးရမည်။

Toxoplasmosisကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

1 mg/kg or 15 mg/m2 (အများဆုံး25 mg)ကို Folic acid 5 mg နှင့်တွဲပြီးနေ့စဉ်သောက်ရမည်။ သုံးရက်ခြားတိုင်းulfadiazine 85 to 120 mg/kg/dayကို ၂ ကြိမ်မှ ၄ ကြိမ်ခွဲသောက်ရမည်။

Clindamycin 20 to 30 mg/kg/dayကိုsulfadiazineအစားထိုးအနေနှင့် သုံးနိုင်ပါသည်။

Pneumocystis Pneumoniaကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

50 to 75 mgကိုတစ်ပတ်လျှင် တစ်ကြိမ်သောက်ရန်။

Pyrimethamineကိုdapsone, leucovorinတို့နှင့်တွဲ၍ သုံးရ၏။ trimethoprim-sulfamethoxazoleဆေးဒဏ်ကိုမခံနိုင်သောသူများတွင် ဤဆေးပုံစံကိုစဉ်းစားနိုင်သည်။

သတိပေးချက်များ

Pyrimethamineသည် Folateကိုဆန့်ကျင်သောကြောင့် Folateချို့တဲ့ခြင်းကြောင့် ဖြစ်ရသောmegaloblastic anemiaတွင် လုံးဝမပေးရပါ။

Toxoplasmosisအတွက် pyrimethamineပမာဏအများကြီးပေးရပါကfoltaeချို့တဲ့သည့် လက္ခဏာများကိုစောင့်ကြည့်နေရပါမည်။ foltaeချို့တဲ့ခြင်းဖြစ်လာပါကလူနာ၏တုံ့ပြန်မှုပေါ်မူတည်ခါ ဆေးပမာဏကိုလျော့ခြင်းသို့မဟုတ် ဆေးရပ်ခြင်းများပြုလုပ်ရနိုင်သည်။ Folinic acid (leucovorin)ကိုပုံမှန် hematopoiesisရသည်အထိပေးသင့်ပါသည်။

Pyrimethamineသည် ကင်ဆာဖြစ်ကောင်းဖြစ်နိုင်၏။

Pyrimethamineကုထုံးကို ကြွက်များ၌ 25 mg/kg နှုန်းနှင့် ဗိုက်အတွင်းထိုးပေးပါကအဆုတ်အကျိတ်များထွက်လာကြောင်းတင်ပြမှုများရှိပါသည်။

ငှက်ဖျားကာကွယ်ရန်အတွက် သတ်မှတ်ပမာဏကိုကျော်လွန်၍မဖြစ်ပါ။ အတက်ရောဂါရှိသူများတွင် Pyrimethamineကြောင့် အာရုံကြောအဆိပ်သင့်ခြင်းမဖြစ်စေရန်အတွက် toxoplasmosisကိုကုမည်ဆိုပါကကနဦးပမာဏနည်းနည်းနှင့်သာစတင်ရပါမည်။

Pyrimethamineကိုအသည်းမကောင်းသူ၊ ကျောက်ကပ်မကောင်းသူ၊ Folateချို့တဲ့သူ၊ အစာမစုပ်နိုင်သည့်ရောဂါရှိသူ၊ အရက်သမားများနှင့် ကိုယ်ဝန်ဆောင်များတွင် သတိနှင့်ပေးသင့်ပါသည်။

Toxoplasmosis အတွက်ကုသရာတွင် တစ်ပတ်ကို နှစ်ကြိမ် သွေးစစ်ခြင်းများလုပ်ရန် ညွှန်ထားပါသည်။

အကွက်ထလာခြင်းမျိုးရှိပါကဆေးကိုချက်ချင်းရပ်ပြီးဆေးကုသမှုချက်ချင်းခံယူဖို့ လူနာကိုသတိပေးထားရမည်။

ထို့အပြင် လည်ချောင်းနာခြင်း၊ ဖြူဖျော့ခြင်း၊ အကွက်ထခြင်း၊ လျှာရောင်ခြင်းများဖြစ်လာပါက ဆရာဝန်ဆီချက်ချင်းပြရန်ပါ အကြံပြုထားရမည်။

အစားမစားချင်ခြင်း၊ ပျို့ခြင်းများသက်သာစေရန် ဆေးကိုအစာနှင့်တွဲသောက်ပါ။

Pyrimethamineကုထုံးကို နို့စို့အရွယ် ကလေးများမမှီရာတွင်ထားပါ။ သူတို့တွင် ဘေးထွက်ဆိုးကျိုးများ ပိုဆိုးဝါးနိုင်ပါသည်။ မတော်တဆစားမိရာကနေသေဆုံးသွားသောကလေးများစွာရှိဖူးပါသည်။

Pyrimethamineလေ့လာချက်များသည် အသက် ၆၅ အထက်လူများအတွက်မလုံလောက်ပါ။ လူငယ်များကဲ့သို့ တုံ့ပြန်မှုရှိမရှိလည်းမသိရပါ။

ယေဘုယျအားဖြင့် လူကြီးများအတွက် ဆေးပမာဏရွေးရာတွင် သတိထားရပြီးနည်းနည်းနှင့်စပေးရမည်။ ပေးသည့်အချိန်တွင် နှလုံး၊ ကျောက်ကပ်၊ အသည်းနှင့် လက်ရှိရောဂါများ၊ ဆေးဝါးများကိုကြည့်ပြီးပေးရပါမည်။

တခြားမှတ်ချက်များ

Pyrimethamineကိုအစာနှင့်တွဲသောက်ပါ။

ကလေးတွေအတွက် Pyrimethamine (ပဲရီမီသာမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ငှက်ဖျားကာကွယ်ရန်အတွက်ပုံမှန်ပမာဏ

အသက်လေးနှစ်အောက်: တစ်ပတ်လျှင် 6.25 mgတစ်ကြိမ်။

အသက် ၄-၁၀ နှစ်:တစ်ပတ်လျှင် 12.5 mg တစ်ကြိမ်။

Toxoplasmosisအတွက် ပုံမှန်ပမာဏ

မွေးကင်းစနှင့်နို့စို့အရွယ်များ:

ကနဦး: 2 mg/kg/dayကို ၁၂ နာရီခြားတိုင်းတစ်ကြိမ်ကျ ခွဲတိုက်ပြီး ၂ ရက်ကြာအောင်တိုက်ရမည်။ ထို့နောက် 1 mg/kg/day နှုန်းနှင့် sulfadiazineတွဲပြီးပထမ ၆ လပြည့်သည့်အထိပေးရပါမည်။ နောက် ၆ လတွင် 1 mg/kg/daysulfadiazineတွဲပြီးတစ်ပတ်လျှင် ၃ ကြိမ်။ သွေးအဆိပ်သင့်ခြင်းအားကာကွယ်ရန်အတွက် Folinic acid 5-10 mg ကိုလည်းတစ်ပတ်လျှင် သုံးကြိမ် ပေးရပါမည်။

အသက် ၁-၁၂ နှစ်: 2 mg/kg/dayကို ၁၂ နာရီခြားတိုင်းတစ်ကြိမ်ကျ ခွဲတိုက်ပြီး၃ရက်ကြာအောင်တိုက်ရမည်။ ထို့နောက် 1 mg/kg/day နှုန်းနှင့် sulfadiazineတွဲပြီးတစ်ရက်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခွဲပြီး ၄ ပတ်အထိတိုက်ရမည်။ သွေးအဆိပ်သင့်ခြင်းအားကာကွယ်ရန်အတွက် Folinic acid 5-10 mg ကိုလည်းတစ်ပတ်လျှင် သုံးကြိမ် ပေးရပါမည်။

Pyrimethamine (ပဲရီမီသာမင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Pyrimethamineကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား
  • ပေါင်းစပ်ဆေးမှုန့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Pyrimethamineကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement