မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Vitamin B6 (Pyridoxine)ကိုsideroblastic anemia ဟုခေါ်သောမျိုးရိုးလိုက်သည့် သွေးအားနည်းရောဂါ၊ Pyridoxineချို့တဲ့ခြင်း၊ သွေးတွင်းhomocysteineလယ်ဗယ်များနှင့် မွေးကင်းစများတွင်ဖြစ်သောတစ်ချို့သောအတက်ရောဂါတို့၌ အသုံးပြုကြပါသည်။
Vitamin B6 (Pyridoxine)ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Vitamin B6 (Pyridoxine)ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Vitamin B6 (Pyridoxine)ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။
Vitamin B6 (Pyridoxine)အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။
ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။
Vitamin B6သောက်ဆေးကိုသတ်မှတ်ပမာဏသာသောက်ပါက ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအတွက် စိတ်ချရပါသည်။
ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ်၌ ပမာဏအများအပြားသောက်ခြင်းကိုရှောင်ပါ။ အမေရိကန် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဌာနက ကိုယ်ဝန်ဆောင်များအတွက် အထူးထုတ်ကုန်များကိုခွင့်ပြုပေးထားသော်လည်းကလေး၌အတက်ရောဂါဖြစ်လာနိုင်သောကြောင့် ဆရာဝန်လမ်းညွှန်မှုမပါပဲ ရေရှည်သုံးစွဲခြင်းပမာဏအများကြီးသောက်ခြင်းတို့ မလုပ်ရပါ။
တစ်ချို့တွင် Vitamin B6 (Pyridoxine) သည် ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အိပ်ငိုက်ခြင်းနှင့် တခြားဘေးထွက်ဆိုးကျိုးများခံစားရနိုင်ပါသည်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Vitamin B6 (Pyridoxine)သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်သောဆေးများ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။
Vitamin B6 (Pyridoxine) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Vitamin B6 (Pyridoxine)သည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။ အထူးသဖြင့်
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အစားအသောက်တွင်ပါသင့်သောနေ့စဉ်ပမာဏ
အသက် ၅၀ အောက်: 1.3 mg/day
အသက် ၅၀ အထက်: 1.7 mg/day
အသက် ၅၀ အောက်: 1.3 mg/day
အသက် ၅၀ အထက်: 1.5 mg/day
Vitamin B6 (Pyroxdine)ချို့တဲ့ခြင်းအတွက်
သန္ဓေတားဆေးသောက်သောအမျိုးသမီးများ၌ Vitamin B6 (Pyroxdine)ချို့တဲ့ခြင်း: တစ်ရက်လျှင် 25-30 mg နှုန်းသောက်ရန်။
ရာသီမလာခင်ကိုက်ခဲခြင်းလက္ခဏာများအတွက်: တစ်ရက်လျှင် 50-100 mg နှုန်းသောက်ရန်။
မျိုးရိုးလိုက်သောsideroblasticသွေးအားနည်းရောဂါအတွက်:
ဆီးကျောက်တည်ခြင်း: 25-500 mgနေ့စဉ်သောက်ရန်။
(စိတ်ရောဂါကုဆေးများကို ကြာရှည်သောက်ရာမှ ပေါ်လာသောဘေးထွက်ဆိုးကျိုး။ လျှာ၊ နှုတ်ခမ်း၊ မျက်နှာ၊ မေးရိုး၊ လက်မောင်း၊ ခြေထောက်၊ လက်ချောင်း၊ ခြေချောင်းတို့တွင်ဖြစ်သည့်) tardive dyskinesiaအားကုသရန်: တစ်ရက်လျှင် 100 mgမှစ၍ အပတ်စဉ်တိုးတိုးသွားခါ တစ်ရက်လျှင် 400 mg ရောက်သည့်အထိပေးရမည်။ ဆေးပမာဏမှာတစ်ရက်လျှင် နှစ်ကြိမ်ခွဲသောက်ရန်ဖြစ်သည်။
ကိုယ်ဝန်ဆောင်များ၌ပျို့ခြင်း:10-25 mgကိုသုံးကြိမ်မှ လေးကြိမ်အထိနေ့စဉ်သောက်ရန်။ တစ်လှည့်စီအနေနှင့် 75 mgpyridoxineကို12 mcg vitamin B12 (cyanocobalamin), 1 mg folic acid, 200 mg calcium (PremesisRx)တို့နှင့်တွဲထားသောအာနိသင်ပြချိန်ကြာသည့်ဆေးကိုသုံးနိုင်ပါသည်။ ဤဆေးပေါင်းမှာ FDA မှာခွင့်ပြုထားသော ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းအတွက် ဆေးကုန်တစ်ခု ဖြစ်သည်။
အစားအသောက်တွင်ပါသင့်သောနေ့စဉ်ပမာဏ
Pyridoxine ကိုတုံ့ပြန်သောအတက်ရောဂါ
10-100 mgကိုအသားဆေး၊ အကြောဆေးထိုးပေးနိုင်ပါသည်။
Vitamin B6 (Pyridoxine)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
Vitamin B6ကိုကလေးများ ဝါးစားနိုင်သောဆေးများ၊ ဆေးရည်များ၊ ဘီကွန်ပလက်များတွင် ရနိုင်သလိုသူ့ချည်းသက်သက်လည်းရနိုင်ပါသည်။ ဆေးပြား၊ ဆေးတောင့်ပျော့၊ ငုံ့ဆေးစဖြင့်လည်းပုံစံအမျိုးမျိုးရရှိနိုင်၏။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Vitamin B6 (Pyridoxine)ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။