backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pyridoxine (ပဲရီဒေါက်စင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Pyridoxine (ပဲရီဒေါက်စင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Vitamin B6 (Pyridoxine)ကိုsideroblastic anemia ဟုခေါ်သောမျိုးရိုးလိုက်သည့် သွေးအားနည်းရောဂါ၊ Pyridoxineချို့တဲ့ခြင်း၊ သွေးတွင်းhomocysteineလယ်ဗယ်များနှင့် မွေးကင်းစများတွင်ဖြစ်သောတစ်ချို့သောအတက်ရောဂါတို့၌ အသုံးပြုကြပါသည်။

Pyridoxine (ပဲရီဒေါက်စင်း) ဘယ်လိုသောက်သုံးသင့်သလဲ

  • ဗီတာမင် ဘီစစ်ကိုအစာရှိရှိမရှိရှိသောက်နိုင်ပါသည်။ များသေားအားဖြင့် တစ်ရက်တစ်ကြိမ်သာ။
  • အချိန်ကြာအောင်အာနိသင်ပြသောအမျိုးအစားဆိုပါကဆေးတစ်လုံးလုံးမျိုပါ။ ဝါးတာ ကျိတ်ခြေတာမျိုးမလုပ်ရပါ။ ထို့သို့လုပ်ခြင်းဖြင့် ဆေးမျာကိုချက်ချင်းထွက်လာစေပြီးဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ချေ များလာနိုင်ပါသည်။
  • အမှုန့်ပုံစံသောက်ပါကသင့်တော်သောရေပမာဏနှင့်ရောပြီးသေချာမွှေပါ။ ဖျော်ပြီးပြီးချင်းအရည်အားလုံးကိုသောက်ပစ်ရမည်။ နောက်မှသောက်မည်ကို ကြိုတင်ဖျော်ထားခြင်းမလုပ်ရပါ။

Pyridoxine (ပဲရီဒေါက်စင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Vitamin B6 (Pyridoxine)ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Vitamin B6 (Pyridoxine)ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Vitamin B6 (Pyridoxine)ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Vitamin B6 (Pyridoxine)အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pyridoxine (ပဲရီဒေါက်စင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသောက်သုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသောက်နေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pyridoxine (ပဲရီဒေါက်စင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    Vitamin B6သောက်ဆေးကိုသတ်မှတ်ပမာဏသာသောက်ပါက ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအတွက် စိတ်ချရပါသည်။

    ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ်၌ ပမာဏအများအပြားသောက်ခြင်းကိုရှောင်ပါ။ အမေရိကန် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဌာနက ကိုယ်ဝန်ဆောင်များအတွက် အထူးထုတ်ကုန်များကိုခွင့်ပြုပေးထားသော်လည်းကလေး၌အတက်ရောဂါဖြစ်လာနိုင်သောကြောင့် ဆရာဝန်လမ်းညွှန်မှုမပါပဲ ရေရှည်သုံးစွဲခြင်းပမာဏအများကြီးသောက်ခြင်းတို့ မလုပ်ရပါ။

    ဘေးထွက်ဆိုးကျိုးများ

    Pyridoxine (ပဲရီဒေါက်စင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တစ်ချို့တွင် Vitamin B6 (Pyridoxine) သည် ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အိပ်ငိုက်ခြင်းနှင့် တခြားဘေးထွက်ဆိုးကျိုးများခံစားရနိုင်ပါသည်။

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Pyridoxine (ပဲရီဒေါက်စင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

    Vitamin B6 (Pyridoxine)သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်သောဆေးများ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

    • Vitamin B6 (Pyridoxine) နှင့် သွေးကျဲဆေးအက်စ်ပရင်၊ ဝါဖရင်၊ ဟဲပရင်၊ သွေးမွှားဥဆန့်ကျင်ဆေးclopidogrel နှင့် NSAIDs များဖြစ်သော Ibuprofen, naproxen တို့တွဲသောက်ခြင်းကသွေးယိုနိုင်ချေများနိုင်ပါသည်။
    • Vitamin B6 (Pyridoxine)သည် သွေးတွင်းသကြားဓါတ်အပေါ် သက်ရောက်မှုရှိပါသည်။ သွေးတွင်းသကြားဓါတ်ကိုထိန်းသောဆေးများသောက်နေရလျှင် သတိနှင့်သုံးပါ။
    • Vitamin B6 (Pyridoxine)သည် သွေးပေါင်ကျစေတတ်သည်။ သွေးကျဆေးသောက်နေရသူများတွင် သတိနှင်သုံးရန် အကြုံပြုပါသည်။
    • Vitamin B6 (Pyridoxine)ကိုamiodaroneဆေးနှင့်တွဲသောက်ပါကနေလောင်ခြင်း၊ အရည်ကြည်ဖုထခြင်း၊ နေရောင်ထိသည့်နေရာတွင် အကွက်များထခြင်းတို့ ဖြစ်လာနိုင်ပါသည်။
    • Vitamin B6 (Pyridoxine)သည် phenobarbital, phenytoin နှင့် levodopa ဖြိုခွဲမှုကို မြန်စေပါသည်။ ၎င်းကနေphenobarbital, phenytoin နှင့် levodopaတို့၏အာနိသင်ကိုကျသွားစေနိုင်၏။
    • Vitamin B6 (Pyridoxine) သည် ပဋိဇီဝဆေး Tetracycline စုပ်ယူမှုနှင့် အာနိသင်ကိုလျော့ကျစေနိုင်၏။

    အစားအသောက်တွေနဲ့ အရက်က Pyridoxine (ပဲရီဒေါက်စင်း) နဲ့ ဓါတ်ပြုနိုင်သလား

    Vitamin B6 (Pyridoxine) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Pyridoxine (ပဲရီဒေါက်စင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

    Vitamin B6 (Pyridoxine)သည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။ အထူးသဖြင့်

    • သွေးတိုး
    • ဆီးချို

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Pyridoxine (ပဲရီဒေါက်စင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အစားအသောက်တွင်ပါသင့်သောနေ့စဉ်ပမာဏ

    • အမျိုးသား

    အသက် ၅၀ အောက်: 1.3 mg/day

    အသက် ၅၀ အထက်: 1.7 mg/day

    • အမျိုးသမီး

    အသက် ၅၀ အောက်: 1.3 mg/day

    အသက် ၅၀ အထက်: 1.5 mg/day

  • ကိုယ်ဝန်ဆောင်: 1.9 mg/day
  • Vitamin B6 (Pyroxdine)ချို့တဲ့ခြင်းအတွက်

    • ကနဦးကုသမှု: တစ်ရက်လျှင် 2.5-25 mg နှုန်းနှင့် သုံးပတ်သောက်ရန်။
    • ထိန်းညှိပမာဏ: တစ်ရက်လျှင် 1.5-2.5 mg နှုန်းသောက်ရန်။

    သန္ဓေတားဆေးသောက်သောအမျိုးသမီးများ၌ Vitamin B6 (Pyroxdine)ချို့တဲ့ခြင်း: တစ်ရက်လျှင် 25-30 mg နှုန်းသောက်ရန်။

    ရာသီမလာခင်ကိုက်ခဲခြင်းလက္ခဏာများအတွက်: တစ်ရက်လျှင် 50-100 mg နှုန်းသောက်ရန်။

    မျိုးရိုးလိုက်သောsideroblasticသွေးအားနည်းရောဂါအတွက်:

    • ကနဦးကုသမှု: တစ်ရက်လျှင် 200-600 mgသောက်ရန်။
    • တိုးတက်လာပြီးနောက်: တစ်ရက်လျှင် 30-50 mgသောက်ရန်။

    ဆီးကျောက်တည်ခြင်း: 25-500 mgနေ့စဉ်သောက်ရန်။

    (စိတ်ရောဂါကုဆေးများကို ကြာရှည်သောက်ရာမှ ပေါ်လာသောဘေးထွက်ဆိုးကျိုး။ လျှာ၊ နှုတ်ခမ်း၊ မျက်နှာ၊ မေးရိုး၊ လက်မောင်း၊ ခြေထောက်၊ လက်ချောင်း၊ ခြေချောင်းတို့တွင်ဖြစ်သည့်) tardive dyskinesiaအားကုသရန်: တစ်ရက်လျှင် 100 mgမှစ၍ အပတ်စဉ်တိုးတိုးသွားခါ တစ်ရက်လျှင် 400 mg ရောက်သည့်အထိပေးရမည်။ ဆေးပမာဏမှာတစ်ရက်လျှင် နှစ်ကြိမ်ခွဲသောက်ရန်ဖြစ်သည်။

    ကိုယ်ဝန်ဆောင်များ၌ပျို့ခြင်း:10-25 mgကိုသုံးကြိမ်မှ လေးကြိမ်အထိနေ့စဉ်သောက်ရန်။ တစ်လှည့်စီအနေနှင့် 75 mgpyridoxineကို12 mcg vitamin B12 (cyanocobalamin), 1 mg folic acid, 200 mg calcium (PremesisRx)တို့နှင့်တွဲထားသောအာနိသင်ပြချိန်ကြာသည့်ဆေးကိုသုံးနိုင်ပါသည်။ ဤဆေးပေါင်းမှာ FDA မှာခွင့်ပြုထားသော ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းအတွက် ဆေးကုန်တစ်ခု ဖြစ်သည်။

    ကလေးတွေအတွက် Pyridoxine (ပဲရီဒေါက်စင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အစားအသောက်တွင်ပါသင့်သောနေ့စဉ်ပမာဏ

    • ၆ လအရွယ်အထိ:0.1 mg/day
    • ၆-၁၂ လအထိ: 0.3 mg/day
    • ၁-၃ နှစ်အထိ: 0.5 mg/day
    • ၄-၈ နှစ်အထိ: 0.6 mg/day
    • ၉-၁၃ နှစ်အထိ: 1 mg/day
    • ၁၄-၁၈ နှစ်အထိ (အမျိုးသား) 1.3 mg/day; (အမျိုးသမီး) 1.2 mg/day

    Pyridoxine ကိုတုံ့ပြန်သောအတက်ရောဂါ

    10-100 mgကိုအသားဆေး၊ အကြောဆေးထိုးပေးနိုင်ပါသည်။

    Pyridoxine (ပဲရီဒေါက်စင်း) ကိုဘယ်လိုရရှိနိုင်သလဲ

    Vitamin B6 (Pyridoxine)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    Vitamin B6ကိုကလေးများ ဝါးစားနိုင်သောဆေးများ၊ ဆေးရည်များ၊ ဘီကွန်ပလက်များတွင် ရနိုင်သလိုသူ့ချည်းသက်သက်လည်းရနိုင်ပါသည်။ ဆေးပြား၊ ဆေးတောင့်ပျော့၊ ငုံ့ဆေးစဖြင့်လည်းပုံစံအမျိုးမျိုးရရှိနိုင်၏။

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Vitamin B6 (Pyridoxine)ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement