Propofol (ပရိုပိုဖော) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Generic Name: Propofol (ပရိုပိုဖော) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Propofol (ပရိုပိုဖော) ကို ဘာအတွက်အသုံးပြုကြသလဲ

Propofolသည်ဦးနှောက်နှင့်အာရုံကြောအဖွဲ့အစည်း၏အလုပ်လုပ်မှုကို နှေးစေသည်။ ခွဲစိတ်မှုအတွက် မေ့ဆေးမပေးမီ၊မေ့ဆေးပေးထားစဉ်နှင့်အခြားသော ဆေးကုသမှုလုပ်ငန်းစဉ်များလုပ်ဆောင်နေချိန်တွင်သင့်ကို ဖြေလျှော့နေစေရန် Propofol အားအသုံးပြုသည်။ ထို့အပြင် ventilator (လူနာကိုယ်တိုင်အသက်မရှုနိုင်သဖြင့်အဆုတ်ထဲသို့ လေအဝင်အထွက်ပုံမှန်ရှိနေစေရန်သုံးသောစက်ကိရိယာ) အသုံးပြုနေရသည့်အသည်းအသန်နာမကျန်းဖြစ်နေသောလူနာများတွင်လည်း Propofol ကိုသုံးနိုင်သည်။

Propofol (ပရိုပိုဖော) ဘယ်လိုသောက်သုံးသင့်သလဲ

Propofol ကို ဆေးရုံတွင်သို့မဟုတ်ခွဲစိတ်မှုမပြုလုပ်မီအချိန်တွင်အကြောသွင်းဆေးအဖြစ်အသုံးပြုရသည်။ Propofol ထိုးပြီးနောက်သင်စိတ်အာရုံပြေလျော့သွားပြီးချက်ချင်းဆိုသလိုအိပ်ပျော်သွားမည်ဖြစ်သည်။Propofol ၏အာနိသင်သက်ရောက်နေစဉ်ကာလအတွင်းသင်၏အသက်ရှုနှုန်း၊သွေးပေါင်ချိန်၊အောက်ဆီဂျင်ပမာဏ၊ကျောက်ကပ်လုပ်ငန်းဆောင်တာများနှင့်အခြားသောအရေးကြီးသည့် စောင့်ကြည့်မှုများကို တောက်လျှောက်ပြုလုပ်နေရမည် ဖြစ်သည်။

Propofol (ပရိုပိုဖော) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျအသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်)

Propofolကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Propofolကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Propofol ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Propofolကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ)

Propofolကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Propofol (ပရိုပိုဖော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာသို့မဟုတ်လည်ချောင်းတို့ ရောင်ရမ်းခြင်းအစရှိသောဓါတ်မတည့်သည့်လက္ခဏာများခံစားလာရပါကအရေးပေါ်ကုသမှုကိုခံယူရပါမည်။ အောက်ပါလက္ခဏာများကိုခံစားရပါကသင့်ဆရာဝန်ကိုအမြန်အကြောင်းကြားပါ။

  • ပြန်နိုးလာပြီးနောက် မေ့လဲတော့မယောင်ခံစားရခြင်း။
  • အသက်ရှုနှေးခြင်း၊အားနည်းခြင်း။
  • ဆေးထိုးထားသည့်နေရာတွင်အလွန်နာကျင်နေခြင်းသို့မဟုတ်အခံရခက်ခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

  • အနည်းငယ်ယားယံခြင်းသို့မဟုတ်အနီစက်များထွက်လာခြင်း။
  • နှလုံးခုန်နှုန်း နှေးခြင်းသို့မဟုတ် မြန်ခြင်း။
  • အကြောဆေးသွင်းသည့်အပ်စိုက်ထားရာနေရာ၌အနည်းငယ်စူးနာနေခြင်း၊ပူနေသယောင်ခံစားရခြင်း။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Propofol (ပရိုပိုဖော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

(ယေဘူယျအသိပေးချက်ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Propofol (ပရိုပိုဖော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာသို့မဟုတ်လည်ချောင်းတို့ ရောင်ရမ်းခြင်းအစရှိသောဓါတ်မတည့်သည့်လက္ခဏာများခံစားလာရပါကအရေးပေါ်ကုသမှုကိုခံယူရပါမည်။ အောက်ပါလက္ခဏာများခံစားရပါကဆရာဝန်နှင့်အမြန်ပြသပါ။

-ဆေးထိုးထားသည့်နေရာ၌နာကျင်ခြင်း၊ရောင်ရမ်းခြင်း၊အရေပြားကွာခြင်းသို့မဟုတ်အရေပြားတွင်ပုံမှန်မဟုတ်သောအပြောင်းအလဲများ ဖြစ်ခြင်း။

  • တက်ခြင်း။
  • အသက်ရှုနှေးခြင်းသို့မဟုတ်အားနည်းခြင်း။
  • နှလုံးခုန်နှေးခြင်းသို့မဟုတ် မြန်ခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

  • ပျို့ခြင်း၊ချောင်းဆိုးခြင်း။
  • အကြောဆေးသွင်းသည့်အပ်စိုက်ထားရာနေရာ၌အနည်းငယ်စူးနာနေခြင်း၊ပူနေသယောင်ခံစားရခြင်း။
  • အနည်းငယ်ယားယံခြင်းသို့မဟုတ်အနီစက်များထွက်ခြင်း။
  • ထုံနာကျင်နာခံစားရခြင်း။
  • စိတ်ရှုပ်ထွေးခြင်း၊စိုးရိမ်ပူပန်ခြင်း၊စိတ်တိုခြင်း။
  • ကြွက်သားများနာခြင်း။
  • ဆီးရောင်ပြောင်းခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Propofol (ပရိုပိုဖော) နဲ့ ဓါတ်ပြုနိုင်သလဲ

Propofolဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Propofol (ပရိုပိုဖော) နဲ့ ဓါတ်ပြုနိုင်သလား

Propofolကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Propofol (ပရိုပိုဖော) နဲ့ ဓါတ်ပြုနိုင်သလဲ

Propofolဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီပါတယ်။ }

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Propofol (ပရိုပိုဖော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာPropofolကို သောက်သုံးရမယ့်အချိုးအစားကဘယ်လောက်လဲ။

မေ့ဆေးအတွက်

  • အသက်၅၅နှစ်အောက်——->မေ့ဆေးအာနိသင်ရရှိစေခြင်း—–>မေ့ဆေးအာနိသင်ရရှိချိန်အထိ၄၀မီလီဂရမ်ကို၁၀စက္ကန့်တကြိမ်အကြောထဲသို့သွင်းပေးရမည်။ စုစုပေါင်းလိုအပ်သောပမာဏမှာ 2-2.5mg/kg ဖြစ်ပြီးအများဆုံးသုံးနိုင်သောပမာဏမှာ၂၅၀မီလီဂရမ် ဖြစ်သည်။
  • အသက်၅၅နှစ်အောက်——->မေ့ဆေးအာနိသင်ဆက်လက်ထိန်းထားရန်———>100-200mcg/kg/min နှုန်းဖြင့်အကြောထဲသွင်းပေးရမည်။ အများဆုံးသွင်းနိုင်သောပမာဏမှာ 20000mcg/min ဖြစ်သည်။

လိုအပ်လျှင်၂၀မှ၂၅မီလီဂရမ်အထိကိုထပ်မံပေးနိုင်သည်။

နှလုံးခွဲစိတ်မှုအတွက် မေ့ဆေးပေးလျှင်

  • မေ့ဆေးအာနိသင်ရရှိစေခြင်း—–>မေ့ဆေးအာနိသင်ရရှိချိန်အထိ၂၀မီလီဂရမ်ကို၁၀စက္ကန့်တကြိမ်အကြောထဲသို့သွင်းပေးရမည်။(0.5 – 1.5 mg/kg)

——->မေ့ဆေးအာနိသင်ဆက်လက်ထိန်းထားရန်———>Opioid ဆေးများကိုပါတွဲဖက်အသုံးပြုရမည်။

100 – 150 mcg/kg/min ——> primary propofol

50 – 100 mcg/kg/min ——->secondary propofol

အများဆုံးပေးနိုင်သောပမာဏမှာ 15000mcg/min ဖြစ်သည်။

ဦးနှောက်ခွဲစိတ်မှုအတွက် မေ့ဆေးပေးလျှင်

  • မေ့ဆေးအာနိသင်ရရှိစေခြင်း—–>မေ့ဆေးအာနိသင်ရရှိချိန်အထိ၂၀မီလီဂရမ်ကို၁၀စက္ကန့်တကြိမ်အကြောထဲသို့သွင်းပေးရမည်။(1-2 mg/kg)
  • မေ့ဆေးအာနိသင်ဆက်လက်ထိန်းထားရန်———>100 – 200mcg/kg/min နှုန်းဖြင့်အများဆုံးဆေးပမာဏ 20000mcg/min အထိပေးနိုင်သည်။

Nitrous oxide ဖြင့်မေ့ဆေးပေးထားစဉ်၎င်းကိုဆက်လက်ထိန်းထားရန် —–> 0.3 – 0.7mg/kg နှုန်းဖြင့်အကြောသွင်းဆေးပေးနိုင်သည်။

အထူးကြပ်မတ်ကုသဆောင်တွင်အသုံးပြုရန်

ကနဦးအကြောသွင်းဆေးပမာဏ ——->စက်အကူအညီဖြင့်အသက်ရှုနေရသူများအတွက် —– > 5mcg/kg/min

ဆက်လက်ထိန်းထားရန် ဆေးပမာဏ ———>လိုချင်သောအိပ်ဆေးအာနိသင်ရသည်အထိ၅မိနစ်တခါ 5 -10mcg/kg/min နှုန်းစီတိုးမြှင့်သွားနိုင်သည်။ ပုံမှန်အားဖြင့်ထိန်းထားရမည့်အနေအထားမှာ 5 – 50mcg/kg/min ဖြစ်သည်။

-သွေးပေါင်ကျနိုင်ချေမရှိသောလူနာများတွင်အိပ်ဆေးအာနိသင်အမြန်ရရှိရန်၁၀မီလီဂရမ်မှ၂၀မီလီဂရမ်အထိကိုတခါတည်းထိုးသွင်းနိုင်သည်။

MAC sedation (ထုံဆေး၊အိပ်ဆေးနှင့်အနာသက်သာဆေးတို့ပူးပေါင်းသုံးစွဲခြင်း) အတွက်

ကနဦးအကြောသွင်းဆေးပမာဏ ——-> 100 – 150 mcg/kg/min ကို၃မိနစ်မှ၅မိနစ်အထိ တောက်လျှောက်သွင်းရမည်။ (သို့မဟုတ်) အကြောဆေးကို ဖြည်းညင်းစွာထိုးခြင်း ——> 0.5mg/kg ကို၃မိနစ်မှ၅မိနစ်အတွင်းသွင်းရမည်။

ထို့နောက်—–>ဆက်လက်ထိန်းထားရန် ဆေးပမာဏ ———> 25 – 75 mcg/kg/min သို့မဟုတ်၁၀ – ၂၅မီလီဂရမ်ကိုတခါတည်းသွင်းရမည်။

အသက်အရွယ်ကြီးသူများတွင် မေ့ဆေးအတွက်

  • အသက်ကြီးသူ၊မလှုပ်မရှားနိုင်သူသို့မဟုတ် ASAအဆင့် III/IV ရှိလူနာများ : ——မေ့ဆေးအာနိသင်ရရှိစေခြင်း—–>မေ့ဆေးအာနိသင်ရရှိချိန်အထိ၂၀မီလီဂရမ်ကို၁၀စက္ကန့်တကြိမ်အကြောထဲသို့သွင်းပေးရမည်။ စုစုပေါင်းလိုအပ်သောပမာဏမှာ 1-1.5mg/kg ဖြစ်ပြီးအများဆုံးသုံးနိုင်သောပမာဏမှာ၂၅၀မီလီဂရမ် ဖြစ်သည်။

—–>ဆက်လက်ထိန်းထားရန် ဆေးပမာဏ ———> 50 – 100 mcg/kg/min

MAC sedation အတွက် ——->ဆက်လက်ပေးထားရမည့်ပမာဏသည်ပုံမှန်အရွယ်ရောက်ပြီးသူကို ပေးသည့်ပမာဏ၏၈၀% ဖြစ်သည်။

ကလေးတွေအတွက် Propofol (ပရိုပိုဖော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ)

မေ့ဆေးအတွက်

၃နှစ်မှ၁၆နှစ်အထိကလေးများ ——>မေ့ဆေးအာနိသင်ရရှိစေခြင်း—–>မေ့ဆေးအာနိသင်ရရှိချိန်အထိ၂.၅ – ၃.၅မီလီဂရမ်ကို၂၀စက္ကန့်သို့မဟုတ်၃၀စက္ကန့်တကြိမ်အကြောထဲသို့သွင်းပေးရမည်။

——->ဆက်လက်ထိန်းထားရန်ဆေးပမာဏ ———>125 – 300 mcg/kg/min

Propofol (ပရိုပိုဖော) ကိုဘယ်လိုရရှိနိုင်သလဲ

ထိုးဆေး —–> 1% (10mg/ml)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Propofolကို သောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇွန် 26, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 15, 2017