backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Propantheline

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Propantheline ကို ဘာအတွက်အသုံးပြုကြသလဲ

Propanthelineကိုအခြားဆေးတွေနဲ့တွဲပြီးအူလမ်းကြောင်းမှာဖြစ်တဲ့အနာတွေကိုကုသဖို့အတွက်သုံးပါတယ်။၎င်းဟာအစာအိမ်ထဲမှာအက်ဆစ်တွေထွက်ရှိမှုကိုလျော့နည်းစေပါတယ်။

Propantheline ဘယ်လိုသောက်သုံးသင့်သလဲ

ယခုဆေးကိုအစာမစားခင်နာရီဝက်အလိုတိုင်းနဲ့အိပ်ရာဝင်ချိန်မှာသောက်ဆေးအဖြစ်သောက်ပါသို့မဟုတ်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပါ။

ဆေးပမာဏဟာသင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ဆေးကုသမှုအပေါ်တုံ့ပြန်မှုတို့ပေါ်မှာမူတည်ပါတယ်။

ဆေးရဲ့အကောင်းဆုံးအာနိသင်ကိုရရှိစေရန်အတွက်ယခုဆေးကိုပုံမှန်သောက်ပါ။ သင်ကောင်းကောင်းမှတ်မိစေရန်နေ့စဉ်ဆေးကိုတူညီတဲ့အချိန်တွေမှာသောက်ပါ။

သင့်ရောဂါမသက်သာပါကသို့မဟုတ်ပိုဆိုးလာပါကဆရာဝန်ကိုအကြောင်းကြားပါ။

Propantheline ဘယ်လိုသိမ်းဆည်းရမလဲ

Propanthelineကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Propanthelineဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းပုံလိုအပ်ချက်လည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Propanthelineကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Propantheline အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Propanthelineကိုအသုံးမပြုခင်သင့်မှာယခုဆေးနဲ့သို့မဟုတ်အခြားဆေးတွေနဲ့ဓါတ်မတည့်တာမျိုးတွေရှိရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ ယခုဆေးမှာဆေးနဲ့ဓါတ်မတည့်တာတွေသို့မဟုတ်တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါတတ်ပါတယ်။ အသေးစိတ်အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

ယခုဆေးကိုမသုံးခင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုသင့်ရဲ့ရောဂါရာဇဝင်အကြောင်းအထူးသဖြင့်ရေတိမ်ရောဂါ၊myasthenia gravis ရောဂါ၊အစာအိမ်နဲ့အူလမ်းကြောင်းလှုပ်ရှားရခက်ခဲခြင်းနဲ့ပိတ်ဆို့ခြင်းပြသနာများ(ဥပမာအူသိမ်နှောင်းပိုင်းလှုပ်မရသောရောဂါ၊အစာအိမ်နဲ့အူသိမ်ဦးပိုင်းကျဉ်းသောရောဂါ၊အစာရေပြွန်အောက်ပိုင်းမပွင့်နိုင်သောရောဂါ၊အူမလှုပ်နိုင်သောရောဂါ)၊ဆီးသွားရခက်ခဲသောရောဂါ(ဥပမာဆီးကျိတ်ရောင်ခြင်း)၊သိုင်းရွိုက်ဂလင်းပုံမှန်ထက်ပိုအလုပ်လုပ်ခြင်း၊အသည်းရောဂါ၊ကျောက်ကပ်ရောဂါ၊သွေးပေါင်ချိန်တက်ခြင်း၊နှလုံးရောဂါနဲ့သွေးကြောရောဂါများ(ဥပမာနှလုံးအလုပ်မလုပ်နိုင်ခြင်း၊နှလုံးသွေးကြောရောဂါ၊နှလုံးခုန်မြန်ခြင်း)၊အစာရေပြွန်ဆိုင်ရာပြသနာများ(ဥပမာGERD)၊အာရုံကြောရောဂါများ(ဥပမာ autonomic neuropathy)၊ဝမ်းလျှောခြင်း၊အသက်ရှူခြင်းဆိုင်ရာပြသနာများ(ဥပမာပန်းနာရင်ကြပ်ရောဂါ)ာအူမကြီးတွင်အနာဖြစ်ပြီးရောင်ရမ်းခြင်းတို့အကြောင်းကိုပြောပြပါ။

ခွဲစိတ်ကုသမှုမခံယူခင်သင့်ရဲ့ဆရာဝန်သို့မဟုတ်သွားဆရာဝန်ကိုသင်ယခုဆေးကိုသုံးနေတဲ့အကြောင်းပြောပြပါ။

ယခုဆေးဟာသင့်ကိုမူးဝေစေခြင်း၊အိပ်ငိုက်စေခြင်းနဲ့အမြင်အာရုံဝေဝါးခြင်းတို့ကိုဖြစ်စေပါတယ်။ အရက်နဲ့ဆေးခြောက်တွေသုံးမယ်ဆိုသင့်ကိုပိုပြီးမူးဝေစေမှာပါ။ အဲဒါကြောင့်သင့်အနေနဲ့ကောင်းကောင်းပြန်ပြီးအလုပ်မလုပ်နိုင်သေးသ၍ကားမမောင်းပါနဲ့။ စက်တွေကိုအသုံးမပြုပါနဲ့။ နောက်ပြီးအမြဲတမ်းနိုးကြားတက်ကြွနေရန်လိုအပ်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့။ အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ သင်ဆေးခြောက်တွေသုံးနေတယ်ဆိုရင်သင့်ဆရာဝန်ကိုပြောပြပါ။

ယခုဆေးဟာသင့်ကိုချွေးထွက်နည်းစေပါတယ်။ အပူလွန်ကဲမှုကြောင့်ရှော့ခ်ရခြင်းကိုကာကွယ်ရန်အတွက်ပူတဲ့ရာသီဥတုအချိန်၊အပူငွေ့လွှတ်ထားတဲ့ရေချိုးခန်းအသုံးပြုစဉ်နဲ့လေ့ကျင့်ခန်းလုပ်တဲ့အချိန်တွေမှာအပူချိန်လွန်ကဲလာမှာကိုရှောင်ကြဉ်ပါ။

ယခုဆေးကိုအသက်ကြီးတဲ့သူတွေမှာသုံးတဲ့အခါသတိထားရပါမယ်အဘယ့်ကြောင့်ဆိုသော်သူတို့တွေအနေနဲ့ဆေးရဲ့ဘေးထွက်ဆိုးကျိုးကိုပိုပြီးရနိုင်သောကြောင့်ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာယခုဆေးကိုမဖြစ်မနေလိုအပ်မှသာသုံးသင့်ပါတယ်။ ဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုဆရာဝန်နဲ့တိုင်ပင်ပါ။

ယခုဆေးဟာမိခင်နို့ရည်ထဲမှာပါလာနိုင်လားဆိုတာကိုမသိရပါဘူး။ ကလေးနို့မတိုက်ခင်ဆရာဝန်နဲ့တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Propantheline ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPropanthelineကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Cလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Propantheline ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ခံတွင်းခြောက်ခြင်း၊ချွေးထွက်နည်းခြင်း၊မူးဝေခြင်း၊အိပ်ငိုက်ခြင်း၊အမြင်ဝေဝါးခြင်း၊သားငယ်အိမ်ကျယ်ခြင်း၊ပျို့ခြင်း၊အန်ခြင်း၊သို့မဟုတ်ဝမ်းချုပ်ခြင်းတွေရနိုင်ပါတယ်။ အဲဒီဆိုးကျိုးတွေမသက်သာပါကသို့မဟုတ်ပိုဆိုးလာပါကဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုချက်ချင်းပြောပြပါ။

သင့်ဆရာဝန်ကသင့်ကိုဒီဆေးပေးပြီဆိုတာသင့်အပေါ်မှာဒီဆေးရဲ့ကောင်းကျိုးတွေကဆိုးကျိုးရနိုင်ခြေတွေထက်ပိုများတယ်ဆိုတာကိုသုံးသပ်ပြီးမှပေးတယ်ဆိုတာကိုတော့သတိရပါ။ ယခုဆေးကိုသုံးနေတဲ့သူတော်တော်များများမှာပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေမခံစားရပါဘူး။

ရှားပါးပြီးပြင်းထန်တဲ့အောက်ပါဘေးထွက်ဆိုးကျိုးတွေခံစားရပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ၊မျက်လုံးနာခြင်း၊နှလုံးခုန်မြန်ခြင်း၊ဆီးသွားရခက်ခြင်း။

ယခုဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းမျိုးကရှားပါတယ်။ ဒါပေမယ့်တကယ်လို့သင့်မှာဆေးနဲ့အပြင်းအထန်ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့အရေပြားမှာအနီကွက်များထွက်ခြင်း၊ယားယံခြင်း၊ဖောရောင်ခြင်း(အထူးသဖြင့်မျက်နှာ၊လျှာနဲ့လည်ချောင်း)၊အလွန်မူးဝေခြင်း၊အသက်ရှူရခက်ခဲခြင်းများရှိပါကဆေးကုသမှုချက်ချင်းခံယူပါ။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Propantheline နဲ့ ဓါတ်ပြုနိုင်သလဲ

ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ပစ္စည်းတွေကတော့antispasmodicsဆေးများ(ဥပမာdicyclomine),belladonnaalkaloidsဆေးများ(ဥပမာscopolamine,atropine),နှလုံးခုန်စည်းချက်မမှန်ခြင်းကိုကုသသောဆေးများ(ဥပမာquinidine),Parkinsonရောဂါကိုကုသသောဆေးများ(ဥပမာbenztropine,trihexyphenidyl),corticosteroidsဆေးများ(ဥပမာprednisone),digoxin(ပျော်ဝင်မှုနှေးသောပုံစံ),အစာအိမ်ရဲ့အက်ဆစ်ဓါတ်ပေါ်မူတည်သောဆေးများ(ဥပမာketoconazole),MAOinhibitorsဆေးများ(isocarboxazid,linezolid,methyleneblue,moclobemide,phenelzine,procarbazine,rasagiline,safinamide,selegiline,tranylcypromine),phenothiazinesဆေးများ(ဥပမာchlorpromazine),ပိုတက်ဆီယမ်ဆေးပြားနဲ့ဆေးတောင့်များpramlintide,tricyclicantidepressantsဆေးများ(ဥပမာamitriptyline)တို့ဖြစ်ကြပါတယ်။

တကယ်လို့သင်ဟာသင့်ကိုအိပ်ငိုက်စေတဲ့အခြားဆေးတွေဥပမာချောင်းဆိုးပျောက်ဆေးများ(ဥပမာcodeine,hydrocodone)၊အရက်၊ဆေးခြောက်၊အိပ်ဆေးများနဲ့စိတ်ဖိစီးမှုကိုလျော့ကျစေသောဆေးများ(ဥပမာalprazolam,lorazepam,zolpidem)၊ကြွက်သားဖြေလျော့ဆေးများ(ဥပမာcarisoprodol,cyclobenzaprine)သို့မဟုတ်antihistamineဆေးများ(ဥပမာcetrizine,diphenhydramine)ကိုသုံးနေတယ်ဆိုရင်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြပါ။

သင်သောက်နေတဲ့ဆေးတွေ(ဥပမာဓါတ်မတည့်ခြင်း၊ချောင်းဆိုးခြင်း၊အအေးမိခြင်းအတွက်ဆေးများ)အားလုံးမှာပါတဲ့ပါဝင်ပစ္စည်းတွေကိုစစ်ဆေးပါ။ အဘယ့်ကြောင့်ဆိုသော်သင့်ကိုအိပ်ငိုက်စေတဲ့ပစ္စည်းတွေပါဝင်နိုင်သောကြောင့်ဖြစ်ပါတယ်။

Propanthelineကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Propantheline နဲ့ ဓါတ်ပြုနိုင်သလား

Propanthelineဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Propantheline နဲ့ ဓါတ်ပြုနိုင်သလဲ

Propanthelineဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Propantheline ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အူလမ်းကြောင်းမှာအနာဖြစ်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

အဓိကသောက်နေတဲ့ဆေးကိုအထောက်အကူပြုရန်အတွက်ကုသခြင်း

ပထမအကြိမ်အတွက်ဆေးပမာဏ:ဆေး၁၅မီလီဂရမ်ကိုအစာမစားခင်နာရီဝက်အလိုတိုင်းမှာသောက်ဆေးအဖြစ်သောက်ပါ။ အိပ်ရာဝင်ချိန်တွင်ဆေး၃၀မီလီဂရမ်သောက်ပါ။(တစ်နေ့ကိုစုစုပေါင်းဆေး၇၅မီလီဂရမ်သောက်ရပါမယ်)

အပျော့စားရောဂါလက္ခဏာရှိတဲ့လူနာတွေနဲ့အရပ်အမောင်းပုတဲ့လူနာတွေမှာဆေး၇.၅မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ရပါမယ်။ အစာမစားခင်မိနစ်၃၀အလိုတိုင်းမှာသောက်ပါ။

အူလမ်းကြောင်းမှာအနာဖြစ်ခြင်းအတွက်သက်ကြီးရွယ်အိုများသောက်ရန်ဆေးပမာဏ

အဓိကသောက်နေတဲ့ဆေးကိုအထောက်အကူပြုရန်အတွက်ကုသခြင်း

ပထမအကြိမ်အတွက်ဆေးပမာဏ:ဆေး၇.၅မီလီဂရမ်ကိုအစာမစားခင်နာရီဝက်အလိုတိုင်းမှာသောက်ဆေးအဖြစ်တစ်နေ့သုံးကြိမ်သောက်ပါ။

ကျောက်ကပ်အတွက်ဆေးပမာဏထိန်းညှိခြင်း

ဆေးထုတ်လုပ်သူကယခုဆေးကိုကျောက်ကပ်ရောဂါရှိတဲ့သူတွေကိုပေးတဲ့အခါသတိထားဖို့ညွှန်ကြားထားပါတယ်။

အသည်းအတွက်ဆေးပမာဏထိန်းညှိခြင်း

ဆေးထုတ်လုပ်သူကယခုဆေးကိုအသည်းရောဂါရှိတဲ့သူတွေကိုပေးတဲ့အခါသတိထားဖို့ညွှန်ကြားထားပါတယ်။

ဆေးပမာဏထိန်းညှိခြင်း

လူနာတစ်ယောက်ချင်းစီရဲ့တုံ့ပြန်မှုနဲ့ခံနိုင်ရည်ပေါ်မူတည်ပြီးဆေးပမာဏထိန်းညှိခြင်းကိုပြုလုပ်သင့်ပါတယ်။

သတိပြုရမည့်အရာများ

Propanthelineကိုရေတိမ်ရောဂါရှိသူတွေ၊အစာအိမ်နဲ့အူလမ်းကြောင်းမှာပိတ်ဆို့နေတဲ့ရောဂါရှိသူတွေ၊ဆီးလမ်းကြောင်းပိတ်ဆို့သူတွေ၊အသက်ကြီးသူတွေ၊ကောင်းကောင်းမလှုပ်ရှားနိုင်တဲ့သူတွေမှာအူမလှုပ်တဲ့ရောဂါ၊ပြင်းပြင်းထန်ထန်အူမှာအနာဖြစ်ပြီးရောင်ရမ်းခြင်း၊အူမကြီးအရွယ်အစားကြီးလာပြီးအဆိပ်သင့်ခြင်းနဲ့နောက်ဆက်တွဲအနာဖြစ်ပြီးရောင်ရမ်းခြင်း၊ရုတ်တရက်သွေးထွက်ခြင်းအခြေအနေမှာနှလုံးသွေးကြောဆိုင်ရာများမတည်ငြိမ်ခြင်းနဲ့myasthenia gravis ရောဂါရှိသူတွေမှာဆေးအသုံးပြုခြင်းကိုတားမြစ်ထားပါတယ်။

Propanthelineကိုအသက်ကြီးသူတွေနဲ့autonomic neuropathyရောဂါ၊သိုင်းရွိုက်ဂလင်းပုံမှန်ထက်ပိုအလုပ်လုပ်သောရောဂါ၊နှလုံးသွေးကြောရောဂါ၊နှလုံးအလုပ်မလုပ်သောရောဂါ၊နှလုံးခုန်မြန်ပြီးစည်းချက်မမှန်သောရောဂါ၊သွေးတိုးရောဂါ၊reflux oesophagits ရောဂါနဲ့တွဲနေတဲ့hiatal hernia ရောဂါရှိတဲ့လူနာတွေမှာသတိနဲ့အသုံးပြုသင့်ပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်းမှာရှိတဲ့ကြွက်သားတွေဖြေလျော့အောင်လုပ်တဲ့ဆေးတွေဟာပြင်းထန်တဲ့anticholinergicဆေးတွေဖြစ်သောကြောင့်propanthelineဟာBeers criteria အရအသက်အရွယ်ကြီးသူတွေမှာမသုံးသင့်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။

ဆေးပမာဏကိုပိုသုံးတဲ့အခါcurare-like action တွေလို့ခေါ်တဲ့ကြွက်သားတွေအားနည်းခြင်းနဲ့မလှုပ်ရှားနိုင်တာတွေရတတ်ပါတယ်။

အခြားရှင်းလင်းအကြံပြုချက်များ

Propanthelineသည်အိပ်ငိုက်ခြင်းနဲ့အမြင်အာရုံဝေဝါးခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ လူနာတွေအနေနဲ့ယခုဆေးသောက်နေစဉ်မှာစိတ်နိုးကြားဖို့လိုအပ်တဲ့အလုပ်တွေ(ဥပမာစက်ပစ္စည်းတစ်ခုမောင်းခြင်း၊အန္တရာယ်ရှိတဲ့အလုပ်များလုပ်ခြင်း)လုပ်ရင်သတိထားဖို့လိုအပ်ပါတယ်။

ကလေးတွေအတွက် Propantheline ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာတွေအတွက်ဆေးပမာဏသတ်မှတ်ထားခြင်းမရှိသေးပါ။ သင့်ကလေးအတွက်ဆေးဟာဘေးမကင်းနိုင်ပါဘူး။ ဆေးကိုမသုံးခင်ဆေးရဲ့ဘေးကင်းမှုကိုအပြည့်အဝနားလည်ထားဖို့အရေးကြီးပါတယ်။ အသေးစိတ်အတွက်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။

Propantheline ကိုဘယ်လိုရရှိနိုင်သလဲ

Propanthelineဆေးကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြားပုံစံ
  • ဆေးမှုန့်ပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Propanthelineဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement