Generic Name: Promethazine (ပရိုမီတာဇင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Promethazine (ပရိုမီတာဇင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Promethazine ကို အချို့သော အခြေအနေများ (ဥပမာ။   ။ ခွဲစိတ်ပြီးနောက်၊ ကားမူးခြင်း) နှင့် ဆက်စပ်သော ပျို့အန်ခြင်းများကို ကုသရန်သုံးသည်။ Promethazine ကို အသက်အန္တရာယ်ဖြစ်စေနိုင်သော ပြင်းထန်သည့်ဓာတ်မတည့်မှုများ သို့မဟုတ် သွေးမှားသွင်းမိခြင်းစသည့် အခြေအနေများတွင်လည်း အသုံးပြုသည်။အခြားသော ဆေးများကို ပါးစပ်မှ မသောက်နိုင်သည့် သာမန်ဓာတ်မတည့်မှု အခြေအနေများတွင်လည်း Promethazine ကို ထိုးဆေးအဖြစ် သုံးနိုင်သည်။Promethazine ကို ခွဲစိတ်မှု သို့မဟုတ် အချို့သော ဆေးကုသမှုလုပ်ငန်းစဉ်များ မလုပ်မီ/လုပ်ပြီး နှင့် မီးဖွားခြင်းများတွင်

  • လူနာကို တည်ငြိမ်မှုရှိစေရန်
  • ပျို့အန်ခြင်းကို ကာကွယ်ရန်
  • အနာသက်သာရန်ပေးသော ဆေးများ၏ အာနိသင်ကို ပိုထက်မြက်စေရန် ရည်ရွယ်ပြီး ပေးသည်။

Promethazine သည် antihistamine အုပ်စုဝင်ဆေးအမျိုးအစား ဖြစ်သည်။Promethazine သည် histamine ဟုခေါ်သော ဓာတ်မတည့်မှုကို ဖြစ်စေသည့် ပစ္စည်းတမျိုးကို ပိတ်ဆို့တားဆီးပေးခြင်းဖြင့် အာနိသင်ပြသည်။အခြားသော ခန္တာကိုယ်အတွင်းရှိ သဘာဝပစ္စည်းများ(ဥပမာ။   ။ Acetylcholine)ကို ဝင်ရောက်နှောင့်ယှက်ခြင်း သို့မဟုတ် ဦးနှောက်၏ အချို့ အစိတ်အပိုင်းများ အပေါ်တိုက်ရိုက် အာနိသင် သက်ရောက်ခြင်းဖြင့် Promethazine ၏ အခြားသော အကျိုးသက်ရောက်မှုများ(ဥပမာ။   ။ပျို့အန်ခြင်းကို ကုသပေးနိုင်ခြင်း၊အနာသက်သာစေခြင်း၊စိတ်တည်ခြင်း စေခြင်း စသည်)ကို ရရှိစေပါသည်။

Promethazine ကို ၂ နှစ်အောက် ကလေးများတွင် မသုံးရပါ။

Promethazine (ပရိုမီတာဇင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Promethazine ကို အသားထိုးဆေးအဖြစ် ကြွက်သားထဲ နက်နက်ထိုးပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ သွေးကြောအကြီးများထဲ(လက်နှင့် လက်ကောက်ဝတ်ရှိ သွေးကြောများမပါ)သို့လည်း အကြောထိုးဆေးအဖြစ် ကျွမ်းကျင်သူမှ သွင်းနိုင်သည်။အရေပြားအောက် သို့မဟုတ် သွေးလွှတ်ကြောထဲသို့ မထိုးရပါ။အသေးစိတ် ထပ်မံသိရှိလိုလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူများနှင့် ဆွေးနွေးပါ။

ဆေးပမာဏ အနည်အများ နှင့် ဆေးထိုးရမည့် အကြိမ်ရေသည် သင်၏ အသက်၊ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ လိုအပ်လျှင် နောက်တခါ ထပ်ထိုးနိုင်သည် (အများအားဖြင့် ၄ နာရီခြားထိုးလေ့ရှိသည်)။

အကယ်၍ သင်သည် Promethazine ကို အိမ်တွင် အသုံးပြုမည်ဆိုပါက အသုံးပြုရာတွင် လိုက်နာရမည့် လမ်းညွှန်ချက်များကို သင့်ဆရာဝန်ထံမှ သေချာစွာမှတ်သားပါ။အသုံးမပြုမီ ဆေးတွင် အမှုန်များပါနေခြင်း သို့မဟုတ် အရောင်ပြောင်းနေခြင်းများ ရှိမရှိစစ်ဆေးပြီး အထက်ပါ အချက်တခုခု ရှိနေပါက ဆေးကို အသုံးမပြုပါနှင့်။Promethazine ကို မည်သို့လုံခြုံစိတ်ချစွာ သိုလှောင်ရမည် သို့မဟုတ် စွန့်ပစ်ရမည်ကို သေချာစွာ မှတ်သားလေ့လာပါ။

ရောဂါအခြေအနေ မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ထံ အကြောင်းကြားပါ။

Promethazine (ပရိုမီတာဇင်း) ဘယ်လိုသိမ်းဆည်းရမလဲ

(aယဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Promethazine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Promethazine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Promethazine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Promethazine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Promethazine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Promethazine (ပရိုမီတာဇင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။Promethazine  ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။

—>ဓာတ်မတည့်ခြင်း

Promethazine  ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

ကလေးများတွင် အသက်ပေါ်မူတည်၍ Promethazine  ထိုးဆေး ၏ အာနိသင်ကွာခြားခြင်း ရှိမရှိကို လုံလောက်သော လေ့လာစမ်းသပ်မှုများ မပြုလုပ်ရသေးပါ။ အသက်ရှုရပ်သွားနိုင်သည့် အန္တရာယ်ရှိသဖြင့် Promethazine  ကို ၂ နှစ်အောက်ကလေးများတွင် အသုံးမပြုပါ။အသက် ၂ နှစ်အထက်ကလေးများကို Promethazine  ပေးမည်ဆိုလျှင်လည်း အထူးသတိထာပြီးပေးသင့်သည်။

—>သက်ကြီးရွယ်အိုများ

လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Promethazine  ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။သို့သော် အသက်ကြီးသူများတွင် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေပိုများသည့်အပြင် အသက်အရွယ်ကြောင့်ဖြစ်သည့် နှလုံးရောဂါများ၊ နှလုံးသွေးကြော ပြဿနာများ ၊ဆီးကျိတ်ပြဿနာများ စသည်တို့ရှိနေနိုင်သဖြင့် Promehtazine  ဆေး၏ ဆေးပမာဏကို ဂရုတစိုက်ချိန်ဆရန် လိုအပ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Promethazine (ပရိုမီတာဇင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

 

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Promethazine (ပရိုမီတာဇင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Promethazine သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

  • မျက်လုံး၊နှုတ်ခမ်း၊လျှာ၊မျက်နှာ၊လက်မောင်း နှင့်ခြေထောက် တို့ အကြောလိုက်ခြင်း။
  • လက်၊ခြေတို့ မချုပ်ထိန်းနိုင်အောင် တုန်ခါခြင်း၊သွားရည်ကျခြင်း၊မြိုချရခက်ခြင်း၊လမ်းကို တဖြောင့်တည်း မလျှောက်နိုင်ခြင်း၊ခန္တာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း။
  • ဂဏှာမငြိမ်ဖြစ်ခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း။
  • အဖျားကြီးခြင်း၊ကြွက်သားများ မာတင်းနေခြင်း၊စိတ်ရှုပ်ထွေးခြင်း၊ချွေးပျံခြင်း၊နှလုံးခုန်မမှန်ခြင်း၊မြန်ခြင်း။
  • မေ့လဲတော့မယောင်ခံစားရခြင်း။
  • တက်ခြင်း။
  • အသားရေ ဖြူဖျော့ခြင်း၊သွေးထွက်လွယ်ခြင်း၊သွေးခြေဥလွယ်ခြင်း၊လည်ချောင်းနာခြင်း၊တုပ်ကွေးလက္ခဏာများ ပြခြင်း။
  • ညဖက် အမြင်အာရုံအားနည်းခြင်း၊မိမိရှေ့တည့်တည့်တွင်ရှိသော အရာဝတ္ထုများကို သာ မြင်ရခြင်း၊မျက်ရည်များ ကျနေခြင်း၊အလင်းရောင်ကို မခံနိုင်ခြင်း။
  • ထင်ယောင်ထင်မှားဖြစ်ခြင်း (အမှန်တကယ်မရှိသည်များကို မြင်နေကြားနေရခြင်း)။
  • ပျို့ခြင်း၊ဗိုက်နာခြင်း၊အနီစက်များထွက်ခြင်း၊အသားဝါခြင်း။
  • ဆီးနည်းသွားခြင်း သို့မဟုတ် လုံးဝမသွားတော့ခြင်း။
  • ဖျားပြီး အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်း၊အကျိတ်များ ရောင်ခြင်း၊ကြွက်သားများ နာကျင်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊အန်ခြင်း၊မူမမှန်သော အတွေးများ အမူအကျင့်များ ပေါ်လာခြင်း၊အသားအရေအရောင် မမှန်ခြင်း။
  • နှလုံးခုန်နှေးခြင်း၊သွေးခုန်နှုန်းအားနည်းခြင်း၊သတိလစ်ခြင်း၊အသက်ရှုနှေးခြင်း(အသက်ရှုပင်ရပ်သွားနိုင်သည်)။

 

သာမန်ဘေးထွက်လက္ခဏာများမှာ

  • မူးဝေထိုင်းမှိုင်းလေးလံခြင်း၊စိုးရိမ်ပူပန်မှုများခြင်း။
  • အမြင်ဝေဝါးခြင်း၊အာခြောက်ခြင်း၊နှာပိတ်ခြင်း။
  • နားထဲတွင် ဆူဆူညံညံ အသံများ ကြားနေရခြင်း။
  • ခြေ၊လက်များ ဖောရောင်ခြင်း၊ကိုယ်အလေးချိန်တက်ခြင်း။
  • မြုံခြင်း၊လိင်ဆက်ဆံရာတွင် အထွတ်အထိပ်သို့ မရောက်နိုင်ခြင်း။
  • ဝမ်းချုပ်ခြင်း။

 

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Promethazine (ပရိုမီတာဇင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Promethazine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Promethazine ကိုအသုံးမပြုသင့်ပါဘူး။သင့်ဆရာဝန် အနေနဲ့ Promethazine ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

  • Cisapride

 

  • Dronedarone

 

  • Grepafloxacin

 

  • Mesoridazine

 

  • Metoclopramide

 

  • Pimozide

 

  • Piperaquine

 

  • Sodium Oxybate

 

  • Sparfloxacin

 

  • Thioridazine

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Promethazine နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

  • Acrivastine

 

  • Alfuzosin

 

  • Amiodarone

 

  • Amitriptyline

 

  • Amoxapine

 

  • Anagrelide

 

  • Apomorphine

 

  • Aripiprazole

 

  • Arsenic Trioxide

 

  • Asenapine

 

  • Astemizole

 

  • Azithromycin

 

  • Buprenorphine

 

  • Bupropion

 

  • Buserelin

 

  • Carbinoxamine

 

  • Chloroquine

 

  • Chlorpromazine

 

  • Ciprofloxacin

 

  • Citalopram

 

  • Clarithromycin

 

  • Clomipramine

 

  • Clozapine

 

  • Crizotinib

 

  • Dabrafenib

 

  • Dasatinib

 

  • Delamanid

 

  • Desipramine

 

  • Deslorelin

 

  • Disopyramide

 

  • Dofetilide

 

  • Dolasetron

 

  • Domperidone

 

  • Droperidol

 

  • Erythromycin

 

  • Escitalopram

 

  • Fentanyl

 

  • Fingolimod

 

  • Flecainide

 

  • Fluconazole

 

  • Fluoxetine

 

  • Gatifloxacin

 

  • Gemifloxacin

 

  • Gonadorelin

 

  • Goserelin

 

  • Granisetron

 

  • Halofantrine

 

  • Haloperidol

 

  • Histrelin

 

  • Hydrocodone

 

  • Hydromorphone

 

  • Ibutilide

 

  • Iloperidone

 

  • Imipramine

 

  • Isradipine

 

  • Ivabradine

 

  • Ketoconazole

 

  • Lapatinib

 

  • Leuprolide

 

  • Levofloxacin

 

  • Levorphanol

 

  • Lithium

 

  • Lopinavir

 

  • Lumefantrine

 

  • Meclizine

 

  • Mefloquine

 

  • Methadone

 

  • Metrizamide

 

  • Metronidazole

 

  • Mifepristone

 

  • Morphine

 

  • Morphine Sulfate Liposome

 

  • Moxifloxacin

 

  • Nafarelin

 

  • Nilotinib

 

  • Norfloxacin

 

  • Nortriptyline

 

  • Octreotide

 

  • Ofloxacin

 

  • Ondansetron

 

  • Oxycodone

 

  • Oxymorphone

 

  • Paliperidone

 

  • Pazopanib

 

  • Pentamidine

 

  • Perflutren Lipid Microsphere

 

  • Posaconazole

 

  • Procainamide

 

  • Procarbazine

 

  • Prochlorperazine

 

  • Propafenone

 

  • Protriptyline

 

  • Quetiapine

 

  • Quinine

 

  • Ranolazine

 

  • Salmeterol

 

  • Saquinavir

 

  • Sevoflurane

 

  • Sodium Phosphate

 

  • Sodium Phosphate, Dibasic

 

  • Sodium Phosphate, Monobasic

 

  • Solifenacin

 

  • Sorafenib

 

  • Sotalol

 

  • Sunitinib

 

  • Suvorexant

 

  • Tapentadol

 

  • Telavancin

 

  • Telithromycin

 

  • Terfenadine

 

  • Tetrabenazine

 

  • Toremifene

 

  • Tramadol

 

  • Trifluoperazine

 

  • Trimipramine

 

  • Triptorelin

 

  • Umeclidinium

 

  • Vandetanib

 

  • Vardenafil

 

  • Vemurafenib

 

  • Voriconazole

 

  • Ziprasidone

 

  • Zolpidem

အောက်ဖော်ပြပါ ဆေးများသည် Promethazine ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

  • Belladonna

 

  • Belladonna Alkaloids

 

  • Betel Nut

 

  • Evening Primrose

 

  • Meperidine

 

  • Midodrine

 

  • Perampanel

 

  • Phenylalanine

အစားအသောက်တွေနဲ့ အရက်က Promethazine (ပရိုမီတာဇင်း) နဲ့ ဓာတ်ပြုနိုင်သလား

Promethazine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Promethazine (ပရိုမီတာဇင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

  • Promethazine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
  • ဦးနှောက်ရောဂါရှိခြင်း သို့မဟုတ် ဦးနှောက်ထိခိုက်ဖူးခြင်း။
  • အဆုတ်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများရှိခြင်း။(ပန်းနာရင်ကြပ်၊COPD စသည်)။
  • ကိုမာဝင်နေလျှင် (မေ့မြောနေလျှင်)။
  • အိပ်နေစဉ် အသက်ရှုရပ်သွားတတ်သည့် ရာဇဝင်ရှိခြင်း ——-> ဤလူနာမျိုးတွင် အသုံးမပြုသင့်။
  • ဆီးအိမ်လည်ဝတွင် ပိတ်ဆို့ခြင်း။
  • ရိုးတွင်းချဉ်ဆီဆိုင်ရာ ရောဂါများရှိခြင်း (ဥပမာ။ ။ agranulocytosis, leukopenia)
  • ဆီးကျိတ်ကြီးခြင်း။
  • ရေတိမ်ရှိခြင်း။
  • နှလုံး သို့မဟုတ် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများရှိခြင်း။
  • အူပိတ်ခြင်း။
  • အသည်းရောဂါများရှိခြင်း (အသားဝါခြင်း အပါအဝင်)။
  • Neuroleptic malignant syndrome ဖြစ်ဖူးခြင်း။
  • အသက်ရှုနှေးခြင်း။
  • အစာအိမ် အနာရှိခြင်း။
  • ဆီးလမ်းကြောင်းပိတ်ခြင်း သို့မဟုတ် ဆီးသွားရခက်ခြင်း ——–> ရောဂါအခြေအနေကို ပိုဆိုးစေနိုင်၍ သတိနှင့်သုံးပါ။
  • အတက်ရောဂါရှိခြင်း ——> အတက်ရောဂါကို ပို၍ ခံစားရမည်ဖြစ်သည် (အထူးသဖြင့် အနာသက်သာဆေး၊ထုံဆေးများ သုံးစွဲနေရသူများတွင်)။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Promethazine (ပရိုမီတာဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပြင်းထန်သော ဓာတ်မတည့်ခြင်းအတွက်

—–>၂၅မီလီဂရမ်ကို အကြော သို့မဟုတ် အသားထိုးဆေးအဖြစ်ပေးပြီး ဆေးအာနိသင်တုန့်ပြန်မှုရှိမရှိကို သေချာစွာ အနီးကပ် စောင့်ကြည့်ရမည်။လိုအပ်လျှင် ၂နာရီအတွင်း နောက်ထပ် ထိုးပေးနိုင်သည်။လိုအပ်သေးလျှင် ပါးစပ်မှ သောက်နိုင်သည်နှင့် သောက်ဆေးကို ဆက်လက်ပေးရမည်။

သောက်ဆေး——>၂၅ မီလီဂရမ်ကို တကြိမ်ပေးရမည်။လိုအပ်လျှင် လေးနာရီခြား တခါစီ ထပ်မံပေးနိုင်သည်။

စအိုထည့်ဆေးတောင့် ——–> ၂၅ မီလီဂရမ် ကို စအိုထဲ တကြိမ်ထည့်ရမည်။လိုအပ်လျှင် လေးနာရီခြား တခါစီ ထပ်မံပေးနိုင်သည်။

သာမန် ဓာတ်မတည့်ခြင်းအတွက်

—-> သောက်ဆေး သို့မဟုတ် စအိုထည့်ဆေးတောင့် ——> ၁၂.၅မီလီဂရမ်ကို အစာမစားမီအချိန်များတွင်၎င်း၊ (လိုအပ်လျှင်) ၂၅ မီလီဂရမ်ကို ညအိပ်ယာဝင်ချိန်တွင်၎င်း ပေးရမည်။

(သို့မဟုတ်) ညအိပ်ယာဝင်ချိန်တွင် ၂၅ မီလီဂရမ် တကြိမ်တည်းပေးနိုင်သည်။

(သို့မဟုတ်)၆.၂၅ – ၁၂.၅ မီလီဂရမ်ကို နေ့စဉ် တနေ့၃ကြိမ် ပေးနိုင်သည်။

ဓာတ်မတည့်ခြင်းကြောင့် ဖြစ်သော နှာရည်ယိုခြင်းအတွက်

——–>၂၅မီလီဂရမ်ကို အကြော သို့မဟုတ် အသားထိုးဆေးအဖြစ်ပေးပြီး ဆေးအာနိသင်တုန့်ပြန်မှုရှိမရှိကို သေချာစွာ အနီးကပ် စောင့်ကြည့်ရမည်။လိုအပ်လျှင် ၂နာရီအတွင်း နောက်ထပ် ထိုးပေးနိုင်သည်။လိုအပ်သေးလျှင် ပါးစပ်မှ သောက်နိုင်သည်နှင့် သောက်ဆေးကို ဆက်လက်ပေးရမည်။

သောက်ဆေး——>၂၅ မီလီဂရမ်ကို ညအိပ်ယာဝင်ချိန်တွင် တကြိမ်ပေးရမည်။ (သို့မဟုတ်) histamine ကို တားဆီးသည့် အာနိသင် ရရှိရန်အတွက် ညစာမစားမီ ၁၂.၅မီလီဂရမ်သောက်ပြီး အိပ်ယာမဝင်မီ ၁၂.၅ မီလီဂရမ်ကို ထပ်မံသောက်ရမည်။

စအိုထည့်ဆေးတောင့် ——–> ၂၅ မီလီဂရမ် ကို စအိုထဲ ညအိပ်ယာဝင်ချိန်တွင် တကြိမ်ထည့်ရမည်။ (သို့မဟုတ်) histamine ကို တားဆီးသည့် အာနိသင် ရရှိရန်အတွက် ညစာမစားမီ ၁၂.၅မီလီဂရမ်ထည့်ပြီး အိပ်ယာမဝင်မီ ၁၂.၅ မီလီဂရမ်ကို ထပ်မံထည့်ရမည်။

ဓာတ်မတည့်ခြင်းကြောင့် ဖြစ်သော နှာရည်ယိုခြင်းအတွက် promethazine ကို ကာလကြာရှည်အသုံးပြုပါက စိတ်ချရမှုရှိမရှိ မသိရပါ။

အိပ်ဆေးအာနိသင် အပျော့စား ရရှိရန်အတွက်

——–>၂၅မီလီဂရမ်ကို အကြော သို့မဟုတ် အသားထိုးဆေးအဖြစ်ပေးပြီး ဆေးအာနိသင်တုန့်ပြန်မှုရှိမရှိကို သေချာစွာ အနီးကပ် စောင့်ကြည့်ရမည်။လိုအပ်သော အာနိသင်ကို ရရှိရန် ၅၀မီလီဂရမ် အထိ ထပ်မံပေးနိုင်သည်။

သောက်ဆေး——>၂၅ မီလီဂရမ်ကို တကြိမ်ပေးရမည်။ လိုအပ်သော အာနိသင်ကို ရရှိရန် ၅၀မီလီဂရမ် အထိ ထပ်မံပေးနိုင်သည်။

စအိုထည့်ဆေးတောင့် ——–>၂၅ မီလီဂရမ်ကို တကြိမ်ပေးရမည်။ လိုအပ်သော အာနိသင်ကို ရရှိရန် ၅၀မီလီဂရမ် အထိ ထပ်မံပေးနိုင်သည်။

ကားမူးခြင်းအတွက်

—-> သောက်ဆေး သို့မဟုတ် စအိုထည့်ဆေးတောင့် ——>၂၅မီလီဂရမ်ကို စတင်မထွက်ခွါမီ မိနစ် သုံးဆယ်မှ ခြောက်ဆယ်အတွင်း ကြိုတင်သုံးစွဲရမည်။လိုအပ်ပါက ၁၂နာရီခြားတခါ ထပ်သုံးနိုင်သည်။

ပျို့အန်ခြင်းအတွက်

—–> သောက်ဆေး၊အသားထိုးဆေး၊အကြောထိုးဆေး သို့မဟုတ် စအိုထည့်ဆေးတောင့် ——> ၁၂.၅ -၂ ၅ မီလီဂရမ်ကို လေးနာရီခြား သို့မဟုတ် ခြောက်နာရီခြားတခါ လိုအပ်သလို ပေးနိုင်သည်။

Opiate ဆေးများ၏ အာနိသင်ကို အားပေးရန်အတွက်

——-> သောက်ဆေး၊အသားထိုးဆေး၊အကြောထိုးဆေး သို့မဟုတ် စအိုထည့်ဆေးတောင့် ——> ၂၅ – ၅၀ မီလီဂရမ်ကို လေးနာရီခြား တခါ Opiate ဆေးများ၏ အာနိသင်ကို ပိုမိုထက်မြက်စေရန်အတွက် လိုအပ်သလို ပေးနိုင်သည်။

အင်ပြင်ထခြင်းအတွက်

——–>၂၅မီလီဂရမ်ကို အကြော သို့မဟုတ် အသားထိုးဆေးအဖြစ်ပေးပြီး ဆေးအာနိသင်တုန့်ပြန်မှုရှိမရှိကို သေချာစွာ အနီးကပ် စောင့်ကြည့်ရမည်။လိုအပ်လျှင် ၂နာရီအတွင်း နောက်ထပ် ထိုးပေးနိုင်သည်။လိုအပ်သေးလျှင် ပါးစပ်မှ သောက်နိုင်သည်နှင့် သောက်ဆေးကို ဆက်လက်ပေးရမည်။

သောက်ဆေး——>၂၅ မီလီဂရမ်ကို ညအိပ်ယာဝင်ချိန်တွင် တကြိမ်ပေးရမည်။ (သို့မဟုတ်) histamine ကို တားဆီးသည့် အာနိသင် ရရှိရန်အတွက် ညစာမစားမီ ၁၂.၅မီလီဂရမ်သောက်ပြီး အိပ်ယာမဝင်မီ ၁၂.၅ မီလီဂရမ်ကို ထပ်မံသောက်ရမည်။

စအိုထည့်ဆေးတောင့် ——–> ၂၅ မီလီဂရမ် ကို စအိုထဲ ညအိပ်ယာဝင်ချိန်တွင် တကြိမ်ထည့်ရမည်။ (သို့မဟုတ်) histamine ကို တားဆီးသည့် အာနိသင် ရရှိရန်အတွက် ညစာမစားမီ ၁၂.၅မီလီဂရမ်ထည့်ပြီး အိပ်ယာမဝင်မီ ၁၂.၅ မီလီဂရမ်ကို ထပ်မံထည့်ရမည်။

အိပ်ဆေးအာနိသင်အတွက်

——-> သောက်ဆေး၊အသားထိုးဆေး၊အကြောထိုးဆေး သို့မဟုတ် စအိုထည့်ဆေးတောင့် ——> ၂၅ – ၅၀ မီလီဂရမ်

ချာချာလည်မူးခြင်းအတွက်

—>ရုတ်တရက် ချာချာလည်မူးခြင်း<——-

ကနဦးဆေးပမာဏ ——-> သောက်ဆေး၊အသားထိုးဆေး၊အကြောထိုးဆေး သို့မဟုတ် စအိုထည့်ဆေးတောင့် ——> ၂၅  မီလီဂရမ်

ဆက်လက်ထိန်းထားရန် ဆေးပမာဏ ——>  ၁၂.၅ -၂ ၅ မီလီဂရမ်ကို လေးနာရီခြား သို့မဟုတ် ရှစ်နာရီခြားတခါ လိုအပ်သလို ပေးနိုင်သည်။

တစ်နေ့တာ အတွက်အများဆုံးပေးနိုင်သော ပမာဏမှာ ၇၅မီလီဂရမ် ဖြစ်ပါသည်။

 

ကလေးတွေအတွက် Promethazine (ပရိုမီတာဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

သာမန်ဓာတ်မတည့်ခြင်းအတွက်

၂နှစ်နှင့် အထက်ကလေးများ ——> သောက်ဆေး သို့မဟုတ် စအိုထည့်ဆေးတောင့် ——->နေ့ဖက်တွင် 0.1mg/kg/dose ကို ခြောက်နာရီခြားတခါ နှင့် အကယ်၍လိုအပ်ပါက 0.5mg/kg/dose ကိုညအိပ်ယာဝင်ချိန်တွင် ပေးနိုင်သည်။

 

ကားမူးခြင်းအတွက်

၂နှစ်နှင့် အထက်ကလေးများ ——> သောက်ဆေး သို့မဟုတ် စအိုထည့်ဆေးတောင့် ——-> 0.5mg/kg/dose (၂၅မီလီဂရမ်ထက် မပိုရ) ကို စတင်မထွက်ခွါမီ နာရီဝက်မှ တနာရီအလိုတွင် သုံးစွဲနိုင်သည်။ထို့နောက် ထပ်မံလိုအပ်လျှင် ၁၂နာရီခြားတခါ ပေးနိုင်သည်။

ပျို့အန်ခြင်းအတွက်

၂နှစ်နှင့် အထက်ကလေးများ  ——-> သောက်ဆေး၊အသားထိုးဆေး၊အကြောထိုးဆေး သို့မဟုတ် စအိုထည့်ဆေးတောင့် ——>  0.25 – 1 mg/kg/dose (၂၅မီလီဂရမ်ထက် မပိုရ) ကို တနေ့လျှင် ၄ခါမှ ၆ခါအထိ လိုအပ်သလိုပေးနိုင်သည်။

အိပ်ဆေးအာနိသင်အတွက်

၂နှစ်နှင့် အထက်ကလေးများ  ——-> သောက်ဆေး၊အသားထိုးဆေး၊အကြောထိုးဆေး သို့မဟုတ် စအိုထည့်ဆေးတောင့် ——>  0.5 – 1 mg/kg/dose (၂၅မီလီဂရမ်ထက် မပိုရ) ကို ခြောက်နာရီခြားတခါ လိုအပ်သလိုပေးနိုင်သည်။

Opiate ဆေးများ၏ အာနိသင်ကို အားပေးရန်အတွက်

၂နှစ်နှင့် အထက်ကလေးများ  ——->အသားထိုးဆေး သို့မဟုတ် အကြောထိုးဆေး —–>1.1mg/kg ကို အနာသက်သာဆေး၊အိပ်ဆေး၊atropine ကဲ့သို့သော ဆေးများဖြင့်ပေါင်းပြီး တကြိမ်ပေးနိုင်သည်။

ကလေးများတွင် သုံးသော Promethazine ၏ ပမာဏသည် လူကြီးများတွင် အသုံးပြုသည့် ပမာဏ၏ တဝက်ထက် မပိုရ။

Promethazine (ပရိုမီတာဇင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Promethazine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြား : 12.5mg ; 25mg ; 50mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

 

ဆေးလွန်သည့်လက္ခဏာများမှာ

  • အသက်ရှုရခက်ခြင်း၊အသက်ရှုနှေးခြင်း၊ရပ်သွားခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း။
  • သတိလစ်ခြင်း။
  • နှလုံးခုန်မြန်ခြင်း။
  • ကြွက်သားများ မာတောင့်နေသဖြင့် မလှုပ်ရှားနိုင်ခြင်း။
  • ခန္တာကိုယ်အစိတ်အပိုင်းများနှင့် ဦးနှောက်အာရုံကြောအဖွဲ့အစည်းတို့ကြား ဟန်ချက်ညီညီ ဆောင်ရွက်နိုင်စွမ်း ပျက်စီးခြင်း။
  • ခြေ၊လက်များ အကြောလိုက်ခြင်း။
  • အာခြောက်ခြင်း။
  • သားငယ်အိမ်ကျယ်ခြင်း။
  • ပူနွေးနီရဲလာခြင်း။
  • ပျို့ခြင်း။
  • ဝမ်းချုပ်ခြင်း။
  • ပုံမှန်မဟုတ်သော စိတ်လှုပ်ရှားခြင်း သို့မဟုတ် ဒေါသဖြစ်လွယ်ခြင်း။
  • အိပ်မက်ဆိုးများ မက်ခြင်း။

 

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Promethazine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဩဂုတျ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ