backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Progestogel ( ပရိုဂျက်စ်တိုဂျဲလ်)


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Progestogel ( ပရိုဂျက်စ်တိုဂျဲလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Progestogelဆိုတာ ပရိုဂျက်စတီရုန်း (progestrone) ဟော်မုန်းပါတဲ့ မအင်္ဂါအတွက်အသုံးပြုတဲ့ ဂျယ်လ်အမျိုးအစားဖြစ်ပါတယ်။ အဓိကအသုံးပြုတာတွေကတော့ :

– မီးယပ်သွေးမပေါ်လာသောအမျိုးသမီးများကိုကုသခြင်း

– ရောဂါ, သို့မဟုတ်အခြားအကြောင်းကြောင့်မီးယပ်သွေးမပေါ်လာသောရောဂါများကို ကုသခြင်း

– ဟော်မုန်းနည်းခြင်းကြောင့် မြံှနေသဖြင့် မျိုးပွားနည်းပညာအသုံးပြု၍ ကုသမှုခံယူနေသူကို အမျိုးသမီးတွေအတွက်အဓိက အစားထိုး progestrone ဟော်မုန်းအတွက် သုံးစွဲကြပါတယ်။

Progestogel ( ပရိုဂျက်စ်တိုဂျဲလ်) ဘယ်လိုသောက်သုံးသင့်သလဲ

သင့်ဆရာဝန်ရဲ့ ညွှန်ကြားအတိုင်း ဂျယ်လ်ကိုသုံးပါ။ အတိအကျညွှန်ကြားချက်များအတွက် ဆေးဝါးတံဆိပ်ကို စစ်ဆေးပါ။

Progestogel ( ပရိုဂျက်စ်တိုဂျဲလ်) ဘယ်လိုသိမ်းဆည်းရမလဲ

Progestogel ကို အကောင်းဆုံးထိန်သိမ်းနည်းကတော့ တိုက်ရိုက်အလင်းနှင့်အစိုဓါတ်ထိတွေ့မှု မရှိပဲ အခန်းအပူချိန်မှာသိမ်းဆည်းထားခြင်းဖြစ်သည်။ ဆေးထိခိုက်ပျက်စီးမှုမှကာကွယ်ရန်, သင့်ရေချိုးခန်းသို့မဟုတ်ရေခဲသေတ္တာထဲမှာ progestogel ကို သိုလှောင်ထားတာမျိုး မလုပ်သင့်ပါ။

ကွဲပြားခြားနားသောသိုလှောင်မှုလိုအပ်ချက်ရှိတဲ့ အခြား Progestogel အမှတ်တံဆိပ်ရှိကောင်းရှိနိုင်ပါတယ်။ ဒါ့ကြောင့်အထုပ်မှာပါတဲ့ အညွှန်းကိုကြည့်ဖို့နဲ့ သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား မေးရန်အရေးကြီးပါသည်။ ဘေးကင်းလုံခြုံမှုရှိစေရန် သင့်ကလေးများနှင့်အိမ်မွေးတိရစ္ဆာန်များနှင့်ဝေးရာမှာထားရှိပါ။

လုပ်ဖို့မညွှန်ကြားထားလျှင် Progestogel ကိုအိမ်သာ သို့မဟုတ် ပိုက်ထဲ စွန့်ပစ်တာမျိုး မလုပ်သင့်ပါ။ ဒိတ်ကုန်ဆုံးခြင်း သို့မဟုတ်မလိုအပ်သည့်အခါဒီထုတ်ကုန်ကို စနစ်တကျ စွန့်ပစ်ရန် အရေးကြီးပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Progestogel ( ပရိုဂျက်စ်တိုဂျဲလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါ အချက်များရှိပါက သင်Progestogel ကို အသုံးမပြုခင်သင့်ဆရာဝန်ကိုပြောပြထားသင့်ပါတယ်။

– Progestogel သောက်သုံးမှုပုံစံများနှင့် ဓါတ်မတည့်တုံ့ပြန်မှုရှိခြင်း.

– ဆေးဝါးများ, အစားအစာ, ဆိုးဆေးများ, ကြာရှည်ခံဆေး ဒါမှမဟုတ်တိရစ္ဆာန်တွေနှင့် ဓါတ်မတည့်မှုရှိခြင်း

– အခြားကျန်းမာရေးအခြေအနေများ, Progestogel နှင့်အတူအပြန်အလှန် ဓြါတ်ပုနိုင်သောဆေးဝါးများ

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Progestogel ( ပရိုဂျက်စ်တိုဂျဲလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Corpus luteum ချို့တဲ့တဲ့အခါ Progestogel ကို ကိုယ်ဝန်၏ပထမဦးဆုံးလအတွင်းအသုံးပြုနိုင်ပါတယ်။

မိခင်နို့တိုက်ကွေးစဉ်ကာလအတွင်းမသုံးပါနဲ့။

ဘေးထွက်ဆိုးကျိုးများ

Progestogel ( ပရိုဂျက်စ်တိုဂျဲလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အခြားဆေးဝါးများကဲ့သို့ Progestogel လည်းတချို့ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်စေနိုင်ပါတယ်။ သူတို့ထဲက အများစုဟာဖြစ်ခဲပြီး ဖြည့်စွက်ကုသမှုမလိုအပ်ပါဘူး။ ဒါပေမယ့် ဆေးသောက်ပြီး နောက်ပြဿသနာရှိပါက သင်၏ဆရာဝန်နှင့်တိုင်ပင်ရန် အမြဲအရေးကြီးပါသည်

ဘေးထွက်ဆိုးကျိုးအချို့ကို အောက်တွင်ဖော်ပြထားပါတယ်

– ဓါတ်မတည့်မှု (အဖု, ; ယားယံမှု, အသက်ရှူခက်ခဲခြင်း, ရင်ဘတ်တင်းကျပ်ခြင်း; ပါး စပ်, မျက်နှာ, နှုတ်ခမ်း, ဒါမှမဟုတ်လျှာ ရောင်ရမ်းခြင်း)

– ပုံမှန်မဟုတ်သောလိင်အင်္ဂါသွေးထွက်ခြင်း

– ရင်သားအကျိတ်

– စိတ်ပိုင်း, ခံစားချက်, ဒါမှမဟုတ်အပြုအမူပြောင်းလဲမှု

– ချောင်းဆိုးသွေးပါ

– မျက်စိရောင်ခြင်း

– လက်မောင်းသို့မဟုတ်ခြေထောက်ထုံခြင်း

– တဖက်တည်းအားနည်းခြင်း

– ပေါင်ခြံများတွင်နာကျင်မှု

– အမြင်တစ်စိတ်တစ်ပိုင်းသို့မဟုတ်လုံးဝဆုံးရှုံးခြင်း

– ရုတ်တရက် မေ့မြောခြင်း

အစာအိမ်နာကျင်ခြင်း, ရောင်ရမ်းခြင်း,ထိရင်နာခြင်း

– ရုတ်တရက်ပြင်းထန်စွာခေါင်းကိုက်ခြင်း, အန်ခြင်း, မူးဝေခြင်း, သတိလစ်ခြင်း

– လက်, ခြေဆစ်, ဒါမှမဟုတ်ခြေရောင်ရမ်းခြင်း

– ကတုန်ကယင်ဖြစ်ခြင်း

– ပုံမှန်မဟုတ်သောလိင်အင်္ဂါ အရည်သို့မဟုတ်အနံ့ထွက်ခြင်း

– အမြင် သို့မဟုတ်ပြောစကား ခက်ခဲခြင်း

– အရေပြားသို့မဟုတ်မျက်စိဝါခြင်း

– ရင်သား ကြီးလာခြင်း

– ဝမ်းချုပ်ခြင်း

– ကြွက်တက်ခြင်း

– စိတ်ကျဝေဒနာ

– ဝမ်းလျောခြင်း

– လိင်ဆက်ဆံခြင်းရာတွင် ခက်ခဲသို့မဟုတ်နာကျင်ခြင်း

– မူးဝေခြင်း

– မောပန်းခြင်း

– အရည်စုခြင်း ဖောရောင်ခြင်း

– အစာစားချင်စိတ် များနေခြင်း

– အဆစ်နာကျင်မှု

– အော်ကလီဆန်ခြင်း

– ဂနာမငြိမ်ခြင်း

– အင်္ဂါဇာတ်ဧရိယာတစ်ဝိုက်နာကျင်မှု

– အိပ်စက်မှု ပုံမမှန်ရောဂါ

– ညဉ့်အခါဆီးသွားခြင်း

လူတိုင်း ဤဘေးထွက်ဆိုးကျိုးကို တွေ့ကြုံရတာမဟုတ်ပါ။ အထက်စာရင်းမှာမပါတဲ့ အချို့ဘေးထွက်ဆိုးကျိုးတွေရှိကောင်းရှိနိုင်ပါသည်။ သင့်မှာ ဒီဆိုးကျိုးတွေနှင့် ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Progestogel ( ပရိုဂျက်စ်တိုဂျဲလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Progestogel က သင်လက်ရှိသုံးစွဲနေတဲ့ဆေးတွေနဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒီလိုဖြစ်ရင် သင့်ဆေးအလုပ်လုပ်ပုံပြောင်းလဲတာ ဒါမှမဟုတ် ဆိုးကျိုးတွေဖြစ်တာ ဖြစ်နိုင်ပါတယ်။

ဒီလိုဖြစ်စေတဲ့အရာတွေ ရှောင်ရှားရန်, သင် သုံးစွဲနေတဲ့ ဆေးစာရင်း (ဆရာဝန်ညွှန်ကြားတဲ့ဆေး, မညွှန်ကြားထားတဲ့ဆေး တွေနှင့်ဆေးဖက်ဝင်အပင်ထုတ်ကုန်အပါအဝင်)ကိုသင့်ဆရာဝန်နှင့်ဆေးဝါးကျွမ်းကျင်သူတို့အားပြောပြထားသင့်ပါတယ်။ သင့်ရဲ့ဘေးကင်းလုံခြုံရေးအတွက် သင့်ဆရာဝန်၏ခွင့်ပြုချက်မရှိဘဲ မည့်သည့်ဆေးကိုမျှ စသောက်ခြင်း, ရပ်ခြင်း , နဲ့ပြောင်းလဲခြင်းတွေ မလုပ်သင့်ပါ။

အစားအသောက်တွေနဲ့ အရက်က Progestogel ( ပရိုဂျက်စ်တိုဂျဲလ်) နဲ့ ဓါတ်ပြုနိုင်သလား

Progestogel က အစားအစာသို့မဟုတ်အရက်နှင့်အပြန်အလှန် ဓါတ်ပြုခြင်း ဖြင့် လုပ်ဆောင်ပုံပြောင်းလဲရုံမက ဘေးထွက်ဆိုးကျိုးများရဲ့ အန္တရာယ်ကို တိုးမြှင့်စေနိုင်ပါတယ်။ ဒီဆေးမသုံးမီသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် အစားအစာသို့မဟုတ်အရက် အကျိုးဆက်တွေကိုဆွေးနွေးပေးပါ။

ဘယ်ရောဂါအခြေအနေတွေက Progestogel ( ပရိုဂျက်စ်တိုဂျဲလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Progestrogel က သင်၏ကျန်းမာရေးအခြေအနေနဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေပိုမိုဆိုးဝါးလာစေတာ ဒါမှမဟုတ် ဆေးအလုပ်လုပ်ပုံပြောင်းလဲစေနိုင်ပါတယ်။

သင့်ကျန်းမာရေး အကြောင်းကိုဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Progestogel ( ပရိုဂျက်စ်တိုဂျဲလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Progestogel အကြောင်း အချက်အလက်များအတွက် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

အချို့ကိစ္စများတွင်အကြံပြုဆေးများကိုအောက်တွင်ဖော်ပြထားပါတယ်

luteal အဆင့် မလုံလောက်ခြင်းကြောင့် မျိုးမပွားနိုင်ခြင်းကုသမှု: – ရာသီကာလရဲ့18 ရက်နဲ့ 21 ရက်တွေမှာ စပြီး ဆေး (1.125g 8% ဂျယ်) ကိုလိမ်းပါ။

In- vitro မျိုးပွားနည်းအတွက် စဉ်အတွင်းအသုံးပြုပါ: ကိုယ်ဝန်ရှိကြောင်း ဓါတ်ခွဲခန်းသက်သေအထောက်အထားရှိတဲ့ နေ့ကစလို့နေ့စဉ် ရက်30 ကြာဆက်လက်လိမ်း ရပါမည်။

ကလေးတွေအတွက် Progestogel ( ပရိုဂျက်စ်တိုဂျဲလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာအတွက်ဆေး မရှိသေးပါ။ ဒါဟာသင့်ရဲ့ကလေးအတွက်အန္တရာယ်မကင်းပါ။ အပြည့်အဝ အသုံးမပြုခင်ဆေးဝါးများ၏ဘေးကင်းလုံခြုံမှုကိုနားလည်သဘောပေါက်ရန်အမြဲအရေးကြီးပါတယ်။ ပိုမိုသိရှိလိုပါက သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပါ။

Progestogel ( ပရိုဂျက်စ်တိုဂျဲလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Progestogel အောက်ပါသောက်သုံးသောပုံစံများနှင့်အားသာချက်များအတိုင်းရရှိနိုင်ပါသည်:

ဂျယ် (progestrone 1%)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်ဒါမှမဟုတ်အလွန်အကျွံသုံးစွဲမှု၌သင့်ဒေသခံအရေးပေါ်ဝန်ဆောင်မှုဌာန ကိုဆက်ခြင်း သို့မဟုတ်သင့်ရဲ့အနီးဆုံးအရေးပေါ်ခန်းကို သွားခြင်း လုပ်နိုင်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့ သင်ဆေး dose တစ်ချိန်လွှတ်သွားရင် တတ်နိုင်သမျှအမြန်ဆုံးသုံးစွဲပါ။ သို့သော် သင်နောက်ဆေးတစ်ချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွှတ်သွားတဲ့ ဆေးကိုကျော်ပစ်ပြီး မူလအတိုင်းသောက်ပါ။ နှစ်ခါသောက်သုံးတာမျိုးမလုပ်ပါနှင့် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement