backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pro Dafalgan

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Pro Dafalgan ကို ဘာအတွက်အသုံးပြုကြသလဲ

Pro Dafalganကိုအနာသက်သာစေဖို့နဲ့အဖျားကျစေဖို့အတွက်သုံးလေ့ရှိပါတယ်။

Pro Dafalgan ဘယ်လိုသောက်သုံးသင့်သလဲ

ယခုဆေးကိုဆရာဝန်ကထိုးဆေးအဖြစ်ထိုးပေးပါလိမ့်မယ်။ ဆေးမှုန့်ကိုဆေးရည်အဖြစ်ဖျော်ပြီးတဲ့နောက်မှာချက်ချင်းအသုံးပြုရပါမယ်။

ထိုးဆေးအဖြစ်ထိုးခြင်းကိုကိုယ်အလေးချိန်၃၃ကီလိုဂရမ်နဲ့အထက်ကလေးတွေနဲ့အရွယ်ရောက်ပြီးသူတွေမှာကန့်သတ်ထားပါတယ်။

ဆေးဝါးဓါတ်မတည့်မှုတွေရရှိနိုင်သောကြောင့်ယခုဆေးကိုအခြားဆေးတွေနဲ့မရောပါနဲ့။

Pro Dafalgan ဘယ်လိုသိမ်းဆည်းရမလဲ

Pro Dafalganကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Pro Dafalganဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Pro Dafalganကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pro Dafalgan အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍သင့်မှာအောက်ဖော်ပြပါအခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင်ဆေးအသုံးမပြုခင်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်သို့မဟုတ်ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာကိုယ်ဝန်ဆောင်မိခင်သို့မဟုတ်ကလေးနို့တိုက်နေတဲ့မိခင်တစ်ဦးဖြစ်နေမယ်ဆိုရင်ဘယ်ဆေးကိုမဆိုဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။

အခြားဆေးဝါးများသောက်သုံးနေချိန် – တိုင်းရင်းဆေး၊အားဖြည့်ဆေးများအပါအဝင်သင်လက်ရှိသောက်သုံးနေတဲ့ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင်ပြောပြရမှာဖြစ်ပါတယ်။

Pristiqသို့မဟုတ်အခြားဆေးဝါးများတွင်ပါဝင်သည့်ပစ္စည်းတစ်မျိုးမျိုးနှင့်ဓါတ်မတည့်ခြင်း

ရောဂါဝေဒနာတစ်ခုခုခံစားနေရခြင်း

ယခုဆေးနဲ့ယခင်ကထိတွေ့ဖူးပြီးဓါတ်မတည့်တာမျိုးတွေရှိဖူးတဲ့ကျန်းမာရေးစောင့်ရှောက်သူတွေကိုယခုဆေးထပ်ပေးတဲ့အခါမှာဆေးကိုအလွန်အကျွံတုံ့ပြန်မှု(တစ်ခါတစ်ရံဆေးနဲ့ဓါတ်မတည့်မှုကြောင့်ရှော့ခ်ရနိုင်ပါတယ်)တွေရှိတာကိုတွေ့ရပါတယ်။

ဆေးနဲ့ထိတွေ့နိုင်ချေရှိသောကြောင့်ဆေးကိုရွှေ့ပြောင်းတဲ့အကာအကွယ်တစ်ခုခုမပါဘဲဆေးကိုမကိုင်တွယ်ပါနဲ့။

အသည်းလုပ်ငန်းတာဝန်များထိခိုက်ခြင်း:နာတာရှည်အရက်စွဲနေတဲ့သူတွေမှာယခုဆေးကိုပေးလိုက်တဲ့အခါအသည်းမှာအဆိပ်အတောက်တွေဖြစ်စေပြီးပြင်းထန်တဲ့အသည်းပျက်စီးမှုတွေဖြစ်တာကိုတွေ့ရပါတယ်။

ဓါတ်ခွဲခန်းစမ်းသပ်မှုတွေအပေါ်မှာလည်းသက်ရောက်မှုရှိပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pro Dafalgan ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Pro Dafalgan ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ယခုဆေးကိုအသုံးပြုနေစဉ်အောက်ပါဘေးထွက်ဆိုးကျိုးတွေရနိုင်ပါတယ်။

ဆေးနဲ့ဓါတ်မတည့်ခြင်း

အရေပြားတွင်အနီကွက်များထင်ခြင်းနဲ့ဖျားနာခြင်း

သွေးနီဥတွေပေါက်ခြင်းကြောင့်သွေးအားနည်းရောဂါရခြင်း

သွေးထဲတွင်neutrophilပမာဏနည်းခြင်း

သွေးထဲတွင်leucocyteပမာဏနည်းခြင်း

သွေးထဲတွင်သွေးဆဲလ်များအားလုံးနည်းနေခြင်း

သွေးထဲတွင်plateletပမာဏနည်းခြင်း

အမြင့်ကိုတက်စဉ်မူးဝေခြင်း

ပင်ပန်းနွမ်းနယ်ခြင်း

အလယ်အလတ်သွေးပေါင်ကျခြင်း

ဆေးထိုးတဲ့နေရာမှာနာကျင်ခြင်း

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Pro Dafalgan နဲ့ ဓါတ်ပြုနိုင်သလဲ

Pro Dafalganကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ပစ္စည်းတွေကတော့

Barbiturates

Carbamazepine

Hydantoins

Rifampin

Sulfinpyrazone

Ethyl Alcohol တို့ဖြစ်ကြပါတယ်။

အစားအသောက်တွေနဲ့ အရက်က Pro Dafalgan နဲ့ ဓါတ်ပြုနိုင်သလား

Pro Dafalganဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pro Dafalgan နဲ့ ဓါတ်ပြုနိုင်သလဲ

Pro Dafalganဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

အထူးသဖြင့်သင့်မှာအသည်းပျက်စီးနေတဲ့ရောဂါရှိပါကပြောပြပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pro Dafalgan ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆေးပမာဏကတော့၁ဂရမ်မှ၂ဂရမ်ဖြစ်ပြီးလိုအပ်ပါက၄နာရီကြာပြီးနောက်မှာထပ်ပေးလို့ရပါတယ်။ ဒါပေမယ့်တစ်နေ့ကိုဆေး၆ဂရမ်ထက်တော့မပိုရပါဘူး။ ချွင်းချက်အနေနဲ့အချို့အခြေအနေတွေမှာတော့တစ်နေ့ကို၈ဂရမ်ပေးလို့ရပါတယ်။ ဆေးကိုIMသို့မဟုတ်IVထိုးလို့ရပါတယ်။

ကလေးတွေအတွက် Pro Dafalgan ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆေးပမာဏကတော့တစ်ခါထိုးလျှင်ဆေး20မှ30mg/kg ဖြစ်ပြီး၁၅မိနစ်အထက်ကြာအောင်ဖြည်းဖြည်းချင်းထိုးပါ။ တစ်နေ့ကိုလေးကြိမ်အထိထိုးရပါမယ်။ အမြင့်ဆုံးဆေးပမာဏကတော့တစ်နေ့ကိုဆေး120mg/kgဖြစ်ပါတယ်။

Pro Dafalgan ကိုဘယ်လိုရရှိနိုင်သလဲ

Pro Dafalganကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

ထိုးဆေးအတွက်ဆေးရည်အဖြစ်ဖျော်လို့ရတဲ့ProDafalganဆေးမှုန့်ပုံစံ:ဆေး၁ဂရမ်:ဆေးတစ်ပုလင်းကိုPropacetamol Hydrochloride ၁ဂရမ်ပါဝင်ပါတယ်။

ထိုးဆေးအတွက်ဆေးရည်အဖြစ်ဖျော်လို့ရတဲ့ProDafalganဆေးမှုန့်ပုံစံ:ဆေး၂ဂရမ်:ဆေးတစ်ပုလင်းကိုPropacetamol Hydrochloride ၂ဂရမ်ပါဝင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Pro Dafalganဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement