Primidone ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Primidone Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Primidone ကို ဘာအတွက်အသုံးပြုကြသလဲ

Primidoneကိုအတက်ရောဂါထိန်းချုပ်ဖို့အတွက်တစ်မျိုးတည်းသို့မဟုတ်အခြားဆေးတွေနဲ့တွဲပြီးသုံးပါတယ်။ အတက်ရောဂါကိုထိန်းချုပ်ခြင်းနဲ့လျှော့ချခြင်းတို့ကြောင့်သင့်အနေနဲ့သင့်ရဲ့နေ့စဉ်အလုပ်တွေကိုပုံမှန်လုပ်နိုင်ပါလိမ့်မယ်။ သင်သတိလစ်သွားတဲ့အခါမှာဆိုးကျိုးတွေရနိုင်ချေကိုလည်းလျှော့ချပေးပြီးသင့်အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တဲ့မကြာခဏပြန်ပြန်ဖြစ်တတ်သောအတက်ရောဂါတွေရနိုင်ချေကိုလည်းလျှော့ချပေးပါတယ်။Primidoneဟာbarbiturate anticonvulsantsလို့ခေါ်တဲ့ဆေးအမျိုးအစားထဲမှာပါဝင်ပါတယ်။၎င်းဟာအတက်ရောဂါရတဲ့အချိန်ဦးနှောက်ထဲမှာဖြစ်ပေါ်လာတဲ့ပုံမှန်မဟုတ်သောဓါတ်စီးမှုအခြေအနေကိုထိန်းချုပ်ပေးပါတယ်။

Primidone ဘယ်လိုသောက်သုံးသင့်သလဲ

ယခုဆေးကိုအစာနဲ့သို့မဟုတ်အစာမရှိချိန်မှာပါသောက်လို့ရပြီးသောက်ဆေးအဖြစ်တစ်နေ့ကိုသုံးကြိမ်မှလေးကြိမ်သောက်ပါ။ သို့မဟုတ်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပါ။ အစာအိမ်ပြသနာများပေါ်လာပါကဆေးကိုအစာနဲ့သို့မဟုတ်နို့နဲ့တွဲသောက်ပါ။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့အိပ်ငိုက်ခြင်းနဲ့မူးဝေခြင်းတွေကိုကာကွယ်နိုင်ရန်အတွက်သင့်ဆရာဝန်အနေနဲ့ယခုဆေးကိုစပေးတဲ့အခါမှာသင်အိပ်ရာဝင်ချိန်တွင်ဆေးပမာဏအနည်းငယ်ကိုစသောက်ခိုင်းမှာဖြစ်ပြီးဆေးပမာဏကိုဖြည်းဖြည်းချင်းတိုးသွားပါလိမ့်မယ်။ အခြားအတက်ရောဂါကုဆေးတစ်မျိုးကနေPrimidoneကိုပြောင်းသောက်တော့မယ်ဆိုပါကသင့်ဆရာဝန်အနေနဲ့အရင်ဆေးကိုဆက်သောက်ခိုင်းမှာဖြစ်ပြီးသင်primidoneဆေးကိုစသောက်တယ်ဆိုတာနဲ့အရင်ဆေးရဲ့ဆေးပမာဏကိုဖြည်းဖြည်းချင်းလျှော့သွားမှာဖြစ်ပါတယ်။ သင့်ဆရာဝန်ရဲ့ညွှန်ုကြားချက်တွေကိုသေချာလိုက်နာပါ။

ဆေးပမာဏသည်သင့်ရဲ့ကျန်းမာရေးအခြေအနေ၊သွေးထဲရှိprimidoneပမာဏ၊အတက်ရောဂါကုသဖို့အတွက်အခြားဆေးများသုံးခြင်းနဲ့ဆေးကုသမှုအပေါ်တုံ့ပြန်မှုအပေါ်မူတည်ပါတယ်။ သင့်အတွက်အကောင်းဆုံးဆေးပမာဏကိုရောက်ရှိဖို့အတွက်ရက်သတ္တပတ်အကြာကြီးကြာနိုင်ပါတယ်။

ယခုဆေးဟာသင့်ခန္ဓါကိုယ်ထဲရှိဆေးပမာဏကိုတစ်သမတ်တည်းထားပါကအကောင်းဆုံးအလုပ်လုပ်နိုင်ပါတယ်။ အဲအတွက်ကြောင့်ယခုဆေးကိုအချိန်ကာလအတိအကျခြားပြီးသောက်ပါ။ သင်ကောင်းကောင်းမှတ်မိစေရန်ဆေးကိုနေ့တိုင်းအချိန်တစ်ခုပုံသေထားပြီးသောက်ပါ။

သင့်ဆရာဝန်နဲ့မတိုင်ပင်ဘဲယခုဆေးနဲ့အခြားအတက်ရောဂါကုဆေးတွေသောက်တာကိုမရပ်လိုက်ပါနဲ့။ ဆေးကိုရုတ်တရက်ရပ်လိုက်ခြင်းကြောင့်သင့်ရဲ့အတက်ရောဂါဟာပိုဆိုးလာပြီးကုသရခက်ခဲပြီးအလွန်ပြင်းထန်တဲ့အတက်ရောဂါ(status epilepticus)အဖြစ်သို့ရောက်ရှိနိုင်ပါတယ်။

ယခုဆေးကိုအချိန်ကြာကြာပုံမှန်သုံးပါကသို့မဟုတ်ဆေးပမာဏအများကြီးသုံးတယ်ဆိုပါကဆေးဖြတ်တဲ့အခါဆေးဖြတ်ခြင်းရဲ့လက္ခဏာတွေရနိုင်ပါတယ်။ အဲလိုအခြေအနေတွေမှာသင်ဆေးကိုရုတ်တရက်ဖြတ်လိုက်ပါကဆေးဖြတ်ခြင်းရဲ့လက္ခဏာတွေ(ဥပမာစိတ်ပူပန်ခြင်း၊ထင်ယောင်ထင်မှားဖြစ်ခြင်း၊ကြွက်သားများတင်းတောင့်ခြင်း၊အိပ်မပျော်ခြင်း)ရနိုင်ပါတယ်။Primidoneဆေးကိုဖြတ်ခြင်းဟာဆိုးရွားနိုင်ပြီးအတက်ရောဂါတွေရနိုင်ကာတစ်ခါတစ်လေသေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ဆေးဖြတ်ခြင်းရဲ့လက္ခဏာတွေကိုကာကွယ်ရန်အတွက်သင့်ဆရာဝန်အနေနဲ့ဆေးပမာဏကိုဖြည်းဖြည်းချင်းလျှော့ချပါလိမ့်မယ်။ အသေးစိတ်အတွက်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။ ဆေးဖြတ်ခြင်းရဲ့လက္ခဏာတွေရလာပါကချက်ချင်းအကြောင်းကြားပါ။

ဆေးဟာလူတွေအတွက်ကောင်းကျိုးတွေဖြစ်စေပေမယ့်တစ်ခါတစ်လေမှာတော့ဆေးစွဲမှုတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့သင်ဟာပစ္စည်းတစ်ခုခုကိုပုံမှန်မဟုတ်ဘဲသုံးစွဲခြင်း(ဥပမာ ဆေးနဲ့အရက်များအလွန်အကျွံသုံးစွဲခြင်းသို့မဟုတ်စွဲနေခြင်း)ရှိပါကဆေးစွဲမှုရနိုင်ချေပိုမြင့်ပါတယ်။ ဆေးစွဲမှုရနိုင်ချေကိုလျှော့ချဖို့အတွက်ဆေးကိုဆရာဝန်ညွှန်ကြားချက်အတိုင်းအတိအကျသောက်ပါ။ အသေးစိတ်အတွက်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းပါ။

သင့်ရဲ့အတက်ရောဂါပိုဆိုးလာပါက(ဥပမာ တက်ခြင်းအကြိမ်ရေပိုများလာခြင်း)ဆရာဝန်ကိုပြောပြပါ။

Primidone ဘယ်လိုသိမ်းဆည်းရမလဲ

Primidoneကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Primidoneဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Primidoneကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Primidone အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Primidoneကိုအသုံးမပြုခင်သင့်မှာယခုဆေးနဲ့သို့မဟုတ်အခြားbarbiturateဆေးတွေ(ဥပမာphenobarbital)နဲ့ဓါတ်မတည့်တာမျိုးတွေရှိရင်သို့မဟုတ်အခြားဓါတ်မတည့်တာတွေရှိမယ်ဆိုပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ ယခုဆေးမှာဆေးနဲ့ဓါတ်မတည့်တာတွေသို့မဟုတ်တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါတတ်ပါတယ်။ အသေးစိတ်အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

ယခုဆေးကိုမသုံးခင်သင့်ရဲ့ရောဂါရာဇဝင်အကြောင်းအထူးသဖြင့်ဟော်မုန်းရောဂါများ(adrenalရောဂါများဥပမာAddison’sရောဂါ)၊ကျောက်ကပ်ရောဂါများ၊အသည်းရောဂါများ၊အဆုတ်ရောဂါများ(ဥပမာ(အိပ်နေစဉ်အသက်ရှူရပ်ခြင်း၊နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ဆို့သောရောဂါ-COPD)၊စိတ်ရောဂါများ(ဥပမာ စိတ်ကျခြင်း၊မိမိကိုယ်ကိုသတ်သေရန်စိတ်ကူးခြင်းများ)၊မိမိသို့မဟုတ်မိသားစုဝင်ထဲတွင်ပစ္စည်းတစ်ခုခုကိုပုံမှန်မဟုတ်သောသုံးစွဲခြင်းများရှိဖူးခြင်း(ဥပမာဆေးနဲ့အရက်များအလွန်အကျွံသုံးစွဲခြင်းသို့မဟုတ်စွဲလန်းနေခြင်း)၊မိမိသို့မဟုတ်မိသားစုဝင်ထဲတွင်သွေးရောဂါတစ်ခုခုရှိခြင်း(ဥပမာporphyriaရောဂါ)၊ဗီတာမင်ချို့တဲ့ခြင်းများ(ဥပမာဖိုးလစ်အက်ဆစ်၊ဗီတာမင်ကေ)တို့အကြောင်းကိုဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြပါ။

ယခုဆေးဟာသင့်ကိုမူးဝေစေပါတယ်။ အရက်နဲ့ဆေးခြောက်တွေသုံးမယ်ဆိုသင့်ကိုပိုပြီးမူးဝေစေမှာပါ။ အဲဒါကြောင့်သင့်အနေနဲ့ကောင်းကောင်းပြန်ပြီးအလုပ်မလုပ်နိုင်သေးသ၍ကားမမောင်းပါနဲ့။ စက်တွေကိုအသုံးမပြုပါနဲ့။ နောက်ပြီးအမြဲတမ်းနိုးကြားတက်ကြွနေရန်လိုအပ်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့။ အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ သင်ဆေးခြောက်တွေသုံးနေတယ်ဆိုရင်သင့်ဆရာဝန်ကိုပြောပြပါ။

ခွဲစိတ်ကုသမှုမခံယူခင်သင့်ရဲ့ဆရာဝန်သို့မဟုတ်သွားဆရာဝန်ကိုသင်သုံးနေတဲ့ဆေးဝါးတွေ(ဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ)အကြောင်းကိုပြောပြပါ။

အသက်ကြီးသူတွေအနေနဲ့ယခုဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအထူးသဖြင့်အိပ်ငိုက်ခြင်းနဲ့မူးဝေခြင်းတို့ကိုပိုပြီးရနိုင်ပါတယ်။ ဒါပေမယ့်ယခုဆေးဟာအသက်ကြီးသူတွေမှာအိပ်ငိုက်ခြင်းအစားစိတ်လှုပ်ရှားခြင်းနဲ့စိတ်ရှုပ်ထွေးခြင်းတွေကိုပိုဖြစ်စေနိုင်ပါတယ်။

ကလေးတွေအနေနဲ့ယခုဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုပိုပြီးရနိုင်ပါတယ်။ ကလေးငယ်တွေမှာယခုဆေးဟာအိပ်ငိုက်ခြင်းအစားစိတ်လှုပ်ရှားခြင်းကိုပိုဖြစ်စေနိုင်ပါတယ်။

ယခုဆေးကိုကိုယ်ဝန်ဆောင်နေစဉ်မှာမသုံးသင့်ပါဘူး။ ဆေးကမမွေးလာသေးတဲ့ကလေးငယ်ကိုထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့်အတက်ရောဂါကိုမကုသဘဲထားပါကကိုယ်ဝန်ဆောင်မိခင်ရောသူရဲ့မမွေးလာသေးတဲ့ကလေးငယ်ကိုပါထိခိုက်နိုင်သောကြောင့်သင့်ဆရာဝန်ရဲ့ခွင့်ပြုချက်မပါဘဲယခုဆေးသောက်ခြင်းကိုမရပ်လိုက်ပါနဲ့။ သင်ကိုယ်ဝန်ဆောင်ဖို့စဉ်းစားနေပါကသို့မဟုတ်ကိုယ်ဝန်ရှိလာပါကသို့မဟုတ်ကိုယ်ဝန်ရှိလာတော့မယ်လို့ထင်နေပါကကိုယ်ဝန်ဆောင်နေစဉ်ယခုဆေးသုံးစွဲခြင်းရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုသင့်ဆရာဝန်ကိုချက်ချင်းမေးမြန်းပါ။ ကိုယ်ဝန်တားဆေးများ၊ကပ်ခွာများ၊ပစ္စည်းထည့်ခြင်းများနဲ့ဆေးထိုးခြင်းတို့ဟာယခုဆေးနဲ့တွဲသုံးပါကမထိရောက်နိုင်သောကြောင့်စိတ်ချရတဲ့ကိုယ်ဝန်တားခြင်းနည်းလမ်းတွေအကြောင်းကိုဆရာဝန်အားမေးမြန်းပါ။

ယခုဆေးဟာသင့်ရဲ့ဖိုးလစ်အက်ဆစ်နဲ့ဗီတာမင်ကေပမာဏကိုလျော့နည်းစေပြီးspinal cordချို့ယွင်းမှုတွေရနိုင်ချေကိုမြင့်တက်စေပါတယ်။ အဲဒါကြောင့်သင်ဖိုးလစ်အက်ဆစ်နဲ့ဗီတာမင်ကေပါတဲ့ဆေးတွေသောက်နေတယ်ဆိုတာသေချာအောင်ဆရာဝန်နဲ့စစ်ဆေးပါ။ ကိုယ်ဝန်ဆောင်နေစဉ်ယခုဆေးကိုသုံးနေတဲ့မိခင်တွေကနေမွေးဖွားလာတဲ့ကလေးငယ်တွေမှာကလေးဂနာမငြိမ်ခြင်း၊တုန်လှုပ်ခြင်းနဲ့သွေးထွက်ခြင်းစတဲ့လက္ခဏာတွေရနိုင်ပါတယ်။ သင့်ကလေးမှာအဲဒီလက္ခဏာတွေသတိပြုမိပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။

ယခုဆေးဟာမိခင်နို့ရည်ထဲကိုပါလာနိုင်ပြီးနို့စို့နေတဲ့ကလေးမှာအလွန်အမင်းအိပ်ငိုက်ခြင်းနဲ့အစာစားခြင်းဆိုင်ရာပြသနာတွေဖြစ်နိုင်ပါတယ်။ ကလေးနို့မတိုက်ခင်ဆရာဝန်နဲ့တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Primidone ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPrimidoneကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Nလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Primidone ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သင့်ခန္ဓါကိုယ်အနေနဲ့ဆေးကိုထိန်းညှိခြင်းကြောင့်မူးဝေခြင်း၊အိပ်ငိုက်ခြင်း၊စိတ်လှုပ်ရှားခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ခေါင်းကိုက်ခြင်း၊ခံတွင်းပျက်ခြင်း၊ပျို့ခြင်း၊အန်ခြင်းတွေဖြစ်နိုင်ပါတယ်။ အဲဒီဆိုးကျိုးတွေမပျောက်ပါကသို့မဟုတ်ပိုဆိုးလာပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြပါ။

သင့်ဆရာဝန်ကသင့်ကိုဒီဆေးပေးပြီဆိုတာသင့်အပေါ်မှာဒီဆေးရဲ့ကောင်းကျိုးတွေကဆိုးကျိုးရနိုင်ခြေတွေထက်ပိုများတယ်ဆိုတာကိုသုံးသပ်ပြီးမှပေးတယ်ဆိုတာကိုတော့သတိရပါ။ ယခုဆေးကိုသုံးနေတဲ့သူတော်တော်များများမှာပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေမခံစားရပါဘူး။

ဖြစ်ခဲပြီးပြင်းထန်တဲ့အောက်ပါဘေးထွက်ဆိုးကျိုးတွေရပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ ဒယိမ်းဒယိုင်လမ်းလျှောက်ခြင်း၊အမူအရာများမမှန်ခြင်း၊လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုများလျော့နည်းလာခြင်း၊အမြင်အာရုံနှစ်မျိုးဖြစ်နေခြင်း။

အတက်ရောဂါကုဆေးတွေကိုအတက်ရောဂါ၊စိတ်နှစ်မျိုးဖြစ်ခြင်းရောဂါနဲ့အနာသက်သာစေဖို့တွက်သုံးတဲ့လူအနည်းငယ်မှာစိတ်ကျခြင်း၊ကိုယ့်ကိုကိုယ်သတ်သေရန်စဉ်းစားခြင်း၊အားထုတ်ခြင်းနဲ့အခြားစိတ်ပိုင်းဆိုင်ရာပြသနာတွေရနိုင်ပါတယ်။ သင့်မှာပုံမှန်မဟုတ်တဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ၊အတွေးတွေ၊အမူအရာတွေဥပမာစိတ်ကျခြင်းရဲ့လက္ခဏာများ၊မိမိကိုယ်ကိုသတ်သေရန်စဉ်းစားခြင်း၊အားထုတ်ခြင်းများ၊မိမိကိုယ်ကိုထိခိုက်အောင်ပြုလုပ်ဖို့ကြံစည်ခြင်းများစသည်တို့ကိုမိမိကိုယ်တိုင်သို့မဟုတ်မိသားစုဝင်တွေနဲ့သင့်ကိုစောင့်ရှောက်တဲ့သူတစ်ယောက်ယောက်ကသတိပြုမိပါကဆရာဝန်ကိုချက်ချင်းအကြောင်းကြားပါ။

ရှားပါးပြီးအလွန်ပြင်းထန်တဲ့အောက်ပါဘေးထွက်ဆိုးကျိုးတွေခံစားရပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ အလွယ်တကူအညိုအမည်းစွဲခြင်း၊သွေးထွက်ခြင်း၊သတိလစ်ခြင်း၊နှလုံးခုန်နှေးခြင်း၊ပြင်းပြင်းထန်ထန်မောပန်းခြင်း၊အားနည်းခြင်း၊အသားအရည်ဖြူဖျောု့ခြင်း၊အသက်ရှူမြန်ခြင်း၊နှေးခြင်း၊အသက်ရှူမမှန်ခြင်း။

ယခုဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းမျိုးကရှားပါတယ်။ ဒါပေမယ့်တကယ်လို့သင့်မှာဆေးနဲ့အပြင်းအထန်ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့အရေပြားမှာအနီကွက်များထွက်ခြင်း၊ယားယံခြင်း၊ဖောရောင်ခြင်း(အထူးသဖြင့်မျက်နှာ၊လျှာနဲ့လည်ချောင်း)၊အလွန်မူးဝေခြင်း၊အသက်ရှူရခက်ခဲခြင်းများရှိပါကဆေးကုသမှုချက်ချင်းခံယူပါ။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Primidone နဲ့ ဓါတ်ပြုနိုင်သလဲ

ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ပစ္စည်းအချို့ကတော့darunavir,etravirine,orlistat,rilpivirineတို့ဖြစ်ကြပါတယ်။

အခြားဆေးတွေကခန္ဓါကိုယ်ထဲကနေprimidoneစွန့်ထုတ်မှုအပေါ်သက်ရောက်နိုင်ပြီးဆေးရဲ့အလုပ်လုပ်မှုကိုထိခိုက်နိုင်ပါတယ်။ဥပမာအားဖြင့်St.John’s wortနဲ့အခြားဆေးများ။

ယခုဆေးဟာသင့်ခန္ဓါကိုယ်ထဲကနေအခြားဆေးတွေစွန့်ထုတ်မှုကိုမြန်ဆန်စေပြီးဆေးတွေအလုပ်လုပ်တာကိုထိခိုက်စေနိုင်ပါတယ်။ သက်ရောက်မှုခံရနိုင်တဲ့ဆေးတွေကတော့artemether/lumefantrine,asunaprevir,atazanavir,boceprevir,cobicistat,lurasidone,ranolazine,sofosbuvir,sorafenib,voriconazole,calciumchannelblockersဆေးများဥပမာ felodipine/nimodipineနဲ့အခြားဆေးတွေဖြစ်ပါတယ်။

ယခုဆေးဟာဟော်မုန်းနဲ့ဆိုင်တဲ့သန္ဓေတားနည်းတွေဥပမာသန္ဓေတားဆေး၊ကပ်ခွာများနဲ့ကွင်းထည့်ခြင်းနည်းတွေရဲ့ထိရောက်မှုကိုလျော့ကျစေနိုင်ပါတယ်။ ယခုဆေးကိုသုံးနေစဉ်သင့်အနေနဲ့အခြားသန္ဓေတားခြင်းနည်းလမ်းတွေသုံးသင့်လားဆိုတာကိုသိနိုင်ရန်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ဆွေးနွေးပါ။ သင့်မှာပုံမှန်မဟုတ်ဘဲမိန်းမကိုယ်ကသွေးဆင်းတာတွေရှိလာပါကသင့်ဆရာဝန်ကိုပြောပြပါ။ အဘယ့်ကြောင့်ဆိုသော်အဲဒါတွေဟာသင့်ရဲ့သန္ဓေတားခြင်းနည်းလမ်းတွေအလုပ်မဖြစ်ဘူးဆိုတာကိုညွှန်ပြနေခြင်းဖြစ်နိုင်သောကြောင့်ပါ။

ယခုဆေးကိုအိပ်ငိုက်ခြင်းနဲ့အသက်ရှူခြင်းဆိုင်ရာပြသနာတွေဖြစ်စေနိုင်တဲ့အခြားဆေးတွေနဲ့တွဲသောက်ပါကပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ(ဥပမာအသက်ရှူနှေးခြင်း၊ပြင်းပြင်းထန်ထန်အိပ်ငိုက်ခြင်း၊မူးဝေခြင်း)ရနိုင်ချေမြင့်တက်စေမှာဖြစ်ပါတယ်။ တကယ်လို့သင်ဟာနာကျင်ခြင်းနဲ့ချောင်းဆိုးခြင်းကိုသက်သာစေတဲ့opiodဆေးတွေ(ဥပမာcodeine,hydrocodone)၊အရက်၊ဆေးခြောက်၊အိပ်ဆေးသို့မဟုတ်စိတ်ဖိစီးမှုကိုလျော့ကျစေသောဆေးများ(ဥပမာalprazolam,lorazepam,zolpidem)၊ကြွက်သားဖြေလျော့စေသောဆေးများ(ဥပမာcarisoprodol,cyclobenzaprine)နဲ့antihistaminesဆေးတွေ(ဥပမာ cetrizine,diphenhydramine)သုံးနေတယ်ဆိုပါကဆရာဝန်ကိုပြောပြပါ။

သင့်ရဲ့ဆေးတွေ(ဥပမာဓါတ်မတည့်ခြင်းသို့မဟုတ်အအေးမိချောင်းဆိုးခြင်းအတွက်သုံးသောဆေးများ)အားလုံးမှာရှိတဲ့ပါဝင်ပစ္စည်းတွေကိုလေ့လာပါ။ အဘယ့်ကြောင့်ဆိုသော်အဲဆေးတွေမှာသင့်ကိုအိပ်ငိုက်စေတဲ့ပစ္စည်းတွေပါဝင်နိုင်သောကြောင့်ဖြစ်ပါတယ်။ အဲဒီဆေးတွေကိုဘေးကင်းကင်းသုံးနိုင်ရန်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းပါ။

Primidoneဟာphenobarbitalနဲ့အလွန်ဆင်တူပါတယ်။ အဲဒါကြောင့်primidoneကိုသုံးနေစဉ်မှာphenobarbitalပါတဲ့ဆေးတွေကိုမသုံးပါနဲ့။

Primidoneကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Primidone နဲ့ ဓါတ်ပြုနိုင်သလား

Primidoneဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Primidone နဲ့ ဓါတ်ပြုနိုင်သလဲ

Primidoneဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Primidone ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဝက်ရူးပြန်ရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ယခင်ကဆေးကုသမှုမခံယူဖူးသေးသောလူနာများအတွက်

-ပထမနေ့မှပထမနေ့မှ၃ရက်မြောက်နေ့အထိ:ဆေး၁၀၀မှ၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်ညအိပ်ရာဝင်ချိန်တွင်သောက်ပါ။

-၄ရက်မြောက်နေ့မှ၆ရက်မြောက်နေ့အထိ:ဆေး၁၀၀မှ၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့နှစ်ကြိမ်သောက်ပါ။

-၇ရက်မြောက်နေ့မှ၉ရက်မြောက်နေ့အထိ:ဆေး၁၀၀မှ၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့သုံးကြိမ်သောက်ပါ။

– ၁၀ရက်မြောက်နေ့မှစ၍ဆေး၂၅၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့ကိုသုံးကြိမ်မှလေးကြိမ်သောက်ပါ။ လိုအပ်ပါကတစ်နေ့ကို၅ကြိမ်မှ၆ကြိမ်အထိတိုးသောက်ပါ။

-အမြင့်ဆုံးဆေးပမာဏ:ဆေး၅၀၀မီလီဂရမ်ကိုတစ်နေ့လေးကြိမ်(နေ့စဉ်ဆေး၂ဂရမ်)

အခြားအတက်ရောဂါကုဆေးတွေသောက်နေတဲ့လူနာတွေအတွက်

ဆေး၁၀၀မှ၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်ညအိပ်ရာဝင်ချိန်တွင်သောက်ပါ။ ဆေးပမာဏကိုဆေးအာနိသင်ဆက်ထိန်းနိုင်သောပမာဏအထိရောက်အောင်ဖြည်းဖြည်းချင်းတိုးသွားပါ။ အခြားဆေးရဲ့ပမာဏကိုတော့ဖြည်းဖြည်းချင်းလျှော့သွားပါ။ ဆေးနှစ်မျိုးအတွက်ကျေနပ်လောက်တဲ့ဆေးပမာဏရတဲ့အထိသို့မဟုတ်အခြားဆေးကိုအပြည့်အဝရပ်လိုက်နိုင်တဲ့အထိဆေးကုထုံးကိုဆက်သုံးပါ။ ယခုဆေးတစ်မျိုးတည်းကိုပဲသုံးရန်လိုအပ်ပါကဆေးနှစ်မျိုးတွဲသုံးတာရပ်လိုက်ခြင်းကိုနှစ်ပတ်အောက်အတွင်းမပြုလုပ်သင့်ပါဘူး။

ရှင်းလင်းအကြံပြုချက်များ

-အကောင်းဆုံးအာနိသင်ရရှိစေရန်ဆေးပမာဏကိုလူတစ်ယောက်ချင်းစီပေါ်မူတည်ပြီးပေးသင့်ပါတယ်။ အချို့အခြေအနေတွေမှာဆေးပမာဏကိုအကောင်းဆုံးထိန်းညှိနိုင်ရန်သွေးထဲရှိပမာဏကိုတိုင်းတာဖို့လိုအပ်ပါတယ်။ ယခုဆေးအတွက်လက်တွေ့မှာထိရောက်တဲ့သွေးတွင်းဆေးပမာဏက 5မှ12mcg/mLဖြစ်ပါတယ်။

-ယခုဆေးကိုအစာနဲ့သို့မဟုတ်အစာမရှိချိန်မှာပါသောက်လို့ရပါတယ်။

အသုံးပြုခြင်း:ပြင်းထန်တဲ့အတက်ရောဂါ၊စိတ်အတွေးများနဲ့လှုပ်ရှားမှုများကောင်းကောင်းမလုပ်နိုင်သောရောဂါ၊ဦးနှောက်တစ်ခြမ်းကိုပဲထိသောအတက်ရောဂါနဲ့အခြားအတက်ရောဂါကုဆေးတွေကိုခံနိုင်ရည်ရှိသေယပြင်းထန်တဲ့အတက်ရောဂါတွေကိုထိန်းချုပ်ရန်အတွက်သုံးပါတယ်။ ဆေးတစ်မျိုးတည်းသို့မဟုတ်အခြားအတက်ရောဂါကုဆေးတွေနဲ့တွဲပေးပါတယ်။

အတက်ရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ယခင်ကဆေးကုသမှုမခံယူဖူးသေးသောလူနာများအတွက်

-ပထမနေ့မှပထမနေ့မှ၃ရက်မြောက်နေ့အထိ:ဆေး၁၀၀မှ၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်ညအိပ်ရာဝင်ချိန်တွင်သောက်ပါ။

-၄ရက်မြောက်နေ့မှ၆ရက်မြောက်နေ့အထိ:ဆေး၁၀၀မှ၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့နှစ်ကြိမ်သောက်ပါ။

-၇ရက်မြောက်နေ့မှ၉ရက်မြောက်နေ့အထိ:ဆေး၁၀၀မှ၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့သုံးကြိမ်သောက်ပါ။

-၁၀ရက်မြောက်နေ့မှစ၍ဆေး၂၅၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့ကိုသုံးကြိမ်မှလေးကြိမ်သောက်ပါ။ လိုအပ်ပါကတစ်နေ့ကို၅ကြိမ်မှ၆ကြိမ်အထိတိုးသောက်ပါ။

-အမြင့်ဆုံးဆေးပမာဏ:ဆေး၅၀၀မီလီဂရမ်ကိုတစ်နေ့လေးကြိမ်(နေ့စဉ်ဆေး၂ဂရမ်)

အခြားအတက်ရောဂါကုဆေးတွေသောက်နေတဲ့လူနာတွေအတွက်

ဆေး၁၀၀မှ၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်ညအိပ်ရာဝင်ချိန်တွင်သောက်ပါ။ ဆေးပမာဏကိုဆေးအာနိသင်ဆက်ထိန်းနိုင်သောပမာဏအထိရောက်အောင်ဖြည်းဖြည်းချင်းတိုးသွားပါ။ အခြားဆေးရဲ့ပမာဏကိုတော့ဖြည်းဖြည်းချင်းလျှော့သွားပါ။ ဆေးနှစ်မျိုးအတွက်ကျေနပ်လောက်တဲ့ဆေးပမာဏရတဲ့အထိသို့မဟုတ်အခြားဆေးကိုအပြည့်အဝရပ်လိုက်နိုင်တဲ့အထိဆေးကုထုံးကိုဆက်သုံးပါ။ ယခုဆေးတစ်မျိုးတည်းကိုပဲသုံးရန်လိုအပ်ပါကဆေးနှစ်မျိုးတွဲသုံးတာရပ်လိုက်ခြင်းကိုနှစ်ပတ်အောက်အတွင်းမပြုလုပ်သင့်ပါဘူး။

ရှင်းလင်းအကြံပြုချက်များ

-အကောင်းဆုံးအာနိသင်ရရှိစေရန်ဆေးပမာဏကိုလူတစ်ယောက်ချင်းစီပေါ်မူတည်ပြီးပေးသင့်ပါတယ်။ အချို့အခြေအနေတွေမှာဆေးပမာဏကိုအကောင်းဆုံးထိန်းညှိနိုင်ရန်သွေးထဲရှိပမာဏကိုတိုင်းတာဖို့လိုအပ်ပါတယ်။ ယခုဆေးအတွက်လက်တွေ့မှာထိရောက်တဲ့သွေးတွင်းဆေးပမာဏက5မှ12mcg/mLဖြစ်ပါတယ်။

-ယခုဆေးကိုအစာနဲ့သို့မဟုတ်အစာမရှိချိန်မှာပါသောက်လို့ရပါတယ်။

အသုံးပြုခြင်း:ပြင်းထန်တဲ့အတက်ရောဂါ၊စိတ်အတွေးများနဲ့လှုပ်ရှားမှုများကောင်းကောင်းမလုပ်နိုင်သောရောဂါ၊ဦးနှောက်တစ်ခြမ်းကိုပဲထိသောအတက်ရောဂါနဲ့အခြားအတက်ရောဂါကုဆေးတွေကိုခံနိုင်ရည်ရှိသေယပြင်းထန်တဲ့အတက်ရောဂါတွေကိုထိန်းချုပ်ရန်အတွက်သုံးပါတယ်။ ဆေးတစ်မျိုးတည်းသို့မဟုတ်အခြားအတက်ရောဂါကုဆေးတွေနဲ့တွဲပေးပါတယ်။

ဆေးပမာဏထိန်းညှိခြင်း

နေ့စဉ်သောက်ရမယ့်ဆေးပမာဏစုစုပေါင်းကိုနှစ်ကြိမ်အညီအမျှခွဲပြီးမနက်တစ်ကြိမ်နဲ့ညနေတစ်ကြိမ်ပေးပါတယ်။ အချို့လူနာတွေမှာတက်တဲ့အကြိမ်အရေအတွက်ပိုများလာပါကဆေးပမာဏကိုတိုးပေးဖို့လိုအပ်ပါတယ်။ဥပမာ၁ တက်ခြင်းတွေဟာညဘက်မှာဖြစ်တယ်ဆိုရင်နေ့ဘက်သောက်ရမယ့်ဆေးပမာဏရဲ့အားလုံးသို့မဟုတ်အများစုကိုညနေဘက်မှာပေးပါတယ်။ဥပမာ၂တက်ခြင်းတွေဟာအချို့အခြေအနေတွေဥပမာဓမ္မတာရာသီလာခြင်းနဲ့တွဲနေမယ်ဆိုရင်ဆေးပမာဏကိုအနည်းငယ်တိုးမြှင့်ဖို့လိုပါတယ်။

ဆေးကိုသွေးမှတစ်ဆင့်စွန့်ထုတ်ခြင်း

ယခုဆေးကိုသွေးမှတစ်ဆင့်စွန့်ထုတ်ပါတယ်။

အခြားရှင်းလင်းအကြံပြုချက်များ

ဆေးသောက်ခြင်းနဲ့ပတ်သက်၍အကြုံပြုချက်:

-ယခုဆေးကိုအစာနဲ့သို့မဟုတ်အစာမရှိချိန်မှာပါသောက်လို့ရပါတယ်။

ယေဘုယျအားဖြင့်:

-ဆေးပမာဏတစ်ခုဖြင့်ကုသခြင်းဟာလက်တွေ့ထိရောက်မှုရှိမရှိဆိုတာကိုသိရှိနိုင်စေရန်ရက်သတ္တပတ်အတော်ကြာနိုင်ပါတယ်။

စောင့်ကြည့်လေ့လာခြင်း

-ဆေးထုတ်လုပ်သူကယခုဆေးသုံးနေတဲ့လူနာတွေကိုအပြည့်အစုံသွေးစစ်ခြင်း(CBC)နဲ့သွေးထဲရှိဓါတ်ပစ္စည်းများကိုစမ်းသပ်ခြင်းတစ်မျိုးဖြစ်တဲ့SMA-12 စမ်းသပ်ချက်တွေကို၆လတစ်ခါလုပ်ဖို့ညွှန်ကြားထားပါတယ်။

လူနာအတွက်အကြံပြုချက်

-လူနာတွေနဲ့မိသားစုဝင်တွေကိုအတက်ရောဂါဆေးတွေဟာမိမိကိုယ်ကိုသတ်သေဖို့အတွေးတွေရနိုင်ချေနဲ့အားထုတ်မှုတွေကိုမြင့်တက်စေတယ်ဆိုတာကိုကြိုတင်သတိပေးထားသင့်ပါတယ်။ ထို့ပြင်အရေးပေါ်အခြေအနေတွေ၊စိတ်ကျရောဂါပိုဆိုးလာခြင်းတွေ၊စိတ်ပိုင်းဆိုင်ရာနဲ့အမူအရာပိုင်းဆိုင်ရာမှာပုံမှန်မဟုတ်သောပြောင်းလဲခြင်းတွေ၊မိမိကိုယ်ကိုသတ်သေဖို့အတွေးတွေ၊အားထုတ်မှုတွေနဲ့မိမိကိုယ်ကိုအန္တရာယ်ပြန်ပြုဖို့အတွေးတွေဖြစ်လာရင်နိုးနိုးကြားကြားရှိနေနိုင်စေရန်အကြံပေးသင့်ပါတယ်။ လူနာရဲ့အမူအရာတွေကိုကျန်းမာရေးစောင့်ရှောက်သူအားချက်ချင်းအကြောင်းကြားသင့်ပါတယ်။

ကလေးတွေအတွက် Primidone ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဝက်ရူးပြန်ရောဂါအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၈နှစ်နှင့်အထက်ဖြစ်ပါက

ယခင်ကဆေးကုသမှုမခံယူဖူးသေးသောလူနာများအတွက်

-ပထမနေ့မှပထမနေ့မှ၃ရက်မြောက်နေ့အထိ:ဆေး၁၀၀မှ၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်ညအိပ်ရာဝင်ချိန်တွင်သောက်ပါ။

-၄ရက်မြောက်နေ့မှ၆ရက်မြောက်နေ့အထိ:ဆေး၁၀၀မှ၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့နှစ်ကြိမ်သောက်ပါ။

-၇ရက်မြောက်နေ့မှ၉ရက်မြောက်နေ့အထိ:ဆေး၁၀၀မှ၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့သုံးကြိမ်သောက်ပါ။

-၁၀ရက်မြောက်နေ့မှစ၍ဆေး၂၅၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့ကိုသုံးကြိမ်မှလေးကြိမ်သောက်ပါ။ လိုအပ်ပါကတစ်နေ့ကို၅ကြိမ်မှ၆ကြိမ်အထိတိုးသောက်ပါ။

-အမြင့်ဆုံးဆေးပမာဏ:ဆေး၅၀၀မီလီဂရမ်ကိုတစ်နေ့လေးကြိမ်(နေ့စဉ်ဆေး၂ဂရမ်)

အခြားအတက်ရောဂါကုဆေးတွေသောက်နေတဲ့လူနာတွေအတွက်

ဆေး၁၀၀မှ၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်ညအိပ်ရာဝင်ချိန်တွင်သောက်ပါ။ ဆေးပမာဏကိုဆေးအာနိသင်ဆက်ထိန်းနိုင်သောပမာဏအထိရောက်အောင်ဖြည်းဖြည်းချင်းတိုးသွားပါ။ အခြားဆေးရဲ့ပမာဏကိုတော့ဖြည်းဖြည်းချင်းလျှော့သွားပါ။ ဆေးနှစ်မျိုးအတွက်ကျေနပ်လောက်တဲ့ဆေးပမာဏရတဲ့အထိသို့မဟုတ်အခြားဆေးကိုအပြည့်အဝရပ်လိုက်နိုင်တဲ့အထိဆေးကုထုံးကိုဆက်သုံးပါ။ ယခုဆေးတစ်မျိုးတည်းကိုပဲသုံးရန်လိုအပ်ပါကဆေးနှစ်မျိုးတွဲသုံးတာရပ်လိုက်ခြင်းကိုနှစ်ပတ်အောက်အတွင်းမပြုလုပ်သင့်ပါဘူး။

အသက်၈နှစ်အောက်အတွက်

-ပထမနေ့မှပထမနေ့မှ၃ရက်မြောက်နေ့အထိ:ဆေး၅၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်ညအိပ်ရာဝင်ချိန်တွင်သောက်ပါ။

-၄ရက်မြောက်နေ့မှ၆ရက်မြောက်နေ့အထိ:ဆေး၅၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့နှစ်ကြိမ်သောက်ပါ။

-၇ရက်မြောက်နေ့မှ၉ရက်မြောက်နေ့အထိ:ဆေး၁၀၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့နှစ်ကြိမ်သောက်ပါ။

-၁၀ရက်မြောက်နေ့မှစ၍ဆေး၁၂၅မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့ကိုသုံးကြိမ်မှဆေး၂၅၀မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်အထိသောက်လို့ရပါတယ်။

-ဆေးအာနိသင်ကိုဆက်ထိန်းရန်ပုံမှန်ပေးသောပမာဏ:ဆေး၁၂၅မှ၂၅၀မီလီဂရမ်ကိုနေ့စဉ်တစ်နေ့သုံးကြိမ်သို့မဟုတ်တစ်နေ့ကိုဆေး10မှ25mg/kgကိုသောက်ဆေးအဖြစ်အကြိမ်ရေခွဲသောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-အကောင်းဆုံးအာနိသင်ရရှိစေရန်ဆေးပမာဏကိုလူတစ်ယောက်ချင်းစီပေါ်မူတည်ပြီးပေးသင့်ပါတယ်။ အချို့အခြေအနေတွေမှာဆေးပမာဏကိုအကောင်းဆုံးထိန်းညှိနိုင်ရန်သွေးထဲရှိပမာဏကိုတိုင်းတာဖို့လိုအပ်ပါတယ်။ ယခုဆေးအတွက်လက်တွေ့မှာထိရောက်တဲ့သွေးတွင်းဆေးပမာဏက5မှ12mcg/mLဖြစ်ပါတယ်။

ယခုဆေးကိုအစာနဲ့သို့မဟုတ်အစာမရှိချိန်မှာပါသောက်လို့ရပါတယ်။

အသုံးပြုခြင်း:ပြင်းထန်တဲ့အတက်ရောဂါ၊စိတ်အတွေးများနဲ့လှုပ်ရှားမှုများကောင်းကောင်းမလုပ်နိုင်သောရောဂါ၊ဦးနှောက်တစ်ခြမ်းကိုပဲထိသောအတက်ရောဂါနဲ့အခြားအတက်ရောဂါကုဆေးတွေကိုခံနိုင်ရည်ရှိသေယပြင်းထန်တဲ့အတက်ရောဂါတွေကိုထိန်းချုပ်ရန်အတွက်သုံးပါတယ်။ ဆေးတစ်မျိုးတည်းသို့မဟုတ်အခြားအတက်ရောဂါကုဆေးတွေနဲ့တွဲပေးပါတယ်။

အတက်ရောဂါအတွက်ကလေးသောက်ရန်ဆေးပမာဏ

သတိပြုရမည့်အရာများ

အသက်တစ်နှစ်အောက်လူနာတွေမှာဆေးရဲ့ဘေးကင်းမှုနဲ့ထိရောက်မှုကိုလေ့လာထားခြင်းမရှိသေးပါဘူး။

Primidone ကိုဘယ်လိုရရှိနိုင်သလဲ

Primidoneကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြားပုံစံ
  • သောက်ဆေးရည်ပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Primidoneဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 21, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။