backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Primaquine

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Primaquine ကို ဘာအတွက်အသုံးပြုကြသလဲ

ငှက်ဖျားရောဂါအဖြစ်များတဲ့နိုင်ငံတွေမှာPrimaquineကိုအခြားဆေးတွေနဲ့တွဲပြီးခြင်ကိုက်ခြင်းကြောင့်ဖြစ်တဲ့ငှက်ဖျားရောဂါကိုကာကွယ်ရန်နဲ့ကုသရန်အတွက်သုံးပါတယ်။ ငှက်ဖျားရောဂါပိုးတွေဟာခြင်ကိုက်ခြင်းမှတစ်ဆင့်ခန္ဓါကိုယ်ထဲကိုဝင်လာနိုင်ပြီးခန္ဓါကိုယ်ရဲ့တစ်ရှူးတွေဥပမာသွေးနီဥတွေနဲ့အသည်းထဲမှာအသက်ရှင်နေထိုင်ကြပါတယ်။Primaquineကိုအခြားဆေးတွေ(ဥပမာchloroquine)ကသွေးနီဥတွေထဲမှာနေနေတဲ့ငှက်ဖျားရောဂါပိုးတွေကိုသတ်ပြီးတဲ့နောက်မှာသုံးပါတယ်။ အဲနောက်မှာတော့Primaquineကခန္ဓါကိုယ်ရဲ့အခြားတစ်ရှူးတွေထဲမှာရှိနေတဲ့ငှက်ဖျားပိုးတွေကိုဆက်သတ်ပါတယ်။ အဲဒါကငှက်ဖျားရောဂါပိုးထပ်မဝင်အောင်တားပေးပါတယ်။ ရောဂါအရှင်းပျောက်ဖို့အတွက်ဆေးနှစ်မျိုးလုံးလိုအပ်ပါတယ်။Primaquine phosphateဆေးဟာantimalarialsလို့ခေါ်တဲ့ငှက်ဖျားရောဂါကုသတဲ့ဆေးအုပ်စုထဲမှာပါဝင်ပါတယ်။

Primaquine ဘယ်လိုသောက်သုံးသင့်သလဲ

ယခုဆေးကိုအစာအိမ်ပြသနာများမဖြစ်စေရန်အစာနဲ့တွဲပြီးတစ်နေ့တစ်ကြိမ်သောက်ပါသို့မဟုတ်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပါ။ သင့်ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကိုတိတိကျကျလိုက်နာပါ။ သင်ငှက်ဖျားရောဂါဖြစ်နေတဲ့ဒေသတွေကနေထွက်လာပြီးနောက်Primaquineကိုနှစ်ပတ်လောက်ကြာအောင်သောက်ရပါတယ်။ ဆေးကိုအခြားငှက်ဖျားရောဂါကုဆေးတွေသောက်နေတဲ့နောက်ဆုံးတစ်ပတ်ကနေနှစ်ပတ်အတွင်းသို့မဟုတ်အခြားဆေးတွေသောက်ပြီးပြီးချင်းမှာစသောက်လို့ရပါတယ်။Primaquineကိုငှက်ဖျားရောဂါကုသဖို့အတွက်၁၄ရက်ထက်ပိုမသောက်သင့်ပါဘူး။

ဆေးသောက်ရမယ့်ပမာဏဟာသင့်မှာရှိနေတဲ့ရောဂါပိုးအမျိုးအသားနဲ့ဆေးအပေါ်သင့်ရဲ့တုံ့ပြန်မှုပေါ်မူတည်ပါတယ်။ ဆေးကိုပုံမှန်သောက်ပါ။ သင်ကောင်းကောင်းမှတ်မိအောင်ဆေးကိုနေ့တိုင်းအချိန်တစ်ခုပုံသေထားပြီးသောက်ပါ။

ဆေးကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိတိကျကျဆက်သောက်ဖို့အလွန်အရေးကြီးပါတယ်။ ဆေးကိုညွှန်ကြားထားသည်ထက်ပိုမသောက်ပါနဲ့။ လျှော့လည်းမသောက်ပါနဲ့။ သင်သက်သာလာတယ်ဆိုရင်တောင်မှသင့်ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲဆေးကိုသောက်ရမယ့်အချိန်မပြည့်သေးခင်ရပ်မပစ်ပါနဲ့။ သင့်ဆရာဝန်ရဲ့ခွင့်ပြုချက်မပါဘဲဆေးသောက်ဖို့ကျော်ခြင်း၊ဆေးပမာဏပြောင်းလဲခြင်းတို့ပြုလုပ်ပါကရောဂါကာကွယ်ခြင်းနဲ့ကုသခြင်းဟာမထိရောက်တော့ပါဘူး။ ရောဂါပိုးပမာဏကိုလည်းပိုများလာစေပြီးကုသရန်လည်းပိုပြီးခက်ခဲစေပါတယ်။ ဘေးထွက်ဆိုးကျိုးတွေလည်းပိုရနိုင်ပါတယ်။

ခြင်ကိုက်မခံရအောင်နေထိုင်ဖို့အရေးကြီးပါတယ်။(ဥပမာ သင့်တော်တဲ့ခြင်မကိုက်စေတဲ့လိမ်းဆေးများလိမ်းခြင်း၊ခန္ဓါကိုယ်အတော်များများကိုဖုံးအုပ်စေတဲ့အဝတ်များဝတ်ခြင်း၊လေကောင်းလေသန့်ရအောင်ထားခြင်း၊ခြင်လုံစကာတပ်ခြင်း၊ခြင်ထောင်ထောင်ခြင်း၊ခြင်ဖျန်းဆေးများသုံးခြင်း)ခရီးမသွားခင်ခြင်မကိုက်စေတဲ့လိမ်းဆေးတွေဝယ်သွားပါ။ အထိရောက်ဆုံးလိမ်းဆေးတွေမှာdiethyltoluamide(DEET)ပါဝင်ပါတယ်။ သင်နဲ့သင့်ကလေးတွေအတွက်သင့်တော်တဲ့ပြင်းအားပမာဏရှိတဲ့လိမ်းဆေးတွေအကြောင်းသိနိုင်ရန်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းပါ။

ငှက်ဖျားရောဂါကိုကာကွယ်တဲ့နေရာမှာမည်သည့်ဆေးမှအပြည့်အဝထိရောက်တာမျိုးမရှိပါဘူး။ အဲအတွက်ကြောင့်သင်ငှက်ဖျားရောဂါအဖြစ်များတဲ့နေရာမှာရှိနေပြီးကာကွယ်ဆေးတွေအကုန်သောက်ပြီးတာတောင်သင့်မှာငှက်ဖျားရောဂါရဲ့လက္ခဏာတွေ(ဥပမာဖျားခြင်း၊ချမ်းတုန်ခြင်း၊ခေါင်းကိုက်ခြင်း၊အခြားတုတ်ကွေးရောဂါလက္ခဏာများ)ရှိလာပါကချက်ချင်းဆေးကုသမှုခံယူပါ။ ပြင်းထန်ပြီးသေစေနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုကာကွယ်ရန်အတွက်ငှက်ဖျားရောဂါကိုမြန်မြန်ကုသဖို့လိုအပ်ပါတယ်။

ငှက်ဖျားရောဂါကိုကုသဖို့အတွက်Primaquine phosphateဆေးကိုသုံးနေစဉ်သင့်ရောဂါအခြေအနေမသက်သာပါကသို့မဟုတ်ပိုဆိုးလာပါကဆရာဝန်ကိုအကြောင်းကြားပါ။

Primaquine ဘယ်လိုသိမ်းဆည်းရမလဲ

Primaquineကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Primaquineဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Primaquineကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Primaquine အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Primaquineကိုအသုံးမပြုခင်သင့်မှာယခုဆေးနဲ့သို့မဟုတ်အခြားဆေးတွေနဲ့ဓါတ်မတည့်တာမျိုးတွေရှိရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ ယခုဆေးမှာဆေးနဲ့ဓါတ်မတည့်တာတွေသို့မဟုတ်တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါတတ်ပါတယ်။ အသေးစိတ်အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

ယခုဆေးကိုမသုံးခင်သင့်ရဲ့ရောဂါရာဇဝင်အကြောင်းအထူးသဖြင့်ခုခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါများ(ဥပမာlupusရောဂါ၊အဆစ်အမြစ်ရောင်လေးဘက်နာရောဂါ)၊သွေးရောဂါများ(ဥပမာသွေးဖြူဥပမာဏနည်းခြင်း၊သွေးအားနည်းရောဂါ)၊Primaquineကြောင့်ယခင်ကသွေးရောဂါများဖြစ်ဖူးခြင်း(ဥပမာသွေးနီဥတွေပေါက်ခြင်းကြောင့်ရတဲ့သွေးအားနည်းရောဂါ၊သွေးထဲတွင်methemoglobinများသောရောဂါ)၊G6PDအင်ဇိုင်းချို့တဲ့သောရောဂါဖြစ်ဖူးခြင်းသို့မဟုတ်မိသားစုဝင်ထဲမှာဖြစ်ဖူးခြင်း၊သွေးထဲရှိအင်ဇိုင်းများပမာဏနည်းနေခြင်း(G6PD၊NADH methemoglobin reducatse)တို့အကြောင်းကိုသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြပါ။

Primaquineဆေးကိုစမပေးခင်သင့်မှာအင်ဇိုင်းချို့တဲ့မှုတွေရှိမရှိသိနိုင်စေရန်သွေးစစ်ဖို့ဆရာဝန်ကညွှန်ကြားပါလိမ့်မယ်။

ယခုဆေးဟာသင့်ကိုမူးဝေစေပါတယ်။ အရက်နဲ့ဆေးခြောက်တွေသုံးမယ်ဆိုသင့်ကိုပိုပြီးမူးဝေစေမှာပါ။ အဲဒါကြောင့်သင့်အနေနဲ့ကောင်းကောင်းပြန်ပြီးအလုပ်မလုပ်နိုင်သေးသ၍ကားမမောင်းပါနဲ့။ စက်တွေကိုအသုံးမပြုပါနဲ့။ နောက်ပြီးအမြဲတမ်းနိုးကြားတက်ကြွနေရန်လိုအပ်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့။ အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ သင်ဆေးခြောက်တွေသုံးနေတယ်ဆိုရင်သင့်ဆရာဝန်ကိုပြောပြပါ။

Primaquineဟာနှလုံးခုန်စည်းချက်လွဲမှားတာမျိုးတွေဖြစ်စေတတ်ပါတယ်(QTprolongation)။QTprolongationကယခုချက်ချင်းကိုဆေးကုသမှုခံယူဖို့လိုအပ်တဲ့အခြေအနေတွေဖြစ်တဲ့နှလုံးခုန်အလွန်မြန်ခြင်းသို့မဟုတ်နှလုံးခုန်မမှန်ခြင်းနှင့်အခြားလက္ခဏာများ(ဥပမာအလွန်မူးဝေခြင်း၊သတိလစ်ခြင်း)တွေကိုတော့ဖြစ်စေတာရှားပါတယ်။

တကယ်လို့သင့်မှာတခြားရောဂါတွေရှိခဲ့ရင်သို့မဟုတ်QTprolongationဖြစ်စေနိုင်တဲ့တခြားဆေးတွေသောက်နေမယ်ဆိုရင်တော့QTprolongationရနိုင်ခြေပိုများမှာဖြစ်ပါတယ်။Primaquineကိုအသုံးမပြုခင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုသင်သောက်နေတဲ့ဆေးတွေအကုန်လုံးကိုပြောပြပါ။ ဒါ့အပြင်သင့်မှာနှလုံးရောဂါတွေရှိရင်(ဥပမာနှလုံးကောင်းကောင်းအလုပ်မလုပ်ခြင်း၊နှလုံးခုန်နှေးခြင်း၊QTprolongation)ဒါမှမဟုတ်သင့်ရဲ့မိသားစုထဲမှာနှလုံးရောဂါဖြစ်ဖူးသူတွေရှိခဲ့ရင်(ဥပမာQTprolongation၊ရုတ်တရက်နှလုံးခုန်ရပ်၍သေဆုံးခြင်း)လည်းဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

သွေးထဲမှာပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ်တွေနည်းနေရင်လည်းQTprolongationရနိုင်ခြေကိုမြင့်တက်စေပါတယ်။ တကယ်လို့သင့်အနေနဲ့အခြားဆေးတွေ(ဥပမာဆီးဆေး)သောက်နေရင်သို့မဟုတ်သင့်မှာချွေးထွက်လွန်ခြင်း၊ဝမ်းလျှောခြင်းနဲ့အန်ခြင်းတို့ဖြစ်နေမယ်ဆိုရင်လည်းQTprolongationရနိုင်ခြေမြင့်တက်မှာဖြစ်ပါတယ်။Primaquineကိုဘေးကင်းကင်းသုံးနိုင်ဖို့အတွက်ဆရာဝန်ကိုမေးမြန်းပါ။

ခွဲစိတ်ကုသမှုမခံယူခင်သင့်ရဲ့ဆရာဝန်သို့မဟုတ်သွားဆရာဝန်ကိုသင်သုံးနေတဲ့ဆေးဝါးတွေ(ဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ)အကြောင်းကိုပြောပြပါ။

အသက်ကြီးသူတွေအနေနဲ့ယခုဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအထူးသဖြင့်QTprolongationကိုပိုပြီးရနိုင်ပါတယ်။

ယခုဆေးကိုကိုယ်ဝန်ဆောင်နေစဉ်မှာလုံးဝမသုံးရပါဘူး။ ဆေးကမမွေးလာသေးတဲ့ကလေးငယ်ကိုထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အရွယ်အမျိုးသမီးတွေအနေနဲ့ယခုဆေးကိုမသောက်ခင်ကိုယ်ဝန်ရှိမရှိအရင်စစ်ဆေးသင့်ပါတယ်။Pimaquineဆေးကိုသောက်နေစဉ်နဲ့သောက်ပြီးမှာကိုယ်ဝန်မရှိအောင်တားဖို့အရေးကြီးပါတယ်။ ဆေးသောက်နေစဉ်မှာအမျိုးသားရောအမျိုးသမီးတွေပါစိတ်ချရတဲ့ကိုယ်ဝန်တားခြင်းနည်းလမ်းတွေကိုသုံးဖို့လိုပါတယ်။(ဥပမာကွန်ဒုံးသုံးခြင်း၊သန္ဓေတားဆေးများသုံးခြင်း)။ အမျိုးသားတွေအနေနဲ့ဆေးသောက်ပြီးအနည်းဆုံး၃လလောက်ကြာတဲ့အထိသန္ဓေတားခြင်းနည်းလမ်းတွေကိုဆက်လုပ်သင့်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ကတော့ဆေးသောက်ပြီးအနည်းဆုံးဓမ္မတာရာသီတစ်ခါပြီးတဲ့အထိသန္ဓေတားခြင်းနည်းလမ်းတွေကိုဆက်လုပ်သင့်ပါတယ်။ သင့်မှာကိုယ်ဝန်ရှိလာပါကသို့မဟုတ်ကိုယ်ဝန်ရှိလာတော့မယ်လို့ထင်ပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ သင်ကိုယ်ဝန်ရှိနေစဉ်ငှက်ဖျားရောဂါဖြစ်နေတဲ့နေရူတစ်ခုကိုသွားပါကသင်နဲ့သင့်ကလေးမှာသေဆုံးနိုင်ချေနဲ့အခြားပြသနာတွေရနိုင်ချေမြင့်တက်နေမှာဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရေးအဖွဲ့အစည်းကတော့သင့်ရဲ့မမွေးလာသေးတဲ့ကလေးငယ်မှာအန္တရာယ်မရှိနိုင်စေရန်ကိုယ်ဝန်ဆောင်နေစဉ်တစ်လျှောက်မှကလေးမွေးသည်အထိအခြားငှက်ဖျားရောဂါကုဆေးတွေ(ဥပမာchloroquine)ကိုဆက်သောက်ဖို့ညွှန်ကြားပါတယ်။ သင်ကလေးမွေးပြီးတဲ့အခါမှPrimaquineကိုဆက်သောက်နိုင်ပါတယ်။ ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုဆရာဝန်နဲ့တိုင်ပင်ပါ။

ယခုဆေးဟာမိခင်နို့ရည်ထဲမှာပါလာပြီးနို့စို့နေတဲ့ကလေးကိုထိခိုက်နိုင်လားဆိုတာကိုမသိရပါဘူး။ ကလေးနို့မတိုက်ခင်ဆရာဝန်အနေနဲ့သင့်ကလေးမှာG6PDအင်ဇိုင်းချို့တဲ့မှုရှိမရှိအရင်စစ်ဆေးသင့်ပါတယ်။ ကလေးနို့မတိုက်ခင်ဆရာဝန်နဲ့တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Primaquine ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPrimaquineကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Nလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Primaquine ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့ခြင်း၊အန်ခြင်း၊မူးဝေခြင်း၊အစာအိမ်ပြသနာများနဲ့ဗိုက်အောင့်ခြင်းတွေရနိုင်ပါတယ်။ တကယ်လို့အဲဒီဆိုးကျိုးတွေကြာနေမယ်ဆိုရင်သို့မဟုတ်ပိုဆိုးလာမယ်ဆိုရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုချက်ချင်းပြောပြပါ။

သင့်ဆရာဝန်ကသင့်ကိုဒီဆေးပေးပြီဆိုတာသင့်အပေါ်မှာဒီဆေးရဲ့ကောင်းကျိုးတွေကဆိုးကျိုးရနိုင်ခြေတွေထက်ပိုများတယ်ဆိုတာကိုသုံးသပ်ပြီးမှပေးတယ်ဆိုတာကိုတော့သတိရပါ။ ယခုဆေးကိုသုံးနေတဲ့သူတော်တော်များများမှာပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေမခံစားရပါဘူး။

တကယ်လို့သင့်မှာအောက်ဖော်ပြပါရှားပါးပြီးပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေရရှိပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ ပြင်းထန်တဲ့ရောဂါပိုးဝင်ခြင်းလက္ခဏာများ(ဥပမာအဖျားကြီးခြင်း၊ပြင်းပြင်းထန်ထန်ချမ်းတုန်ခြင်း၊အချိန်အတော်ကြာလည်ချောင်းနာခြင်း)၊သွေးနီဥတွေရုတ်တရက်ဆုံးရှုံးသွားတဲ့လက္ခဏာများ(ဥပမာပြင်းပြင်းထန်ထန်မောပန်းခြင်း၊ဆီးအညိုရောင်သွားခြင်း၊နှုတ်ခမ်း၊လက်သည်းနဲ့အရေပြားများဖြူဖျောု့ခြင်း၊ပုံမှန်အလုပ်တွေလုပ်နေရင်းမှာပင်နှလုံးခုန်မြန်ခြင်း၊အသက်ရှူမြန်ခြင်း)၊သွေးရောဂါတစ်ခုခုရဲ့လက္ခဏာများ(methemoglobinများသောရောဂါတွင်အရေပြား၊နှုတ်ခမ်းနဲ့လက်သည်းများပြာလာခြင်း၊ခေါင်းကိုက်ခြင်း၊အသက်ရှူ၍မဝခြင်း၊ခေါင်းတစ်ခုလုံးပေါ့ပါးသွားသလိုခံစားရခြင်း၊အားနည်းခြင်း၊စိတ်ရှုပ်ထွေးခြင်း၊ရင်ဘတ်အောင့်ခြင်း၊ရုတ်တရက်နှလုံးခုန်မြန်လာခြင်း)

တကယ်လို့သင့်မှာရှားပါးပြီးပြင်းထန်တဲ့နှလုံးခုန်မြန်ခြင်း၊နှလုံးခုန်မမှန်ခြင်း၊ပြင်းပြင်းထန်ထန်မူးဝေခြင်း၊သတိလစ်ခြင်းတို့ခံစားရပါကဆေးကုသမှုချက်ချင်းခံယူပါ။

ယခုဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းမျိုးကရှားပါတယ်။ ဒါပေမယ့်တကယ်လို့သင့်မှာဆေးနဲ့အပြင်းအထန်ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့အရေပြားမှာအနီကွက်များထွက်ခြင်း၊ယားယံခြင်း၊ဖောရောင်ခြင်း(အထူးသဖြင့်မျက်နှာ၊လျှာနဲ့လည်ချောင်း)၊အလွန်မူးဝေခြင်း၊အသက်ရှူရခက်ခဲခြင်းများရှိပါကဆေးကုသမှုချက်ချင်းခံယူပါ။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Primaquine နဲ့ ဓါတ်ပြုနိုင်သလဲ

ယခုဆေးနဲ့သက်ရောက်ဓါတ်ပြုနိုင်တဲ့ပစ္စည်းတွေကတော့penicillamine,quinacrine,သွေးဆဲလ်တွေကိုလျော့နည်းစေသောဆေးများ(ဥပမာ trimethoprim,zidovudine,pyrimethamine,azathioprine)တို့ဖြစ်ကြပါတယ်။

Primaquineကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Primaquine နဲ့ ဓါတ်ပြုနိုင်သလား

Primaquineဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Primaquine နဲ့ ဓါတ်ပြုနိုင်သလဲ

Primaquineဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Primaquine ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ငှက်ဖျားရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေးထုတ်လုပ်သူရဲ့အကြံပြုချက်များ:ဆေး၁၅မီလီဂရမ်(ဆား၂၆.၃မီလီဂရမ်)ကိုတစ်နေ့တစ်ကြိမ်သောက်ဆေးအဖြစ်၁၄ရက်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-vivaxရောဂါပိုးကြောင့်ဖြစ်တဲ့ငှက်ဖျားရောဂါကိုအမြစ်ပြတ်အောင်ကုသခြင်း၊၊vivaxရောဂါပိုးကြောင့်ဖြစ်တဲ့ငှက်ဖျားရောဂါထပ်ဖြစ်ခြင်းကိုကာကွယ်ရန်သို့မဟုတ်vivaxရောဂါပိုးကြောင့်ဖြစ်တဲ့ငှက်ဖျားရောဂါပေါတဲ့နေရာတွေမှာchloroquine phosphateဆေးနဲ့ကုသမှုပေးပြီးတဲ့နောက်မှာသုံးရန်ညွှန်ကြားထားပါတယ်။

-သွေးနီဥထဲမှာရှိနေတဲ့ရောဂါပိုးတွေကိုဖျက်စီးဖို့အတွက်chloroquine phosphate(သွေးနီဥထဲရှိငှက်ဖျားရောဂါပိုးတွေကိုဖျက်စီးပြီးပိုးတွေဝင်တာကိုတားပေးပါတယ်)နဲ့တွဲပြီးပေးသင့်ပါတယ်။

အသုံးပြုခြင်း:Plasmodium vivaxရောဂါပိုးကြောင့်ဖြစ်တဲ့ငှက်ဖျားရောဂါကိုအမြစ်ပြတ်အောင်ကုသရန်(ရောဂါပြန်မဖြစ်အောင်ကာကွယ်ခြင်း)

အမေရိကန်နိုင်ငံရဲ့ရောဂါထိန်းချုပ်ရေးအဖွဲ့၏ညွှန်ကြားချက်:ဆေး၃၀မီလီဂရမ်(ဆား၅၂.၆မီလီဂရမ်)ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်နဲ့၁၄ရက်သောက်ပါ။

-အခြားပုံစံတစ်မျိုးဖြင့်ကုသခြင်း:ဆေး၄၅မီလီဂရမ်(ဆား၇၈.၉မီလီဂရမ်)ကိုသောက်ဆေးအဖြစ်တစ်ပတ်တစ်ကြိမ်နဲ့၈ပတ်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-P.vivaxသို့မဟုတ်P.ovaleရောဂါပိုးတွေကြောင့်ဖြစ်တဲ့ငှက်ဖျားရောဂါကိုအမြစ်ပြတ်အောင်ကုသရန်အတွက်သုံးပါတယ်။

-ယခုဆေးဟာplasmodiaရောဂါပိုးရဲ့asexual erythrocyticပုံစံကိုသက်ရောက်မှုမရှိသောကြောင့်အခြားသင့်တော်တဲ့ငှက်ဖျားရောဂါကုဆေးတွေနဲ့တွဲပေးသင့်ပါတယ်။

-ယခုဆေးဟာအသည်းထဲမှာရှိတဲ့ရောဂါပိုးရဲ့hypnozoitesပုံစံတွေကိုရှင်းလင်းပေးတာကြောင့်ရောဂါထပ်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

-အခြားပုံစံတစ်မျိုးဖြင့်ကုသခြင်းပုံစံကိုG6PDအင်ဇိုင်းချို့တဲ့နေတဲ့လူနာတွေအတွက်သို့မဟုတ်နေ့စဉ်ကုထုံးရဲ့အခြားပုံစံတစ်မျိုးအဖြစ်အသုံးပြုပါတယ်။

-တကယ်လို့အခြားပုံစံတစ်မျိုးဖြင့်ကုသခြင်းပုံစံကိုG6PDအင်ဇိုင်းချို့တဲ့နေတဲ့လူနာတွေအတွက်သုံးမယ်ဆိုရင်ကူးစက်ရောဂါကျွမ်းကျင်ပညာရှင်နဲ့သို့မဟုတ်Tropicalဆေးပညာကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

-ယခုဆေးကိုကိုယ်ဝန်ဆောင်နေစဉ်မသုံးသင့်ပါဘူး။ ဒါပေမယ့်G6PDအင်ဇိုင်းချို့တဲ့ခြင်းမရှိတဲ့လူနာတွေမှာတော့ကလေးမွေးပြီးတဲ့အခါအသုံးပြုသင့်ပါတယ်။

ငှက်ဖျားရောဂါကာကွယ်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေးထုတ်လုပ်သူရဲ့အကြံပြုချက်များ:ဆေး၁၅မီလီဂရမ်(ဆား၂၆.၃မီလီဂရမ်)ကိုတစ်နေ့တစ်ကြိမ်သောက်ဆေးအဖြစ်၁၄ရက်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-vivaxရောဂါပိုးကြောင့်ဖြစ်တဲ့ငှက်ဖျားရောဂါကိုအမြစ်ပြတ်အောင်ကုသခြင်း၊၊vivaxရောဂါပိုးကြောင့်ဖြစ်တဲ့ငှက်ဖျားရောဂါထပ်ဖြစ်ခြင်းကိုကာကွယ်ရန်သို့မဟုတ်vivaxရောဂါပိုးကြောင့်ဖြစ်တဲ့ငှက်ဖျားရောဂါပေါတဲ့နေရာတွေမှာchloroquinephosphateဆေးနဲ့ကုသမှုပေးပြီးတဲ့နောက်မှာသုံးရန်ညွှန်ကြားထားပါတယ်။

အသုံးပြုခြင်း:Plasmodiumvivaxရောဂါပိုးကြောင့်ဖြစ်တဲ့ငှက်ဖျားရောဂါကိုအမြစ်ပြတ်အောင်ကုသရန်(ရောဂါပြန်မဖြစ်အောင်ကာကွယ်ခြင်း)

အမေရိကန်နိုင်ငံရဲ့ရောဂါထိန်းချုပ်ရေးအဖွဲ့၏ညွှန်ကြားချက်:ဆေး၃၀မီလီဂရမ်(ဆား၅၂.၆မီလီဂရမ်)ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်နဲ့၁၄ရက်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

ရှေ့ဦးရောဂါကာကွယ်ရေးအတွက်သုံးလျှင်

-ငှက်ဖျားရောဂါအဖြစ်များနေတဲ့နေရာတွေကိုမသွားခင်နဲ့အဲနေရာတွေကိုရောက်နေစဉ်မှာတစ်ရက်မှနှစ်ရက်ဆေးကိုသောက်သင့်ပြီးအဲနေရာတွေကနေပြန်လာတဲ့အခါ၇ရက်ဆေးသောက်သင့်ပါတယ်။

-P vivax ရောဂါပိုးရှိတဲ့ဒေသတွေကိုခဏတာခရီးသွားခြင်းအတွက်ယေဘုယျအားဖြင့်အသုံးပြုပါတယ်။

နှောင်းပိုင်းရောဂါကာကွယ်ရေးအတွက်သုံးလျှင်(ရောဂါပြန်မဖြစ်အောင်တားခြင်း)

-P vivax သို့မဟုတ် P ovale ကြောင့်ငှက်ဖျားရောဂါပြန်ဖြစ်မှုနှုန်းကိုလျှော့ချနိုင်ရန်အတွက်သုံးပါတယ်။P vivax၊P ovaleသို့မဟုတ်ရောဂါပိုးနှစ်မျိုးလုံးနဲ့အချိန်ကြာကြာထိတွေ့နေရတဲ့လူနာတွေအတွက်သုံးပါတယ်။

-ယခုဆေးကိုလူနာကငှက်ဖျားရောဂါဖြစ်နေတဲ့ဒေသကနေထွက်ခွာလာပြီးနောက်၁၄ရက်ကြာတဲ့အထိသုံးသင့်ပါတယ်။

-Chloroquine,doxycycline သို့မဟုတ် mefloquine တို့ကိုရှေ့ဦးရောဂါကာကွယ်ရေးအတွက်သုံးထားတာ်ဆိုရင်ယခုဆေးကိုရောဂါဖြစ်ပြီးနောက်ပိုင်းထပ်မဖြစ်အောင်ကာကွယ်ခြင်းကုထုံးရဲ့နောက်ဆုံး၂ပတ်အတွင်းမှာသုံးသင့်ပါတယ်။

-ရောဂါကာကွယ်ဖို့အတွက် atovaquone-proguanil ဆေးတွေကိုသုံးထားတယ်ဆိုရင်ယခုဆေးကို atovaquone-proguanilဆေးတွေသောက်ရမယ့်နောက်ဆုံးပတ်နဲ့နောက်ထပ်၇ရက်ကြာအောင်သောက်သင့်ပါတယ်။

-ယခုဆေးကိုရှေ့ဦးရောဂါကာကွယ်ဖို့အတွက်သုံးတဲ့ဆေးနဲ့တွဲသုံးသင့်ပါတယ်။ တကယ်လို့မဖြစ်နိုင်ဘူးဆိုရင်ယခုဆေးကိုရှေ့ဦးရောဂါကာကွယ်ဖို့အတွက်သုံးတဲ့ဆေးကိုသုံးပြီးတဲ့နောက်မှာဆက်သုံးသင့်ပါတယ်။

Pneumocystis Pneumonia ရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

HIVရောဂါပိုးရှိတဲ့လူနာတွေအတွက်အမေရိကန်ရောဂါထိန်းချုပ်ရေးအဖွဲ့၊နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှုအသင်းနဲ့အမေရိကန်နိုင်ငံကူးစက်ရောဂါဆိုင်ရာအဖွဲ့အစည်းမှာပါဝင်တဲ့ HIV ရောဂါအသင်းတို့ရဲ့ညွှန်ကြားချက်များ:ဆေး၃၀မီလီဂရမ်(ဆေး၅၂.၆မီလီဂရမ်)ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:၂၁ရက်

ရှင်းလင်းအကြံပြုချက်များ:clindamycinဆေးနဲ့တွဲပြီးအပျော့စားသို့မဟုတ်အလယ်အလတ် Pneumocystis pneumonia(PCP)ရောဂါနဲ့အလယ်အလတ်သို့မဟုတ်ပြင်းထန်တဲ့PCPရောဂါတို့ကိုပုံစံတစ်မျိုးဖြင့်ကုသခြင်းကုထုံးအတွက်သုံးပါတယ်။

အခြားရှင်းလင်းအကြံပြုချက်များ

ဆေးထိန်းသိမ်းရန်လိုအပ်ချက်များ

-ဆေးပုလင်းကိုတင်းကြပ်စွာပိတ်ပါ။ အလင်းရောင်နဲ့မထိတွေ့အောင်ထားပါ။

ယေဘုယျအားဖြင့်

-ယခုဆေးရဲ့ဆေးပမာဏကိုဆေးရဲ့အခြေခံပုံစံအနေနဲ့ပဲဖော်ပြပြီးတွက်ချက်ပါတယ်။ ဆေးပြားတစ်ပြားမှာပါတဲ့primaquine phosphate ၂၆.၃မီလီဂရမ်ဟာ primaquine အခြေ ခံပုံစံ၁၅မီလီဂရမ်နဲ့တူပါတယ်။

-အမေရိကန်ရောဂါထိန်းချုပ်ရေးအဖွဲ့ကတော့ယခုဆေးကိုစမသုံးခင်G6PDအင်ဇိုင်းချို့တဲ့မှုရှိမရှိစစ်ဆေးသင့်ကြောင်းညွှန်ကြားထားပါတယ်။

-နောက်ထပ်အချက်အလက်တွေရရှိနိုင်ရန်လက်ရှိသုံးနေတဲ့ဆေးညွှန်းတွေကိုဖတ်ရှူသင့်ပါတယ်။

စောင့်ကြည့်လေ့လာခြင်း

-သွေးပိုင်းဆိုင်ရာ:ပုံမှန်သွေးစစ်ခြင်းများအထူးသဖြင့်သွေးဆဲလ်ပမာဏနဲ့hemoglobin ပမာဏများ(ဆေးသောက်နေစဉ်)

ကလေးတွေအတွက် Primaquine ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ငှက်ဖျားရောဂါအတွက်ကလေးသောက်ရန်ဆေးပမာဏ

အမေရိကန်နိုင်ငံရဲ့ရောဂါထိန်းချုပ်ရေးအဖွဲ့၏ညွှန်ကြားချက်:ဆေး0.5mg/kg(ဆား0.8mg/kg)ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်နဲ့၁၄ရက်သောက်ပါ။

အမြင့်ဆုံးဆေးပမာဏ:တစ်ကြိမ်ကိုဆေး၃၀မီလီဂရမ်

ရှင်းလင်းအကြံပြုချက်များ

-P.vivaxသို့မဟုတ်P.ovaleရောဂါပိုးတွေကြောင့်ဖြစ်တဲ့ငှက်ဖျားရောဂါကိုအမြစ်ပြတ်အောင်ကုသရန်အတွက်သုံးပါတယ်။

ယခုဆေးဟာplasmodiaရောဂါပိုးရဲ့asexualerythrocyticပုံစံကိုသက်ရောက်မှုမရှိသောကြောင့်အခြားသင့်တော်တဲ့ငှက်ဖျားရောဂါကုဆေးတွေနဲ့တွဲပေးသင့်ပါတယ်။

-ယခုဆေးဟာအသည်းထဲမှာရှိတဲ့ရောဂါပိုးရဲ့hypnozoitesပုံစံတွေကိုရှင်းလင်းပေးတာကြောင့်ရောဂါထပ်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ငှက်ဖျားရောဂါကာကွယ်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အမေရိကန်နိုင်ငံရဲ့ရောဂါထိန်းချုပ်ရေးအဖွဲ့၏ညွှန်ကြားချက်:ဆေး0.5mg/kg(ဆား0.8mg/kg)ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်နဲ့၁၄ရက်သောက်ပါ။

အမြင့်ဆုံးဆေးပမာဏ:တစ်ကြိမ်ကိုဆေး၃၀မီလီဂရမ်

ရှင်းလင်းအကြံပြုချက်များ

ရှေ့ဦးရောဂါကာကွယ်ရေးအတွက်သုံးလျှင်

-ငှက်ဖျားရောဂါအဖြစ်များနေတဲ့နေရာတွေကိုမသွားခင်နဲ့အဲနေရာတွေကိုရောက်နေစဉ်မှာတစ်ရက်မှနှစ်ရက်ဆေးကိုသောက်သင့်ပြီးအဲနေရာတွေကနေပြန်လာတဲ့အခါ၇ရက်ဆေးသောက်သင့်ပါတယ်။

-Pvivaxရောဂါပိုးရှိတဲ့ဒေသတွေကိုခဏတာခရီးသွားခြင်းအတွက်ယေဘုယျအားဖြင့်အသုံးပြုပါတယ်။

နှောင်းပိုင်းရောဂါကာကွယ်ရေးအတွက်သုံးလျှင်(ရောဂါပြန်မဖြစ်အောင်တားခြင်း)

-Pvivaxသို့မဟုတ်Povaleကြောင့်ငှက်ဖျားရောဂါပြန်ဖြစ်မှုနှုန်းကိုလျှော့ချနိုင်ရန်အတွက်သုံးပါတယ်။Pvivax၊Povaleသို့မဟုတ်ရောဂါပိုးနှစ်မျိုးလုံးနဲ့အချိန်ကြာကြာထိတွေ့နေရတဲ့လူနာတွေအတွက်သုံးပါတယ်။

-ယခုဆေးကိုလူနာကငှက်ဖျားရောဂါဖြစ်နေတဲ့ဒေသကနေထွက်ခွာလာပြီးနောက်၁၄ရက်ကြာတဲ့အထိသုံးသင့်ပါတယ်။

-Chloroquine,doxycyclineသို့မဟုတ်mefloquineတို့ကိုရှေ့ဦးရောဂါကာကွယ်ရေးအတွက်သုံးထားတာ်ဆိုရင်ယခုဆေးကိုရောဂါဖြစ်ပြီးနောက်ပိုင်းထပ်မဖြစ်အောင်ကာကွယ်ခြင်းကုထုံးရဲ့နောက်ဆုံး၂ပတ်အတွင်းမှာသုံးသင့်ပါတယ်။

-ရောဂါကာကွယ်ဖို့အတွက်atovaquone-proguanilဆေးတွေကိုသုံးထားတယ်ဆိုရင်ယခုဆေးကိုatovaquone-proguanilဆေးတွေသောက်ရမယ့်နောက်ဆုံးပတ်နဲ့နောက်ထပ်၇ရက်ကြာအောင်သောက်သင့်ပါတယ်။

-ယခုဆေးကိုရှေ့ဦးရောဂါကာကွယ်ဖို့အတွက်သုံးတဲ့ဆေးနဲ့တွဲသုံးသင့်ပါတယ်။ တကယ်လို့မဖြစ်နိုင်ဘူးဆိုရင်ယခုဆေးကိုရှေ့ဦးရောဂါကာကွယ်ဖို့အတွက်သုံးတဲ့ဆေးကိုသုံးပြီးတဲ့နောက်မှာဆက်သုံးသင့်ပါတယ်။

Pneumocystis Pneumonia ရောဂါအတွက်ကလေးသောက်ရန်ဆေးပမာဏ

HIVရောဂါပိုးရှိတဲ့ကလေးလူနာတွေအတွက်အမေရိကန်ရောဂါထိန်းချုပ်ရေးအဖွဲ့၊နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှုအသင်းနဲ့အမေရိကန်နိုင်ငံကူးစက်ရောဂါဆိုင်ရာအဖွဲ့အစည်းမှာပါဝင်တဲ့HIVရောဂါအသင်း၊ကလေးများတွင်ဖြစ်သောကူးစက်ရောဂါဆိုင်ရာအဖွဲ့အစည်း၊အမေရိကန်ကလေးအသင်းအဖွဲ့တို့ရဲ့ညွှန်ကြားချက်များ:ဆေး0.3mg/kg(ဆား0.526mg/kg)ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

အမြင့်ဆုံးဆေးပမာဏ:တစ်ကြိမ်ကိုဆေး၃၀မီလီဂရမ်

HIVရောဂါပိုးရှိတဲ့ဆယ်ကျော်သက်လူနာတွေအတွက်အမေရိကန်ရောဂါထိန်းချုပ်ရေးအဖွဲ့၊နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှုအသင်းနဲ့အမေရိကန်နိုင်ငံကူးစက်ရောဂါဆိုင်ရာအဖွဲ့အစည်းမှာပါဝင်တဲ့HIVရောဂါအသင်းတို့ရဲ့ညွှန်ကြားချက်များ:ဆေး၃၀မီလီဂရမ်(ဆား၅၂.၆မီလီဂရမ်)ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:၂၁ရက်

ရှင်းလင်းအကြံပြုချက်များ

clindamycinဆေးနဲ့တွဲပြီးကလေးတွေနဲ့ဆယ်ကျော်သက်တွေမှာဖြစ်တဲ့အပျော့စားသို့မဟုတ်အလယ်အလတ်Pneumocystispneumonia(PCP)ရောဂါနဲ့ဆယ်ကျော်သက်တွေမှာဖြစ်တဲ့အလယ်အလတ်သို့မဟုတ်ပြင်းထန်တဲ့PCPရောဂါတို့ကိုပုံစံတစ်မျိုးဖြင့်ကုသခြင်းကုထုံးအတွက်သုံးပါတယ်။

-ကလေးများအတွက်စမ်းသပ်ထားသည့်အချက်အလက်များမရှိပါ။ ဆေးပမာဏသည်အခြားရောဂါပိုးဝင်ခြင်းအခြေအနေများကိုယခုဆေးတွေနဲ့ကုသသည့်ဆေးပမာဏပေါ်မူတည်ပါတယ်။

Primaquine ကိုဘယ်လိုရရှိနိုင်သလဲ

Primaquine ကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြားပုံစံ
  • ဆေးမှုန့်ပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Primaquineဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement