backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Prilosec


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Prilosec ကို ဘာအတွက်အသုံးပြုကြသလဲ

Prilosecဟာအစာအိမ်ထဲမှာအက်ဆစ်ထွက်ရှိမှုပမာဏကိုလျော့နည်းစေတဲ့proton pumpတားဆေးတစ်မျိုးဖြစ်ပါတယ်။PrilosecကိုGERDလို့ခေါ်တဲ့ရောဂါရဲ့လက္ခဏာတွေကိုကုသရန်နဲ့အစာအိမ်ထဲမှာအက်ဆစ်တွေများတာကြောင့်ဖြစ်တဲ့အခြားအခြေအနေတွေကိုကုသဖို့အတွက်သုံးပါတယ်။Omeprazoleကိုအစာအိမ်ထဲကအက်ဆစ်တွေကြောင့်အစာပြွန်ထိခိုက်ခြင်းကိုအနာကျက်စေဖို့အတွက်လည်းသုံးပါတယ်။

PrilosecကိုHelicobacter pylori(H.pylori)လို့ခေါ်တဲ့ပိုးတစ်မျိုးကြောင့်အစာအိမ်မှာအနာဖြစ်ခြင်းကိုကုသဖို့အတွက်ပိုးသတ်ဆေးတွေနဲ့တွဲပြီးလည်းသုံးပါတယ်။

Prilosecကိုရင်ပူခြင်းရဲ့ရောဂါလက္ခဏာတွေချက်ချင်းသက်သာစေဖို့အတွက်မသုံးပါဘူး။

Prilosec ဘယ်လိုသောက်သုံးသင့်သလဲ

Prilosecကိုအစာမစားခင်(အစာမစားခင်အနည်းဆုံး၁နာရီအလို)မှာသောက်ပါ။ ဆေးညွှန်းမှာပါတဲ့ညွှန်ကြားချက်အားလုံးကိုလိုက်နာပါ။ ယခုဆေးကိုပမာဏတိုးသောက်ခြင်း၊လျှော့သောက်ခြင်းနဲ့သတ်မှတ်ထားတဲ့အချိန်ထက်ပိုသောက်ခြင်းများမပြုလုပ်ပါနဲ့။

ဆရာဝန်ညွှန်ကြားချက်မပါဘဲဝယ်ယူလို့ရတဲ့Prilosec OTC ဆေးတွေကို၂၄နာရီကြာတစ်ကြိမ်နဲ့၁၄ရက်သောက်ရပါမယ်။ ဆေးကိုမနက်စာမစားခင်မနက်ခင်းမှာသောက်ပါ။ ဆေးအာနိသင်အပြည့်အဝရဖို့အတွက်၄ရက်လောက်ကြာနိုင်ပါတယ်။၂၄နာရီအတွင်းမှာဆေးပြားတစ်ပြားထက်ပိုမသောက်ပါနဲ့။

Prilosec OTC ဆေးကိုနောက်တစ်ကြိမ်၁၄ရက်ကြာမသောက်ခင်အနည်းဆုံး၄လလောက်ခြားပါ။ အဲဒီ၄လအတွင်းမှာသင့်မှာရောဂါလက္ခဏာအသစ်တွေပေါ်လာပြီးဆေးကုသမှုခံယူဖို့ိလိုအပ်ပါကဆရာဝန်ခေါ်ပါ။

ဆေးကိုမြန်မြန်မဖျက်ဆီးနိုင်အောင်အကာအကွယ်အုပ်ထားသောဆေးပြားသို့မဟုတ်Prilosec OTCဆေးပြားတွေကိုအမှုန့်မချေပါနဲ့။ ဝါးမစားပါနဲ့။ မချိုးဖဲ့ပါနဲ့။ ဆေးပြားတစ်ပြားလုံးသောက်ပါ။

ဆေးကိုမြန်မြန်မဖျက်ဆီးနိုင်အောင်အကာအကွယ်အုပ်ထားသောဆေးပြားကတ်ကိုဖွင့်ပြီးနောက်ဆေးသောက်ရပိုလွယ်ကူစေရန်ဆေးကိုပန်းသီးဖျော်ရည်တစ်ဇွန်းအပြည့်နဲ့လည်းတွဲသောက်နိုင်ပါတယ်။ ဆေးကိုမဝါးဘဲမျိုချပါ။ နောက်တစ်ကြိမ်ထပ်သုံးဖို့အတွက်ဆိုပြီးမချန်ထားပါနဲ့။

Prilosecဆေးကိုဆရာဝန်ညွှန်ကြားထားတဲ့အချိန်ကာလပြည့်တဲ့အထိသောက်ပါ။ သင့်ရောဂါအပြည့်အဝမပျောက်သေးခင်မှာပဲသင့်ရဲ့ရောဂါလက္ခဏာတွေသက်သာလာပါလိမ့်မယ်၊

Prilosec ဘယ်လိုသိမ်းဆည်းရမလဲ

Prilosecကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Prilosecဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Prilosecကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Prilosec အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍သင့်မှာအောက်ဖော်ပြပါအခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင်ဆေးအသုံးမပြုခင်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်သို့မဟုတ်ကလေးနို့တိုက်နေချိန်-အကယ်၍သင်ဟာကိုယ်ဝန်ဆောင်မိခင်သို့မဟုတ်ကလေးနို့တိုက်နေတဲ့မိခင်တစ်ဦးဖြစ်နေမယ်ဆိုရင်ဘယ်ဆေးကိုမဆိုဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။

အခြားဆေးဝါးများသောက်သုံးနေချိန်-တိုင်းရင်းဆေး၊အားဖြည့်ဆေးများအပါအဝင်သင်လက်ရှိသောက်သုံးနေတဲ့ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင်ပြောပြရမှာဖြစ်ပါတယ်။

Prilosecသို့မဟုတ်အခြားဆေးဝါးများတွင်ပါဝင်သည့်ပစ္စည်းတစ်မျိုးမျိုးနှင့်ဓါတ်မတည့်ခြင်း

ရောဂါဝေဒနာတစ်ခုခုခံစားနေရခြင်း

ရင်ပူခြင်းဟာနှလုံးရောဂါဖောက်ခြင်းရဲ့ပထမဆုံးခံစားရတဲ့လက္ခဏာတွေနဲ့မှားယွင်းတတ်ပါတယ်။ ရင်ဘတ်အောင့်ခြင်း၊လက်မောင်းနဲ့ပုခုံးများပါနာခြင်း၊ပျို့ခြင်း၊ချွေးထွက်ခြင်းနဲ့ဖျားနာတဲ့ခံစားမှုတွေခံစားရပါကအရေးပေါ်ဆေးကုသမှုခံယူပါ။

Proton pumpတားဆေးတစ်မျုးဖြစ်တဲ့Prilosecဆေးကိုသောက်ခြင်းကြောင့်တင်ပါးဆုံရိုး၊လက်ကောက်ဝတ်ရိုးနဲ့ကျောရိုးမကြီးတို့အရိုးကျိုးနိုင်ချေမြင့်တက်စေနိုင်ပါတယ်။ အဲဒီအခြေအနေဟာဆေးကိုပမာဏများများနဲ့အချိန်အကြာကြီးသောက်နေတဲ့သူတွေနဲ့အသက်၅၀နဲ့အထက်လူနာတွေမှာပိုပြီးဖြစ်နိုင်ပါတယ်။Prilosecဟာအရိုးကျိုးနိုင်ချေမြင့်တက်ခြင်းရဲ့အဓိကအကြောင်းအရင်းတစ်ခုလားဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

အချို့ရောဂါအခြေအနေတွေအတွက်Prilosecနဲ့ပိုးသတ်ဆေးတွေနှစ်မျိုးတွဲပြီးသုံးပါတယ်။ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းဆေးအားလုံးကိုသောက်ပါ။ ဆေးတစ်ခုချင်းစီမှာပါတဲ့ဆေးသောက်ရန်အညွှန်းနဲ့လူနာလိုက်နာရန်အညွှန်းတွေကိုဖတ်ပါ။ ဆရာဝန်ညွှန်ကြားချက်မပါဘဲဆေးပမာဏတွေနဲ့ဆေးသောက်ရမယ့်အချိန်ဇယားတွေကိုမပြောင်းလဲပါနဲ့။

Prilosecဟာမမွေးလာသေးတဲ့ကလေးငယ်ကိုအန္တရာယ်ဖြစ်စေနိုင်လားဆိုတာကိုတော့မသိရပါဘူး။ သင်ကိုယ်ဝန်ရှိနေပါကသို့မဟုတ်ကိုယ်ဝန်ယူရန်စဉ်းစားထားပါကဆရာဝန်ကိုပြောပြပါ။

Omeprazoleဟာမိခင်နို့ရည်ထဲကိုပါသွားနိုင်ပြီးနို့စို့နေတဲ့ကလေးငယ်ကိုထိခိုက်နိုင်ပါတယ်။ သင်ကလေးနို့တိုက်နေပါကဆရာဝန်ခွင့်ပြုချက်မပါဘဲPrilosecဆေးကိုမသုံးပါနဲ့။

ယခုဆေးဟာသင်ဆေးစစ်မှုတွေလုပ်တဲ့အခါမှာပုံမှန်မဟုတ်တဲ့ရလဒ်တွေထွက်ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင့်ဆေးစစ်မှုတစ်ခုမပြုလုပ်ခင်မှာသင်ယခုဆေးသုံးခြင်းကိုခဏလောက်ရပ်ထားဖို့လိုပါတယ်။ သင့်ကိုဆေးကုနေတဲ့ဆရာဝန်ကိုသင်Prilosecဆေးသောက်နေတယ်ဆိုတာကိုပြောပြပါ။

ဆရာဝန်ရဲ့ခွင့်ပြုချက်မပါဘဲPrilosecကိုအသက်တစ်နှစ်အောက်ကလေးငယ်ကိုမပေးပါနဲ့။

သင်Prilosecဆေးကို၃နှစ်ထက်ပိုသုံးပါကသင့်မှာဗီတာမင်B 12ချို့တဲ့မှုတွေဖြစ်နိုင်ပါတယ်။ သင့်မှာအဲရောဂါဖြစ်လာပါကဘယ်လိုလုပ်သင့်လဲဆိုတာနဲ့ပတ်သက်ပြီးဆရာဝန်ကိုမေးမြန်းပါ။

Prilosecဆေးကိုသောက်နေစဉ်သင့်ရောဂါလက္ခဏာတွေမသက်သာပါကသို့မဟုတ်ပိုဆိုးလာပါကဆရာဝန်ခေါ်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Prilosec ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPrilosecကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Cလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Prilosec ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Prilosecနဲ့ဓါတ်မတည့်တဲ့အောက်ပါလက္ခဏာတွေခံစားရပါကအရေးပေါ်ဆေးကုသမှုခံယူပါ။ အရေပြားတွင်အဖုအပိန့်များထွက်ခြင်း၊အသက်ရှူရခက်ခဲခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာနဲ့လည်ချောင်းများရောင်ခြင်း။

အောက်ပါအခြေအနေတွေရှိပါကဆရာဝန်ချက်ချင်းခေါ်ပါ၊

ပြင်းပြင်းထန်ထန်ဗိုက်အောင့်ခြင်း၊ဝမ်းလျှောခြင်း၊သွေးဝမ်းသွားခြင်း

တက်ခြင်း

ကျောက်ကပ်ရောဂါများ-ပုံမှန်ထက်သို့မဟုတ်ပုံမှန်အောက်ဆီးသွားခြင်း၊ဆီးထဲတွင်သွေးပါခြင်း၊ရောင်ရမ်းခြင်း၊ကိုယ်အလေးချိန်မြန်မြန်တက်လာခြင်း။

မဂ္ဂနီဆီယမ်နည်းခြင်းရဲ့လက္ခဏာများ-မူးဝေခြင်း၊စိတ်ရှုပ်ထွေးခြင်း၊နှလုံးခုန်မြန်ခြင်းသို့မဟုတ်မူမမှန်ခြင်း၊ကြွက်သားများတုန်ခြင်း၊ကြောက်ရွံသလိုခံစားရခြင်း၊ကြွက်သားတက်ခြင်း၊လက်နဲ့ခြေထောက်များမှကြွက်သားများတင်းတောင့်ခြင်း၊ချောင်းဆိုးခြင်း၊အသက်ရှူမွန်းကြပ်သလိုခံစားရခြင်း။

ပုံမှန်ရတတ်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

ဗိုက်အောင့်ခြင်း၊လေ လည်ခြင်း

ပျို့ခြင်း၊အန်ခြင်း၊ဝမ်းလျှောခြင်း

ခေါင်းကိုက်ခြင်း

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Prilosec နဲ့ ဓါတ်ပြုနိုင်သလဲ

Prilosecကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ပစ္စည်းတွေကတော့

Cilostazol

Clopidogrel

Diazepam(Valium)

Digoxin

Disulfiram(Antabuse)

Erlotinib

Ironပါသောဆေးများ(ferrousfumarate,ferrousgluconate,ferroussulfate,နဲ့အခြားဆေးများ)

Methotrexate

Mycophenolatemofetil

Phenytoin

John’swort

Tacrolimus

Warfarin(Coumadin,Jantoven)

ပိုးသတ်ဆေးများ–ampicillin,amoxicillin,clarithromycin,rifampin

မှိုရောဂါပိုးတားသောဆေးများ–ketoconazole,voriconazole

HIVသို့မဟုတ် AIDSရောဂါအတွက်ပေးသောဆေးများ–atazanavir,nelfinavir,saquinavir

အစားအသောက်တွေနဲ့ အရက်က Prilosec နဲ့ ဓါတ်ပြုနိုင်သလား

Prilosecဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Prilosec နဲ့ ဓါတ်ပြုနိုင်သလဲ

Prilosecဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

ယခုဆေးနဲ့သက်ရောက်ဓါတ်ပြုနိုင်တဲ့ကျန်းမာရေးအခြေအနေတွေကတော့

အသည်းရောဂါ

သွေးထဲတွင်မဂ္ဂနီဆီယမ်ပမာဏနည်းခြင်း

အရိုးပွခြင်းရောဂါ

အစာမျိုချရခက်ခဲခြင်း၊အစာမျိုချရင်နာခြင်း

သွေးဝမ်းသွားခြင်း၊ဝမ်းမည်းမည်းသွားခြင်း၊ကော်ဖီနှစ်ရောင်အန်ခြင်း

ရင်ပူခြင်း၃လအထက်ပိုကြာနေခြင်း

မကြာခဏရင်ဘတ်အောင့်ခြင်း၊ရင်ပူခြင်း၊အသက်ရှူရင်တရွှီရွှီသံကြားရခြင်း

အကြောင်းအရင်းမရှိဘဲကိုယ်အလေးချိန်ကျသွားခြင်း

ပျို့ခြင်း၊အန်ခြင်း၊ဗိုက်အောင့်ခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Prilosec ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အူသိမ်ဦးပိုင်းတွင်အနာဖြစ်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေး၂၀မီလီဂရမ်ကိုအစာမစားခင်သောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။ လူနာအများစုကတော့၄ပတ်ကနေ၈ပတ်အတွင်းပျောက်ကင်းကြပါတယ်။

Helicobacter pylori ပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေးနှစ်မျိုးတွဲသောက်ခြင်း:omeprazole၄၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်မနက်ပိုင်းတွင်သောက်ပါ။ ထို့နောက်clarithromycin၅၀၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့သုံးကြိမ်နဲ့ပထမနေ့မှ၁၄ရက်မြောက်နေ့အထိသောက်ပါ။၁၅ရက်မြောက်နေ့ကစပြီး၂၈ရက်မြောက်နေ့အထိomeprazole၂၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်မနက်ပိုင်းတွင်သောက်ပါ။

ဆေးသုံးမျိုးတွဲသောက်ခြင်း:omeprazole၂၀မီလီဂရမ်၊clarithromycin၅၀၀မီလီဂရမ်နဲ့amoxicillin၁၀၀၀မီလီဂရမ်တို့ကိုသောက်ဆေးအဖြစ်တစ်နေ့နှစ်ကြိမ်နဲ့၁၀ရက်သောက်ပါ။ ဆေးစသောက်စဉ်မှာအနာရှိပါကomeprazole၂၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်နဲ့နောက်ထပ်၁၈ရက်ထပ်သောက်ပါ။

အစာအိမ်အနာဖြစ်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေး၄၀မီလီဂရမ်ကိုအစာမစားခင်သောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်နဲ့၄ပတ်မှ၈ပတ်အထိသောက်ပါ။

အစာရေပြွန်ရောင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေး၂၀မီလီဂရမ်ကိုအစာမစားခင်သောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။ ရောဂါအခြေအနေတိုးတက်မှုနဲ့လူနာရဲ့ခံနိုင်ရည်ပေါ်မူတည်ပြီးဆေးပမာဏကိုတစ်နေ့လျှင်၄၀မီလီဂရမ်ရောက်တဲ့အထိတိုးနိုင်ပါတယ်။ လေ့လာချက်များအရအစာရေပြွန်ရောင်ခြင်းအတွက်၁၂လလောက်အထိဆေးပမာဏကိုဆက်ထိန်းထားဖို့လိုပါတယ်။

Zollinger-Ellison ရောဂါစုအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ပထမအကြိမ်အတွက်ဆေးပမာဏ:ဆေး၆၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမိသောက်ပါ။ လူနာရဲ့အခြေအနေပေါ်မူတည်ပြီးဆေးပမာဏကိုပြောင်းလဲသင့်ပါတယ်။

ဆေးအာနိသင်ကိုဆက်ထိန်းခြင်း:ဆေး၁၂၀မီလီဂရမ်အထိပေးလို့ရပြီးတစ်နေ့သုံးကြိမ်သောက်ပါ။ တစ်နေ့တာဆေးပမာဏ၈၀မီလီဂရမ်ထက်ကျော်နေပါကဆေးကိုခွဲသောက်ပါ။

Gastroesophageal Reflux Diseaseအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ပထမအကြိမ်:ဆေး၂၀မီလီဂရမ်ကိုအစာမစားခင်သောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်နဲ့၄ပတ်မှ၈ပတ်ကြာအောင်သောက်ပါ။ လိုအပ်ပါကတစ်နေ့ကိုဆေး၄၀မီလီဂရမ်အထိတိုးလို့ရပါတယ်။

ဆေးအာနိသင်ဆက်ထိန်းခြင်း:ရောဂါအတွက်ဆေးပမာဏကိုဆက်ထိန်းရန်နဲ့ဘေးကင်းစေဖို့အတွက်တစ်နေ့ကိုဆေး၁၀မှ၂၀မီလီဂရမ်ကိုကြာရှည်ပေးဖို့လိုအပ်ပါတယ်။

Multiple Endocrine Adenomasရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ပထမအကြိမ်အတွက်ဆေးပမာဏ:ဆေး၆၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်အစာမစားခင်တစ်နေ့တစ်ကြိမိသောက်ပါ။ လူနာရဲ့အခြေအနေပေါ်မူတည်ပြီးဆေးပမာဏကိုပြောင်းလဲသင့်ပါတယ်။

ဆေးအာနိသင်ကိုဆက်ထိန်းခြင်း:ဆေး၁၂၀မီလီဂရမ်အထိပေးလို့ရပြီးတစ်နေ့သုံးကြိမ်သောက်ပါ။ တစ်နေ့တာဆေးပမာဏ၈၀မီလီဂရမ်ထက်ကျော်နေပါကဆေးကိုခွဲသောက်ပါ။

Systemic Mastocytosisရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ပထမအကြိမ်အတွက်ဆေးပမာဏ:ဆေး၆၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်အစာမစားခင်တစ်နေ့တစ်ကြိမိသောက်ပါ။ လူနာရဲ့အခြေအနေပေါ်မူတည်ပြီးဆေးပမာဏကိုပြောင်းလဲသင့်ပါတယ်။

ဆေးအာနိသင်ကိုဆက်ထိန်းခြင်း:ဆေး၁၂၀မီလီဂရမ်အထိပေးလို့ရပြီးတစ်နေ့သုံးကြိမ်သောက်ပါ။ တစ်နေ့တာဆေးပမာဏ၈၀မီလီဂရမ်ထက်ကျော်နေပါကဆေးကိုခွဲသောက်ပါ။

အစာမကြေခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

မကြာခဏရင်ပူခြင်းကိုကာကွယ်ခြင်း:ဆေး၂၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်အစာမစားခင်တစ်နေ့တစ်ကြိမ်နဲ့၁၄ရက်ကြာအောင်သောက်ပါ။

ကလေးတွေအတွက် Prilosec ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အစာရေပြွန်ရောင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

သောက်ဆေးအတွက်:

မွေးကင်းစကလေးငယ်များအတွက်:

GERDရောဂါအတွက်:တစ်ကြိမ်ကိုဆေး0.7mg/kgသောက်ခြင်းဟာအစာအိမ်နဲ့အစာရေပြွန်မှာရှိတဲ့pHကို၄အောက်လျော့နည်းစေပြီးစမ်းသပ်မှုတစ်ခုမှာတော့မွေးကင်းစကလေးဆယ်ယောက်[ပျမ်းမျှအသက် ၃၆.၁ပတ်(၃၄ပတ်မှ၄၀ပတ်)]မှာreflux တွေရတဲ့အကြိမ်ကိုလျှော့ချပေးပါတယ်။ တစ်နေ့ကို1မှ1.5mg/kgဆေးပမာဏသောက်ခြင်းကိုတော့စမ်းသပ်ဖို့တင်ပြထားပြီးဖြစ်ပါတယ်။

အသက်၁နှစ်မှ၁၆နှစ်အထိကလေးများနဲ့ဆယ်ကျော်သက်များ

GERD၊အနာဖြစ်ခြင်းနဲ့အစာရေပြွန်ရောင်ခြင်းအတွက်

ဆေးထုတ်လုပ်သူရဲ့အကြံပေးချက်များ

ကိုယ်အလေးချိန်၅ကီလိုဂရမ်နဲ့အထက်၊၁၀ကီလိုဂရမ်အောက်:ဆေး၅မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ကိုယ်အလေးချိန်၁၀ကီလိုဂရမ်မှ၂၀ကီလိုဂရမ်:ဆေး၁၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ကိုယ်အလေးချိန်၂၀ကီလိုဂရမ်အထက်:ဆေး၂၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးပမာဏပြောင်းလဲခြင်း

အသက်၁နှစ်မှ၁၆နှစ်အထိကလေးများအတွက်

တစ်ကြိမ်ကိုဆေး1mg/kgကိုတစ်နေ့တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်

ကလေးများမှာ Helicobacter pylori ရောဂါပိုးဝင်ခြင်းနဲ့တွဲနေတဲ့အူသိမ်ဦးပိုင်းအနာဖြစ်ခြင်းအတွက်ကုသခြင်း(ပိုးသတ်ဆေးတစ်မျိုးမျိုး clarithromycin သို့မဟုတ် clarithromycinနဲ့amoxicillinတွဲပေးခြင်း)

ကိုယ်အလးချိန်၁၅မှ၃၀ကီလိုဂရမ်:ဆေး၁၀မီလီဂရမ်ကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

ကိုယ်အလေးချိန်၃၀ကီလိုဂရမ်နဲ့အထက်:ဆေး၂၀မီလီဂရမ်ကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

Gastroesophageal Reflux Diseaseအတွက်ကလေးသောက်ရန်ဆေးပမာဏ

သောက်ဆေးအတွက်:

မွေးကင်းစကလေးငယ်များအတွက်:

GERDရောဂါအတွက်:တစ်ကြိမ်ကိုဆေး0.7mg/kgသောက်ခြင်းဟာအစာအိမ်နဲ့အစာရေပြွန်မှာရှိတဲ့pHကို၄အောက်လျော့နည်းစေပြီးစမ်းသပ်မှုတစ်ခုမှာတော့မွေးကင်းစကလေးဆယ်ယောက်[ပျမ်းမျှအသက်၃၆.၁ပတ်(၃၄ပတ်မှ၄၀ပတ်)]မှာrefluxတွေရတဲ့အကြိမ်ကိုလျှော့ချပေးပါတယ်။ တစ်နေ့ကို1မှ1.5mg/kgဆေးပမာဏသောက်ခြင်းကိုတော့စမ်းသပ်ဖို့တင်ပြထားပြီးဖြစ်ပါတယ်။

အသက်၁နှစ်မှ၁၆နှစ်အထိကလေးများနဲ့ဆယ်ကျော်သက်များ

GERD၊အနာဖြစ်ခြင်းနဲ့အစာရေပြွန်ရောင်ခြင်းအတွက်

ဆေးထုတ်လုပ်သူရဲ့အကြံပေးချက်များ

ကိုယ်အလေးချိန်၅ကီလိုဂရမ်နဲ့အထက်၊၁၀ကီလိုဂရမ်အောက်:ဆေး၅မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ကိုယ်အလေးချိန်၁၀ကီလိုဂရမ်မှ၂၀ကီလိုဂရမ်:ဆေး၁၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ကိုယ်အလေးချိန်၂၀ကီလိုဂရမ်အထက်:ဆေး၂၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးပမာဏပြောင်းလဲခြင်း

အသက်၁နှစ်မှ၁၆နှစ်အထိကလေးများအတွက်

တစ်ကြိမ်ကိုဆေး1mg/kgကိုတစ်နေ့တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်

ကလေးများမှာHelicobacterpyloriရောဂါပိုးဝင်ခြင်းနဲ့တွဲနေတဲ့အူသိမ်ဦးပိုင်းအနာဖြစ်ခြင်းအတွက်ကုသခြင်း(ပိုးသတ်ဆေးတစ်မျိုးမျိုးclarithromycinသို့မဟုတ်clarithromycinနဲ့amoxicillinတွဲပေးခြင်း)

ကိုယ်အလးချိန်၁၅မှ၃၀ကီလိုဂရမ်:ဆေး၁၀မီလီဂရမ်ကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

ကိုယ်အလေးချိန်၃၀ကီလိုဂရမ်နဲ့အထက်:ဆေး၂၀မီလီဂရမ်ကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

Prilosec ကိုဘယ်လိုရရှိနိုင်သလဲ

Prilosecကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြားပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Prilosecဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement