backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Prevacid 24Hr


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Prevacid 24Hr ကို ဘာအတွက်အသုံးပြုကြသလဲ

Prevacid 24HR ကိုမကြာခဏရင်ပူခြင်း(တစ်ပတ်ကိုနှစ်ရက်နဲ့အထက်)ကိုကုသဖို့အတွက်သုံးပါတယ်။၎င်းဟာရင်ပူခြင်းကိုချက်ချင်းသက်သာစေဖို့အတွက်တော့မဟုတ်ပါဘူး။ ဆေးရဲ့အာနိသင်အပြည့်အဝရဖို့အတွက်၁ရက်ကနေ၄ရက်အထိကြာနိုင်ပါတယ်။

Prevacid 24Hr ဘယ်လိုသောက်သုံးသင့်သလဲ

၁၄ရက်ကြာဆေးပေးခြင်း

မနက်ဘက်အစာမစားခင်ဆေးတစ်တောင့်ကိုရေတစ်ဖန်ခွက်နဲ့သောက်ပါ။

ဆေးကို၁၄ရက်ကြာတဲ့အထိနေ့တိုင်းသောက်ပါ။

တစ်နေ့ကိုဆေးတောင့်တစ်တောင့်ထက်ပိုမသောက်ပါနဲ့။

ဆေးကိုတစ်တောင့်လုံးသောက်ပါ။ ဆေးတောင့်ကတ်ပ်ဆူးတွေကိုအမှုန့်ချေခြင်း၊ဝါးစားခြင်းမပြုလုပ်ပါနဲ့။

သင့်ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲဆေးကို၁၄ရက်ထက်ပိုမသောက်ပါနဲ့။

လိုအပ်ပါကနောက်ထပ်၁၄ရက်ထပ်သောက်ပါ။

၄လကြာတိုင်း၁၄ရက်ဆေးသောက်ခြင်းကိုထပ်လုပ်ရပါမယ်။

သင့်ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲဆေးကို၁၄ရက်ထက်ပိုမသောက်ပါနဲ့။၄လခြားထက်လည်းပိုပြီးမသောက်ပါနဲ့။

Prevacid 24Hr ဘယ်လိုသိမ်းဆည်းရမလဲ

Prevacid 24HR ကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Prevacid 24HR ဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Prevacid 24HRကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Prevacid 24Hr အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍သင့်မှာအောက်ဖော်ပြပါအခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင်ဆေးအသုံးမပြုခင်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်သို့မဟုတ်ကလေးနို့တိုက်နေချိန်-အကယ်၍သင်ဟာကိုယ်ဝန်ဆောင်မိခင်သို့မဟုတ်ကလေးနို့တိုက်နေတဲ့မိခင်တစ်ဦးဖြစ်နေမယ်ဆိုရင်ဘယ်ဆေးကိုမဆိုဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။

အခြားဆေးဝါးများသောက်သုံးနေချိန်-တိုင်းရင်းဆေး၊အားဖြည့်ဆေးများအပါအဝင်သင်လက်ရှိသောက်သုံးနေတဲ့ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင်ပြောပြရမှာဖြစ်ပါတယ်။

Prevacid 24HRသို့မဟုတ်အခြားဆေးဝါးများတွင်ပါဝင်သည့်ပစ္စည်းတစ်မျိုးမျိုးနှင့်ဓါတ်မတည့်ခြင်း

ရောဂါဝေဒနာတစ်ခုခုခံစားနေရခြင်း

သင့်မှာအစာမျိုချရခက်ခဲခြင်းသို့မဟုတ်အစာမျိုချရင်နာခြင်း၊အန်ရင်သွေးပါခြင်း၊သွေးဝမ်းသို့မဟုတ်ဝမ်းမည်းမည်းသွားခြင်းတွေရှိပါကဆေးကိုမသုံးပါနဲ့။ အဲအရာတွေဟာပြင်းထန်တဲ့အခြေအနေတစ်ခုရဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ပြပါ။

အောက်ပါအခြေအနေတွေရှိပါကဆေးသုံးတာကိုရပ်ပြီးဆရာဝန်နဲ့တိုင်ပင်ပါ။

ယခုဆေးကို၁၄ရက်ထက်ပိုသောက်ရန်လိုအပ်ခြင်း

ယခုဆေးကို၄လခြားတစ်ခါထက်ပိုသောက်ရန်လိုအပ်ခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Prevacid 24Hr ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Prevacid 24Hr ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ရင်ပူခြင်းဆက်ရှိနေပါကသို့မဟုတ်ပိုဆိုးလာပါကဆေးသုံးတာကိုရပ်ပြီးဆရာဝန်ကိုမေးမြန်းပါ။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Prevacid 24Hr နဲ့ ဓါတ်ပြုနိုင်သလဲ

Prevacid 24HR ကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ပစ္စည်းတွေကတော့

Warfarin(သွေးကြဲဆေး)

မှိုရောဂါပိုးနဲ့တဆေးပိုးတို့ကိုတားသောဆေးများ

Digoxin(နှလုံးရောဂါကုသောဆေး)

Theophylline(ပန်းနာရင်ကြပ်ရောဂါကုသောဆေး)

Tacrolimus(ခုခံအားစနစ်အတွက်သုံးသောဆေး)

Atazanavir(HIV ရောဂါပိုးဝင်ခြင်းအတွက်သုံးသောဆေး)

အစားအသောက်တွေနဲ့ အရက်က Prevacid 24Hr နဲ့ ဓါတ်ပြုနိုင်သလား

Prevacid 24HRဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Prevacid 24Hr နဲ့ ဓါတ်ပြုနိုင်သလဲ

Prevacid 24HRဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Prevacid 24Hr ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်၁၈နှစ်နှင့်အထက်အတွက်

ယခုဆေးကိုတစ်နေ့တစ်ကြိမ်(၂၄နာရီတိုင်း)နဲ့၁၄ရက်ကြာတဲ့အထိနေ့တိုင်းသောက်ပါ။

ဆေးအာနိသင်အပြည့်အဝရဖို့တစ်ရက်ကနေ၄ရက်အထိကြာတတ်ပါတယ်။ အချို့လူတွေမှာတော့၂၄နာရီအတွင်းရောဂါလက္ခဏာတွေအားလုံးသက်သာပျောက်ကင်းတတ်ပါတယ်။

ကလေးတွေအတွက် Prevacid 24Hr ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်၁၈နှစ်အောက်ကလေးတွေအတွက်:ဆေးကိုမသုံးခင်ဆရာဝန်ကိုမေးမြန်းပါ။ ကလေးငယ်တွေမှာရင်ပူခြင်းဟာတစ်ခါတစ်လေမှာပြင်းထန်တဲ့အခြေအနေတစ်ခုကြောင့်ဖြစ်နိုင်ပါတယ်။

Prevacid 24Hr ကိုဘယ်လိုရရှိနိုင်သလဲ

Prevacid 24HRကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

  • ဆေးတောင့်ကတ်ပ်ဆူးပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Prevacid 24HRဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement