Generic Name: Pregabalin (ပရီဂါဘာလင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Pregabalin (ပရီဂါဘာလင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Pregabalin ကို ဆီးချိုသို့မဟုတ် ရေယုန်ကြောင့် အာရုံကြောထိခိုက်သဖြင့် နာကျင်ခြင်းကို ကုသရန်အသုံးပြုပါသည်။ကျောရိုးပင်မအာရုံကြောကြီးထိခိုက်သဖြင့် နာကျင်ခြင်းတွင်လည်း သုံးနိုင်သလို နာတာရှည် ကြွက်သားအရိုးအဆစ်နာရောဂါ (fibromyalgia) ကြောင့် နာကျင်ခြင်းကို လည်းကုသနိုင်သည်။

Pregabalin ကို အခြားသော ဆေးများနှင့်တွဲဖက်ပြီး အချို့သော အတက်ရောဂါများတွင်လည်း အသုံးပြုနိုင်သည်။

Pregabalin (ပရီဂါဘာလင်) ဘယ်လိုသောက်သုံးသင့်သလဲ

Pregabalin ကို အစာရှိသည်ဖြစ်စေ၊မရှိသည် ဆရာဝန်ညွှန်ကြားသည့်အတိုင်း (အများအားဖြင့် တစ်နေ့လျင် ၂ကြိမ်မှ ၃ကြိမ်) သောက်နိုင်သည်။ ဆေးပမာဏသည် သင့်ရောဂါအခြေအနေ၊ကျောက်ကပ် အခြေအနေ နှင့် ရောဂါ၏ ဆေးအပေါ်တုံ့ပြန်မှုတို့အပေါ် မူတည်သည်။Pregabalin ဆေးရည်ကို အသုံးပြုပါက ဆေးနှင့်အတူပါရှိသော ချင်တွယ်သည့်ပစ္စည်းဖြင့် ဆေးပမာဏကို တိကျစွာ တိုင်းတာချင်တွယ်ပါ။ဆေးပမာဏ မှားယွင်းနိုင်သဖြင့် အိမ်တွင်အသုံးပြုသော ဇွန်းစသည်တို့ကို မသုံးပါနှင့်။

ဘေးထွက်ဆိုးကျိုးများကို နည်းနိုင်သမျှ နည်းစေရန်အတွက် ဆေးပမာဏ အနည်းငယ်မှစသောက်ပြီး တဖြည်းဖြည်းချင်း လိုအပ်သလို ပမာဏတိုးသွားရန် ဆရာဝန်က ညွှန်ကြားလိမ့်မည်။ ဆရာဝန် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာပါ။ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။နေ့စဉ်နေ့တိုင်း တူညီသော အချိန်တစ်ခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ဆေး၏ အာနိသင် အများဆုံး နှင့် အကောင်းဆုံးရနိုင်စေရန် သင်ခန္တာကိုယ်ထဲတွင် ဆေး ပမာဏအချိုးအစား တသမတ်တည်းရှိနေရန် အရေးကြီးသည်။ထို့ကြောင့် ဆေးကို အချိန်မှန်မှန်သောက်ပါ။ဆရာဝန်ကို အသိမပေးဘဲ ဆေးသောက်ခြင်းကို မရပ်လိုက်ပါနှင့်။ ဆေးသောက်ခြင်းရုတ်တရက် ရပ်လိုက်လျှင် အချို့သော အခြေအနေများ (ဥပမာ။    ။တက်ခြင်း)သည် ပိုဆိုးလာနိုင်ပါသည်။ထို့အပြင် အိပ်မပျော်ခြင်း၊ပျို့အန်ခြင်း၊ခေါင်းကိုက်ခြင်း၊ဝမ်းလျှောခြင်း စသော လက္ခဏာများကိုလည်း ခံစားရနိုင်သဖြင့် ၎င်းတို့ကို ကာကွယ်နိုင်ရန် ဆေးကို ရုတ်တရက် တိကနဲ မရပ်လိုက်ဘဲ ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့ချရန်လိုအပ်ပါသည်။အကယ်၍ ရောဂါလက္ခဏာအသစ်များပေါ်လာခြင်း၊ပိုဆိုးလာခြင်းများရှိပါက ချက်ချင်းအကြောင်းကြားပါ။

ဆေး၏ကောင်းကျိုးများအပြင် Pregabalin သည်  ဆေးစွဲခြင်းကိုလည်း အလွန်ရှားပါးစွာ ဖြစ်စေနိုင်ပါသည်။သင့်အနေဖြင့် အရက်သို့မဟုတ် မူးယစ်ဆေးစွဲဖူးသည့် ရာဇဝင်ရှိပါက Pregabalin ကို စွဲနိုင်ခြေပိုများပါသည်။ထိုသို့ Pregabalin စွဲခြင်းမှကာကွယ်နိုင်ရန် ဆေးကို ညွှန်ကြားထားသည့်အတိုင်း အတိအကျသောက်သုံးပါ။

Pregabalin (ပရီဂါဘာလင်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Pregabalin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Pregabalin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Pregabalin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Pregabalin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Pregabalin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

 

 

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pregabalin (ပရီဂါဘာလင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။Pregabalin ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။

  • ဓာတ်မတည့်ခြင်း

Pregabalin ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

  • ကလေးသူငယ်များ

ကလေးငယ်များတွင် Pregabalin ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။

  • သက်ကြီးရွယ်အိုများ

လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Pregabalin ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။သို့သော် သက်ကြီးရွယ်အိုများတွင် ဘေးထွက်လက္ခဏာများ( ဥပမာ။   ။မူးဝေထိုင်းမှိုင်းခြင်း၊ အမြင်ဝါးခြင်း၊စိတ်ရှုပ်ထွေးခြင်း၊လှုပ်ရှားမှုများမမှန်ခြင်း စသည်) ပိုဖြစ်နိုင်သည့်အပြင် အသက်အရွယ်ကြောင့်ဖြစ်သည့် နှလုံးရောဂါများ၊ အသည်းရောဂါ၊ကျောက်ကပ်ပြဿနာ စသည်တို့ရှိနေနိုင်သဖြင့် Pregabalin  ဆေး၏ ဆေးပမာဏကို ဂရုတစိုက်ချိန်ဆရန် လိုအပ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pregabalin (ပရီဂါဘာလင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

 

ဘေးထွက်ဆိုးကျိုးများ

Pregabalin (ပရီဂါဘာလင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

P

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။ရောဂါလက္ခဏာအသစ်များခံစားရခြင်း၊ရှိရင်းစွဲလက္ခဏာများ ပိုဆိုးလာခြင်း (ဥပမာ။     ။ စိတ်နေစိတ်ထား၊အမူအကျင့်များ ပြောင်းလဲခြင်း၊စိုးရိမ်ပူပန်စိတ်များခြင်း၊ရုတ်တရက် ထိတ်လန့်တုန်လှုပ်ခြင်း၊အိပ်မပျော်ခြင်း၊ရုတ်တရက်လုပ်ချင်ရာကို ထလုပ်မိခြင်း၊စိတ်တိုစိတ်ဆတ် ဒေါသဖြစ်လွယ်ခြင်း၊ရန်လိုခြင်း၊ဂဏှာမငြိမ်ခြင်း၊အလွန်အကျွံတက်ကြွနေခြင်း၊စိတ်ကျဝေဒနာခံစားရခြင်း၊မိမိကိုယ်ကို နာကျင်အောင်ပြုလုပ်လိုစိတ်၊သတ်သေလိုစိတ်များ ပေါ်လာခြင်း)  စသည်တို့ကို ခံစားရပါက ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

အောက်ပါလက္ခဏာများ ခံစားရပါက Pregabalin  သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

  • ကြွက်သားနာခြင်း/အားနည်းခြင်း/မာတောင့်တင်းနေခြင်း (အထူးသဖြင့် အဖျားရှိပြီး ပင်ပန်းနွမ်းနယ်သလိုပါ ခံစားနေရလျှင်)
  • အမြင်အာရုံနှင့်ဆိုင်သော ပြဿနာများ
  • သွေးခြည်ဥလွယ်ခြင်း၊သွေးထွက်လွယ်ခြင်း
  • ခြေလက်များ ဖောရောင်ခြင်း၊ကိုယ်အလေးချိန်တက်ခြင်း။
  • သာမန်ဘေးထွက်လက္ခဏာများမှာ
  • မူးဝေထိုင်းမှိုင်းလေးလံခြင်း။
  • ဟန်ချက်မထိန်းနိုင်ခြင်း၊ခန္တာကိုယ်အစိတ်အပိုင်းများ၏ ပူးပေါင်းလုပ်ဆောင်နိုင်မှု ပျက်စီးခြင်း။
  • ရင်သားတွင် အလုံးပေါ်ခြင်း၊
  • ခြေလက်တို့ တုန်ယင်ခြင်း။
  • အာခြောက်ခြင်း၊ဝမ်းချုပ်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Pregabalin (ပရီဂါဘာလင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Pregabalin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Pregabalin နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတစ်မျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

အစားအသောက်တွေနဲ့ အရက်က Pregabalin (ပရီဂါဘာလင်) နဲ့ ဓာတ်ပြုနိုင်သလား

Pregabalin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pregabalin (ပရီဂါဘာလင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Pregabalin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • ဓာတ်မတည့်ရောင်ရမ်းခြင်း
  • နှလုံးအလုပ်မလုပ်နိုင်ခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများတွင် အရည်များ စုပုံလာခြင်း (Congestive Heart Failure) —–> ဘေးထွက်ဆိုးကျိုးများကို ပိုဖြစ်စေသည်။
  • အမူအကျင့်များ ပြောင်းလဲခြင်း။
  • သွေးနှင့်ပတ်သက်သော ပြဿနာများ။
  • စိတ်ကျရောဂါခံစားဖူးခြင်း။
  • ဖောရောင်ခြင်း။
  • နှလုံးခုန်ရာတွင် စည်းချက်မမှန်သည့်ပြဿနာများ။
  • သွေးခဲစေသော သွေးမွှားဥ ပမာဏနည်းခြင်း ——->သတိထားသုံးပါ။အခြေအနေကို ပိုဆိုးစေမည်။
  • ကျောက်ကပ်ရောဂါ ——-> သတိထားသုံးပါ။ ခန္တာကိုယ်မှ ဆေးစွန့်ပစ်မှုကို နှေးကွေးစေသဖြင့် ဆေး၏အကျိုးသက်ရောက်မှုမှာ လိုအပ်သည်ထက်ပိုမည်။

 

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pregabalin (ပရီဂါဘာလင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆီးချိုကြောင့် အာရုံကြောများ ထိခိုက်ခြင်းအတွက်

  • ကနဦးဆေးပမာဏ —-> ၅၀မီလီဂရမ်ကို တစ်နေ့လျှင် ၃ကြိမ်
  • အများဆုံးသောက်သုံးသင့်သော ပမာဏ—–> Creatinine clearance 60ml/min (ကျောက်ကပ်မှ creatinine စွန့် ထုတ်နိုင်သော နှုန်း) ရှိသော လူနာများတွင် ၁၀၀မီလီဂရမ်ကို တစ်နေ့လျှင် ၃ကြိမ်။ ဆေးအာနိသင်ပြမှုနှင့် လူနာ၏ခံနိုင်ရည်ရှိမှုတို့အပေါ် မူတည်၍ ဆေးပမာဏကို ၁၀၀မီလီဂရမ် တpfနေ့လျှင် ၃ကြိမ်အထိ တစ်ပတ်အတွင်း တိုးမြှင့်နိုင်သည်။

ရေယုန်ကြောင့် အာရုံကြောနာကျင်ခြင်းအတွက်

  • ကနဦးပမာဏ—-> Creatinine clearance 60ml/min ရှိသော လူနာများတွင် ၇၅ မီလီဂရမ်ကို တစ်နေ့လျှင်၂ကြိမ် သို့မဟုတ် ၅၀မီလီဂရမ်ကို တစ်နေ့လျှင် ၃ကြိမ်။ ဆေးအာနိသင်ပြမှုနှင့် လူနာ၏ခံနိုင်ရည်ရှိမှုတို့အပေါ် မူတည်၍ ဆေးပမာဏကို ၁၀၀မီလီဂရမ် တစ်နေ့လျှင် ၃ကြိမ်အထိ တစ်ပတ်အတွင်း တိုးမြှင့်နိုင်သည်။
  • အများဆုံးပေးနိုင်သောပမာဏ——>၃၀၀မီလီဂရမ်ကို တစ်နေ့လျှင် တစ်ကြိမ်ဖြင့် ၂ပတ်မှ၎ပတ်အထိသောက်ပြီးနောက် နာကျင်ခြင်းများမသက်သာသေးလျှင် (ဆေးဒဏ်ကိုလည်းခံနိုင်သေးလျှင်) ဆေးပမာဏကို ၃၀၀မီလီဂရမ် တစ်နေ့လျှင်၂ကြိမ် သို့မဟုတ် ၂၀၀မီလီဂရမ် တစ်နေ့လျှင် ၃ကြိမ်အထိ တိုးမြှင့်နိုင်သည်။သို့သော် ဆေးပမာဏများခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများပိုများလာနိုင်ခြင်း၊ဘေးထွက်ဆိုးကျိုးများ များပြားခြင်းကြောင့် ဆေးကိုရပ်ပစ်လိုက်ရခြင်းများ အလွန်များပြားသဖြင့် တစ်နေ့လျှင် ၃၀၀မီလီဂရမ်ထက် ပိုပေးခြင်းကို တော်ရုံဖြင့် နာကျင်ခြင်းမသက်သာသူများ နှင့်နေ့စဉ်ပမာဏ ၃၀၀မီလီဂရမ်ကို ခံနိုင်သူများအားသာ ပေးသင့်သည်။

အတက်ရောဂါအတွက်

  • ကနဦးဆေးပမာဏ—–>၇၅ မီလီဂရမ်ကို တစ်နေ့လျှင်၂ကြိမ် သို့မဟုတ် ၅၀မီလီဂရမ်ကို တစ်နေ့လျှင် ၃ကြိမ်။

အတက်ရောဂါကို အခြားဆေးများနှင့် တွဲဖက်ကုသလျှင် Pregabalin အား တစ်နေ့လျှင် ၁၅၀ – ၆၀၀ မီလီဂရမ်ပေးခြင်းသည် ထိရောက်မှုရှိကြောင်း တွေ့ရှိရသည်။တစ်နေ့တာအတွက် သောက်ရမည့် စုစုပေါင်းဆေးပမာနကို ၂ခါ သို့မဟုတ်၃ခါ ခွဲ၍ သောက်သင့်သည်။

  • အများဆုံးသောက်သုံးသင့်သော ပမာဏ—–> ဆေးအာနိသင်ပြမှုနှင့် လူနာ၏ခံနိုင်ရည်ရှိမှုတို့အပေါ် မူတည်၍ ဆေးပမာဏကို ၆၀၀မီလီဂရမ် တစ်နေ့လျှင် ၃ကြိမ်အထိ တစ်ပတ်အတွင်း တိုးမြှင့်နိုင်သည်။

Gabapentin သောက်သုံးလျှက်ရှိသော လူနာများတွင် Pregabalin ထပ်မံပေါင်းထည့်ခြင်းသည် အာနိသင်ပို၍ထူးခြားစေခြင်း ရှိမရှိ အတိအကျမစမ်းသပ်ရသေးပါ။ထို့ကြောင့် Gabapentin သောက်သုံးလျှက်ရှိသော လူနာများတွင် ထပ်မံပေါင်းထည့်သင့်သော Pregabalin ဆေးပမာဏကို မသိရှိနိုင်ပါ။

Fibromyalgia ရောဂါအတွက်

  • ကနဦးဆေးပမာဏ—–>၇၅ မီလီဂရမ်ကို တစ်နေ့လျှင်၂ကြိမ် (တနေ့လျှင် ၁၅၀မီလီဂရမ်)

ဆေးအာနိသင်ပြမှုနှင့် လူနာ၏ခံနိုင်ရည်ရှိမှုတို့အပေါ် မူတည်၍ ဆေးပမာဏကို ၁၅၀မီလီဂရမ် တနေ့လျှင် ၂ကြိမ်အထိ(တနေ့လျှင် ၃၀၀မီလီဂရမ်) တပတ်အတွင်း တိုးမြှင့်နိုင်သည်။ ၎င်းပမာဏနှင့် မလုံလောက်သော လူနာများအတွက် ၂၂၅မီလီဂရမ်ကို တနေ့လျှင်၂ကြိမ်အထိ (တနေ့လျှင် ၄၅၀မီလီဂရမ်) တိုးမြှင့်နိုင်သည်။

  • ပေးရန်အကြံပြုသော ပမာဏ——> တစ်နေ့လျင် ၃၀၀ – ၄၅၀ မီလီဂရမ်

Pregabalin ကို တနေ့လျှင် ၆၀၀မီလီဂရမ်အထိ စမ်းသပ်ကြည့်သော်လည်း ၎င်းပမာဏမှာ ပိုမိုထူးခြားသော အကျိုးသက်ရောက်မှုမရှိသည့်အပြင် လူနာများမှာလည်း ထိုပမာဏကို ခံနိုင်ရည်မရှိလှကြောင်းတွေ့ရှိရပါသည်။ဆေးပမာဏ အပေါ်မူတည်ပြီး ဘေးထွက်ဆိုးကျိုးများ ပိုမိုဖြစ်ပေါ်လာနိုင်သောကြောင့် တနေ့လျှင် ၄၅၀မီလီဂရမ်ထက်ပို၍ အသုံးမပြုသင့်ပါ။

အာရုံကြောကြောင့် နာကျင်ခြင်းအတွက်

ကျောရိုးပင်မအာရုံကြောကြီးနှင့် သက်ဆိုင်သော အာရုံကြောကြောင့် နာကျင်ခြင်းအတွက်

  • ကနဦးဆေးပမာဏ—–>၇၅ မီလီဂရမ်ကို တစ်နေ့လျှင်၂ကြိမ် (တစ်နေ့လျှင် ၁၅၀မီလီဂရမ်)

ဆေးအာနိသင်ပြမှုနှင့် လူနာ၏ခံနိုင်ရည်ရှိမှုတို့အပေါ် မူတည်၍ ဆေးပမာဏကို ၁၅၀မီလီဂရမ် တစ်နေ့လျှင် ၂ကြိမ်အထိ(တစ်နေ့လျှင် ၃၀၀မီလီဂရမ်) တစ်ပတ်အတွင်း တိုးမြှင့်နိုင်သည်။

အာရုံကြောကြောင့် နာကျင်ခြင်းအတွက် အခြားဆေးများနှင့် တွဲဖက်ကုသလျှင် Pregabalin အား တစ်နေ့လျှင် ၁၅၀ – ၆၀၀ မီလီဂရမ်ပေးခြင်းသည် ထိရောက်မှုရှိကြောင်း တွေ့ရှိရသည်။တစ်နေ့တာအတွက် သောက်ရမည့် စုစုပေါင်းဆေးပမာနကို ၂ခါ သို့မဟုတ်၃ခါ ခွဲ၍ သောက်သင့်သည်။

  • အများဆုံးပေးနိုင်သောပမာဏ——>၁၅၀မီလီဂရမ်ကို တစ်နေ့လျှင် ၂ကြိမ်ဖြင့် ၂ပတ်မှ၃ပတ်အထိသောက်ပြီးနောက် နာကျင်ခြင်းများမသက်သာသေးလျှင် (ဆေးဒဏ်ကိုလည်းခံနိုင်သေးလျှင်) ဆေးပမာဏကို ၃၀၀မီလီဂရမ် တစ်နေ့လျှင်၂ကြိမ်အထိတိုးမြှင့်နိုင်သည်။Pregabalin ကို ကျောက်ကပ်မှ အများဆုံးစွန့်ပစ်သဖြင့် ကျောက်ကပ်မကောင်းသူများတွင် ဆေးပမာဏကို ချိန်ဆရမည်။

 

ကလေးတွေအတွက် Pregabalin (ပရီဂါဘာလင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်၁၈နှစ်အောက် ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Pregabalin (ပရီဂါဘာလင်) ကိုဘယ်လိုရရှိနိုင်သလဲ

Pregabalin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးတောင့် : ၂၅၊၅၀၊၇၅၊၁၀၀၊၁၅၀၊၂၀၀၊၂၂၅၊၃၀၀ မီလီဂရမ်
  • သောက်ဆေးရည် : 20mg/ml

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Pregabalin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဩဂုတျ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ