backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Prednisolone

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Prednisolone ကို ဘာအတွက်အသုံးပြုကြသလဲ

Prednisolone ဆိုတာခန္ဓါကိုယ်ရဲ့adrenal glandကနေထွက်တဲ့သဘာဝပစ္စည်းတစ်ခု(corticosteroid ဟော်မုန်း)နဲ့ပုံစံတူအောင်လူတွေဖန်တီးထားတဲ့အရာတစ်ခုဖြစ်ပါတယ်။၎င်းကိုအဆစ်အမြစ်ရောင်ခြင်း၊သွေးရောဂါများ၊ခုခံအားစနစ်ချို့ယွင်းမှုများ၊အရေပြားနဲ့မျက်လုံးဆိုင်ရာပြဿနာများ၊အသက်ရှူခြင်းဆိုင်ရာပြဿနာများ၊ကင်ဆာနဲ့ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းတွေကိုကုသဖို့အတွက်သုံးပါတယ်။၎င်းဟာရောဂါတွေအပေါ်သင့်ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်တုံ့ပြန်ခြင်းကိုလျော့ကျစေပြီးနာကျင်ခြင်း၊ရောင်ရမ်းခြင်းနဲ့ဓါတ်မတည့်ခြင်းစတဲ့ရောဂါလက္ခဏာတွေကိုလျော့ကျစေပါတယ်။

Prednisolone ဘယ်လိုသောက်သုံးသင့်သလဲ

ယခုဆေးကိုသင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းအစာအိမ်ပြသနာများကိုရှောင်ရှားရန်အတွက်အစာသို့မဟုတ်နို့နဲ့တွဲပီးသောက်ဆေးအဖြစ်သောက်ပါ။ ဆေးပမာဏကိုဆေးပမာဏတိုင်းဇွန်းကိုအသုံးပြုပြီးသေသေချာချာတိုင်းပါ။ အိမ်သုံးဇွန်းကိုမသုံးပါနဲ့။ အဘယ့်ကြောင့်ဆိုသော်သင့်အနေနဲ့မှန်ကန်တဲ့ဆေးပမာဏကိုမရရှိနိုင်သောကြောင့်ဖြစ်ပါတယ်။

Predisoloneကိုတံဆိပ်အမျိုးမျိုး၊ပြင်းအားအမျိုးမျိုးနဲ့အရည်ပုံစံအမျိုးမျိုးတို့ဖြင့်ရရှိနိုင်ပါတယ်။ ဆေးပမာဏအတွက်ညွှန်ကြားချက်များကိုသေချာဖတ်ပါ။ ဘာ့ကြောင့်လဲဆိုတော့ဆေးအမျုးအစားပေါ်မူတည်ပြီးprednisoloneပမာဏလည်းကွာခြားနိုင်သောကြောင့်ဖြစ်ပါတယ်။ သတိပြုရမယ့်အရာများနဲ့ဆေးသိမ်းဆည်းခြင်းတို့အကြောင်းကိုလည်းဆက်ဖတ်ပါ။

ဆေးသောက်ရမယ့်ညွှန်ကြားချက်ကိုသေချာလိုက်နာပါ။ သင်သောက်ရမယ့်ဆေးပမာဏနဲ့ကြာချိန်ဟာသင့်ကျန်းမာရေးအခြေအနေနဲ့ဆေးအပေါ်တုံ့ပြန်မှုတွေအပေါ်မူတည်ပါတယ်။ သင့်ဆရာဝန်အနေနဲ့သင့်ကိုpredisoloneတစ်နေ့လေးကြိမ်သို့မဟုတ်ဆေးတစ်ကြိမ်ကိုတစ်ရက်ခြားစီသောက်ဖို့ညွှန်ကြားပါလိမ့်မယ်။ သင့်ပြက္ခဒိန်မှာအမှတ်အသားတွေလုပ်ထားခြင်းအားဖြင့်သင့်ကိုသတိရစေဖို့အထောက်အကူပြုမှာပါ။

ယခုဆေးကိုဆရာဝန်နဲ့မတိုင်ပင်ဘဲဆေးသောက်ရပ်ခြင်းမလုပ်ပါနဲ့။ ဆေးကိုရုတ်တရက်ရပ်လိုက်ခြင်းကြောင့်အချို့ရောဂါအခြေအနေတွေပိုဆိုးလာနိုင်ပါတယ်။ ဆေးပမာဏကိုဖြည်းဖြည်းချင်းစီလျှော့သွားဖို့လိုအပ်ပါတယ်။

တကယ်လို့သင်ဟာPrednisoloneဆေးပမာဏများများကိုအချိန်အကြာကြီးအသုံးပြုနေပြီးဆေးကိုရုတ်တရက်ဖြတ်လိုက်ပါကသင့်မှာဆေးဖြတ်ခြင်းရဲ့လက္ခဏာတွေရနိုင်ပါတယ်။ ဆေးဖြတ်ခြင်းရဲ့လက္ခဏာတွေ(ဥပမာ အားနည်းခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊ပျို့ခြင်း၊ကြွက်သားနာခြင်း၊ခေါင်းကိုက်ခြင်း၊မောပန်းခြင်း၊မူးဝေခြင်း)ကိုကာကွယ်ဖို့အတွက်သင့်ဆရာဝန်အနေနဲ့ဆေးပမာဏကိုဖြည်းဖြည်းချင်းလျှော့ဖို့လိုအပ်ပါတယ်။ အသေးစိတ်အတွက်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။ ဆေးဖြတ်ခြင်းကြောင့်ရတဲ့လက္ခဏာတွေရှိပါကချက်ချင်းအကြောင်းကြားပါ။

သင့်အခြေအနေမတိုးတက်ပါကသို့မဟုတ်ပိုဆိုးလာပါကဆရာဝန်ကိုပြောပြပါ။

Prednisolone ဘယ်လိုသိမ်းဆည်းရမလဲ

Prednisoloneကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Prednisoloneဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Prednisoloneကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Prednisolone အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Prednisoloneကိုအသုံးမပြုခင်သင့်မှာယခုဆေးနဲ့သို့မဟုတ်prednisone နဲ့ဓါတ်မတည့်တာမျိုးတွေရှိရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ ယခုဆေးမှာဆေးနဲ့ဓါတ်မတည့်တာတွေသို့မဟုတ်တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါတတ်ပါတယ်။ အသေးစိတ်အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

ယခုဆေးကိုမသုံးခင်သင့်ရဲ့ရောဂါရာဇဝင်အကြောင်းအထူးသဖြင့်မျက်လုံးရောဂါတွေ(ဥပမာမျက်လုံးမှာတိမ်ဖြစ်ခြင်း၊ရေတိမ်ဖြစ်ခြင်း)၊နှလုံးရောဂါများ(ဥပမာနှလုံးကောင်းကောင်းအလုပ်မလုပ်ခြင်း၊ရုတ်တရက်နှလုံးရောဂါဖောက်ခြင်း)၊သွေးပေါင်တက်ခြင်း၊အသည်းရောဂါ၊ကျောက်ကပ်ရောဂါ၊သိုင်းရွိုက်ရောဂါ၊ဆီးချိုရောဂါ၊အစာအိမ်နဲ့အူပြသနာများ(ဥပမာ diverticulumရောင်ခြင်း၊အနာဖြစ်ခြင်း)၊အရိုးများကြွပ်ဆတ်ခြင်း(အရိုးပွခြင်း)၊ယခုလက်ရှိသို့မဟုတ်ယခင်ကရောဂါပိုးဝင်ဖူးခြင်း(ဥပမာ တီဘီရောဂါ၊တီဘီရောဂါစစ်ဆေးမှုတွင်ပိုးရှိခြင်း၊ရေယုံနဲ့မှိုရောဂါပိုးဝင်ခြင်း)၊သွေးထွက်ခြင်းနဲ့ပတ်သက်တဲ့ရောဂါများ၊သွေးခဲဖစ်ခြင်းများ၊စိတ်ပိုင်းဆိုင်ရာပြသနာများ(ဥပမာ ရူးသွပ်ခြင်း၊စိတ်ဖိစီးခြင်း၊စိတ်ကျုခြင်း)၊သွေးထဲတွင်ဆားပမာဏနည်းခြင်း(ဥပမာပိုတက်ဆီယမ်သို့မဟုတ်ကယ်လ်ဆီယမ်ပမာဏနည်းခြင်း)၊ဝက်ရူးပြန်ရောဂါတွေအကြောင်းကိုသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

ယခုဆေးဟာသင့်ကိုမူးဝေစေပါတယ်။ အရက်နဲ့ဆေးခြောက်တွေသုံးမယ်ဆိုသင့်ကိုပိုပြီးမူးဝေစေမှာပါ။ အဲဒါကြောင့်သင့်အနေနဲ့ကောင်းကောင်းပြန်ပြီးအလုပ်မလုပ်နိုင်သေးသ၍ကားမမောင်းပါနဲ့။ စက်တွေကိုအသုံးမပြုပါနဲ့။ နောက်ပြီးအမြဲတမ်းနိုးကြားတက်ကြွနေရန်လိုအပ်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့။ အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ သင်ဆေးခြောက်တွေသုံးနေတယ်ဆိုရင်သင့်ဆရာဝန်ကိုပြောပြပါ။

ယခုဆေးဟာအစာအိမ်သွေးထွက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ယခုဆေးကိုသုံးနေစဉ်အရက်နေ့တိုင်းသောက်ပါကအစာအိမ်သွေးထွက်နိုင်ချေကိုပိုပြီးမြင့်တက်စေမှာဖြစ်ပါတယ်။ အရက်သေစာများသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ အသေးစိတ်အတွက်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုတိုင်ပင်ပါ။

ခွဲစိတ်ကုသမှုမခံယူခင်သင်သုံးနေတဲ့ဆေးတွေအားလုံး(ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ၊မညွှန်ကြားဘဲသောက်တဲ့ဆေးတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံး)အကြောင်းကိုသင့်ဆရာဝန်သို့မဟုတ်သွားဆရာဝန်ကိုပြောပြပါ။

ယခုဆေးမှာအရက်၊သကြားနဲ့ဆေးသကြားတွေပါဝင်နိုင်ပါတယ်။ သင့်မှာဆီးချိုရောဂါ၊အရက်စွဲနေခြင်း၊အသည်းရောဂါနဲ့phenylketouriaရောဂါ(PKU)သို့မဟုတ်သင်စားတဲ့အစားအစာထဲမှာအဲဒီအရာတွေကိုရှောင်ရှားဖို့လိုပါကဆေးကိုသတိနဲ့သုံးပါ။ ယခုဆေးကိုဘေးကင်းကင်းသုံးနိုင်ရန်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းပါ။

Corticosteroid ဆေးကိုအချိန်ကြာကြာသုံးပါကသင့်ခန္ဓါကိုယ်အနေနဲ့ရုပ်ပိုင်းဆိုင်ရာဖိအားတွေကိုခံနိုင်ရည်မရှိတော့တာမျိုးဖြစ်တတ်ပါတယ်။ အဲဒါကြောင့်ခွဲစိတ်ကုသမှုမခံယူခင်သို့မဟုတ်သင့်မှာပြင်းထန်တဲ့ရောဂါသို့မဟုတ်ဒဏ်ရာတွေရှိပါကသင်ယခုဆေးကိုသုံးနေတယ်ဆိုတဲ့အကြောင်းသို့မဟုတ်လွန်ခဲ့တဲ့၁၂လအတွင်းယခုဆေးကိုသုံးခဲ့တယ်ဆိုတဲ့အကြောင်းကိုသင့်ဆရာဝန်သို့မဟုတ်သွားဆရာဝန်ကိုပြောပြပါ။ သင့်မှာပုံမှန်မဟုတ်ဘဲအလွန်မောပန်းလွယ်ခြင်း၊ကိုယ်အလေးချိန်ကျခြင်းတို့ရှိပါကသင့်ဆရာဝန်ကိုချက်ချင်းပြောပြပါ၊သင်ယခုဆေးကိုအချိန်အတော်ကြာသုံးမယ်ဆိုပါကယခုဆေးအသုံးပြုခြင်းကိုဖော်ပြတဲ့သတိပေးကတ်ပြားသို့မဟုတ်ဆေးအသုံးပြုခြင်းIDလတ်ပတ်ကိုဆောင်ထားပါ။

ယခုဆေးဟာသင့်မှာကူးစက်ရောဂါပိုးဝင်ခြင်းလက္ခဏာတွေကိုဖုံးကွယ်ထားနိုင်ပါတယ်။ အဲဒါကြောင့်သင့်မှာကူးစက်ရောဂါပိုးတွေပိုဝင်စေနိုင်ခြင်းသို့မဟုတ်သင့်မှာလက်ရှိရှိနေတဲ့ကူးစက်ရောဂါတွေကိုပိုဆိုးစေပါတယ်။ ထို့ကြောင့်ရောဂါပိုးပျံ့ခြင်းကိုကာကွယ်ရန်သင့်ရဲ့လက်တွေကိုသေချာဆေးကြောပါ။ တခြားလူတွေကိုကူးစက်နိုင်တဲ့ရောဂါပိုးရှိသူတွေ(ဥပမာ ရေကျောက်၊ဝက်သက်၊တုတ်ကွေး)နဲ့ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။ သင့်မှာကူးစက်ရောဂါပိုးတစ်ခုခုဝင်ပါကသို့မဟုတ်အသေးစိတ်သိလိုပါကသင့်ဆရာဝန်ကိုတိုင်ပင်ပါ။

Prednisolone ဟာကာကွယ်ဆေးတွေကောင်းကောင်းအလုပ်မလုပ်နိုင်အောင်လည်းတားနိုင်ပါတယ်။ အဲဒါကြောင့်ယခုဆေးကိုသုံးနေစဉ်မှာသင့်ဆရာဝန်ရဲ့ခွင့်ပြုချက်မပါဘဲကာကွယ်ဆေးတွေမထိုးပါနဲ့။live vaccineတွေ(ဥပမာ တုတ်ကွေးရောဂါကာကွယ်ဆေးကိုနှာခေါင်းမှတစ်ဆင့်ရှူသွင်းခြင်း)အသုံးပြုထားတဲ့လူတွေနဲ့ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။

ယခုဆေးကိုအချိန်အတော်ကြာအသုံးပြုပါကကလေးကြီးထွားမှုကိုနှောင့်နှေးစေပါတယ်။ အသေးစိတ်အတွက်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းပါ။ သင့်ကလေးရဲ့အရပ်နဲ့ကြီးထွားမှုကိုစစ်ဆေးနိုင်ရန်ဆရာဝန်ဆီပုံမှန်သွားပါ။

အသက်ကြီးသူတွေဟာယခုဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအထူးသဖြင့်အစာအိမ်သွေးထွက်ခြင်းတွေရနိုင်ချေပိုများပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာprednisolone ကိုမဖြစ်မနေလိုအပ်မှသာသုံးသင့်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့်၎င်းဟာမမွေးသေးတဲ့ကလေးငယ်ကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုဆရာဝန်နဲ့ဆွေးနွေးပါ။ ယခုဆေးကိုအချိန်အတော်ကြာအသုံးပြုနေတဲ့မိခင်တွေကနေမွေးဖွားလာတဲ့ကလေးငယ်တွေမှာဟော်မုန်းနဲ့ဆိုင်တဲ့ပြသနာတွေရနိုင်ပါတယ်။ တကယ်လို့သင့်ကလေးမှာအောက်ဖော်ပြပါလက္ခဏာတွေဥပမာဆက်တိုက်ပျို့ခြင်း၊အန်ခြင်း၊ပြင်းထန်တဲ့ဝမ်းလျှောရောဂါ၊အားနည်းခြင်းတို့သတိပြုမိပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။

ယခုဆေးဟာမိခင်နို့ရည်ထဲကိုပါသွားနိုင်ပါတယ်။ ဒါပေမယ့်နို့စို့နေတဲ့ကလေးငယ်ကိုတော့သိပ်ပြီးအန္တရာယ်မဖြစ်စေနိုင်ပါဘူး။ ကလေးနို့တိုက်ခင်သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Prednisolone ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPrednisoloneကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Cလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Prednisolone ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့ခြင်း၊ရင်ပူခြင်း၊ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊ဓမ္မတာရာသီပြောင်းလဲခင်း၊အိပ်ရခက်ခြင်း၊ချွေးပိုထွက်ခြင်း၊ဝက်ခြံထွက်ခြင်းတွေဖြစ်နိုင်ပါတယ်။ အဲဒီလက္ခဏာတွေမသက်သာပါကသို့မဟုတ်ပိုဆိုးလာပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုချက်ချင်းပြောပြပါ။

သင့်ဆရာဝန်ကသင့်ကိုဒီဆေးပေးပြီဆိုတာသင့်အပေါ်မှာဒီဆေးရဲ့ကောင်းကျိုးတွေကဆိုးကျိုးရနိုင်ခြေတွေထက်ပိုများတယ်ဆိုတာကိုသုံးသပ်ပြီးမှပေးတယ်ဆိုတာကိုတော့သတိရပါ။ ယခုဆေးကိုသုံးနေတဲ့သူတော်တော်များများမှာပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေမခံစားရပါဘူး။

ယခုဆေးဟာသင့်ရဲ့ခုခံအားစနစ်ကိုလျော့နည်းစေသောကြောင့်သင့်အနေနဲ့ကူစက်ရောဂါပိုးတွေကိုတိုက်ထုတ်ဖို့စွမ်းရည်ကိုလျော့ကျစေနိုင်ပါတယ်။ အဲဒါကြောင့်သင့်မှာပြင်းထန်တဲ့ကူးစက်ရောဂါပိုးဝင်ခြင်းသို့မဟုတ်သင့်မှာရှိနေတဲ့ကူးစက်ပိုးဝင်ခြင်းတွေကိုပိုဆိုးစေပါတယ်။ တကယ်လို့သင့်မှာအောက်ပါကူးစက်ပိုးဝင်ခြင်းလက္ခဏာတွေ(ဥပမာ ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊ဖျားခြင်း၊ချမ်းတုန်ခြင်း)ရှိပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ ယခုဆေးကိုအချိန်အကြာကြီးသို့မဟုတ်ဆက်တိုက်သုံးပါကခံတွင်းမှာပိုးဝင်ခြင်းနဲ့တစေးမှိုရောဂါပိုးဝင်ခြင်းတွေဖြစ်နိုင်ပါတယ်။ သင့်ခံတွင်းထဲမှာအနီကွက်တွေတွေ့ပါကသို့မဟုတ်သင့်မိန်းမကိုယ်ကဆင်းတဲ့အရည်တွေမှာပုံမှန်မဟုတ်တာတွေတွေ့ပါကသင့်ဆရာဝန်ကိုဆက်သွယ်ပါ။

ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့်ယခုဆေးဟာသင့်ရဲ့သွေးထဲမှာရှိတဲ့သကြားပမာဏကိုမြင့်တက်စေနိုင်ပြီးသင့်မှာဆီးချိုရောဂါဖြစ်စေနိုင်ပါတယ်။ ယခင်ကရှိပြီးတဲ့ဆီးချိရောဂါကိုလည်းပိုဆိုးစေပါတယ်။ သင့်သွေးထဲမှာသကြားဓါတ်များခြင်းရဲ့လက္ခဏာတွေဖြစ်တဲ့ရေပိုငတ်ခြင်း၊ဆီးပိုသွားခြင်းတို့ဖြစ်ပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ သင့်မှာဆီးချိုရောဂါရှိပါကဆီးချိုပုံမှန်စစ်ပြီးရလဒ်တွေကိုဆရာဝန်ကိုပြပါ။ ဆရာဝန်အနေနဲ့သင့်ဆီးချိုရောဂါအတွက်ဆေးပမာဏထိန်းညှိခြင်း၊လေ့ကျင့်ခန်းအစီအစဉ်လုပ်ပေးခြင်းနဲ့အစားအသောက်ထိန်းခြင်းတို့ကိုပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

အောက်ဖော်ပြပါဖြစ်ခဲပြီးပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေရလာပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ ပုံမှန်မဟုတ်ဘဲမောပန်းခြင်း၊ခြေကျင်းဝတ်နဲ့ခြေထောက်များရောင်ခြင်း၊ပုံမှန်မဟုတ်ဘဲကိုယ်အလေးချိန်တက်ခြင်း၊အမြင်အာရုံနဲ့ဆိုင်တဲ့ပြသနာများ၊အလွယ်တကူအညိုအမည်းကွက်ထွက်ခြင်း၊သွေးထွက်လွယ်ခြင်း၊မျက်နှာဖောရောင်ခြင်း၊ပုံမှန်မဟုတ်ဘဲအမွှေးအမျှင်များထွက်ခြင်း၊စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ(ဥပမာစိတ်ကျခြင်း၊စိတ်ခံစားမှုများပြောင်းလဲခြင်း၊စိတ်ဖိစီးမှုများဖြစ်ခြင်း)၊ကြွက်သားများအားနည်းခြင်း၊နာခြင်း၊အရေပြားပါးလာခြင်း၊အနာကျက်မှုနှေးလာခြင်း၊အရိုးများနာခြင်း။

ယခုဆေးဟာဖြစ်ခဲပြီးပြင်းထန်တဲ့အစာအိမ်သွေးထွက်ခြင်း၊အူလမ်းကြောင်းမှသွေးထွက်ခြင်းတွေဖြစ်နိုင်ပါတယ်။ ဖြစ်ခဲပြီးပြင်းထန်တဲ့အောက်ပါဘေးထွက်ဆိုးကျိုးတွေကိုသတိပြုမိပါကသင့်ဆရာဝန်ကိုချက်ချင်းတိုင်ပင်ပါ။ ဝမ်းမည်းမည်းသွားခြင်း၊သွေးဝမ်းသွားခြင်း၊ကော်ဖီနှစ်ရောင်အန်ခြင်း၊ဗိုက်အောင့်ခြင်း။

ဖြစ်ခဲပြီးပြင်းထန်တဲ့အောက်ပါဘေးထွက်ဆိုးကျိုးတွေဖြစ်လာပါကချက်ချင်းဆေးကုသမှုခံယူပါ။ ရင်ဘတ်အောင့်ခြင်း၊တက်ခြင်း။

ယခုဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းမျိုးကရှားပါတယ်။ ဒါပေမယ့်ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့အနီကွက်ဖြစ်ခြင်း၊ယားခြင်း၊ရောင်ရမ်းခြင်း(အထူးသဖြင့်မျက်နှာ၊လျှာနဲ့လည်ချောင်း)၊ပြင်းပြင်းထန်ထန်မူးဝေခြင်း၊အသက်ရှူခက်ခဲခြင်းတို့ကိုသတိပြုမိပါကဆေးကုသမှုချက်ချင်းခံယူပါ။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Prednisolone နဲ့ ဓါတ်ပြုနိုင်သလဲ

ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ဆေးတွေကတော့aldesleukin,ခုခံအားစနစ်ကိုအားနည်းစေတဲ့အခြားဆေးတွေ(ဥပမာ azathioprine,cyclosporine,cancerchemotherapy),mifepristone,အညိုအမည်းကွက်ထခြင်း၊သွေးထွက်ခြင်းကိုဖြစ်စေသောဆေးများ(platelet တားဆေးများ ဥပမာ clopidogrel,သွေးကျဲဆေးများဥပမာ dabigatran,warfarin,NSAIDsဥပမာ aspirin/celecoxib/ibuprofen)တို့ဖြစ်ကြပါတယ်။

အခြားဆေးတွေဟာသင့်ခန္ဓါကိုယ်ထဲကနေprednisoloneစွန့်ပစ်မှုကိုထိခိုက်စေနိုင်ပြီးprednisoloneရဲ့အလုပ်လုပ်ပုံကိုလည်းထိခိုက်စေနိုင်ပါတယ်။ဥပမာအားဖြင့် estrogens,azoleantifungals(ဥပမာ itraconazole),rifamycins(ဥပမာ rifabutin),St.John’swort,အတက်ရောဂါကုဆေးများ(ဥပမာ phenytoin)နဲ့အခြားဆေးများဖြစ်ပါတယ်။

တကယ်လို့သင့်ဆရာဝန်ကနှလုံးရောဂါနဲ့လေဖြတ်ခြင်းတို့ကိုကာကွယ်ဖို့အတွက်aspirin ဆေးပမာဏအနည်းငယ်ကိုသောက်ခိုင်းမယ်ဆိုရင်(အများအားဖြင့်တစ်ရက်ကိုဆေး၈၁မှ၃၂၅မီလီဂရမ်)သင့်ဆရာဝန်မညွှန်ကြားသေးသ၍ဆေးကိုဆက်သောက်သင့်ပါတယ်။ အသေးစိတ်အတွက်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းပါ။

ယခုဆေးဟာဓါတ်ခွဲခန်းစစ်ဆေးခြင်းများ(ဥပမာ အရေပြားစစ်ဆေးခြင်း)ကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ သင်ယခုဆေးသုံးနေတယ်ဆိုတာကိုဓါတ်ခွဲခန်းကျွမ်းကျင်ပညာရှင်များနဲ့သင့်ဆရာဝန်အားလုံးသိပါစေ။

Prednisoloneကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Prednisolone နဲ့ ဓါတ်ပြုနိုင်သလား

Prednisoloneဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Prednisolone နဲ့ ဓါတ်ပြုနိုင်သလဲ

Prednisoloneဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Prednisolone ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Multiple Sclerosis ရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ပထမအကြိမ်:ဆေး၂၀၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်နဲ့တစ်ပတ်သောက်ပါ။ အဲနောက်ဆေး၈၀မီလီဂရမ်ကိုတစ်ရက်ခြားစီနဲ့တစ်လသောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-ခန္ဓါကိုယ်ပြင်ပကလာတဲ့corticosteroidsတွေဟာadrenal cortexရဲ့လုပ်ငန်းစဉ်အမြင့်ဆုံးအချိန်မှာသူ့ရဲ့လုပ်ငန်းစဉ်ကိုအနိမ့်ဆုံးတားပေးပါတယ်၊adrenal cortex ရဲ့လုပ်ငန်းစဉ်အမြင့်ဆုံးအချိန်(မနက်၂နာရီမှ၈နာရီ)ကိုစဉ်းစားပြီးဆေးပေးပါ။

-လက်တွေ့စမ်းသပ်ချက်တွေအရcorticosteroids တွေဟာmultiple sclerosis ရောဂါရုတ်တရက်ထဆိုးလာတာကိုပျောက်ကင်းအောင်ကုသခြင်းကိုမြန်ဆန်စေပါတယ်။ ဒါပေမယ့်သူတို့တွေဟာရောဂါရဲ့ရာဇဝင်ကိုတော့သက်ရောက်မှုမရှိပါဘူး။

အသုံးပြုခြင်း:multiplesclerosisရောဂါရုတ်တရက်ထဆိုးလာတာကိုကုသဖို့သုံးပါတယ်။

ဓါတ်မတည့်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေးပမာဏကိုရောဂါအခြေအနေနဲ့လူနာရဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးခွဲခြားသင့်ပါတယ်။

ပထမဆုံးအကြိမ်အတွက်ပမာဏ:တစ်နေ့ကိုဆေး၅မှ၆၀မီလီဂရမ်သောက်ပါ။ တစ်နေ့တစ်ကြိမ်သို့မဟုတ်အကြိမ်ရေခွဲပြီးလည်းပေးနိုင်ပါတယ်။

ဆေးအာနိသင်ကိုဆက်ထိန်းရန်ပမာဏ:ပထမအကြိမ်ဆေးပမာဏကိုကျေနပ်လောက်တဲ့တုံ့ပြန်မှုရတဲ့အချိန်အထိညှိပါသို့မဟုတ်ဆက်ထိန်းထားပါ။ အဲနောက်မှာဆေးပမာဏကိုသင့်တော်တဲ့အချိန်တွေအတိုင်းဖြည်းဖြည်းချင်းလျှော့သွားပါ။ လုံလောက်တဲ့တုံ့ပြန်မှုကိုထိန်းထားနိုင်တဲ့အနိမ့်ဆုံးဆေးပမာဏရောက်တဲ့အထိလျှော့ပါ။

ရှင်းလင်းအကြံပြုချက်များ

-ခန္ဓါကိုယ်ပြင်ပကလာတဲ့corticosteroidsတွေဟာadrenalcortexရဲ့လုပ်ငန်းစဉ်အမြင့်ဆုံးအချိန်မှာသူ့ရဲ့လုပ်ငန်းစဉ်ကိုအနိမ့်ဆုံးတားပေးပါတယ်၊adrenalcortexရဲ့လုပ်ငန်းစဉ်အမြင့်ဆုံးအချိန်(မနက်၂နာရီမှ၈နာရီ)ကိုစဉ်းစားပြီးဆေးပေးပါ။

-ဆေးကိုအချိန်ကြာကြာပေးဖို့လိုအပ်တဲ့လူနာတွေမှာ၄၈နာရီခြားတစ်ခါဆေးပေးဖို့စဉ်းစားသင့်ပါတယ်။ ရုတ်တရက်ရောဂါအခြေအနေဆိုးလာပါကဆေးကိုတစ်နေ့စာပမာဏအပြည့်ပြန်ပေးဖို့လိုအပ်ပါတယ်။

အသုံးပြုခြင်းများ:corticosteroidဆေးကိုသုံးဖို့သင့်တော်တဲ့အခါမှာဆေးဟာရောင်ရမ်းမှုကိုတားပေးပြီးခုခံအားစနစ်ကိုလည်းလျှော့ချပေးပါတယ်။ဥပမာဓါတ်မတည့်ခြင်းအခြေအနေတွေကိုကုသခြင်း၊အာရုံကြောအဖွဲ့အစည်း၊ကင်ဆာ၊ကျောက်ကပ်ရောဂါများ၊ဟော်မုန်းအဖွဲ့အစည်း၊လေးဖက်နာသို့မဟုတ်သွေးရောဂါများ၊ကော်လဂျင်၊အရေပြားဆိုင်ရာ၊အမြင်ဆိုင်ရာ၊အသက်ရှူခြင်းဆိုင်ရာ၊အစာအိမ်နဲ့အူဆိုင်ရာရောဂါများ၊ကူးစက်ရောဂါပိုးဝင်ခြင်းများနဲ့ကိုယ်အင်္ဂါအစားထိုးကုသခြင်းတို့တွင်သုံးပါတယ်။

Ankylosing spondylitisရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

Aspiration pneumoniaအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

Bursitisအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

Dermatitis Herpetiformisအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ကင်ဆာရောဂါမှာကယ်လ်ဆီယမ်များခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

Immune thrombocytopenic purpuraရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

Loeffler’sရောဂါစုအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

အရိုးအဆစ်ရောင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ကလေးတွေအတွက် Prednisolone ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဓါတ်မတည့်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

ဆေးပမာဏကိုရောဂါအခြေအနေနဲ့လူနာရဲ့တုံ့ပြန်မှုပေါ်မူတည်၍သီးခြားပြုလုပ်သင့်ပြီးအသက်နဲ့ကိုယ်အလေးချိန်ပေါ်ကိုမူတည်ပြီးမစဉ်းစားသင့်ပါဘူး။

ပထမအကြိမ်အတွက်ဆေးပမာဏ:တစ်နေ့ကိုဆေးဝ.၁၄မှ၂mg/kgသောက်ပါ။ သို့မဟုတ်တစ်နေ့ကိုဆေး၄မှ၆၀mg/m2သောက်ပါ။ သို့မဟုတ်ဆေး၅မှ၆၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါသို့မဟုတ်တစ်နေ့ကိုနှစ်ကြိမ်သို့မဟုတ်လေးကြိမ်ခွဲသောက်ပါ။

ဆေးအာနိသင်ဆက်ထိန်းရန်ပမာဏ:ပထမအကြိမ်ဆေးပမာဏကိုကျေနပ်လောက်တဲ့တုံ့ပြန်မှုရတဲ့အချိန်အထိညှိပါသို့မဟုတ်ဆက်ထိန်းထားပါ။ အဲနောက်မှာဆေးပမာဏကိုသင့်တော်တဲ့အချိန်တွေအတိုင်းဖြည်းဖြည်းချင်းလျှော့သွားပါ။ လုံလောက်တဲ့တုံ့ပြန်မှုကိုထိန်းထားနိုင်တဲ့အနိမ့်ဆုံးဆေးပမာဏရောက်တဲ့အထိလျှော့ပါ။

ရှင်းလင်းအကြံပြုချက်များ

-ခန္ဓါကိုယ်ပြင်ပကလာတဲ့corticosteroidsတွေဟာadrenalcortexရဲ့လုပ်ငန်းစဉ်အမြင့်ဆုံးအချိန်မှာသူ့ရဲ့လုပ်ငန်းစဉ်ကိုအနိမ့်ဆုံးတားပေးပါတယ်၊adrenalcortexရဲ့လုပ်ငန်းစဉ်အမြင့်ဆုံးအချိန်(မနက်၂နာရီမှ၈နာရီ)ကိုစဉ်းစားပြီးဆေးပေးပါ။

-ဆေးကိုအချိန်ကြာကြာပေးဖို့လိုအပ်တဲ့လူနာတွေမှာ၄၈နာရီခြားတစ်ခါဆေးပေးဖို့စဉ်းစားသင့်ပါတယ်။ ရုတ်တရက်ရောဂါအခြေအနေဆိုးလာပါကဆေးကိုတစ်နေ့စာပမာဏအပြည့်ပြန်ပေးဖို့လိုအပ်ပါတယ်။

အသုံးပြုခြင်းများ:corticosteroidဆေးကိုသုံးဖို့သင့်တော်တဲ့အခါမှာဆေးဟာရောင်ရမ်းမှုကိုတားပေးပြီးခုခံအားစနစ်ကိုလည်းလျှော့ချပေးပါတယ်။ဥပမာဓါတ်မတည့်ခြင်းအခြေအနေတွေကိုကုသခြင်း၊အာရုံကြောအဖွဲ့အစည်း၊ကင်ဆာ၊ကျောက်ကပ်ရောဂါများ၊ဟော်မုန်းအဖွဲ့အစည်း၊လေးဖက်နာသို့မဟုတ်သွေးရောဂါများ၊ကော်လဂျင်၊အရေပြားဆိုင်ရာ၊အမြင်ဆိုင်ရာ၊အသက်ရှူခြင်းဆိုင်ရာ၊အစာအိမ်နဲ့အူဆိုင်ရာရောဂါများ၊ကူးစက်ရောဂါပိုးဝင်ခြင်းများနဲ့ကိုယ်အင်္ဂါအစားထိုးကုသခြင်းတို့တွင်သုံးပါတယ်။

Aspiration pneumoniaရောဂါအတွက်ကလေးသောက်ရန်ဆေးပမာဏ

Bursitisရောဂါအတွက်ကလေးသောက်ရန်ဆေးပမာဏ

Dermatits Herpetiformisရောဂါအတွက်ကလေးသောက်ရန်ဆေးပမာဏ

ကင်ဆာရောဂါမှာကယ်လ်ဆီယမ်များခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

Prednisolone ကိုဘယ်လိုရရှိနိုင်သလဲ

Prednisoloneကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

  • ထိုးဆေး(suspension)
  • ထိုးဆေး(solution)
  • သောက်ဆေးရည်(syrup)
  • သောက်ဆေးပြား
  • သောက်ဆေးရည်(liquid)
  • ငုံဆေးပြား
  • ဆေးမှုန့်ပုံစံ
  • သောက်ဆေးရည်(suspension)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Prednisoloneဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar

Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement