Generic Name: Predian (ပရီဒီရန်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Predian (ပရီဒီရန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

အရွယ်ရောက်ပြီးသူများတွင် ဖြစ်ပွါးသော အမှတ်နှစ် အမျိုးအစား ဆီးချိုရောဂါကို ကုသရန်အတွက် Predian® (Gliclazide) ကို အသုံးပြုပါသည်။

Predian® (Gliclazide) ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

ဆေးပြားကို ရေနှင့်သောက်ချပါ။ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိအကျ သောက်ပါ။အကယ်၍ မသေချာ၊မရှင်းလင်းသည်များရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဆိုင်မှ ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။

Predian (ပရီဒီရန်း) ဘယ်လိုသောက်သုံးသင့်သလဲ

Predian® (Gliclazide) ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Predian® (Gliclazide) ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Predian® (Gliclazide) ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး

Predian (ပရီဒီရန်း) ဘယ်လိုသိမ်းဆည်းရမလဲ

သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Predian® (Gliclazide) ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Predian® (Gliclazide) ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

 

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Predian (ပရီဒီရန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက ဤဆေးကို အသုံးမပြုပါနှင့်။

  • Predian® (Gliclazide) နှင့် ဓာတ်မတည့်ခြင်း ရှိဖူးလျှင်။
  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင်၊ကိုယ်ဝန်ရှိရန်ကြိုးစားနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။
  • အသက် ၁၄နှစ်အောက် ကလေးဖြစ်နေလျှင်။

ပြင်းထန်စွာ ဒါဏ်ရာရထားလျှင်၊ကူးစက်ရောဂါခံစားနေရလျှင် သို့မဟုတ် အကြီးစားခွဲစိတ်မှု ခံယူရန်ရှိလျှင်။

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Predian (ပရီဒီရန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

 

ဘေးထွက်ဆိုးကျိုးများ

Predian (ပရီဒီရန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။

  • သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း (ခေါင်းမူးခြင်း၊အလွန်အမင်းဆာလောင်ခြင်း၊မူးဝေအော့အန်ခြင်း၊အားအင်ကုန်ခမ်းခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း စသည်တို့ကို ခံစားရမည်)။
  • မူးဝေထိုင်းမှိုင်းခြင်း။
  • သတိလစ်ခြင်း သို့မဟုတ် ကိုမာဝင်ခြင်း (ကာလကြာရှည်စွာ သတိလစ်မေ့မျောခြင်း)။
  • အစာခြေခြင်းဆိုင်ရာ ပြဿနာများ ပေါ်ပေါက်ခြင်း (ဗိုက်နာဗိုက်အောင့်ခြင်း၊အော့အန်ခြင်း၊မအီမသာဖြစ်ခြင်း၊အစာမကြေခြင်း၊ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း စသည့်လက္ခဏာများ)။
  • အရေပြား ပြဿနာများ (အနီစက်များထွက်ခြင်း၊နီရဲခြင်း၊ယားယံခြင်း၊အင်ပျဉ်များထွက်ခြင်း၊ဖော်ရောင်ခြင်း)။
  • သွေးနှင့်ပတ်သက်သော ပြဿနာများ။
  • အသည်းပြဿနာများ။
  • မျက်စိပြဿနာများ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။Predian® (Gliclazide) ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Predian (ပရီဒီရန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Predian® (Gliclazide) ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ဤဆေးနှင့် ဓာတ်ပြုနိုင်သော ဆေးဝါးများမှာ

 Bosentan

 Buserelin

 Capecitabine

 Carbamazepine

 Fosphenytoin

 Gemfibrozil

 Goserelin

 Leflunomide

 Leuprolide

 Methyltestosterone

 Mifepristone

 Phenytoin

 Porfimer

 Primidone

 Probenecid

 Pyrimethamine

 Quinine

 Miconazole

အစားအသောက်တွေနဲ့ အရက်က Predian (ပရီဒီရန်း) နဲ့ ဓာတ်ပြုနိုင်သလား

Predian® (Gliclazide) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Predian (ပရီဒီရန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Predian® (Gliclazide) ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

အောက်ပါရောဂါများရှိပါက ဆရာဝန်ကို အသိပေးပါ။

ကျောက်ကပ် သို့မဟုတ် အသည်းရောဂါများ။

ဆိုးရွားပြင်းထန်သော ကျောက်ကပ် သို့မဟုတ် အသည်းရောဂါများ။

အမှတ်တစ် အမျိုးအစား ဆီးချိုရောဂါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Predian (ပရီဒီရန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ  Predian® (Gliclazide) ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ကနဦးဆေးပမာဏအဖြစ် တနေ့လျှင် ၄၀ – ၈၀ မီလီဂရမ် သောက်ရမည်ဖြစ်ပြီး သင့်သွေးတွင်းသကြားဓာတ်မှာ လိုအပ်သလောက်ကျမလာသေးလျှင် ဆရာဝန်အနေဖြင့် ဆေးပမာဏကို ထပ်တိုးပေးမည် ဖြစ်ပါသည်။တနေ့လျှင် အများဆုံးသောက်နိုင်သော ဆေးပမာဏမှာ ၃၂၀မီလီဂရမ် ဖြစ်ပြီး ဆရာဝန်ညွှန်ကြားထားသော ပမာဏထက်ပိုပြီး မသောက်သုံးသင့်ပါ။အကယ်၍ တနေ့တာအတွက် သောက်ရမည့်ဆေးပမာဏသည် ဆေးပြားနှစ်ပြားထက်ပိုနေလျှင် အဆိုပါ ဆေးပမာဏကို မနက်နှင့် ညနေအချိန်တို့တွင် အညီအမျှ ခွဲ၍သောက်ရပါမည်။မနက်ခင်းအစာပြေ စားပြီးချိန် သို့မဟုတ် နေ့လည်စာစားပြီးချိန်တွင် ဆေးကို ချက်ချင်းသောက်ရပါမည်။

ကလေးတွေအတွက် Predian (ပရီဒီရန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

 

Predian (ပရီဒီရန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Predian® (Gliclazide) ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား ၈၀မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Predian® (Gliclazide) ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 30, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 30, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ