backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pravastatin

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Pravastatin ကို ဘာအတွက်အသုံးပြုကြသလဲ

Pravastatin ဆိုတာHMG CoA reductase လို့ခေါ်တဲ့အင်ဇိုင်းတစ်မျိုးကိုတားပေးတဲ့ဆေးအုပ်စုသို့မဟုတ် statins ဆေးအုပ်စုမှာပါဝင်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။၎င်းဟာခန္ဓါကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ကိုလက်စရောတွေ(LDL)နဲ့အဆီတွေကိုလျှော့ချပေးပြီးကောင်းတဲ့ကိုလက်စရော(HDL)ပမာဏကိုမြင့်တက်စေပါတယ်။

Pravastatin ကိုသွေးထဲမှာရှိတဲ့ကိုလက်စရောနဲ့အဆီတွေကိုလျှော့ချဖို့အတွက်အသုံးပြုပါတယ်။

Pravastatin ကိုလေဖြတ်ခြင်း၊နှလုံးရောဂါနဲ့နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေရှိတဲ့သူတွေရောမရှိတဲ့သူတွေမှာပါနှလုံးရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေရနိုင်ချေနဲ့အခြားဆိုးကျိုးတွေရနိုင်ချေကိုလျှော့ချဖို့အတွက်လည်းသုံးပါတယ်။

Pravastatin ကိုအရွယ်ရောက်ပြီးသူတွေနဲ့အနည်းဆုံးအသက်၈နှစ်ပြည့်ပြီးဖြစ်တဲ့ကလေးတွေမှာသုံးပါတယ်။

Pravastatin ဘယ်လိုသောက်သုံးသင့်သလဲ

Pravastatin ကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိတိကျကျသောက်ပါ။ သင့်ရဲ့ဆေးညွှန်းမှာပါတဲ့ညွှန်ကြားချက်အားလုံးကိုလိုက်နာပါ။ သင့်ဆရာဝန်ကသင့်မှာအကောင်းဆုံးအကျိုးကျေးဇူးတွေရနိုင်ဖို့အတွက်ဆေးပမာဏကိုပြောင်းလဲပါလိမ့်မယ်၊ယခုဆေးကိုလျှော့သောက်ခြင်း၊တိုးသောက်ခြင်းနဲ့ညွှန်ကြားထားသည်ထက်ပိုသောက်ခြင်းများမပြုလုပ်ပါနဲ့။

Pravastatin ကိုအစာနဲ့သို့မဟုတ်အစာမရှိချိန်မှာပါသောက်လို့ရပြီးတစ်နေ့တစ်ကြိမ်သောက်ပါ။ ဆေးကိုနေ့တိုင်းအချိန်တစ်ခုထားပြီးပုံမှန်သောက်ပါ။

Pravastatin ဆေးပမာဏဟာအသက်ပေါ်မူတည်ပြီးကလေးတွေနဲ့ဆယ်ကျော်သက်တွေမှာဆေးပမာဏလျော့နည်းပါတယ်။ ကလေးဘဝထဲကသို့မဟုတ်ဆယ်ကျော်သက်အရွယ်ထဲကယခုဆေးကိုသောက်နေတဲ့သူတွေမှာအရွယ်ရောက်လာတဲ့အခါဆေးပမာဏပြောင်းလဲဖို့လိုပါတယ်။

Pravastatin ဟာအစားအသောက်ထိန်းခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ကိုယ်အလေးချိန်ထိန်းခြင်းစသည်တို့ပါဝင်တဲ့ပြီးပြည့်စုံတဲ့ကုသမှုအစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ သင့်ဆရာဝန်ရဲ့ညွှန်ကြားချက်များကိုတိတိကျကျလိုက်နာပါ။

Pravastatin ဘယ်လိုသိမ်းဆည်းရမလဲ

Pravastatinကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Pravastatinဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Pravastatinကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pravastatin အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် ကိုပြောပြတိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ မသောက်သုံးသင့်ပါဘူး။

အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကို သင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။

Pravastatin သို့မဟုတ် အခြားဆေးဝါးများ တွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း။

ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း။

သင့်မှာအသည်းရောဂါရှိပါကPravastatinကိုမသုံးသင့်ပါ။

Pravastatinဟာစိတ်နဲ့ထိန်းချုပ်လို့ရတဲ့ကြွက်သားတစ်ရှူးတွေကိုပျက်စီးစေနိုင်ပြီးကျောက်ကပ်ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခြေအနေကိုဖြစ်စေနိုင်ပါတယ်။ အဲဒီအခြေအနေဟာအသက်ကြီးသူတွေ၊ကျောက်ကပ်ရောဂါရှိသူတွေနဲ့သိုင်းရွိုက်ဂလင်းပုံမှန်အောက်အလုပ်လုပ်တဲ့ရောဂါကိုထိန်းချုပ်မှုမရှိတဲ့သူတွေမှာပိုပြီးုဖြစ်နိုင်ပါတယ်။

ယခုဆေးဟာမမွေးသေးတဲ့ကလေးငယ်ကိုအန္တရာယ်ပေးနိုင်ပြီးမွေးရာပါချို့ယွင်းမှုတွေဖြစ်စေနိုင်ပါတယ်။ သင်ကိုယ်ဝန်ဆောင်ချိန်ဖြစ်ပါကယခုဆေးကိုမသုံးပါနဲ့။ သင်ကိုယ်ဝန်ရှိလာပါကယခုဆေးသုံးတာကိုရပ်ပြီးဆရာဝန်ကိုချက်ချင်းပြောပြပါ။ သင်ယခုဆေးသောက်နေစဉ်မှာကိုယ်ဝန်မရအောင်ထိရောက်တဲ့သန္ဓေတားနည်းများကိုသုံးပါ။

Pravastatinဟာမိခင်နို့ရည်ထဲကိုပါသွားနိုင်ပြီးမိခင်နို့စို့နေတဲ့ကလေးငယ်ကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်၊ယခုဆေးကိုသုံးနေစဉ်ကလေးနို့မတိုက်ပါနဲ့။

တကယ်လို့သင့်မှာအောက်ဖော်ပြပါအခြေအနေတွေရှိပါကPravastatinဆေးသုံးခြင်းကိုခဏတာရပ်နားရမှာဖြစ်ပါတယ်။

ထိန်းချုပ်မရသောဝက်ရူးပြန်ရောဂါ

ခန္ဓါကိုယ်ထဲရှိဓါတ်ပစ္စည်းများပုံမှန်မဟုတ်ခြင်း(ဥပမာသွေးထဲတွင်ပိုတက်ဆီယမ်ပမာဏများခြင်းသို့မဟုတ်နည်းခြင်း)

ပြင်းထန်တဲ့သွေးပေါင်ကျခြင်းရောဂါ

ပြင်းထန်တဲ့ရောဂါပိုးဝင်ခြင်းသို့မဟုတ်ဖျားခြင်း

ခွဲစိတ်မှုသို့မဟုတ်ဆေးကုသမှုခံယူရန်အရေးပေါ်အခြေအနေရှိခြင်း

ယခုဆေးကိုအသုံးပြုနေစဉ်သွေးပုံမှန်စစ်ဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pravastatin ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPravastatinကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်X လို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Pravastatin ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပုံမှန်ရတတ်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

ကြွက်သားများ၊အဆစ်များနာခြင်း

ပျို့ခြင်း၊အန်ခြင်း၊ဝမ်းလျှောခြင်း

ခေါင်းကိုက်ခြင်း

အအေးမိခြင်းလက္ခဏာတွေဖြစ်တဲ့နှာပိတ်ခြင်း၊နှာချေခြင်း၊လည်ချောင်းနာခြင်း

တကယ်လို့သင့်မှာအောက်ပါအခြေအနေတွေရှိပါကဆေးသုံးတာကိုရပ်ပြီးဆရာဝန်ကိုချက်ချင်းခေါ်ပါ။

အကြောင်းအရင်းမရှိဘဲကြွက်သားများနာခြင်း၊တင်းတောင့်ခြင်း၊အားနည်းခြင်း

ဖျားခြင်း၊ပုံမှန်မဟုတ်သောပင်ပန်းနွမ်းနယ်ခြင်း

ဆီးမည်းမည်းသွားခြင်း

ရင်ဘတ်အောင့်ခြင်း

အစာအိမ်အပေါ်ပိုင်းကနာခြင်း၊ခံတွင်းပျက်ခြင်း

အသားဝါခြင်း(အရေပြားသို့မဟုတ်မျက်လုံးဝါခြင်း)

Pravastatin နဲ့ဓါတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့အောက်ပါလက္ခဏာတွေရှိပါကအရေးပေါ်ဆေးကုသမှုခံယူပါ။ အရေပြားတွင်အဖုအပိန့်များထွက်ခြင်း၊အသက်ရှူရခက်ခဲခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာနဲ့လည်ပင်းများရောင်ခြင်း။

အလွန်ရှားပါးတဲ့အခြေအနေတစ်ခုအနေနဲ့Pravastatinဟာစိတ်နဲ့ထိန်းချုပ်လို့ရတဲ့ကြွက်သားတစ်ရှူးတွေကိုပျက်စီးစေနိုင်ပြီးကျောက်ကပ်ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခြေအနေကိုဖြစ်စေနိုင်ပါတယ်။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Pravastatin နဲ့ ဓါတ်ပြုနိုင်သလဲ

Pravastatinကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ပစ္စည်းတွေကတော့

Colchicine

Cyclosporine

ပိုးသတ်ဆေးများဥပမာazithromycin,clarithromycin,erythromycin

Gemfibrozil,fenofibricacid,fenofibrate

Niacin ပါသောဆေးများ(Advicor,Niaspan,Niacor,Simcor,Slo-Niacinနဲ့အခြားဆေးများ)

အစားအသောက်တွေနဲ့ အရက်က Pravastatin နဲ့ ဓါတ်ပြုနိုင်သလား

Pravastatinဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pravastatin နဲ့ ဓါတ်ပြုနိုင်သလဲ

Pravastatinဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

ယခုဆေးနဲ့သက်ရောက်မှုရှိနိုင်တဲ့ကျန်းမာရေးအခြေအနေတွေကတော့

ကျောက်ကပ်ရောဂါ

အသည်းလုပ်ငန်းကောင်းမကောင်းစစ်ဆေးခြင်းများပုံမှန်မဟုတ်ခြင်း

သိုင်းရွိုက်ဂလင်းပုံမှန်မဟုတ်ခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pravastatin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးထဲမှာအဆီများခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ပထမအကြိမ်သောက်ရန်ပမာဏ:ဆေး၄၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်အတွက်ပမာဏ:ဆေး၄၀မှ၈၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

နှလုံးကြွက်သားပုပ်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ရောဂါကာကွယ်ရန်အတွက်:

ပထမအကြိမ်သောက်ရန်ဆေးပမာဏ:ဆေး၄၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်အတွက်ပမာဏ:ဆေး၄၀မှ၈၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

သွေးကြောများပြန်ကောင်းအောင်ပြုလုပ်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ရောဂါကာကွယ်ရန်အတွက်:

ပထမအကြိမ်သောက်ရန်ဆေးပမာဏ:ဆေး၄၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်အတွက်ပမာဏ:ဆေး၄၀မှ၈၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

နှလုံးသွေးကြောကျဉ်းမှုကြောင့်လေဖြတ်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ-ရောဂါကာကွယ်ရန်အတွက်:

ပထမအကြိမ်သောက်ရန်ဆေးပမာဏ:ဆေး၄၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်အတွက်ပမာဏ:ဆေး၄၀မှ၈၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ကလေးတွေအတွက် Pravastatin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

မိသားစုမျိုးရိုးလိုက်တဲ့သွေးထဲမှာအဆီများခြင်းရောဂါအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၈နှစ်မှ၁၃နှစ်အတွင်း:ဆေး၂၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

အသက်၁၄နှစ်မှ၁၈နှစ်အတွင်း:ဆေး၄၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

Pravastatin ကိုဘယ်လိုရရှိနိုင်သလဲ

Pravastatin ကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

  • ဆေးပြားပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Pravastatinဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement