backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pramipexole

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Pramipexole ကို ဘာအတွက်အသုံးပြုကြသလဲ

Pramipexole ကိုParkinson’s disease လို့ခေါ်တဲ့နာတာရှည်အာရုံကြောရောဂါကိုကုသဖို့အတွက်တစ်မျိုးတည်းသို့မဟုတ်အခြားဆေးတွေနဲ့ပေါင်းပြီးအသုံးပြုပါတယ်၊၎င်းဟာသင့်ရဲ့လှုပ်ရှားမှုတွေကိုကောင်းမွန်စေပြီးကြွက်သားတုန်လှုပ်ခြင်း၊တောင့်တင်းခြင်း၊ကောင်းကောင်းမလှုပ်ရှားနိုင်ခြင်းနဲ့ပုံသေမဖြစ်ခြင်းတို့ကိုသက်သာစေပါတယ်။ ကောင်းကောင်းမလှုပ်ရှားနိုင်တဲ့အကြိမ်ရေတွက်(on-off syndromeလို့ခေါ်ပါတယ်)ကိုလည်းလျှော့ချပေးပါတယ်။

ယခုဆေးကိုRLS လို့ခေါ်တဲ့ခြေထောက်များဂနာမငြိမ်ဘဲလှုပ်ရှားနေခြင်းအခြေအနေကိုကုသဖို့အတွက်အသုံးပြုပါတယ်။ ရောဂါလက္ခဏာတွေဟာညဘက်မှာပိုဖြစ်တတ်ပြီးခြေထောက်တွေမှာမအီမသာဖြစ်ခြင်းမျိုးခံစားရမှာဖြစ်ပါတယ်။ ယခုဆေးဟာအဲဒီရောဂါလက္ခဏာတွေကိုလျော့ကျစေပြီးသင့်ကိုကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်။

Pramipexole ဟာ dopamine ကိုအားပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ဦးနှောက်ထဲမှာ dopamine လို့ခေါ်တဲ့သဘာဝပစ္စည်းတစ်မျိုးကိုထိန်းသိမ်းပေးပါတယ်။

Pramipexole ဘယ်လိုသောက်သုံးသင့်သလဲ

ယခုဆေးကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းအစာရှိချိန်မှာရောမရှိချိန်မှာပါသောက်ဆေးအဖြစ်သောက်သုံးနိင်ပါတယ်။ ဆေးကိုအစာနဲ့တွဲသောက်ပါကပျို့ခြင်းကိုလျော့နည်းစေပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ(ဥပမာ မူးဝေခြင်း၊သွေးပေါင်ကျခြင်း)ရနိုင်ချေကိုလျှော့ချဖို့အတွက်သင်pramipexoleကိုပထမဆုံးအကြိမ်သောက်စဉ်မှာသင့်ဆရာဝန်ကသင့်အတွက်အကောင်းဆုံးဆေးပမာဏရောက်တဲ့အထိဆေးပမာဏကိုဖြည်းဖြည်းချင်းတိုးသွားမှာဖြစ်ပါတယ်။ ယခုဆေးကိုညွှန်ကြားထားတဲ့အတိုင်းသောက်ပါ။ ဆေးပမာဏတိုးသောက်ခြင်း၊အကြိမ်ရေတိုးသောက်ခြင်းများမပြုလုပ်ပါနဲ့။

ဆေးရဲ့အကောင်းဆုံးအာနိသင်ကိုရရှိရန်ဆေးကိုပုံမှန်သောက်ပါ။ သင်သတိရစေရန်ဆေးကိုနေ့တိုင်းအချိန်တစ်ခုထားပြီးပုံမှန်သောက်ပါ။

ယခုဆေးကိုရက်အတော်ကြာမသောက်ဘဲနေပါကစသောက်သောက်ချင်းပမာဏကနေဖြည်းဖြည်းချင်းပြန်တိုးသောက်ရမှာဖြစ်ပါတယ်။ ဆေးကိုဘယ်လိုပြန်စသောက်ရမလဲဆိုတာကိုသင့်ဆရာဝန်နဲ့တိုင်ပင်ပါ။ သင့်ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲဆေးသောက်ခြင်းကိုမရပ်လိုက်ပါနဲ့။ ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့်ယခုဆေးကိုရုတ်တရက်ဖြတ်လိုက်ပါကဆေးဖြတ်ခြင်းရဲ့လက္ခဏာတွေရတတ်ပါတယ်။ အဲဒီလက္ခဏာတွေကတော့ဖျားခြင်း၊ကြွက်သားများတင်းတောင့်ခြင်းနဲ့စိတ်ရှုပ်ထွေးခြင်းတို့ဖြစ်ပါတယ်။ အဲဒီလက္ခဏာတွေဖြစ်လာပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ သင့်မှာParkinson ရောဂါရှိပြီးဆေးပုံမှန်သောက်ခြင်းကိုရပ်တော့မယ်ဆိုပါကဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးပမာဏကိုဖြည်းဖြည်းချင်းလျှော့ခြင်းဟာဆေးဖြတ်ခြင်းရဲ့လက္ခဏာတွေမရအောင်တားဆီးပေးပါတယ်။ အသေးစိတ်အချက်အလက်များအတွက်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုတိုင်ပင်ပါ။

ဆေးပမာဏဟာသင့်ကျန်းမာရေးအခြေအနေနဲ့ဆေးအပေါ်တုံ့ပြန်မှုအခြေအနေပေါ်တွင်မူတည်ပါတယ်။

ယခုဆေးရဲ့အာနိသင်အပြည့်အဝရနိုင်ဖို့အတွက်ရက်သတ္တပတ်အနည်းငယ်ကြာနိုင်ပါတယ်။ သင့်ရဲ့ရောဂါလက္ခဏာတွေမသက်သာပါကသို့မဟုတ်ပိုဆိုးလာပါကသင့်ဆရာဝန်ကိုအကြောင်းကြားပါ။

Pramipexole ဘယ်လိုသိမ်းဆည်းရမလဲ

Pramipexoleကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Pramipexoleအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းပုံလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Pramipexoleကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pramipexole အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Pramipexole ကိုအသုံးမပြုခင်သင့်မှာယခုဆေးနဲ့သို့မဟုတ်အခြားဆေးတွေနဲ့ဓါတ်မတည့်တာမျိုးတွေရှိရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ ယခုဆေးမှာဆေးနဲ့ဓါတ်မတည့်တာတွေသို့မဟုတ်တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါတတ်ပါတယ်။ အသေးစိတ်အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

ယခုဆေးကိုအသုံးမပြုခင်သင့်ရဲ့ရောဂါရာဇဝင်အကြောင်းကိုသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ အထူးသဖြင့် သွေးပေါင်ကျခြင်း၊နှလုံးရောဂါများ(ဥပမာ နှလုံးခုန်မမှန်ခြင်း၊နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်ခြင်း)၊ကျောကပ်ရောဂါများ၊စိတ်ပိုင်းဆိုင်ရာရောဂါများ(ဥပမာ စိတ်ရှုပ်ထွေးခြင်း၊ထင်ယောင်ထင်မှားဖြစ်ခြင်း၊ရူးသွပ်ခြင်း၊စိတ်ကစဉ့်ကလျားဖြစ်ခြင်း)နဲ့အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့မူမမှန်ခြင်းများ(ဥပမာ အိပ်ပျော်နေစဉ်အသက်ရှူရပ်ခြင်း၊နေ့ဘက်တွင်အလွန်အကျွံအိပ်ခြင်း)တို့အကြောင်းကိုပြောပြပါ။

ယခုဆေးဟာသင့်ကိုမူးဝေစေပါတယ်။ အရက်နဲ့ဆေးခြောက်တွေသုံးမယ်ဆိုသင့်ကိုပိုပြီးမူးဝေစေမှာပါ။ အဲဒါကြောင့်သင့်အနေနဲ့ကောင်းကောင်းပြန်ပြီးအလုပ်မလုပ်နိုင်သေးသ၍ကားမမောင်းပါနဲ့။ စက်တွေကိုအသုံးမပြုပါနဲ့။ နောက်ပြီးအမြဲတမ်းနိုးကြားတက်ကြွနေရန်လိုအပ်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့။ အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ သင်ဆေးခြောက်တွေသုံးနေတယ်ဆိုရင်သင့်ဆရာဝန်ကိုပြောပြပါ။

ခွဲစိတ်ကုသမှုမခံယူခင်သင့်ရဲ့ဆရာဝန်သို့မဟုတ်သွားဆရာဝန်ကိုသင်သုံးနေတဲ့ဆေးဝါးတွေ(ဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ)အကြောင်းကိုပြောပြပါ။

အသက်ကြီးတဲ့သူတွေမှာယခုဆေးကိုအသုံးပြုနေစဉ်မူးဝေခြင်း၊ထင်ယောင်ထင်မှားဖြစ်ခြင်းတို့ရနိုင်ချေပိုများပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာဆိုယခုဆေးကိုအမှန်တကယ်လိုအပ်မှသာသုံးသင့်ပါတယ်။ ဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုသင့်ရဲ့ဆရာဝန်နဲ့ဆွေးနွေးပါ။

ယခုဆေးဟာမိခင်နို့ရည်ထဲကိုသွားနိုင်ပြီးနို့စို့နေတဲ့ကလေးအပေါ်မှာမလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ မိခင်နို့ထွက်ခြင်းကိုလည်းသက်ရောက်မှုရှိနိုင်ပါတယ်။ အဲဒါကြောင့်ယခုဆေးကိုအသုံးပြုနေစဉ်ကလေးနို့တိုက်ခြင်းကိုမပြုလုပ်သင့်ပါ။ ကလေးနို့တိုက်ခြင်းမပြုလုပ်မီသင့်ဆရာဝန်နဲ့တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pramipexole ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPramipexoleကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Cလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Pramipexole ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့ခြင်း၊မူးဝေခြင်း၊အိပ်ငိုက်ခြင်း၊ခေါင်းတစ်ခုလုံးပေါ့ပါးသွားသလိုခံစားရခြင်း၊အိပ်မပျော်ခြင်း၊ဝမ်းချုပ်ခြင်း၊ခေါင်းကိုက်ခြင်းနဲ့ခံတွင်းခြောက်ခြင်းတွေဖြစ်နိုင်ပါတယ်။ အဲဒီဘေးထွက်ဆိုးကျိုးတွေဆက်ရှိနေပါကသို့မဟုတ်ပိုဆိုးလာပါကဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

ခေါင်းမူးခြင်းနဲ့ခေါင်းတစ်ခုလုံးပေါ့ပါးသွားသလိုခံစားရခြင်းတို့ရနိုင်ချေကိုလျှော့ချရန်အတွက်ထိုင်ရာမှသို့မဟုတ်လဲလျောင်းနေရာမှထလျှင်ဖြည်းဖြည်းချင်းထပါ။

သင့်ဆရာဝန်ကသင့်ကိုဒီဆေးပေးပြီဆိုတာသင့်အပေါ်မှာဒီဆေးရဲ့ကောင်းကျိုးတွေကဆိုးကျိုးရနိုင်ခြေတွေထက်ပိုများတယ်ဆိုတာကိုသုံးသပ်ပြီးမှပေးတယ်ဆိုတာကိုတော့သတိရပါ။ ယခုဆေးကိုသုံးနေတဲ့သူတော်တော်များများမှာပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေမခံစားရပါဘူး။

တကယ်လို့သင့်မှာအောက်ဖော်ပြပါပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေရရှိပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ သတိလစ်ခြင်း၊စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း(ဥပမာ စိတ်ရှုပ်ထွေးခြင်း၊စိတ်ကျုခြင်း၊ထင်ယောင်ထင်မှားဖြစ်ခြင်း၊သတိမေ့ခြင်း)၊ပုံမှန်မဟုတ်သောစိတ်အားထက်သန်ခြင်းများ(ဥပမာလောင်းကစားပြုရန်ပိုပြီးစိတ်အားထက်သန်လာခြင်း၊လိင်ကိစ္စများတွင်ပို၍စိတ်အားထက်သန်လာခြင်း)၊လှုပ်ရှားရ၊လမ်းလျှောက်ရခက်ခဲခြင်း၊ကြွက်တက်ခြင်း၊ဂနာမငြိမ်ဖြစ်ခြင်း၊လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်လျော့ကျလာခြင်း၊ခန္ဓါကိုယ်ပိုတုန်လာခြင်း၊ပိုတောင့်တင်းလာခြင်း၊ခြေကျင်းဝတ်နဲ့ခြေထောက်များရောင်ခြင်း။

တကယ်လို့သင့်မှာအောက်ဖော်ပြပါအလွန်ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေခံစားရပါကဆေးကုသမှုချက်ချင်းခံယူပါ။ ရင်ဘတ်အောင့်ခြင်း၊ဖျားခြင်း၊ပုံမှန်မဟုတ်ဘဲနှလုံးခုန်မြန်ခြင်း၊နှေးခြင်း၊မမှန်ခြင်း၊ကြွက်သားများနာခြင်း၊အားနည်းခြင်း၊မောပန်းခြင်း၊ကျောက်ကပ်ရောဂါရဲ့လက္ခဏာများ(ဥပမာ ဆီးပမာဏပြောင်းလဲခြင်း)၊အမြင်အာရုံပြောင်းလဲခြင်း။

Pramipexoleကိုအသုံးပြုနေတဲ့တချို့လူတွေဟာသူတို့ရဲ့နေ့စဉ်အလုပ်တွေ(ဥပမာဖုန်းပြောခြင်း၊ကားမောင်းခြင်း)လုပ်နေစဉ်မှာပဲရုတ်တရက်အိပ်ပျော်သွားတတ်ပါတယ်။ အဲဒီအခြေအနေတွေမှာမူးဝေခြင်းလုံးဝမရှိဘဲအိပ်ပျော်သွားတာဖြစ်ပါတယ်။ တကယ်လို့သင်ဟာယခုဆေးကိုအချိန်အတော်ကြာအောင်အသုံးပြုနေတယ်ဆိုရင်တောင်မှယခုလိုအိပ်ပျော်သွားခြင်းကိုရတတ်ပါတယ်။ တကယ်လို့သင်ဟာယခင်ကထက်ပို၍အိပ်ငိုက်လာခြင်း၊နေ့ဘက်တွေမှာအိပ်ပျော်သွားတတ်ခြင်းစတာတွေကိုခံစားရပါကအဲဒီအကြောင်းကိုသင့်ဆရာဝန်နဲ့မဆွေးနွေးရသေးသ၍ကားမောင်းခြင်းနဲ့အခြားအန္တရာယ်ရှိနိုင်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့။ အရက်သောက်ခြင်းနဲ့သင့်ကိုမူးဝေစေတဲ့အခြားဆေးတွေအသုံးပြုခြင်းကြောင့်သင့်ကိုပိုပြီးအိပ်ပျော်စေနိင်ပါတယ်။ သတိပြုရမယွအရာများအကြောင်းကိုလည်းဆက်ဖတ်ပါ။

ယခုဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းမျိုးကရှားပါတယ်။ ဒါပေမယ့်တကယ်လို့သင့်မှာဆေးနဲ့အပြင်းအထန်ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့အရေပြားမှာအနီကွက်များထွက်ခြင်း၊ယားယံခြင်း၊ဖောရောင်ခြင်း(အထူးသဖြင့်မျက်နှာ၊လျှာနဲ့လည်ချောင်း)၊အလွန်မူးဝေခြင်း၊အသက်ရှူရခက်ခဲခြင်းများရှိပါကဆေးကုသမှုချက်ချင်းခံယူပါ။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Pramipexole နဲ့ ဓါတ်ပြုနိုင်သလဲ

ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ဆေးဝါးတွေကတော့စိတ်ကျန်းမာရေးအတွက်အသုံးပြုတဲ့ဆေးတွေ(ဥပမာchlorpromazine,haloperidol,thiothixene),cimetidine,metoclopramide တို့ဖြစ်ပါတယ်။

သင့်ကိုမူးဝေစေနိုင်တဲ့အခြားပစ္စည်းတွေဥပမာအရက်၊ဆေးခြောက်၊antihistamines(ဥပမာ cetrizine,diphenhydramine),အိပ်ဆေးများ(ဥပမာ alprazolam,diazepam,zolpidem)၊ကြွက်သားများဖြေလျော့စေတဲ့ဆေးများ(ဥပမာ carisoprodol,cyclobenzaprine)နဲ့မူးယစ်ဆေးသုံးစွဲမှုကြောင့်ရသောနာကျင်မှုများကိုသက်သာစေသောဆေးများ(ဥပမာ codeine,hydrocodone)စတဲ့ပစ္စည်းတွေကိုအသုံးပြုနေပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ၊

သင့်ရဲဆေးအားလုံး(ဥပမာ ဓါတ်မတည့်ခြင်းအတွက်သုံးတဲ့ဆေးများနဲ့အအေးပတ်ခြင်း၊ချောင်းဆိုးခြင်းအတွက်သုံးတဲ့ဆေးများ)ပေါ်မှာရှိတဲ့ဆေးညွှန်းတွေကိုစစ်ဆေးပါ။ အဘယ့်ကြောင့်ဆိုသော်အဲဒီဆေးတွေမှာသင့်ကိုမူးဝေစေနိုင်တဲ့ပစ္စည်းတွေပါဝင်နိုင်သောကြောင့်ဖြစ်ပါတယ်။ အဲဒီဆေးတွေကိုဘေးကင်းကင်းသုံးနိုင်ဖို့အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းပါ။

Pramipexoleကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Pramipexole နဲ့ ဓါတ်ပြုနိုင်သလား

Pramipexoleဟာကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pramipexole နဲ့ ဓါတ်ပြုနိုင်သလဲ

Pramipexoleဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pramipexole ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Parkinsonရောဂါအတွက်အရွယ်ရောက်ပြီးသူတွေအသုံးပြုရန်ဆေးပမာဏ

ဆေးအာနိသင်မြန်မြန်ရစေသောဆေးပြားများ

ပထမဆုံးအကြိမ်:ဆေးဝ.၁၂၅မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ပါ။

ဆေးပမာဏထိန်းညှိခြင်း:ဆေးကိုပမာဏနည်းနည်းချင်းဆီတိုးပါ။၅ရက်မှ၇ရက်ထက်ပိုမပေးပါနဲ့။

ဆေးအာနိသင်ကိုဆက်ထိန်းရန်အတွက်ပမာဏ:ဆေး၁.၅မှ၄.၅မီလီဂရမ်ကိုဆေးရဲ့ထိရောက်မှုနဲ့လူနာရဲ့ခံနိုင်ရည်ပေါ်မူတည်ပြီးပေးပါ။

အမြင့်ဆုံးဆေးပမာဏ:တစ်နေ့ကိုဆေး၄.၅မီလီဂရမ်သောကိပါ။

ရှင်းလင်းအကြုံပြုချက်:အောက်ပါဆေးပမာဏထိန်းညှိမှုပုံစံကိုလက်တွေ့တွင်အသုံးပြုပါသည်။

ဒုတိယပတ်မှာဆေးဝ.၂၅မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ပါ။

တတိယပတ်မှာဆေးဝ.၅မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ပါ။

စတုတ္ထပတ်မှာဆေးဝ.၇၅မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ပါ။

ပဉ္စမပတ်မှာဆေး၁မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ပါ။

ဆဌမပတ်မှာဆေး၁.၂၅မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ပါ။

သတ္တမပတ်မှာဆေး၁.၅မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ပါ။

-levodopa နဲ့တွဲသုံးတဲ့အခါမှာတစ်နေ့ကိုဆေးနှစ်ခုပေညင်းပမာဏ၈၀၀မီလီဂရမ်ရအောင်levodopa ပမာဏကို၂၇ရာခိုင်နှုန်းလောက်လျှော့ပေးပါတယ်။

ဆေးအာနိသင်ကိုကြာကြာခံအောင်အောင်လုပ်ထားတဲ့ဆေးပြားများ

ပထမဆုံးအကြိမ်:ဆေးဝ.၃၇၅မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးပမာဏထိန်းညှိခြင်း:ဆေးကို၅ရက်မှ၇ရက်ထက်မပိုစေဘဲပမာဏကိုဖြည်းဖြည်းချင်းတိုးပါ။ ပထမအကြိမ်ပြီးနောက်တစ်နေ့ကိုဝ.၇၅မီလီဂရမ်တိုးသင့်ပြီးနေ့တိုင်းဝ.၇၅မီလီဂရမ်ဆီဆက်တိုးသွားပါ။ ဆေးတစ်ကြိမ်ဆီတိုးပြီးတိုင်းမှာလူနာရဲ့တုံ့ပြန်မှုနဲ့ခံနိုင်ရည်ကိုအနည်းဆုံး၅ရက်လောက်ကြာတဲ့အထိစောင့်ကြည့်ပါ။

အမြင့်ဆုံးဆေးပမာဏ:တစ်နေ့ကိုဆေး၄.၅မီလီဂရမ်သောက်ပါ။

ဆေးအာနိသင်မြန်မြန်ရစေသောဆေးပြားများမှဆေးအာနိသင်ကိုကြာကြာခံအောင်အောင်လုပ်ထားတဲ့ဆေးပြားများသို့ပြောင်းလဲခြင်း

-လူနာတွေမှာဆေးအာနိသင်မြန်မြန်ရစေသောဆေးပြားများမှဆေးအာနိသင်ကိုကြာကြာခံအောင်အောင်လုပ်ထားတဲ့ဆေးပြားများနဲ့နေ့တိုင်းဆေးပမာဏအတူတူပြောင်းသောက်လို့ရပါတယ်။ ဆေးပမာဏထိန်းညှိဖို့လိုမလိုသိနိုင်အောင်အနီးကပ်စောင့်ကြည့်ပါ။

ရှင်းလင်းအကြံပြုချက်များ

-ဆေးသောက်နေစဉ်ကြားမှာပြတ်သွားပါကဆေးပမာဏကိုပြန်ထိန်းညှိဖို့လိုအပ်ပါတယ်။ ဆေးကိုဆက်မပေးခြင်း၊ဆေးပမာဏလျှော့ချခြင်းတို့လုပ်ဖို့လိုပါတယ်။

အသုံးပြုခြင်းများ:Parkinson ရောဂါကိုကုသဖို့အတွက်သုံးပါတယ်။

ခြေထောက်ဂနာမငြိမ်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေးအာနိသင်မြန်မြန်ရစေသောဆေးပြားများ

ပထမဆုံးအကြိမ်:ဆေးဝ.၁၂၅မီလီဂရမ်ကိုညအိပ်ရာမဝင်ခင်၂နာရီမှ၃နာရီအလိုတွင်တစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးပမာဏထိန်းညှိခြင်း:လိုအပ်ပါကဆေးပမာဏကို၄ရက်မှ၇ရက်ကြာတိုင်းဝ.၁၂၅မီလီဂရမ်ဆီတိုးသွားပါ။

အမြင့်ဆုံးဆေးပမာဏ:ဆေးဝ.၅မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ:

-ခြေထောက်ဂနာမငြိမ်ခြင်းအတွက်ဆေးအာနိသင်ကိုကြာကြာခံအောင်အောင်လုပ်ထားတဲ့ဆေးပြားများကိုမသုံးပါ။

-ယခင်ကတစ်နေ့ကိုဆေးဝ.၇၅မီလီဂရမ်ပေးခြင်းကိုလက်တွေ့အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့်ဆေးဝ.၅မီလီဂရမ်ပေးခြင်းထက်ပိုကောင်းတဲ့အကျိုးသက်ရောက်မှုတွေတော့မတွေ့ရပါဘူး။

အသုံးပြုခြင်း:အလယ်အလတ်မှအပြင်းစားခြေထောက်ဂနာမငြိမ်ခြင်းကိုကုသဖို့အတွက်သုံးပါတယ်။

ကျောက်ကပ်အတွက်ဆေးပမာဏထိန်းညှိခြင်း

Parkinson ရောဂါအတွက်

ဆေးအာနိသင်မြန်မြန်ရစေသောဆေးပြားများ

-အလွန်ပြင်းထန်တဲ့ကျောက်ကပ်ရောဂါအတွက်(CrCl 15mL/minအောက်):ဆေးကိုအသုံးပြု၍မရပါ။

-ပြင်းထန်တဲ့ကျောက်ကပ်ရောဂါအတွက်(CrCl 15မှ30mL/min):ပထမအကြိမ်:ဆေးဝ.၁၂၅မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။ အမြင့်ဆုံးဆေးပမာဏဖြစ်တဲ့တစ်နေ့ကိုဆေးဝ.၅မီလီဂရမ်ရောက်အောင်၅ရက်ကနေရရက်ကြာတိုင်းဆေးပမာဏကိုဖြည်းဖြည်းချင်းတိုးသွားပါ။ အမြင့်ဆုံးဆေးပမာဏ:ဆေး၁.၅မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

-အလယ်အလတ်ကျောက်ကပ်ရောဂါအတွက်(CrCl 30မှ50mL/min):ပထမအကြိမ်:ဆေးဝ.၁၂၅မီလီဂရမ်ကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။ အမြင့်ဆုံးဆေးပမာဏဖြစ်တဲ့တစ်နေ့ကိုဆေးဝ.၇၅မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ခြင်းရောက်အောင်၅ရက်ကနေရရက်ကြာတိုင်းဆေးပမာဏကိုဖြည်းဖြည်းချင်းတိုးသွားပါ။ အမြင့်ဆုံးဆေးပမာဏ:တစ်နေ့ကိုဆေး၂.၂၅မီလီဂရမ်။

ပုံမှန်သို့မဟုတ်အပျော့စားကျောက်ကပ်ရောဂါများအတွက်(CrCl 50mL/min):ဆေးပမာဏထိန်းညှိရန်မလိုပါ။

ဆေးအာနိသင်ကိုကြာကြာခံအောင်အောင်လုပ်ထားတဲ့ဆေးပြားများ

အလွန်ပြင်းထန်တဲ့ကျောက်ကပ်ရောဂါအတွက်:ဆေးကိုအသုံးပြု၍မရပါ။

အလယ်အလတ်ကျောက်ကပ်ရောဂါအတွက်(CrCl30မှ50mL/min):ပထမအကြိမ်:ဆေးဝ.၃၇၅မီလီဂရမ်ကိုတစ်ရက်ခြားစီသောက်ပါ။ တစ်ပတ်အကြာမှာဆေးအပေါ်တုံ့ပြန်မှုနဲ့လူနာရဲ့ခံနိုင်ရည်ပေါ်မူတည်ပြီးဆေးကိုတစ်နေ့တစ်ကြိမ်သို့တိုးသောက်ပါ။ အဲဒီနောက်မှာတော့၇ရက်ကြာတိုင်းဆေးဝ.၃၇၅မီလီဂရမ်ကိုတိုးပါ။ အမြင့်ဆုံးဆေးပမာဏ:တစ်နေ့ကိုဆေး၂.၂၅မီလီဂရမ်သောက်ပါ။

အပျော့စားကျောက်ကပ်ရောဂါများအတွက်(CrCl50mL/min):ဆေးပမာဏထိန်းညှိရန်မလိုပါ။

ခြေထောက်ဂနာမငြိမ်ခြင်းအတွက်:

ဆေးအာနိသင်မြန်မြန်ရစေသောဆေးပြားများ

အလယ်အလတ်နဲ့ပြင်းထန်ကျောက်ကပ်ရောဂါအတွက်(CrCl20မှ60mL/min):ပထမဆုံးအကြိမ်:ဆေးဝ.၁၂၅မီလီဂရမ်ကိုညအိပ်ရာမဝင်ခင်၂နာရီမှ၃နာရီအလိုတွင်တစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးပမာဏထိန်းညှိခြင်း:လိုအပ်ပါကဆေးပမာဏကို၁၄ရက်ကြာတိုင်းဝ.၁၂၅မီလီဂရမ်ဆီတိုးသွားပါ။ အမြင့်ဆုံးဆေးပမာဏ:ဆေးဝ.၅မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

အသည်းအတွက်ဆေးပမာဏထိန်းညှိခြင်း

ဆေးပမာဏထိန်းညှိဖို့ညွှန်ကြားထားခြင်းမရှိပါ။

ဆေးပမာဏထိန်းညှိခြင်း

တကယ်လို့လူနာဟာlevodopa ဆေးသောက်နေပါက levodopa ဆေးပမာဏကိုလျှော့ရန်စဉ်းစားသင့်ပါတယ်။

လူနာကိုချက်ချင်းpramipexoleဆေးအာနိသင်မြန်မြန်ရစေသောဆေးပြားများမှဆေးအာနိသင်ကိုကြာကြာခံအောင်အောင်လုပ်ထားတဲ့ဆေးပြားများအဖြစ်ပြောင်းလို့ရပြီးဆေးပမာဏအတူတူသောက်လို့ရပါတယ်၊အချို့လူနာတွေမှာဆေးပမာဏထိန်းညှိဖို့လိုပါတယ်။

ဆေးသောက်ခြင်းကိုရပ်ခြင်း

-Parkinson ရောဂါအတွက်:နေ့စဉ်သောက်တဲ့ဆေးပမာဏဝ.၇၅မီလီဂရမ်အထိရောက်အောင်ဆေးကိုတစ်နေ့လျှင်ဝ.၇၅မီလီဂရမ်စီလျှော့ပါ။ အဲဒီနောက်တစ်နေ့ကိုဝ.၃၇၅မီလီဂရမ်စီလျှော့ပါ။

-ခြေထောက်ဂနာမငြိမ်ခြင်းအတွက်:ဆေးလျှော့ရန်မလိုပါ။

ဆေးကိုသွေးကတစ်ဆင့်စွန့်ထုတ်ခြင်း

ဆေးကိုသွေးမှတစ်ဆင့်စွန့်ထုတ်ခြင်းမရှိပါ။

အခြားရှင်းလင်းအကြံပြုချက်များ

ဆေးသောက်ခြင်းနဲ့ပတ်သက်၍အကြံပြုချက်

ဆေးအာနိသင်မြန်မြန်ရစေသောဆေးပြားများ

-အစာနဲ့သို့မဟုတ်အစာမရှိချိန်မှာပါသောက်ဆေးအဖြစ်သောက်ပါ။

-တကယ်လို့ဆေးသောက်ဖို့တစ်ကြိမ်လွတ်သွားပါကဆေးပမာဏကိုနှစ်ဆတိုးမသောက်ရန်လူနာကိုပြောပြပါ။

ဆေးအာနိသင်ကိုကြာကြာခံအောင်အောင်လုပ်ထားတဲ့ဆေးပြားများ

-အစာနဲ့သို့မဟုတ်အစာမရှိချိန်မှာပါသောက်ဆေးအဖြစ်သောက်ပါ။

-ဆေးပြားတွေကိုတစ်ပြားလုံးသောက်သင့်ပါတယ်။ ဆေးကိုဝါးစားခြင်း၊အမှုန့်ချေခြင်း၊ခွဲစိတ်ခြင်းများမပြုလုပ်ပါနဲ့။

-ဆေးသောက်ဖို့တစ်ကြိမ်လွတ်သွားပါကချက်ချင်းသောက်လိုက်ပါ။ ဒါပေမယ့်ပုံမှန်သောက်နေကျအချိန်ထက်၁၂နာရီလောက်မခြားသွားပါစေနဲ့။၁၂နာရီလောက်ကြာသွားမယ်ဆိုရင်လွတ်သွားတဲ့အကြိမ်အတွက်ကိုကျော်လိုက်ပြီးပုံမှန်သောက်ရမယ့်ပုံစံအတိုင်းဆက်သောက်ပါ။

ထိန်းသိမ်းဖို့အတွက်လိုအပ်ချက်များ

-အလင်းရောင်နဲ့စိုစွတ်တဲ့နေရာတွေနဲ့ဝေးဝေးမှာထားပါ။

ယေဘုယျအားဖြင့်:

-Parkinson ရောဂါအတွက်ဆေးသောက်နေစဉ်ကြားမှာပြတ်သွားပါကဆေးပမာဏပြန်လည်ထိန်းညှိဖို့လိုပါလိမ့်မယ်၊

-Parkinson ရောဂါဖြစ်ခါစလူနာတွေမှာတိကျတဲ့ဆေးပမာဏနဲ့စမ်းသပ်ချက်အရတစ်နေ့ကိုဆေးပမာဏ၃မီလီဂရမ်၊၄.၅မီလီဂရမ်သို့မဟုတ်၆မီလီဂရမ်ပေးခြင်းဟာတစ်နေ့ကို၁.၅မီလီဂရမ်ပေးခြင်းထက်ပိုကောင်းတဲ့သက်ရောက်မှုတွေကိုမတွေ့ရပါဘူး။ ဒါပေမယ့်ဆေးပမာဏတိုးသောက်ခြင်းကြောင့်အောက်ပါဆိုးကျိုးတွေပိုရလာပါတယ်။ ထိုင်ရာမှထစဉ်သွေးပေါင်ကျခြင်း၊ပျို့ခြင်း၊ဝမ်းချုပ်ခြင်း၊အိပ်ငိုက်ခြင်း၊မှတ်ဉာဏ်ချို့ယွင်းခြင်း။

-ဆေးဖြတ်မယ်ဆိုရင်ယခုဆေးကိုဖြည်းဖြည်းချင်းပမာဏလျှော့သွားသင့်ပါတယ်။ လက်တွေ့မှာတော့ခြေထောက်ဂနာမငြိမ်ခြင်းအတွက်ဆိုယခုဆေးကိုဆေးပမာဏလျှော့ခြင်းမပြုလုပ်ပါဘူး။

စောင့်ကြည့်လေ့လာခြင်း

-နှလုံးနှင့်သွေးကြောဆိုင်ရာများ:ထိုင်ရာမှထစဉ်သွေးပေါင်ကျခြင်းရဲ့လက္ခဏာများကိုစောင့်ကြည့်ပါ။ အထူးသဖြင့်ဆေးပမာဏမြှင့်နေတဲ့အချိန်မှာစောင့်ကြည့်ပါ။

-အာရုံကြောအဖွဲ့အစည်းအတွက်:လူနာအိပ်ငိုက်ခြင်းရှိမရှိစောင့်ကြည့်ပါ။

-အရေပြားဆိုင်ရာ:melanoma လို့ခေါ်တဲ့အရေပြားကင်ဆာရောဂါကိုစောင့်ကြည့်ပါ။ အရေပြားအထူးကုဆရာဝန်တွေနဲ့အရေပြားကိုပုံမှန်စစ်ဆေးပါ။

-စိတ်ပိုင်းဆိုင်ရာ:လူနာတွေကိုလောင်းကစားလုပ်ချင်စိတ်များမြင့်တက်လာခြင်း၊လိင်ကိစ္စများတွင်စိတ်အားထက်သန်လာခြင်း၊အသုံးအစွဲများလာခြင်း၊မစားရမနေနိုင်အောင်ဖြစ်ခြင်းနဲ့အခြားစိတ်အားထက်သန်ခြင်းများရှိမရှိကိုမေးမြန်းပါ။

လူနာအတွက်အကြံပေးချက်:

-ယခုဆေးဟာမူးဝေစေပါတယ်။ လူနာတွေအနေနဲ့ယခုဆေးဟာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေအပေါ်မှာဘယ်လိုသက်ရောက်နိုင်တယ်ဆိုတာမသိသေးခင်ကားမောင်းခြင်း၊စက်ပစ္စည်းများသုံးခြင်းနဲ့အခြားအန္တရာယ်ရှိနိုင်တဲ့လုပ်ငန်းတွေကိုမလုပ်သင့်ပါဘူး။

-ရုတ်တရက်အိပ်ပျော်သွားခြင်း၊လှုပ်ရှားမှုတွေပုံမှန်မဟုတ်တာမျိုးစဖြစ်လာခြင်းသို့မဟုတ်ပိုဆိုးလာခြင်း၊မလုပ်ရမနေနိုင်တဲ့အပြုအမူတွေစဖြစ်လာခြင်းသို့မဟုတ်ပိုဆိုးလာခြင်းနဲ့ပုံမှန်မဟုတ်သောစိတ်အားထက်သန်ခြင်းတို့အကြောင်းကိုပြောပြရန်လူနာတွေကိုညွှန်ကြားထားသင့်ပါတယ်။

-အရေပြားရဲ့အရွယ်အစား၊ပုံစံနဲ့မှဲ့အရောင်ပြောင်းလာခြင်းတို့ရှိလာပါကပြောပြရန်လူနာတွေကိုညွှန်ကြားထားသင့်ပါတယ်။ ထို့ပြင်အရေပြားကင်ဆာရောဂါအတွက်ပုံမှန်စစ်ဆေးသင့်ပါတယ်။

-လူနာတွေအနေနဲ့သတိပြုသင့်တာကတော့ယခုဆေးဟာသင့်ကိုထိုင်ရာကနေထတဲ့အခါသွေးပေါင်ကျခြင်းတွေဖြစ်စေနိုင်ပြီးသတိလစ်ခြင်း၊မူးဝေခြင်းတွေခံစားရတတ်ပါတယ်။ ထိုင်ရာမှသို့မဟုတ်လဲလျောင်းနေရာမှရုတ်တရက်ထခြင်းကိုရှောင်ကြဉ်ရန်အကြံပေးပါ။

-လူနာတွေအနေနဲ့သူတို့ကိုယ်ဝန်ရလာရင်သို့မဟုတ်ကိုယ်ဝန်ယူဖို့စဉ်းစားနေမယ်ဆိုရင်သို့မဟုတ်ကလေးနို့တိုက်နေမယ်ဆိုရင်သူတို့ရဲ့ဆရာဝန်သို့မဟုတ်ကျန်းမာရေးစောင့်ရှောက်သူကိုပြောပြသင့်ပါတယ်။

ကလေးတွေအတွက် Pramipexole ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာတွေအတွက်သောက်ရမယ့်ဆေးပမာဏကိုသတ်မှတ်ထားခြင်းမရှိပါ။ ယခုဆေးဟာသင့်ကလေးအတွက်ဘေးမကင်းနိုင်ပါဘူး။ ဆေးကိုမသုံးခင်ဆေးကြောင့်အန္တရာယ်ရှိမရှိကိုကောင်းကောင်းနားလည်ထားဖို့အမြဲတမ်းအရေးကြီးပါတယ်။ အသေးစိတ်သိရှိလိုပါကဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Pramipexole ကိုဘယ်လိုရရှိနိုင်သလဲ

Pramipexoleကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြား
  • ဆေးအာနိသင်ကြာရှည်ခံအောင်လုပ်ထားတဲ့ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Pramipexoleဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement