backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pralidoxime

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Pralidoxime ကို ဘာအတွက်အသုံးပြုကြသလဲ

Pralidoxime ကိုဓါတ်ပစ္စည်းတွေဖြစ်တဲ့ anticholinesterase agents တွေ(ဥပမာ organophosphatepesticidesတွေဖြစ်တဲ့parathion,“nervegas”ဥပမာsarin နဲ့အခြားnerveagentsတွေဥပမာ VX)ကြောင့်ဖြစ်တဲ့nerve agentအဆိပ်သင့်မှုကိုကုသဖို့အတွက်atropineနဲ့တွဲသုံးပါတယ်။Pralidoximeဟာအာရုံကြောတွေကြွက်သားတွေကလိုအပ်တဲ့သဘာဝပစ္စည်းတစ်ခုဖြစ်တဲ့cholinesteraseကိုပုံမှန်အတိုင်းပြန်အလုပ်လုပ်နိုင်အောင်ပြုလုပ်ပေးပါတယ်။nerve agent အဆိပ်သင့်ခြင်းရဲ့ရောဂါလက္ခဏာတွေကတော့အသက်ရှူရခက်ခဲခင်း၊ခေါင်းကိုက်ခြင်း၊နှာစေးခြင်း၊သွားရည်များကျခြင်း၊အမြင်အာရုံများပြောင်းလဲခြင်း၊ချွေးထွက်ခြင်း၊ဗိုက်နာခြင်း၊ပျို့ခြင်း၊အန်ခြင်း၊ဝမ်းလျှောခြင်း၊ကြွက်သားများတင်းခြင်း၊အိပ်ငိုက်ခြင်း၊စိတ်ရှုပ်ထွေးခြင်းနဲ့တက်ခြင်းတို့ဖြစ်ပါတယ်။

Pralidoximeဟာကြွက်သားများ(အသက်ရှူခြင်းနဲ့ဆိုင်တဲ့ကြွက်သားတွေလည်းပါဝင်ပါတယ်)အပေါ်မှာအဓိကသက်ရောက်မှုရှိပြီးကြွက်သားများတင်းတောင့်ခြင်း၊ကြွက်တက်ခြင်း၊အားနည်းခြင်းနဲ့လေဖြတ်ခြင်းတို့ကိုလျှော့ချပေးပါတယ်။ နောက်ဆေးတစ်မျိုးဖြစ်တဲ့atropineကိုတော့အဲဒီအရာတွေအပြင်nerve agent အဆိပ်သင့်ခြင်းရဲ့အခြားလက္ခဏာတွေဖြစ်တဲ့အသက်ရှူနှေးခြင်း၊အသက်ရှူရင်တစ်ရွှီရွှီအသံကြားရခြင်း၊ချွေးပိုထွက်ခြင်း၊တံတွေးများပိုထွက်ခြင်း၊ဗိုက်အောင့်ခြင်း၊အန်ခြင်းနဲ့ဝမ်းလျှောခြင်းတို့ကိုကုသဖို့အတွက်သုံးပါတယ်။

Pralidoxime ဘယ်လိုသောက်သုံးသင့်သလဲ

Pralidoximeကိုအဆိပ်သင့်ခြင်းသို့မဟုတ်ဆေးလွန်ခြင်းရဲ့ရောဂါလက္ခဏာတွေစပြီးပြီးချင်းချက်ချင်းပေးပါတယ်။ သင့်အနေနဲ့pralidoximeကိုရက်အတော်ကြာသောက်ဖို့လိုပါတယ်။

Pralidoximeကိုကြွက်သားထဲသို့တိုက်ရိုက်ထိုးပေးခြင်း၊အရေပြားအောက်သို့ထိုးခြင်းနဲ့သွေးပြန်ကြောတစ်လျှောက်ထိုးခြင်းတို့ပြုလုပ်နိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူတစ်ဦးကသင့်ကိုဆေးထိုးပေးပါလိမ့်မယ်။Pralidoxime ကိုဖြည်းဖြည်းချင်းပေးရပါမယ်။IV ဆေးထိုးခြင်းပြီးဖို့အတွက်မိနစ်၃၀လောက်ကြာနိုင်ပါတယ်။

သင်ယခုဆေးနဲ့ဆေးကုသမှုခံယူနေစဉ်အတွင်းသင့်ရဲ့အသက်ရှူခြင်း၊သွေးပေါင်ချိန်၊အောက်ဆီဂျင်ပမာဏ၊ကျောက်ကပ်လုပ်ငန်းကောင်းမကောင်းနဲ့အခြားအရေးကြီးတဲ့လက္ခဏာတွေကိုအနီးကပ်စောင့်ကြည့်ခံနေရမှာဖြစ်ပါတယ်။

Pralidoxime နဲ့ဆေးကုသမှုခံယူပြီးနောက်မှာဆေးဟာထိရောက်မှုရှိတယ်ဆိုတာနဲ့သင့်မှာအဆိပ်သင့်ခြင်းသို့မဟုတ်ဆေးလွန်ခြင်းရဲ့ဆိုးကျိုးတွေမရှိတော့ဘူးဆိုတာကိုသေချာစေဖို့အတွက်သင့်ကို၇၂နာရီလောက်အထိကြာအောင်စောင့်ကြည့်ပါလိမ့်မယ်။

Pralidoxime ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို25°C(77°F) အပူချိန်မှာထားပါ။15-30°C(59-86°F)အပူချိန်မှာလည်းထားလို့ရပါတယ်။ ဆေးကိုခဲမသွားအောင်ထားပါ။

Pralidoximeအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းပုံလိုအပ်ချက်လည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Pralidoximeကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pralidoxime အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Pralidoxime ကိုအသုံးမပြုခင်သင့်မှာယခုဆေးနဲ့ဓါတ်မတည့်တာသို့မဟုတ်အခြားဓါတ်မတည့်တာမျိုးတွေရှိရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ ယခုဆေးမှာဆေးနဲ့ဓါတ်မတည့်တာတွေသို့မဟုတ်တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါတတ်ပါတယ်။ အသေးစိတ်အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

ယခုဆေးကိုအသုံးမပြုခင်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုသင့်ရဲ့ရောဂါရာဇဝင်အထူးသဖြင့်ကျောက်ကပ်ရောဂါ၊အာရုံကြောနဲ့ကြွက်သားရောဂါတစ်ခုခု(ဥပမာ myasthenia gravis)တို့အကြောင်းကိုပြောပြပါ။

ယခုဆေးဟာသင့်ကိုမူးဝေစေပါတယ်။ အရက်နဲ့ဆေးခြောက်တွေသုံးမယ်ဆိုသင့်ကိုပိုပြီးမူးဝေစေမှာပါ။ အဲဒါကြောင့်သင့်အနေနဲ့ကောင်းကောင်းပြန်ပြီးအလုပ်မလုပ်နိုင်သေးသ၍ကားမမောင်းပါနဲ့။ စက်တွေကိုအသုံးမပြုပါနဲ့။ နောက်ပြီးအမြဲတမ်းနိုးကြားတက်ကြွနေရန်လိုအပ်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့။ အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ သင်ဆေးခြောက်တွေသုံးနေတယ်ဆိုရင်သင့်ဆရာဝန်ကိုပြောပြပါ။

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာဆိုယခုဆေးကိုအမှန်တကယ်လိုအပ်မှသာသုံးသင့်ပါတယ်။ ဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုသင့်ရဲ့ဆရာဝန်နဲ့ဆွေးနွေးပါ။

ယခုဆေးဟာမိခင်နို့တိုက်စဉ်မိခင်နို့ထဲမှာပါလာနိုင်လားဆိုတာကိုမသိပါဘူး။ ကလေးနို့မတိုက်ခင်သင့်ရဲ့ဆရာဝန်နဲ့ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pralidoxime ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPralidoximeကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Nလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Pralidoxime ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

မူးဝေခြင်း၊အိပ်ငိုက်ခြင်းသို့မဟုတ်ဆေးထိုးတဲ့နေရာမှနာကျင်ခြင်းတို့ခံစားရနိုင်ပါတယ်။atropine ကြောင့်ပုံမှန်ရတတ်တဲ့ဆိုးကျိုးတွေကတော့ မျက်နှာနီမြန်းခြင်း၊သူငယ်အိမ်ကြီးခြင်း၊နှလုံးခုန်မြန်ခြင်းနဲ့ခံတွင်းခြောက်ခြင်း၊နှာခေါင်းခြောက်ခြင်းတို့ဖြစ်ပါတယ်။ ချင်းပြောပြပါ။

သင့်ဆရာဝန်ကသင့်ကိုဒီဆေးပေးပြီဆိုတာသင့်အပေါ်မှာဒီဆေးရဲ့ကောင်းကျိုးတွေကဆိုးကျိုးရနိုင်ခြေတွေထက်ပိုများတယ်ဆိုတာကိုသုံးသပ်ပြီးမှပေးတယ်ဆိုတာကိုတော့သတိရပါ။ ယခုဆေးကိုသုံးနေတဲ့သူတော်တော်များများမှာပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေမခံစားရပါဘူး။

ယခုဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းမျိုးကရှားပါတယ်။ ဒါပေမယ့်တကယ်လို့သင့်မှာဆေးနဲ့အပြင်းအထန်ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့အရေပြားမှာအနီကွက်များထွက်ခြင်း၊ယားယံခြင်း၊ဖောရောင်ခြင်း(အထူးသဖြင့်မျက်နှာ၊လျှာနဲ့လည်ချောင်း)၊အလွန်မူးဝေခြင်း၊အသက်ရှူရခက်ခဲခြင်းများရှိပါကဆေးကုသမှုချက်ချင်းခံယူပါ။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Pralidoxime နဲ့ ဓါတ်ပြုနိုင်သလဲ

Pralidoximeကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Pralidoxime နဲ့ ဓါတ်ပြုနိုင်သလား

Pralidoximeဟာကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pralidoxime နဲ့ ဓါတ်ပြုနိုင်သလဲ

Pralidoxime ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pralidoxime ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Organophosphate အဆိပ်သင့်ခြင်းအတွက်အရွယ်ရောက်ပြီးသူသုံးရန်ဆေးပမာဏ

IV ထိုးခြင်းအတွက်(အသုံးပြုသင့်တဲ့ပုံစံ):

ပထမဆုံးအကြိမ်:ဆေး၁ဂရမ်မှ၂ဂရမ်ကိုnormal saline 100mLနဲ့ရောဖျော်ပြီး၁၅မိနစ်မှမိနစ်၃၀အထိကြာအောင်IV သွင်းပါ။ အကယ်၍ဆေးသွင်းခြင်းပြုလုပ်ဖို့မဖြစ်နိုင်ရင်သို့မဟုတ်အဆုတ်ထဲတွင်ရေဝင်သောရောဂါရှိပါကဆေးကိုထိုးဆေးအနေနဲ့ပေးပါ။ ဆေးကိုရေသန့်နှင့်50mg/mLရအောင်ဖျော်ပြီးဖြည်းဖြည်းချင်းထိုးပါ။(အနည်းဆုံး၅မိနစ်ကြာအောင်)

ဒုတိယအကြိမ်:တကယ်လို့ကြွက်သားအားနည်းခြင်းမသက်သာဘူးဆိုရင်နောက်တစ်နာရီလောက်အကြာမှာဆေး၁ဂရမ်မှ၂ဂရမ်ကိုထိုးပါ။

အကယ်၍ကြွက်သားအားနည်းခြင်းဆက်ရှိနေပါက၁၀နာရီမှ၁၂နာရီခြားတစ်ခါဆေးများဆက်ပေးပါ။

IM ထိုးခြင်းအတွက်(ရောဂါလက္ခဏာတွေပြင်းထန်မှုပေါ်မူတည်သည်)

အပျော့စားလက္ခဏာများအတွက်:

ပထမဆုံးအကြိမ်:ဆေး၆၀၀မီလီဂရမ်ကိုIMထိုးပါ။ ဆေးရဲ့အာနိသင်ရဖို့၁၅မိနစ်လောက်စောင့်ရပါတယ်။

ဒုတိယအကြိမ်:တကယ်လို့၁၅မိနစ်နောက်ပိုင်းမှာအပျော့စားလက္ခဏာတွေဆက်ရှိနေပါကဆေး၆၀၀မီလီဂရမ်ကိုIMထပ်ထိုးပါ။

တတိယအကြိမ်:တကယ်လို့နောက်ထပ်၁၅မိနစ်နောက်ပိုင်းမှာအပျော့စားလက္ခဏာတွေဆက်ရှိနေပါကဆေး၆၀၀မီလီဂရမ်ကိုIMထပ်ထိုးပါ။(စုစုပေါင်းဆေး၁၈၀၀မီလီဂရမ်)

အကယ်၍ပထမအကြိမ်ဆေးထိုးပြီးချိန်မှာပြင်းထန်တဲ့ရောဂါလက္ခဏာတွေပေါ်လာပါကစုစုပေါင်းဆေးပမာဏ၁၈၀၀မီလီဂရမ်ရရှိအောင်ဆေး၆၀၀မီလီဂရမ်ကိုနှစ်ကြိမ်မြန်မြန်ထိုးပါ။

ပြင်းထန်တဲ့လက္ခဏာများအတွက်:စုစုပေါင်းဆေးပမာဏ၁၈၀၀မီလီဂရမ်ရရှိအောင်ဆေး၆၀၀မီလီဂရမ်ကိုသုံးကြိမ်မြန်မြန်ထိုးပါ။

ရောဂါလက္ခဏာများဆက်ရှိနေခြင်းအတွက်:တကယ်လို့စုစုပေါင်းဆေး၁၈၀၀မီလီဂရမ်ထိုးပြီးတာတောင်မှရောဂါလက္ခဏာတွေဆက်ရှိနေမယ်ဆိုရင်နောက်ဆုံးဆေးထိုးပြီးတဲ့အကြိမ်မှတစ်နာရီခန့်အကြာတွင်ဆေးကိုအစအဆုံးနောက်တစ်ခါထပ်ထိုးပါ။

ရှင်းလင်းအကြံပြုချက်များ:

-ယခုဆေးရဲ့အဓိကအသုံးပြုခြင်းတွေကတော့ကြွက်သားများအားနည်းခြင်းနဲ့အသက်ရှူရခက်ခဲခြင်းတို့အတွက်ဖြစ်ပါတယ်။ ပြင်းထန်တဲ့အဆိပ်သင့်မှုမှာကြွက်သားအားနည်းခြင်းကြောင့်အသက်ရှူခက်ခဲခြင်းရတတ်ပါတယ်။

-ဆေးကုသမှုမှာရောဂါလက္ခဏာများသက်သာအောင်ကုသခြင်း၊atropine နဲ့အန္တရာယ်ရှိတဲ့ပစ္စည်းတွေကိုဖယ်ရှားခြင်းတို့ပါဝင်သင့်ပါတယ်။

-ဆေးကုသမှုကိုအဆိပ်သင့်မှုဖြစ်ပြီးပြီးချင်းစနိုင်ပါကအထိရောက်ဆုံးဖြစ်ပါတယ်။

-အဆိပ်နဲ့ထိတွေ့မှုပြီးဆုံးပြီး၃၆နာရီထက်ပိုကြာသောအချိန်မှယခုဆေးကိုပေးမယ်ဆိုထိရောက်မှုမရှိပါဘူး။

-အဆိပ်ကိုမြိုချလိုက်တဲ့အခါမှာအူလမ်းကြောင်းရဲ့အောက်ဘက်ပိုင်းကအဆိပ်ကိုဆက်လက်စုပ်ယူနေမှာဖြစ်ပါတယ်။ အဲအတွက်ကြောင့်ဆေးပထမဆုံးပေးပြီးတဲ့အချိန်မှာလက္ခဏာတွေသက်သာလာပေမယ့်လူနာသေဆုံးမှုတွေဖြစ်လာနိုင်ပါသေးတယ်၊အဲဒီအခြေအနေမှာဆေးကို၃နာရီမှ၈နာရီခြားတစ်ခါဆေးတွေဆက်ပေးရမှာဖြစ်ပါတယ်။

-လူနာကိုအနည်းဆုံး၄၈နာရီမှ၇၂နာရီအတွင်းစောင့်ကြည့်ပါ။

-အဆိပ်နဲ့အရေပြားထိတွေ့မှုဖြစ်ပေါ်လာပါကအဝတ်အစားများကိုချွတ်ပြီးအရေပြားနဲ့အမွှေးအမျှင်တွေကိုsodium bicarbonate သို့မဟုတ်အရက်ဖြင့်သေချာဆေးကြောပါ။

-ရောဂါလက္ခဏာသက်သာအောင်အောက်ပါတို့ကိုပြုလုပ်ပေးပါ။ လေလမ်းကြောင်းကိုကောင်းမွန်အောင်ပြုလုပ်ပေးခြင်း၊အသက်ရှူစနစ်နဲ့နှလုံးသွေးကြောစနစ်များကောင်းမွန်အောင်ထောက်ပံပေးခြင်း၊ဇီဝကမ္မချို့ယွင်းမှုများကိုပြင်ဆင်ပေးခြင်း၊ပြင်းထန်တဲ့အဆိပ်သင့်မှုမှာအတက်ရောဂါမရအောင်ထိန်းချုပ်ခြင်း။

-လူနာရဲ့အောက်ဆီဂျင်ပမာဏပြန်များလာပါကatropineကိုဖြစ်နိုင်သမျှချက်ချင်းပေးပါ၊လူနာမှာအောက်ဆီဂျင်ပမာဏကျနေပါကatropineကိုမပေးပါနဲ့။ အဘယ့်ကြောင့်ဆိုသော်atropineကြောင့် ventricular fibrillation လို့ခေါ်တဲ့နှလုံးခုန်စည်းချက်မမှန်တဲ့အခြေအနေရနိုင်သောကြောင့်ဖြစ်ပါတယ်။

-atropine ၂ဂရမ်မှ၄ဂရမ်အထိကို၅မိနစ်ကနေ၁၀မိနစ်ကြာအောင်IVထိုးပါ။atropineဆေးပမာဏအကုန်ရတဲ့အထိသို့မဟုတ်atropineအဆိပ်သင့်ခြင်းရဲ့လက္ခဏာများ(ဂယောင်ဂတမ်းပြောခြင်း၊ကိုယ်အပူချိန်တက်ခြင်း၊ကြွက်သားများတင်းတောင့်ခြင်း)ရတဲ့အထိဆေးကိုပေးပါ။

-atropine ဆေးပမာဏအချို့ကိုအနည်းဆုံး၄၈နာရီကြာတဲ့အထိဆက်ပေးထားပါ။ သွေးထဲမှာcholinesterase ရဲ့လုပ်ငန်းတာဝန်ပြန်ကောင်းလာတဲ့အထိဆက်ပေးပါ။

-organophosphate အဆိပ်သင့်တဲ့လူနာတွေမှာmorphine,theophylline,aminophylline,reserpineနဲ့phenothiazine-typetranquilizersတွေအသုံးပြုခြင်းကိုရှောငိကြဉ်ပါ။

-succinylcholineကိုသတိနဲ့အသုံးပြုပါ။ အဘယ့်ကြောင့်ဆိုသော်anticholinesteraseတွေနဲ့ပေါင်းသွားပြီးနာတာရှည်လေဖြတ်မှုတွေရနိုင်တယ်လို့တွေ့ရှိထားသောကြောင့်ဖြစ်ပါတယ်။

-ယခုဆေးကိုatropine ရဲ့အာနိသင်တွေကောင်းကောင်းပေါ်လာမှပေးပါ။

အသုံးပြုခြင်းများ:ပိုးသတ်ဆေးတွေကြောင့်နဲ့cholinesteraseကိုတားတဲ့ဂုဏ်သတ္တိရှိသောဓါတ်ပစ္စည်းတွေ(ဥပမာ nerve gas)ဖြစ်တဲ့organophosphateတွေကြောင့်ဖြစ်တဲ့အဆိပ်သင့်မှုတွေမှာဖြေဆေးအဖြစ်အသုံးပြုပါတယ်။

Nerve agent အဆိပ်သင့်ခြင်းအတွက်အရွယ်ရောက်ပြီးသူအသုံးပြုရန်ဆေးပမာဏ

IVထိုးခြင်းအတွက်(အသုံးပြုသင့်တဲ့ပုံစံ):

ပထမဆုံးအကြိမ်:ဆေး၁ဂရမ်မှ၂ဂရမ်ကိုnormalsaline100mLနဲ့ရောဖျော်ပြီး၁၅မိနစ်မှမိနစ်၃၀အထိကြာအောင်IVသွင်းပါ။ အကယ်၍ဆေးသွင်းခြင်းပြုလုပ်ဖို့မဖြစ်နိုင်ရင်သို့မဟုတ်အဆုတ်ထဲတွင်ရေဝင်သောရောဂါရှိပါကဆေးကိုထိုးဆေးအနေနဲ့ပေးပါ။ ဆေးကိုရေသန့်နှင့်50mg/mLရအောင်ဖျော်ပြီးဖြည်းဖြည်းချင်းထိုးပါ။(အနည်းဆုံး၅မိနစ်ကြာအောင်)

ဒုတိယအကြိမ်:တကယ်လို့ကြွက်သားအားနည်းခြင်းမသက်သာဘူးဆိုရင်နောက်တစ်နာရီလောက်အကြာမှာဆေး၁ဂရမ်မှ၂ဂရမ်ကိုထိုးပါ။

အကယ်၍ကြွက်သားအားနည်းခြင်းဆက်ရှိနေပါက၁၀နာရီမှ၁၂နာရီခြားတစ်ခါဆေးများဆက်ပေးပါ။

IMထိုးခြင်းအတွက်(ရောဂါလက္ခဏာတွေပြင်းထန်မှုပေါ်မူတည်သည်)

အပျော့စားလက္ခဏာများအတွက်:

ပထမဆုံးအကြိမ်:ဆေး၆၀၀မီလီဂရမ်ကိုIMထိုးပါ။ ဆေးရဲ့အာနိသင်ရဖို့၁၅မိနစ်လောက်စောင့်ရပါတယ်။

ဒုတိယအကြိမ်:တကယ်လို့၁၅မိနစ်နောက်ပိုင်းမှာအပျော့စားလက္ခဏာတွေဆက်ရှိနေပါကဆေး၆၀၀မီလီဂရမ်ကိုIMထပ်ထိုးပါ။

တတိယအကြိမ်:တကယ်လို့နောက်ထပ်၁၅မိနစ်နောက်ပိုင်းမှာအပျော့စားလက္ခဏာတွေဆက်ရှိနေပါကဆေး၆၀၀မီလီဂရမ်ကိုIMထပ်ထိုးပါ။(စုစုပေါင်းဆေး၁၈၀၀မီလီဂရမ်)

အကယ်၍ပထမအကြိမ်ဆေးထိုးပြီးချိန်မှာပြင်းထန်တဲ့ရောဂါလက္ခဏာတွေပေါ်လာပါကစုစုပေါင်းဆေးပမာဏ၁၈၀၀မီလီဂရမ်ရရှိအောင်ဆေး၆၀၀မီလီဂရမ်ကိုနှစ်ကြိမ်မြန်မြန်ထိုးပါ။

ပြင်းထန်တဲ့လက္ခဏာများအတွက်:စုစုပေါင်းဆေးပမာဏ၁၈၀၀မီလီဂရမ်ရရှိအောင်ဆေး၆၀၀မီလီဂရမ်ကိုသုံးကြိမ်မြန်မြန်ထိုးပါ။

ရောဂါလက္ခဏာများဆက်ရှိနေခြင်းအတွက်:တကယ်လို့စုစုပေါင်းဆေး၁၈၀၀မီလီဂရမ်ထိုးပြီးတာတောင်မှရောဂါလက္ခဏာတွေဆက်ရှိနေမယ်ဆိုရင်နောက်ဆုံးဆေးထိုးပြီးတဲ့အကြိမ်မှတစ်နာရီခန့်အကြာတွင်ဆေးကိုအစအဆုံးနောက်တစ်ခါထပ်ထိုးပါ။

ရှင်းလင်းအကြံပြုချက်များ:

-ယခုဆေးရဲ့အဓိကအသုံးပြုခြင်းတွေကတော့ကြွက်သားများအားနည်းခြင်းနဲ့အသက်ရှူရခက်ခဲခြင်းတို့အတွက်ဖြစ်ပါတယ်။ ပြင်းထန်တဲ့အဆိပ်သင့်မှုမှာကြွက်သားအားနည်းခြင်းကြောင့်အသက်ရှူခက်ခဲခြင်းရတတ်ပါတယ်။

-ဆေးကုသမှုမှာရောဂါလက္ခဏာများသက်သာအောင်ကုသခြင်း၊atropineနဲ့အန္တရာယ်ရှိတဲ့ပစ္စည်းတွေကိုဖယ်ရှားခြင်းတို့ပါဝင်သင့်ပါတယ်။

-ဆေးကုသမှုကိုအဆိပ်သင့်မှုဖြစ်ပြီးပြီးချင်းစနိုင်ပါကအထိရောက်ဆုံးဖြစ်ပါတယ်။

-အဆိပ်နဲ့ထိတွေ့မှုပြီးဆုံးပြီး၃၆နာရီထက်ပိုကြာသောအချိန်မှယခုဆေးကိုပေးမယ်ဆိုထိရောက်မှုမရှိပါဘူး။

-အဆိပ်ကိုမြိုချလိုက်တဲ့အခါမှာအူလမ်းကြောင်းရဲ့အောက်ဘက်ပိုင်းကအဆိပ်ကိုဆက်လက်စုပ်ယူနေမှာဖြစ်ပါတယ်။ အဲအတွက်ကြောင့်ဆေးပထမဆုံးပေးပြီးတဲ့အချိန်မှာလက္ခဏာတွေသက်သာလာပေမယ့်လူနာသေဆုံးမှုတွေဖြစ်လာနိုင်ပါသေးတယ်၊အဲဒီအခြေအနေမှာဆေးကို၃နာရီမှ၈နာရီခြားတစ်ခါဆေးတွေဆက်ပေးရမှာဖြစ်ပါတယ်။

-လူနာကိုအနည်းဆုံး၄၈နာရီမှ၇၂နာရီအတွင်းစောင့်ကြည့်ပါ။

-အဆိပ်နဲ့အရေပြားထိတွေ့မှုဖြစ်ပေါ်လာပါကအဝတ်အစားများကိုချွတ်ပြီးအရေပြားနဲ့အမွှေးအမျှင်တွေကိုsodiumbicarbonateသို့မဟုတ်အရက်ဖြင့်သေချာဆေးကြောပါ။

-ရောဂါလက္ခဏာသက်သာအောင်အောက်ပါတို့ကိုပြုလုပ်ပေးပါ။ လေလမ်းကြောင်းကိုကောင်းမွန်အောင်ပြုလုပ်ပေးခြင်း၊အသက်ရှူစနစ်နဲ့နှလုံးသွေးကြောစနစ်များကောင်းမွန်အောင်ထောက်ပံပေးခြင်း၊ဇီဝကမ္မချို့ယွင်းမှုများကိုပြင်ဆင်ပေးခြင်း၊ပြင်းထန်တဲ့အဆိပ်သင့်မှုမှာအတက်ရောဂါမရအောင်ထိန်းချုပ်ခြင်း။

-လူနာရဲ့အောက်ဆီဂျင်ပမာဏပြန်များလာပါကatropineကိုဖြစ်နိုင်သမျှချက်ချင်းပေးပါ၊လူနာမှာအောက်ဆီဂျင်ပမာဏကျနေပါကatropineကိုမပေးပါနဲ့။ အဘယ့်ကြောင့်ဆိုသော်atropineကြောင့်ventricularfibrillationလို့ခေါ်တဲ့နှလုံးခုန်စည်းချက်မမှန်တဲ့အခြေအနေရနိုင်သောကြောင့်ဖြစ်ပါတယ်။

-atropine၂ဂရမ်မှ၄ဂရမ်အထိကို၅မိနစ်ကနေ၁၀မိနစ်ကြာအောင်IVထိုးပါ။atropineဆေးပမာဏအကုန်ရတဲ့အထိသို့မဟုတ်atropineအဆိပ်သင့်ခြင်းရဲ့လက္ခဏာများ(ဂယောင်ဂတမ်းပြောခြင်း၊ကိုယ်အပူချိန်တက်ခြင်း၊ကြွက်သားများတင်းတောင့်ခြင်း)ရတဲ့အထိဆေးကိုပေးပါ။

-atropineဆေးပမာဏအချို့ကိုအနည်းဆုံး၄၈နာရီကြာတဲ့အထိဆက်ပေးထားပါ။ သွေးထဲမှာcholinesteraseရဲ့လုပ်ငန်းတာဝန်ပြန်ကောင်းလာတဲ့အထိဆက်ပေးပါ။

-organophosphateအဆိပ်သင့်တဲ့လူနာတွေမှာmorphine,theophylline,aminophylline,reserpineနဲ့phenothiazine-typetranquilizersတွေအသုံးပြုခြင်းကိုရှောငိကြဉ်ပါ။

-succinylcholineကိုသတိနဲ့အသုံးပြုပါ။ အဘယ့်ကြောင့်ဆိုသော်anticholinesteraseတွေနဲ့ပေါင်းသွားပြီးနာတာရှည်လေဖြတ်မှုတွေရနိုင်တယ်လို့တွေ့ရှိထားသောကြောင့်ဖြစ်ပါတယ်။

-ယခုဆေးကိုatropineရဲ့အာနိသင်တွေကောင်းကောင်းပေါ်လာမှပေးပါ။

အသုံးပြုခြင်းများ:ပိုးသတ်ဆေးတွေကြောင့်နဲ့cholinesteraseကိုတားတဲ့ဂုဏ်သတ္တိရှိသောဓါတ်ပစ္စည်းတွေ(ဥပမာnervegas)ဖြစ်တဲ့organophosphateတွေကြောင့်ဖြစ်တဲ့အဆိပ်သင့်မှုတွေမှာဖြေဆေးအဖြစ်အသုံးပြုပါတယ်။

Anticholinesterase ဆေးလွန်ခြင်းအတွက်အရွယ်ရောက်ပြီးသူအသုံးပြုရန်ဆေးပမာဏ

ပထမအကြိမ်:ဆေး၁ဂရမ်မှ၂ဂရမ်ကိုဖြည်းဖြည်းချင်းIVထိုးပါ။

ဆေးပမာဏကိုဆက်ထိန်းရန်အတွက်:ရောဂါလက္ခဏာတွေကိုထိန်းချုပ်ဖို့အတွက်ဆေး၂၅၀မီလီဂရမ်ကို၅မိနစ်ခြားတစ်ခါIV ထိုးပါ။

-ဆေးဖျော်ရည်ကို10မှ20mg/ml အထိရောက်အောင်ရောပါ။

ရှင်းလင်းအကြံပြုချက်များ:

-ယခုဆေးရဲ့အဓိကအသုံးပြုခြင်းတွေကတော့ကြွက်သားများအားနည်းခြင်းနဲ့အသက်ရှူရခက်ခဲခြင်းတို့အတွက်ဖြစ်ပါတယ်။ ပြင်းထန်တဲ့အဆိပ်သင့်မှုမှာကြွက်သားအားနည်းခြင်းကြောင့်အသက်ရှူခက်ခဲခြင်းရတတ်ပါတယ်။

အသုံးပြုခြင်းများ:anticholinesteraseဆေးတွေဖြစ်တဲ့neostigmine,pyridostigmineနဲ့ambenoniumတို့ဆေးလွန်ခြင်းကိုထိန်းချုပ်ဖို့အတွက်သုံးပါတယ်။myasthenia gravis လို့ခေါ်တဲ့နာတာရှည်ကြွက်သားနဲ့အာရုံကြောအားနည်းခြင်းရောဂါမှာသုံးပါတယ်။

ကျောက်ကပ်အတွက်ဆေးပမာဏထိန်းညှိခြင်း

ဆေးပမာဏထိန်းညှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့်တိကျတဲ့ညွှန်ကြားမှုများတော့မရှိသေးပါဘူး။

သတိပြုရမည့်အရာများ

ဆေးကိုလုံးဝမသုံးရမည့်အခြေအနေများ

-ယခုဆေးကိုလုံးဝမသုံးရမည့်အခြေအနေဆိုပြီးတိတိကျကျမရှိပါ။

-ဆေးကိုသတိထားပြီးသုံးသင့်တဲ့အခြေအနေတွေကတော့ခန္ဓါကိုယ်ကဆေးကိုပုံမှန်ထက်ပို၍တုံ့ပြန်တဲ့အခြေအနေတွေနဲ့ဆိုးကျိုးရနိုင်ခြေဟာဆေးရဲ့ကောင်းကျိုးထက်သိသိသာသာပိုများနေတဲ့အခြားအခြေအနေတွေဖြစ်ပါတယ်။

အခြားရှင်းလင်းအကြံပြုချက်များ

ဆေးအသုံးပြုခြင်းနဲ့ပတ်သက်၍:

-ဆေးကိုဖြည်းဖြည်းချင်းသွင်းသင့်ပါတယ်။

-တကယ်လို့ဆေးကိုIVထိုးခြင်းကအဆင်မပြေပါကIMသို့မဟုတ်အရေပြားအောက်ကိုထိုးပါ။

ယေဘုယျအားဖြင့်:

-nerve agent နဲ့ပိုးသတ်ဆေးအဆိပ်သင့်ခြင်းလက္ခဏာများ

အပျော့စားလက္ခဏာများ:

-အမြင်ဝေဝါးခြင်းနဲ့မျက်လုံးများနာခြင်း

-မျက်ရည်များကျခြင်း(ယခုလက္ခဏာဟာမွေးကင်းစကလေးနဲ့ကလေးငယ်တွေမှာသိပ်ပြီးအားမကိုးရပါဘူး)

-နှာရည်ယိုခြင်း(ယခုလက္ခဏာဟာမွေးကင်းစကလေးနဲ့ကလေးငယ်တွေမှာသိပ်ပြီးအားမကိုးရပါဘူး)

-တံတွေးများပို၍ထွက်ခြင်းဥပမာရုတ်တရက်သွားရည်များယိုခြင်း(ယခုလက္ခဏာဟာမွေးကင်းစကလေးနဲ့ကလေးငယ်တွေမှာသိပ်ပြီးအားမကိုးရပါဘူး)

-ရင်ဘတ်ထဲတွင်တင်းကြပ်ကြပ်ဖြစ်ခြင်းသို့မဟုတ်အသက်ရှူရခက်ခဲခင်း

-ခန္ဓါကိုယ်တစ်လျှောက်တုန်လှုပ်ခြင်း၊ကြွက်သားတောင့်တင်းခြင်း

-ပျို့ခြင်း၊အန်ခြင်း

-အသက်ရှူလမ်းကြောင်းမှအရည်များအလိုလိုထွက်ခြင်း

ပြင်းထန်တဲ့လက္ခဏာများ:

-ထူးဆန်းသောစိတ်ရှုပ်ထွေးသောအမူအရာများ

-ပြင်းပြင်းထန်ထန်အသက်ရှူခက်ခဲခြင်းသို့မဟုတ်အသက်ရှူလမ်းကြောင်းမှအရည်များထွက်ခြင်း

-ပြင်းပြင်းထန်ထန်ကြွက်သားတောင့်တင်းခြင်းနဲ့အားအင်ချည့်နဲ့ခြင်း(မွေးကင်းစကလေးငယ်တွေဟာကြွက်သားတောင့်တင်းခြင်းထက်စာရင်ကြွက်သားပျော့ပျောင်းနေမှာဖြစ်ပြီးမူးဝေခြင်း၊သတိလစ်ခြင်းတွေဖြစ်နိုင်ပါတယ်)

-ဆီးဝမ်းများမထိန်းနိုင်ခြင်း((ယခုလက္ခဏာဟာမွေးကင်းစကလေးနဲ့ကလေးငယ်တွေမှာသိပ်ပြီးအားမကိုးရပါဘူး)

-တက်ခြင်း

-သတိလစ်ခြင်း

လူနာအတွက်အကြံပြုချက်:

အောက်ပါအခြေအနေများပြီးမှသာဆေးသွင်းပါ။

-ဆေးပေးရမယ့်နေရာမှာအန္တရာယ်ရှိတဲ့ဓါတုပစ္စည်းတစ်ခုရှိတယ်ဆိုတာကိုသိရင်နှာခေါင်းစည်းစည်းထားပါ။

-nerve agent အဆိပ်သင့်ခြင်းရဲ့အောက်ပါလက္ခဏာတွေအချို့သို့မဟုတ်အားလုံးရှိနေခြင်း

-အကြောင်းတစ်ခုခုကြောင့်မဟုတ်ဘဲနှာရည်ယိုခြင်း

-ရင်ဘတ်ထဲတွင်တင်းကြပ်ကြပ်ဖြစ်ပြီးအသက်ရှူရခက်ခဲခြင်း

-မျက်လုံးသူငယ်အိမ်ကျဉ်းလာပြီးအသက်ရှူရခက်ခဲခြင်း

-သွားရည်များကျခြင်း၊ချွေးထွက်လွန်ခြင်း

-ပျို့ခြင်း၊အန်ခြင်း၊ဗိုက်အောင့်ခြင်း

-ဆီးဝမ်းများမထိန်းနိုင်ခြင်း

-ကြွက်သားများတင်းခြင်း၊တောင့်ခြင်းနဲ့ဒယိမ်းဒယိုင်ဖြစ်ခြင်း

-ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊သတိလစ်ခြင်း၊တက်ခြင်း

-အသက်ရှူရပ်သွားခြင်း

ကလေးတွေအတွက် Pralidoxime ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Organophosphate အဆိပ်သင့်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၁၆နှစ်နှင့်အောက်ဖြစ်ပါက

ဆေးကိုIVထိုးပါ။(အသုံးပြုသင့်တဲ့ဆေးသွင်းမှုပုံစံ)

ပထမတစ်ကြိမ်ကိုဆေးပမာဏများများထိုးပြီးဆေးကိုဆက်တိုက်ဆက်သွင်းပါ။

ပထမဆုံးအကြိမ်အတွက်ဆေးပမာဏ:ဆေး20မှ50mg/kg (အမြင့်ဆုံး 2000mg/dose)ကို10 မှ20mg/mL ဖျော်ရည်ရအောင်ပြုလုပ်ပြီး၁၅မိနစ်မှမိနစ်၃၀ကြာအောင်IVပေးပါ။

-10မှ20mg/kg/hour ဖြင့်ဆေးကိုဆက်သွင်းပါ။

ဆက်တိုက်မဟုတ်သောဆေးသွင်းခြင်း

ပထမဆုံးအကြိမ်အတွက်ဆေးပမာဏ:ဆေး20မှ50mg/kg(အမြင့်ဆုံး2000mg/dose)ကို10မှ20mg/mLဖျော်ရည်ရအောင်ပြုလုပ်ပြီး၁၅မိနစ်မှမိနစ်၃၀ကြာအောင်IVသွင်းပါ။

-ကြွက်သားအားနည်းခြင်းမသက်သာပါကနောက်တစ်နာရီလောက်အကြာမှာဒုတိယအကြိမ်အဖြစ်20မှ50mg/kgကိုဆက်ပေးပါ။

-ဆေးကို၁၀နာရီမှ၁၂နာရီခြားတစ်ခါလိုအပ်သလောက်ဆက်ပေးပါ။

-တကယ်လို့အထက်ပါဆေးပေးခြင်းမျိုးပြုလုပ်၍မရလျှင်သို့မဟုတ်လူနာမှာအဆုတ်ထဲရေဝင်တဲ့အခြေအနေရှိပါကဆေးကို50mg/mL ဖျော်ရည်ရအောင်ပြုလုပ်ပြီးအနည်းဆုံး၅မိနစ်ကြာအောင်ဖြည်းဖြည်းချင်းIVထိုးပါ။

-ကြွက်သားအားနည်းခြင်းမသက်သာပါကနောက်တစ်နာရီလောက်အကြာမှာဒုတိယအကြိမ်အဖြစ်20မှ50mg/kgကိုဆက်ပေးပါ။

-ကြွက်သားအားနည်းခြင်းဆက်ရှိနေပါကဆေးကို၁၀နာရီမှ၁၂နာရီခြားတစ်ခါဆက်ပေးပါ။

IMထိုးခြင်းအတွက် (ရောဂါလက္ခဏာပြင်းထန်မှုပေါ်မူတည်သည်)

ကိုယ်အလေးချိန်၄၀ကီလိုဂရမ်အောက်အတွက်:တစ်ခါထိုးရင်15mg/kgထိုးပါ။ စုစုပေါင်း45mg/kgရအောင်ဆေးသုံးကြိမ်ထိုးပါ။

ကိုယ်အလေးချိန်၄၀ကီလိုဂရမ်နဲ့အထက်အတွက်:တစ်ခါထိုးရင်ဆေး၆၀၀မီလီဂရမ်ထိုးပါ။ စုစုပေါင်း၁၈၀၀မီလီဂရမ်ရအောင်ဆေးသုံးကြိမ်ထိုးပါ။

အပျော့စားလက္ခဏာများအတွက်:ကိုယ်အလေးချိန်အလိုက်ဆေးကိုIMထိုးပါ။ ဆေးအာနိသင်ရဖို့၁၅မိနစ်လောက်စောင့်ပါ။

-၁၅မိနစ်ကြာပြီးနောက်ရောဂါလက္ခဏာတွေဆက်ရှိနေပါကဒုတိယအကြိမ်ဆက်ထိုးပါ။ ဆေးအာနိသင်ရဖို့၁၅မိနစ်လောက်စောင့်ပါ။

-တကယ်လို့အပျော့စားလက္ခဏာတွေဆက်ရှိနေပါကဆေးကိုတတိယအကြိမ်ထပ်ထိုးပါ။

-တကယ်လို့ပထမအကြိမ်ဆေးထိုးပြီးနောက်ပြင်းထန်တဲ့လက္ခဏာတွေဖြစ်ပေါ်လာပါကဆေးနှစ်ကြိမ်ကိုမြန်မြန်IMထိုးပါ။

ပြင်းထန်တဲ့လက္ခဏာများအတွက်:ကိုယ်အလေးချိန်ပေါ်မူတည်ပြီးဆေးပမာဏ၃ကြိမ်ကိုမြန်မြန်IMထိုးပါ။

ရောဂါလက္ခဏာများဆက်ရှိနေခြင်း

-တကယ်လို့ဆေးပမာဏပြည့်အောင်ထိုးပြီးတာတောင်မှရောဂါလက္ခဏာတွေဆက်ရှိနေမယ်ဆိုရင်နောက်ဆုံးဆေးထိုးပြီးတဲ့အကြိမ်မှတစ်နာရီခန့်အကြာတွင်ဆေးကိုအစအဆုံးနောက်တစ်ခါထပ်ထိုးပါ။

ရှင်းလင်းအကြံပြုချက်များ:

-ယခုဆေးရဲ့အဓိကအသုံးပြုခြင်းတွေကတော့ကြွက်သားများအားနည်းခြင်းနဲ့အသက်ရှူရခက်ခဲခြင်းတို့အတွက်ဖြစ်ပါတယ်။ ပြင်းထန်တဲ့အဆိပ်သင့်မှုမှာကြွက်သားအားနည်းခြင်းကြောင့်အသက်ရှူခက်ခဲခြင်းရတတ်ပါတယ်။

-ဆေးကုသမှုမှာရောဂါလက္ခဏာများသက်သာအောင်ကုသခြင်း၊atropineနဲ့အန္တရာယ်ရှိတဲ့ပစ္စည်းတွေကိုဖယ်ရှားခြင်းတို့ပါဝင်သင့်ပါတယ်။

-ဆေးကုသမှုကိုအဆိပ်သင့်မှုဖြစ်ပြီးပြီးချင်းစနိုင်ပါကအထိရောက်ဆုံးဖြစ်ပါတယ်။

-အဆိပ်နဲ့ထိတွေ့မှုပြီးဆုံးပြီး၃၆နာရီထက်ပိုကြာသောအချိန်မှယခုဆေးကိုပေးမယ်ဆိုထိရောက်မှုမရှိပါဘူး။

-အဆိပ်ကိုမြိုချလိုက်တဲ့အခါမှာအူလမ်းကြောင်းရဲ့အောက်ဘက်ပိုင်းကအဆိပ်ကိုဆက်လက်စုပ်ယူနေမှာဖြစ်ပါတယ်။ အဲအတွက်ကြောင့်ဆေးပထမဆုံးပေးပြီးတဲ့အချိန်မှာလက္ခဏာတွေသက်သာလာပေမယ့်လူနာသေဆုံးမှုတွေဖြစ်လာနိုင်ပါသေးတယ်၊အဲဒီအခြေအနေမှာဆေးကို၃နာရီမှ၈နာရီခြားတစ်ခါဆေးတွေဆက်ပေးရမှာဖြစ်ပါတယ်။

-လူနာကိုအနည်းဆုံး၄၈နာရီမှ၇၂နာရီအတွင်းစောင့်ကြည့်ပါ။

-အဆိပ်နဲ့အရေပြားထိတွေ့မှုဖြစ်ပေါ်လာပါကအဝတ်အစားများကိုချွတ်ပြီးအရေပြားနဲ့အမွှေးအမျှင်တွေကိုsodiumbicarbonateသို့မဟုတ်အရက်ဖြင့်သေချာဆေးကြောပါ။

-ရောဂါလက္ခဏာသက်သာအောင်အောက်ပါတို့ကိုပြုလုပ်ပေးပါ။ လေလမ်းကြောင်းကိုကောင်းမွန်အောင်ပြုလုပ်ပေးခြင်း၊အသက်ရှူစနစ်နဲ့နှလုံးသွေးကြောစနစ်များကောင်းမွန်အောင်ထောက်ပံပေးခြင်း၊ဇီဝကမ္မချို့ယွင်းမှုများကိုပြင်ဆင်ပေးခြင်း၊ပြင်းထန်တဲ့အဆိပ်သင့်မှုမှာအတက်ရောဂါမရအောင်ထိန်းချုပ်ခြင်း။

-လူနာရဲ့အောက်ဆီဂျင်ပမာဏပြန်များလာပါကatropineကိုဖြစ်နိုင်သမျှချက်ချင်းပေးပါ၊လူနာမှာအောက်ဆီဂျင်ပမာဏကျနေပါကatropineကိုမပေးပါနဲ့။ အဘယ့်ကြောင့်ဆိုသော်atropineကြောင့်ventricularfibrillationလို့ခေါ်တဲ့နှလုံးခုန်စည်းချက်မမှန်တဲ့အခြေအနေရနိုင်သောကြောင့်ဖြစ်ပါတယ်။

-atropineဆေးပမာဏအကုန်ရတဲ့အထိသို့မဟုတ်atropineအဆိပ်သင့်ခြင်းရဲ့လက္ခဏာများ(ဂယောင်ဂတမ်းပြောခြင်း၊ကိုယ်အပူချိန်တက်ခြင်း၊ကြွက်သားများတင်းတောင့်ခြင်း)ရတဲ့အထိatropineကိုIVပေးပါ။

-atropineဆေးပမာဏအချို့ကိုအနည်းဆုံး၄၈နာရီကြာတဲ့အထိဆက်ပေးထားပါ။ သွေးထဲမှာcholinesteraseရဲ့လုပ်ငန်းတာဝန်ပြန်ကောင်းလာတဲ့အထိဆက်ပေးပါ။

-organophosphateအဆိပ်သင့်တဲ့လူနာတွေမှာmorphine,theophylline,aminophylline,reserpineနဲ့phenothiazine-typetranquilizersတွေအသုံးပြုခြင်းကိုရှောငိကြဉ်ပါ။

-succinylcholineကိုသတိနဲ့အသုံးပြုပါ။ အဘယ့်ကြောင့်ဆိုသော်anticholinesteraseတွေနဲ့ပေါင်းသွားပြီးနာတာရှည်လေဖြတ်မှုတွေရနိုင်တယ်လို့တွေ့ရှိထားသောကြောင့်ဖြစ်ပါတယ်။

-ယခုဆေးကိုatropineရဲ့အာနိသင်တွေကောင်းကောင်းပေါ်လာမှပေးပါ။

အသုံးပြုခြင်းများ:ပိုးသတ်ဆေးတွေကြောင့်နဲ့cholinesteraseကိုတားတဲ့ဂုဏ်သတ္တိရှိသောဓါတ်ပစ္စည်းတွေ(ဥပမာnervegas)ဖြစ်တဲ့organophosphateတွေကြောင့်ဖြစ်တဲ့အဆိပ်သင့်မှုတွေမှာဖြေဆေးအဖြစ်အသုံးပြုပါတယ်။

Nerve agent အဆိပ်သင့်ခြင်းအတွက်ကလေးအသုံးပြုရန်ဆေးပမာဏ

အသက်၁၆နှစ်နှင့်အောက်ဖြစ်ပါက

ဆေးကိုIVထိုးပါ။(အသုံးပြုသင့်တဲ့ဆေးသွင်းမှုပုံစံ)

ပထမတစ်ကြိမ်ကိုဆေးပမာဏများများထိုးပြီးဆေးကိုဆက်တိုက်ဆက်သွင်းပါ။

ပထမဆုံးအကြိမ်အတွက်ဆေးပမာဏ:ဆေး20မှ50mg/kg(အမြင့်ဆုံး2000mg/dose)ကို10မှ20mg/mLဖျော်ရည်ရအောင်ပြုလုပ်ပြီး၁၅မိနစ်မှမိနစ်၃၀ကြာအောင်IVပေးပါ။

-10မှ20mg/kg/hourဖြင့်ဆေးကိုဆက်သွင်းပါ။

ဆက်တိုက်မဟုတ်သောဆေးသွင်းခြင်း

ပထမဆုံးအကြိမ်အတွက်ဆေးပမာဏ:ဆေး20မှ50mg/kg(အမြင့်ဆုံး2000mg/dose)ကို10မှ20mg/mLဖျော်ရည်ရအောင်ပြုလုပ်ပြီး၁၅မိနစ်မှမိနစ်၃၀ကြာအောင်IVသွင်းပါ။

-ကြွက်သားအားနည်းခြင်းမသက်သာပါကနောက်တစ်နာရီလောက်အကြာမှာဒုတိယအကြိမ်အဖြစ်20မှ50mg/kgကိုဆက်ပေးပါ။

-ဆေးကို၁၀နာရီမှ၁၂နာရီခြားတစ်ခါလိုအပ်သလောက်ဆက်ပေးပါ။

-တကယ်လို့အထက်ပါဆေးပေးခြင်းမျိုးပြုလုပ်၍မရလျှင်သို့မဟုတ်လူနာမှာအဆုတ်ထဲရေဝင်တဲ့အခြေအနေရှိပါကဆေးကို50mg/mLဖျော်ရည်ရအောင်ပြုလုပ်ပြီးအနည်းဆုံး၅မိနစ်ကြာအောင်ဖြည်းဖြည်းချင်းIVထိုးပါ။

-ကြွက်သားအားနည်းခြင်းမသက်သာပါကနောက်တစ်နာရီလောက်အကြာမှာဒုတိယအကြိမ်အဖြစ်20မှ50mg/kgကိုဆက်ပေးပါ။

-ကြွက်သားအားနည်းခြင်းဆက်ရှိနေပါကဆေးကို၁၀နာရီမှ၁၂နာရီခြားတစ်ခါဆက်ပေးပါ။

IMထိုးခြင်းအတွက်(ရောဂါလက္ခဏာပြင်းထန်မှုပေါ်မူတည်သည်)

ကိုယ်အလေးချိန်၄၀ကီလိုဂရမ်အောက်အတွက်:တစ်ခါထိုးရင်15mg/kgထိုးပါ။ စုစုပေါင်း45mg/kgရအောင်ဆေးသုံးကြိမ်ထိုးပါ။

ကိုယ်အလေးချိန်၄၀ကီလိုဂရမ်နဲ့အထက်အတွက်:တစ်ခါထိုးရင်ဆေး၆၀၀မီလီဂရမ်ထိုးပါ။ စုစုပေါင်း၁၈၀၀မီလီဂရမ်ရအောင်ဆေးသုံးကြိမ်ထိုးပါ။

အပျော့စားလက္ခဏာများအတွက်:ကိုယ်အလေးချိန်အလိုက်ဆေးကိုIMထိုးပါ။ ဆေးအာနိသင်ရဖို့၁၅မိနစ်လောက်စောင့်ပါ။

-၁၅မိနစ်ကြာပြီးနောက်ရောဂါလက္ခဏာတွေဆက်ရှိနေပါကဒုတိယအကြိမ်ဆက်ထိုးပါ။ ဆေးအာနိသင်ရဖို့၁၅မိနစ်လောက်စောင့်ပါ။

-တကယ်လို့အပျော့စားလက္ခဏာတွေဆက်ရှိနေပါကဆေးကိုတတိယအကြိမ်ထပ်ထိုးပါ။

-တကယ်လို့ပထမအကြိမ်ဆေးထိုးပြီးနောက်ပြင်းထန်တဲ့လက္ခဏာတွေဖြစ်ပေါ်လာပါကဆေးနှစ်ကြိမ်ကိုမြန်မြန်IMထိုးပါ။

ပြင်းထန်တဲ့လက္ခဏာများအတွက်:ကိုယ်အလေးချိန်ပေါ်မူတည်ပြီးဆေးပမာဏ၃ကြိမ်ကိုမြန်မြန်IMထိုးပါ။

ရောဂါလက္ခဏာများဆက်ရှိနေခြင်း

-တကယ်လို့ဆေးပမာဏပြည့်အောင်ထိုးပြီးတာတောင်မှရောဂါလက္ခဏာတွေဆက်ရှိနေမယ်ဆိုရင်နောက်ဆုံးဆေးထိုးပြီးတဲ့အကြိမ်မှတစ်နာရီခန့်အကြာတွင်ဆေးကိုအစအဆုံးနောက်တစ်ခါထပ်ထိုးပါ။

ရှင်းလင်းအကြံပြုချက်များ:

-ယခုဆေးရဲ့အဓိကအသုံးပြုခြင်းတွေကတော့ကြွက်သားများအားနည်းခြင်းနဲ့အသက်ရှူရခက်ခဲခြင်းတို့အတွက်ဖြစ်ပါတယ်။ ပြင်းထန်တဲ့အဆိပ်သင့်မှုမှာကြွက်သားအားနည်းခြင်းကြောင့်အသက်ရှူခက်ခဲခြင်းရတတ်ပါတယ်။

-ဆေးကုသမှုမှာရောဂါလက္ခဏာများသက်သာအောင်ကုသခြင်း၊atropineနဲ့အန္တရာယ်ရှိတဲ့ပစ္စည်းတွေကိုဖယ်ရှားခြင်းတို့ပါဝင်သင့်ပါတယ်။

-ဆေးကုသမှုကိုအဆိပ်သင့်မှုဖြစ်ပြီးပြီးချင်းစနိုင်ပါကအထိရောက်ဆုံးဖြစ်ပါတယ်။

-အဆိပ်နဲ့ထိတွေ့မှုပြီးဆုံးပြီး၃၆နာရီထက်ပိုကြာသောအချိန်မှယခုဆေးကိုပေးမယ်ဆိုထိရောက်မှုမရှိပါဘူး။

-အဆိပ်ကိုမြိုချလိုက်တဲ့အခါမှာအူလမ်းကြောင်းရဲ့အောက်ဘက်ပိုင်းကအဆိပ်ကိုဆက်လက်စုပ်ယူနေမှာဖြစ်ပါတယ်။ အဲအတွက်ကြောင့်ဆေးပထမဆုံးပေးပြီးတဲ့အချိန်မှာလက္ခဏာတွေသက်သာလာပေမယ့်လူနာသေဆုံးမှုတွေဖြစ်လာနိုင်ပါသေးတယ်၊အဲဒီအခြေအနေမှာဆေးကို၃နာရီမှ၈နာရီခြားတစ်ခါဆေးတွေဆက်ပေးရမှာဖြစ်ပါတယ်။

-လူနာကိုအနည်းဆုံး၄၈နာရီမှ၇၂နာရီအတွင်းစောင့်ကြည့်ပါ။

-အဆိပ်နဲ့အရေပြားထိတွေ့မှုဖြစ်ပေါ်လာပါကအဝတ်အစားများကိုချွတ်ပြီးအရေပြားနဲ့အမွှေးအမျှင်တွေကိုsodiumbicarbonateသို့မဟုတ်အရက်ဖြင့်သေချာဆေးကြောပါ။

-ရောဂါလက္ခဏာသက်သာအောင်အောက်ပါတို့ကိုပြုလုပ်ပေးပါ။ လေလမ်းကြောင်းကိုကောင်းမွန်အောင်ပြုလုပ်ပေးခြင်း၊အသက်ရှူစနစ်နဲ့နှလုံးသွေးကြောစနစ်များကောင်းမွန်အောင်ထောက်ပံပေးခြင်း၊ဇီဝကမ္မချို့ယွင်းမှုများကိုပြင်ဆင်ပေးခြင်း၊ပြင်းထန်တဲ့အဆိပ်သင့်မှုမှာအတက်ရောဂါမရအောင်ထိန်းချုပ်ခြင်း။

-လူနာရဲ့အောက်ဆီဂျင်ပမာဏပြန်များလာပါကatropineကိုဖြစ်နိုင်သမျှချက်ချင်းပေးပါ၊လူနာမှာအောက်ဆီဂျင်ပမာဏကျနေပါကatropineကိုမပေးပါနဲ့။ အဘယ့်ကြောင့်ဆိုသော်atropineကြောင့်ventricularfibrillationလို့ခေါ်တဲ့နှလုံးခုန်စည်းချက်မမှန်တဲ့အခြေအနေရနိုင်သောကြောင့်ဖြစ်ပါတယ်။

-atropineဆေးပမာဏအကုန်ရတဲ့အထိသို့မဟုတ်atropineအဆိပ်သင့်ခြင်းရဲ့လက္ခဏာများ(ဂယောင်ဂတမ်းပြောခြင်း၊ကိုယ်အပူချိန်တက်ခြင်း၊ကြွက်သားများတင်းတောင့်ခြင်း)ရတဲ့အထိatropineကိုIVပေးပါ။

-atropineဆေးပမာဏအချို့ကိုအနည်းဆုံး၄၈နာရီကြာတဲ့အထိဆက်ပေးထားပါ။ သွေးထဲမှာcholinesteraseရဲ့လုပ်ငန်းတာဝန်ပြန်ကောင်းလာတဲ့အထိဆက်ပေးပါ။

-organophosphateအဆိပ်သင့်တဲ့လူနာတွေမှာmorphine,theophylline,aminophylline,reserpineနဲ့phenothiazine-typetranquilizersတွေအသုံးပြုခြင်းကိုရှောငိကြဉ်ပါ။

-succinylcholineကိုသတိနဲ့အသုံးပြုပါ။ အဘယ့်ကြောင့်ဆိုသော်anticholinesteraseတွေနဲ့ပေါင်းသွားပြီးနာတာရှည်လေဖြတ်မှုတွေရနိုင်တယ်လို့တွေ့ရှိထားသောကြောင့်ဖြစ်ပါတယ်။

-ယခုဆေးကိုatropineရဲ့အာနိသင်တွေကောင်းကောင်းပေါ်လာမှပေးပါ။

အသုံးပြုခြင်းများ:ပိုးသတ်ဆေးတွေကြောင့်နဲ့cholinesteraseကိုတားတဲ့ဂုဏ်သတ္တိရှိသောဓါတ်ပစ္စည်းတွေ(ဥပမာnervegas)ဖြစ်တဲ့organophosphateတွေကြောင့်ဖြစ်တဲ့အဆိပ်သင့်မှုတွေမှာဖြေဆေးအဖြစ်အသုံးပြုပါတယ်။

Pralidoxime ကိုဘယ်လိုရရှိနိုင်သလဲ

Pralidoxime ကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

ထိုးဆေးထိုးရန်အတွက်ဆေးမှုန့်ပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Pralidoximeဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement