backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Potassium Iodide

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Potassium Iodide ကို ဘာအတွက်အသုံးပြုကြသလဲ

Potassium iodideကိုအသက်ရှူလမ်းကြောင်းမှာရှိတဲ့အပြစ်အချွဲတွေလျော့နည်းစေဖို့နဲ့ပျက်စီးစေဖို့အတွက်သုံးပါတယ်။ တကယ်လို့သင့်မှာနာတာရှည်အဆုတ်ရောဂါများ(ဥပမာ ပန်းနာရင်ကြပ်ရောဂါ၊နာတာရှည်လေပြွန်ရောင်ရောဂါ၊လေပြွန်ရှိလေအိတ်လေးများကြီးနေသောရောဂါ)ရှိနေပါကယခုဆေးဟာသင့်ကိုသလိပ်ထွက်အောင်ချောင်းဆိုးစေခြင်းအားဖြင့်သင့်အနေနဲ့အသက်ရှူရလွယ်ကူစေပါတယ်။ ယခုဆေးကိုချွဲသလိပ်ထွက်ဆေးလို့ခေါ်ကြပါတယ်။

သိုင်းရွိုက်ဂလင်းကိုခွဲစိတ်ပြီးထုတ်ပစ်ခြင်း၊သိုင်းရွိုက်ဂလင်းပုံမှန်ထက်ပို၍အလုပ်လုပ်သောအခြေအနေများကိုကုသရန်နှင့်ဓါတ်ရောင်ခြည်သင့်တဲ့အရေးပေါ်အခြေအနေတွေမှာသိုင်းရွိုက်ဂလင်းကိုကာကွယ်ဖို့အတွက် Potassium iodideကိုသိုင်းရွိုက်ဂလင်းတားဆေးတွေနဲ့အတူတွဲသုံးပါတယ်။၎င်းကသိုင်းရွိုက်ဂလင်းရဲ့အရွယ်အစားကိုကျုံသွားစေပြီးသိုင်းရွိုက်ဟော်မုန်းထွက်သောပမာဏကိုလည်းလျော့နည်းစေပါတယ်။

ဓါတ်ရောင်ခြည်သင့်တဲ့အရေးပေါ်အခြေအနေမှာpotassium iodideဟာသိုင်းရွိုက်ဂလင်းကရေဒီယိုသတ္တိကြွအိုင်အိုဒင်းဓါတ်ကိုမစုပ်ယူအောင်တားဆီးပေးခြင်းအားဖြင့်သိုင်းရွိုက်ဂလင်းမပျက်စီးအောင်ကာကွယ်ပေးသည့်အပြင်သိုင်းရွိုက်ကင်ဆာရနိုင်ခြေကိုလည်းလျော့ချပေးပါတယ်။ ယခုဆေးကိုပြည်သူ့ကျန်းမာရေးနဲ့လုံခြုံရေးအရာရှိများရဲ့ညွှန်ကြားချက်(ဥပမာ ဘေးကင်းတဲ့နေရာကိုရှာဖွေခြင်း၊ဘေးကင်းတဲ့နေရာကိုလူများရွှေ့ပြောင်းပေးခြင်း၊အစားအစာထောက်ပံမှုကိုထိန်းချုပ်ခြင်း)အရအခြားအရေးပေါ်အခြေအနေသုံးပစ္စည်းများနဲ့တွဲသုံးပါ။

Potassium Iodide ဘယ်လိုသောက်သုံးသင့်သလဲ

ယခုဆေးကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ပြည်သူ့ကျန်းမာရေးနဲ့လုံခြုံရေးအရာရှိများရဲ့ညွှန်ကြားချက်အတိုင်းရေတစ်ဖန်ခွက်(၈အောင်စသို့မဟုတ်၂၄၀လီတာ)နဲ့သောက်ပါ။ အစာအိမ်ဝေဒနာတွေမရအောင်ဆေးကိုအစာစားပြီးချိန်သို့မဟုတ်အစာနဲ့တွဲသောက်ပါ။ အခြားညွှန်ကြားချက်များမရှိပါကယခုဆေးကိုအရည်အမြောက်အမြားနဲ့တွဲသောက်ပါ။ တကယ်လို့သင်ဟာဆေးပြားကိုသောက်သုံးတယ်ဆိုပါကဆေးသောက်ပြီး၁၀မိနစ်အတွင်းမှာလဲလျောင်းခြင်းမပြုလုပ်ပါနဲ့။ ဆေးစက်သို့မဟုတ်ဆေးရည်ကိုသောက်ပါကဆေးပမာဏမှန်ကန်စေရန်ဆေးပုလင်းမှာပါတဲ့အစက်ချပစ္စည်းသို့မဟုတ်ဆေးသောက်ဇွန်းသို့မဟုတ်ကိရိယာတစ်ခုခုကိုသုံးပါ။ ယခုဆေးရဲ့ဆေးရည်ပုံစံကိုမသောက်ခင်ရေ၊နို့၊ဖော်မြူလာတစ်ခုခုသို့မဟုတ်အသီးဖျော်ရည်တို့နဲ့ရောစပ်ပြီးသောက်သုံးနိုင်ပါတယ်။ တကယ်လို့ဆေးရည်ဟာအညိုရောင်အဝါရောင်ပြောင်းသွားပါကဆေးကိုအသုံးမပြုပါနဲ့။

ဆေးသောက်ရမည့်ပမာဏဟာသင့်ရဲ့ရောဂါအခြေအနေပေါ်မူတည်ပါတယ်။ ကလေးတွေအတွက်ဆိုရင်ဆေးသောက်ရမယ့်ပမာဏဟာအသက်ပေါ်မူတည်ပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေရနိုင်ခြေများစေသောကြောင့်ဆေးပမာဏကိုတိုးသောက်ခြင်း၊မကြာခဏသောက်ခြင်း၊သတ်မှတ်ထားတဲ့အချိန်ထက်ပို၍သောက်ခြင်းများမပြုလုပ်ပါနဲ့။

ဓါတ်ရောင်ခြည်သင့်တဲ့အရေးပေါ်အခြေအနေမှာယခုဆေးကိုပြည်သူ့ကျန်းမာရေးနဲ့လုံခြုံရေးအရာရှိများရဲ့ညွှန်ကြားချက်ရရှိမှသာအသုံးပြုပါ။ ရောဂါကိုအကောင်းဆုံးကာကွယ်နိုင်ရန်အတွက်ဆေးကိုတတ်နိုင်သမျှစော၍စသောက်ပါ။ ဆေးကို၂၄နာရီခြားတစ်ကြိမ်သောက်ပါ။ ဆေးသောက်ရမယ့်ကြာချိန်ကိုပြည်သူ့ကျန်းမာရေးနဲ့လုံခြုံရေးအရာရှိများကဆုံးဖြတ်ပေးမှာဖြစ်ပြီးအခြားအခြေအနေတွေပေါ်မူတည်ပါတယ်။(ဥပမာသင့်အနေနဲ့ဓါတ်ရောင်ခြည်သင့်မှုကိုဆက်လက်ကြုံတွေ့ရမည်ဖြစ်ခြင်း၊သင်ကိုယ်ဝန်ဆောင်နေခြင်း၊ကလေးနို့တိုက်နေခြင်းသို့မဟုတ်ကလေးတစ်ယောက်မီးဖွားပြီးစဖြစ်ခြင်း)

ညွှန်ကြားချက်ရရှိပါကဆေးရဲ့အကောင်းဆုံးအာနိသင်ကိုရရှိရန်အတွက်ဆေးကိုပုံမှန်သောက်ပါ။ သင်သတိရနေစေရန်ဆေးကိုနေ့တိုင်းအချိန်တစ်ခုသတ်မှတ်ပြီးပုံသေသောက်ပါ။

သင့်ရဲ့ရောဂါဆက်ရှိနေပါကသို့မဟုတ်ပိုဆိုးလာပါကသင့်ရဲ့ဆရာဝန်ကိုအကြောင်းကြားပါ။

Potassium Iodide ဘယ်လိုသိမ်းဆည်းရမလဲ

Potassium iodideကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Potassium iodide ဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက် ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Potassium iodide ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Potassium Iodide အသုံးမပြုခင် ဘာတွေသိသင့်သလဲ

တကယ်လို့သင့်မှာဆေးနဲ့ဓါတ်မတည့်တာသို့မဟုတ်အိုင်အိုဒင်းနဲ့ဓါတ်မတည့်တာသို့မဟုတ်အခြားဓါတ်မတည့်တာမျိုးတွေရှိရင်Potassium iodide ကိုအသုံးမပြုခင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ ယခုဆေးမှာဆေးနဲ့ဓါတ်မတည့်တာတွေသို့မဟုတ်တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါတတ်ပါတယ်။ အသေးစိတ်အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။

တကယ်လို့သင့်မှာအခြားရောဂါအခြေအနေတွေရှိနေပါကယခုဆေးကိုမသုံးသင့်ပါဘူး။ တကယ်လို့သင့်မှာလက်ရှိသို့မဟုတ်အရင်ကရှိပြီးယခုပိုဆိုးလာတဲ့လေပြွန်ရောင်ရောဂါ(တကယ်လို့potassium iodideကိုအဆုတ်ထဲရှိသလိပ်အနည်းငယ်အတွက်သောက်နေမယ်ဆိုရင်)၊အရေပြားရောဂါတစ်ခုခု(ရေယုံကဲ့သို့အနီကွက်များထွက်ခြင်း)၊သွေးကြောနဲ့ဆိုင်တဲ့ရောဂါတစ်ခုခု(သွေးထဲမှာ complement ပမာဏနည်းနေပြီးသွေးကြောရောင်တဲ့ရောဂါ)၊နှလုံးရောဂါနဲ့တွဲနေတဲ့သိုင်းရွိုက်ရောဂါတို့တစ်ခုခုရှိနေပါကယခုဆေးကိုအသုံးမပြုခင်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။

ယခုဆေးကိုအသုံးမပြုခင်သင့်ရဲ့ကျန်းမာရေးရာဇဝင်အထူးသဖြင့်သိုင်းရွိုက်နဲ့ဆိုင်တဲ့ရောဂါများ(ဥပမာ လည်ပင်းကြီးရောဂါ၊Graves’ ရောဂါ၊ခုခံအားနဲ့ဆိုင်တဲ့သိုင်းရွိုက်ဂလင်းရောင်ရောဂါ)၊သိုင်းရွိုက်ဂလင်းအလုပ်လုပ်တာများနေသောရောဂါ(တကယ်လို့သင့်ကိုသိုင်းရွိုက်ဂလင်းပုံမှန်ထက်အလုပ်ပိုလုပ်နေတဲ့ရောဂါအတွက်potassium iodideဆေးကိုသုံးဖို့ညွှန်ကြားထားခြင်းမရှိရင်)၊တီဘီရောဂါ၊သွေးထဲတွင်ပိုတက်ဆီယမ်များနေတဲ့ရောဂါ၊Addison’s ရောဂါ၊ကြွက်သားရောဂါတစ်ခုခု(မွေးရာပါ ကြွက်သားဖြေလျော့၍မရသောရောဂါ)

ယခုဆေးကိုအသက်၁လအောက်ငယ်တဲ့ကလေးငယ်တွေကိုပေးမယ်ဆိုရင်သတိထားရမှာဖြစ်ပါတယ်။၁ရက်ထက်ပိုပြီးဆေးပေးခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ အဘယ့်ကြောင့်ဆိုသော်ဆေးကိုဆက်တိုက်ပေးခြင်းဟာသိုင်းရွိုက်ရဲ့လုပ်ငန်းတွေကိုတားဆီးနိုင်ပြီးကလေးရဲ့ဦးနှောက်ဖွံဖြိုးမှုကိုထိခိုက်နိုင်သောကြောင့်ဖြစ်ပါတယ်။ တကယ်လို့ဆေးကို၁ရက်ထက်ပိုပြီးပေးရန်လိုအပ်ပါကဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုသင့်ဆရာဝန်နဲ့တိုင်ပင်ပါ။ ဆေးကုသမှုပြုလုပ်ထားတဲ့ကလေးတွေကိုသိုင်းရွိုက်လုပ်ငန်းကောင်းမကောင်းစစ်ဆေးတဲ့စမ်းသပ်ချက်တွေပြုလုပ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာယခုဆေးကိုမဖြစ်မနေလိုအပ်မှသာအသုံးပြုသင့်ပါတယ်။၁ရက်ထက်ပိုပြီးဆေးပေးခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ အဘယ့်ကြောင့်ဆိုသော်ဆေးကိုဆက်တိုက်ပေးခြင်းဟာမမွေးသေးတဲ့ကလေးငယ်မှာသိုင်းရွိုက်ရဲ့လုပ်ငန်းတာဝန်တွေကိုတားဆီးနိုင်ပြီးအန္တရာယ်ဖြစ်စေနိုင်သောကြောင့်ဖြစ်ပါတယ်။ တကယ်လို့ဆေးကို၁ရက်ထက်ပိုပြီးပေးရန်လိုအပ်ပါကဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုသင့်ဆရာဝန်နဲ့တိုင်ပင်ပါ။

ယခုဆေးကိုကလေးနို့တိုက်နေတဲ့မိခင်တွေကိုပေးမယ်ဆိုရင်သတိထားရမှာဖြစ်ပါတယ်။ ယခုဆေးဟာမိခင်နို့ရည်ထဲကိုသွားနိုင်ပါတယ်။ တကယ်လို့သင်ဟာကလေးနို့တိုက်နေပါက၁ရက်ထက်ပိုပြီးဆေးသောက်ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ အဘယ့်ကြောင့်ဆိုသော်ဆေးကိုဆက်တိုက်ပေးခြင်းဟာနို့စို့နေတဲ့ကလေးငယ်မှာသိုင်းရွိုက်ရဲ့လုပ်ငန်းတာဝန်တွေကိုတားဆီးနိုင်သောကြောင့်ဖြစ်ပါတယ်။ အဲဒါကအသက်တစ်နှစ်အောက်ကလေးတွေမှာအန္တရာယ်ဖြစ်နိုင်ပါတယ်။ တကယ်လို့ဆေးကို၁ရက်ထက်ပိုပြီးပေးရန်လိုအပ်ပါကဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုသင့်ဆရာဝန်နဲ့တိုင်ပင်ပါ။ ဒါမှမဟုတ်သင်ကလေးနို့တိုက်တာကိုရပ်သင့်လားဆိုတာကိုလည်းတိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Potassium Iodide ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPotassium iodideကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့် Dလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Potassium Iodide ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့ခြင်း၊အန်ခြင်း၊ဗိုက်နာခြင်း၊ဝမ်းလျှောခြင်း၊ခံတွင်းထဲတွင်သတ္တုကဲ့သို့အရသာကျန်ခဲ့ခြင်း၊ဖျားခြင်း၊ခေါင်းကိုက်ခြင်းနဲ့ဝက်ခြံထွက်ခြင်းတို့ဖြစ်နိုင်ပါတယ်။ တကယ်လို့အဲဒီဆိုးကျိုးတွေကြာနေမယ်ဆိုရင်သို့မဟုတ်ပိုဆိုးလာမယ်ဆိုရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုချက်ချင်းပြောပြပါ။

သင့်ဆရာဝန်ကသင့်ကိုဒီဆေးပေးပြီဆိုတာသင့်အပေါ်မှာဒီဆေးရဲ့ကောင်းကျိုးတွေကဆိုးကျိုးရနိုင်ခြေတွေထက်ပိုများတယ်ဆိုတာကိုသုံးသပ်ပြီးမှပေးတယ်ဆိုတာကိုတော့သတိရပါ။ ယခုဆေးကိုသုံးနေတဲ့သူတော်တော်များများမှာဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတွေမရပါဘူး။

တကယ်လို့သင့်မှာအောက်ဖော်ပြပါပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေရလာပါကသင့်ရဲ့ဆရာဝန်ကိုချက်ချင်းပြောပြပါ။ ခံတွင်းသို့မဟုတ်လည်ချောင်းပူလောင်ခြင်း၊သွားနှင့်သွားဖုံးများနာခြင်း၊ခံတွင်းထဲတွင်အလုံးပေါ်ခြင်း၊တံတွေးများပုံမှန်ထက်ပိုထွက်ခြင်း၊မျက်လုံးနာခြင်း၊မျက်ခွံများရောင်ခြင်း၊ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း၊လည်ပင်းရဲ့အရှေ့ပိုင်းတွင်အလုံးပေါ်ခြင်း(လည်ပင်းကြီးရောဂါ)၊သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းတာဝန်လျော့ကျနေကြောင်းပြတဲ့လက္ခဏာများ(ဥပမာ ကိုယ်အလေးချိန်တက်ခြင်း၊အအေးဒဏ်မခံနိုင်ခြင်း၊နှလုံးခုန်နှေးခြင်းသို့မဟုတ်မမှန်ခြင်း၊ဝမ်းချုပ်ခြင်း၊ပုံမှန်မဟုတ်တဲ့ပင်ပန်းနွမ်းနယ်ခြင်း)၊စိတ်ရှုပ်ထွေးခြင်း၊လက်များခြေထောက်များထုံခြင်း၊ကျင်ခြင်း၊နာခြင်း၊အားနည်းခြင်း။

တကယ်လို့အလွန်ရှားပေမယ့်ဖြစ်နိုင်တဲ့အောက်ပါအလွန်ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေခံစားရပါကဆေးကုသမှုချက်ချင်းခံယူပါ။ ရင်ဘတ်အောင့်ခြင်း၊ဝမ်းမည်းမည်းများသွားခြင်း၊ကော်ဖီရောင်အန်ခြင်း၊ဝမ်းလျှောပြီးသွေးပါခြင်း။

ယခုဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းမျုးကရှားပါတယ်၊ဒါပေမယ့်ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းလက္ခဏာတွေခံစားရတယ်လို့သင်သတိထားမိပါကဆေးကုသမှုချက်ချင်းခံယူပါ။ လက္ခဏာတွေကတော့အနီကွက်များထွက်ခြင်း၊ယားယံခြင်း၊ရောင်ရမ်းခြင်း(အထူးသဖြင့်မျက်နှာ၊လျှာနှင့်လည်ချောင်း)၊ပြင်းပြင်းထန်ထန်မူးဝေခြင်း၊အသက်ရှူရခက်ခဲခြင်း၊ဖျားပြီးအရိုးအဆစ်များနာခြင်းတို့ဖြစ်ပါတယ်။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Potassium Iodide နဲ့ ဓါတ်ပြုနိုင်သလဲ

ယခုဆေးကိုအသုံးမပြုခင်သင်အသုံးပြုနေတဲ့ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးအကြောင်းကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ အထူးသဖြင့်ACEinhibitors(e.g.,captopril,lisinopril),angiotensinreceptorblockers(ARBsဥပမာlosartan,valsartan),ဆီးဆေးများ(potassium-sparingdiureticsဥပမာ amiloride,spironolactone,triamterene),drospirenone,eplerenone,lithium,potassium-containingdrugs(ဥပမာ ဖြည့်စွက်ပစ္စည်းတွေဖြစ်တဲ့potassiumchloride).

Potassium iodide ကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Potassium Iodide နဲ့ ဓါတ်ပြုနိုင်သလား

Potassium iodide ဟာက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Potassium Iodide နဲ့ ဓါတ်ပြုနိုင်သလဲ

Potassium iodide ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Potassium Iodide ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ချောင်းဆိုးခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေး ၃၀၀မှ၆၅၀ မီလီဂရမ်ကိုတစ်နေ့ကိုသုံးကြိမ်မှလေးကြိမ်သောက်ပါ။

သိုင်းရွိုက်ဂလင်းပုံမှန်ထက်ပို၍အလုပ်လုပ်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

သောက်ဆေးရည်အတွက်:ဆေး၂၅၀မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ပါ။ သိုင်းရွိုက်ဂလင်းမခွဲစိတ်မီ၁၀ရက်မှ၁၄ရက်အထိဆေးကိုဆက်သောက်ပါ။

Potassium iodine အရည်(SSKI) 0.25mL of a 1g/mL သို့မဟုတ် 4mL of 325 mg/5mL အနေနဲ့ပေးနိုင်ပါတယ်။ နောက်တစ်မျိုးအနေနဲ့10% potassium iodide သို့မဟုတ် 5% iodine အရည်၂စက်မှ၆စက်အထိကိုအစာနဲ့တွဲပြီးတော့တစ်နေ့သုံးကြိမ်သောက်နိုင်ပါတယ်။

အရေပြားမှာမှိုကြောင့်အနာဖြစ်ခြင်းတစ်မျိုး(cutaneous sporotrichosis) အတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေး၂၅၀မှ၅၀၀မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ပါ။ အမြင့်ဆုံးဆေးပမာဏဖြစ်သည့်ဆေး၂မှ၂.၅ဂရမ်တစ်နေ့သုံးကြိမ်အထိရောက်အောင်ဖြည်းဖြည်းချင်းတိုးသွားပါ။ လူနာခံနိုင်တဲ့အမြင့်ဆုံးဆေးပမာဏကိုအရေပြားအနာများပျောက်တဲ့အထိအများအားဖြင့် ၆ပတ်မှ၁၂ပတ်အထိဆက်သောက်ပါ။

ဓါတ်ရောင်ခြည်သင့်ခြင်းအရေးပေါ်အခြေအနေအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

5centigrays(cGy)နဲ့အထက်ဓါတ်ရောင်ခြည်သင့်တဲ့ကိုယ်ဝန်ဆောင်မိခင်သို့မဟုတ်ကလေးနို့တိုက်နေတဲ့မိခင်တွေအတွက်:တစ်နေ့ကိုဆေး၁၃၀မီလီဂရမ်သောက်ပါ။

10centigrays(cGy)နဲ့အထက်ဓါတ်ရောင်ခြည်သင့်တဲ့အသက်၁၈နှစ်နှင့်၄၀ကြားလူနာများအတွက်:တစ်နေ့ကိုဆေး၁၃၀မီလီဂရမ်သောက်ပါ။

500centigrays(cGy)နဲ့အထက်ဓါတ်ရောင်ခြည်သင့်တဲ့အသက်၄၀အထက်လူနာများအတွက်:တစ်နေ့ကိုဆေး၁၃၀မီလီဂရမ်သောက်ပါ။

ကျောက်ကပ်အတွက်ဆေးပမာဏထိန်းညှိခြင်း

ကျောက်ကပ်မကောင်းတဲ့လူနာတွေမှာ potassium iodide ကိုသတိနဲ့အသုံးပြုသင့်ပါတယ်။ ကျောက်ကပ်မကောင်းတဲ့လူနာတွေမှာကျောက်ကပ်မှဓါတ်ပစ္စည်းစစ်ထုတ်ခြင်းတာဝန်ကိုကောင်းကောင်းမလုပ်နိုင်သောကြောင့်သွေးထဲမှာပိုတက်ဆီယမ်ပမာဏမြင့်တက်နိုင်ပါတယ်။

အခြားရှင်းလင်းအကြံပြုချက်များ

ဆေးကိုအစာစားပြီးချိန်နဲ့အစာသို့မဟုတ်နို့နဲ့ဖြစ်ဖြစ်တွဲသောက်ပါ။ ဒါမှမဟုတ်ဆေးအာနိသင်လျော့အောင်ရေ၊သစ်သီးဖျော်ရည်သို့မဟုတ်ဟင်းချိုပမာဏအမြောက်အမြားနဲ့ရောပြီးမှသောက်ပါ။

ကလေးတွေအတွက် Potassium Iodide ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ချောင်းဆိုးခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

ဆေး၆၀မှ၂၅၀မီလီဂရမ်ကိုတစ်နေ့၄ကြိမ်မှ၆ကြိမ်သောက်ပါ။ တစ်ခါသောက်နိုင်သည့်အများဆုံးပမာဏက၅၀၀မီလီဂရမ်ဖြစ်ပါတယ်။

သိုင်းရွိုက်ဂလင်းပုံမှန်ထက်ပို၍အလုပ်လုပ်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

သောက်ဆေးရည်:ဆေး၂၅၀မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ပါ။ သိုင်းရွိုက်ဂလင်းမခွဲစိတ်မီ၁၀ရက်မှ၁၄ရက်အထိဆေးကိုဆက်သောက်ပါ။

အရေပြားမှာမှိုကြောင့်အနာဖြစ်ခြင်းတစ်မျိုး(cutaneoussporotrichosis)အတွက်ကလေးသောက်ရန်ဆေးပမာဏ

ဆေး၂၅၀မှ၅၀၀မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်သောက်ပါ။ အမြင့်ဆုံးဆေးပမာဏဖြစ်သည့်ဆေး၁.၂၅မှ၂ဂရမ်တစ်နေ့သုံးကြိမ်အထိရောက်အောင်ဖြည်းဖြည်းချင်းတိုးသွားပါ။ လူနာခံနိုင်တဲ့အမြင့်ဆုံးဆေးပမာဏကိုအရေပြားအနာများပျောက်တဲ့အထိအများအားဖြင့်၆ပတ်မှ၁၂ပတ်အထိဆက်သောက်ပါ။

ဓါတ်ရောင်ခြည်သင့်ခြင်းအရေးပေါ်အခြေအနေအတွက်ကလေးသောက်ရန်ဆေးပမာဏ

5centigrays(cGy)နဲ့အထက်ဓါတ်ရောင်ခြည်သင့်တဲ့အသက်၁လအောက်ကလေးငယ်များအတွက်:တစ်နေ့ကိုဆေး၁၆မီလီဂရမ်သောက်ပါ။

5centigrays(cGy)နဲ့အထက်ဓါတ်ရောင်ခြည်သင့်တဲ့အသက်၁လနဲ့၃နှစ်ကြားကလေးများအတွက်:တစ်နေ့ကိုဆေး၃၂မီလီဂရမ်သောက်ပါ။

5centigrays(cGy)နဲ့အထက်ဓါတ်ရောင်ခြည်သင့်တဲ့အသက်၃နှစ်မှ၁၈နှစ်ကြား(ကိုယ်အလေးချိန်၇၀ကီလိုဂရမ်အောက်လျော့နည်းသူများ)ကလေးများအတွက်:တစ်နေ့ကိုဆေး၆၅မီလီဂရမ်သောက်ပါ။

5centigrays(cGy)နဲ့အထက်ဓါတ်ရောင်ခြည်သင့်တဲ့အသက်၁၃နှစ်အထက်ကိုယ်အလေးချိန်၇၀ကီလိုဂရမ်ကျော်သောသူများအတွက်:တစ်နေ့ကိုဆေး၁၃၀မီလီဂရမ်သောက်ပါ။

Potassium Iodide ကိုဘယ်လိုရရှိနိုင်သလဲ

Potassium iodide ကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

  • သောက်ဆေးဖျော်ရည်
  • သောက်ဆေးရည်
  • ဆေးမှုန့်
  • သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Potassium iodideဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement