Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

Generic Name: Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

Potassium chloride သည် သွေးတွင်းပိုတက်ဆီယမ်ဓာက်နည်းခြင်းကို ကုသရာတွင် သို့မဟုတ် ကာကွယ်ရာတွင်သုံးသော သတ္တုဓာတ်တမျိုးဖြစ်ပါသည်။သွေးထဲတွင် ပိုတက်ဆီယမ်ဓာတ် ပုံမှန်ပမာဏအတိုင်း ရှိနေရန် အလွန်အရေးကြီးပါသည်။ပိုတက်ဆီယမ်သည် ဆဲလ်များ၊ကျောက်ကပ်များ၊နှလုံး၊ကြွက်သား နှင့် အာရုံကြောများ ပုံမှန်အလုပ်လုပ်ရန် ကူညီပေးပါသည်။ယေဘုယျအားဖြင့် အစားအစာများကို မှန်ကန်သင့်တော်စွာ စားခြင်းဖြင့် လုံလောက်သော ပိုတက်ဆီယမ်ဓာတ်ကို ရရှိနိုင်ပါသည်။ခန္တာကိုယ်အတွင်းရှိ ပိုတက်ဆီယမ်ဓာတ်ကို လျော့နည်းစေသည့် အချို့သော အခြေအနေများမှာ ပြင်းထန်စွာ ကာလရှည်ကြာဝမ်းလျှောခြင်း နှင့် အန်ခြင်း၊hyperaldosteronism ကဲ့သို့သော ဟော်မုန်းပြဿနာများ သို့မဟုတ် ဆီးဆေးများ သောက်ရခြင်း စသည်တို့ ဖြစ်ပါသည်။

Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ပါ။အစာအိမ်ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် အစာစားပြီးမှ ဆေးသောက်ပါ။ရေများများဖြင့် သောက်ပါ။ဆေးသောက်ပြီးနောက် ၁၀မိနစ်ခန့် အကြာထိ မလှဲပါနှင့်။

ကြာရှည်အာနိသင်ပြရန် ရည်ရွယ်ထုတ်လုပ်ထားသော ဆေးတောင့်၊ဆေးပြားတို့ကို ချိုးမပစ်ရ၊ဝါးမစားရ သို့မဟုတ် မစုပ်ရ။ထိုသို့ ပြုလုပ်လိုက်ပါက အထဲတွင်ပါသော ဆေးများမှာ တခါတည်းဖြင့် ပမာဏများပြားစွာ သွေးထဲရောက်သွား သဖြင့် ဘေးထွက်ဆိုးကျိုးများကို ပိုမိုများပြားစေသည်။ဆေးပြားတွင် ချိုးရန်မျဉ်းကြောင်းလေးပါခြင်း သို့မဟုတ် ဆရာဝန် ညွှန်ကြားထားခြင်း မရှိဘဲ အချိန်ကြာရှည်စွာ အာနိသင်ပြသော ဆေးပြားများကို မချိုးပါနှင့်။ဆေးပြားတပြား သို့မဟုတ် တခြမ်းကို ဝါးမစားဘဲ၊ခြေမပစ်ဘဲမြိုချပါ။

ဆေးတောင့်တစ်တောင့်လုံးကို မြိုချပါ။ အကယ်၍ ဆေးတောင့်ကို မြိုချရန် အဆင်မပြေလျင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူများနှင့် တိုင်ပင်ပါ။အချို့သော တံဆိပ်များသည် ဆေးတောင့်ကို ဖွင့်ပြီး အထဲမှ ဆေးများကို ပျော့ပြောင်းနူးညံ့ပြီး အေးသော အစာတစ်ခုခု (ဥပမာ ပူတင်း) ပေါ်သို့ ဖြူးပြီး စားရပါသည်။ထိုသို့ရောထားသော အစာနှင့် ဆေးကို ဝါးမစားဘဲ အမြန်မြိုချရပါမည်။အချိန်အတော်ကြာ ကြိုတင်၍ အစာနှင့်ဆေးကို ရောမထားပါနှင့်။ဆေးကို သေချာစွာ မြိုကျစေရန် ဆေးသောက်ပြီးတိုင်း ရေအေး တဖန်ခွက် အပြည့် သောက်ချပါ။ ဆေးနှင့်ပတ်သတ်ပြီး မရှင်းလင်းသည်များရှိပါက ဆရာဝန် ကို မေးမြန်းပါ။ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ညွှန်ကြားထာသည်ထက် ပမာဏပိုသောက်ခြင်း သို့မဟုတ် အကြိမ်ရေပိုသောက်ခြင်းများ မလုပ်ပါနှင့်။တခါသောက်လျှင် 20mEq ထက်မများရ။

သင့် အခြေအနေမသက်သာလျှင် သို့မဟုတ် သွေးတွင်း ပိုတက်ဆီယမ်နည်းခြင်း၏ လက္ခဏာများဖြစ်သည့် နှလုံးခုန်နှုန်းမမှန်ခြင်း၊ကြွက်သားအားနည်းခြင်း သို့မဟုတ် ကြွက်တက်ခြင်းများ ဖြစ်ပေါ်လာပါက ဆရာဝန်ကို အမြန်အကြောင်းကြားပါ။

Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Potassium chloride ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ potassium chloride ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ potassium chloride ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Potassium chloride ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Potassium chloride ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်တွင် ဓာတ်မတည့်ခြင်း တမျိုးမျိုးရှိပါက ဆရာဝန်ကို ကြိုတင်အသိပေးပါ။ဓာတ်မတည့်ခြင်း သို့မဟုတ် အခြားပြဿနာများဖြစ်စေသော ပစ္စည်းတမျိုးမျိုး ဤဆေးတွင် ပါဝင်လာနိုင်သည်။ အသေးစိတ်သိရှိနိုင်ရန် ဆရာဝန် သို့ မဟုတ် ဆေးဝါးကျွမ်းကျင်သူ နှင့် ဆွေးနွေးပါ။

ဆေးကို အသုံးမပြုမီ သင့်၏ရောဂါရာဇဝင်များ အထူးသဖြင့် နှလုံး၊ကျောက်ကပ်ရောဂါများရှိလျှင် သွေးတွင်းပိုတက်ဆီယမ်ဓာတ်များနေလျှင် ဆရာဝန်ကိုပြောပြပါ။

ကြာရှည်စွာ အာနိသင်ပြနိုင်သော ပိုတက်ဆီယမ် ဆေးဝါးများကြောင့် အစာအိမ်/အူအနာဖြစ်ခြင်း၊သွေးယိုစီးခြင်းတို့ ရှားရှားပါးပါး ဖြစ်ပေါ်တတ်သဖြင့် ပိုတက်ဆီယမ်အရည်ကို အသုံးပြုရန် ပိုမိုသင့်တော်ပါသည်။သင့်တွင် လည်ချောင်း၊အစာအိမ်၊အူ ပြဿနာတခုခု (ဥပမာ။  ။ ပိတ်ခြင်း၊ကျဉ်းခြင်း၊အနာများ စသည်) ရှိနေပါက ဆရာဝန်ကို ကြိုတင်အသိပေးပါ။

ခွဲစိတ်မှု မပြုလုပ်မီ သင်သုံးစွဲနေသော ဆေးများအားလုံး (ဆရာဝန်ညွှန်ကြားချက်လိုသော ဆေး၊မလိုသောဆေး၊သဘာဝ ဖြည့်စွက်အားဆေးများအပါအဝင်)ကို ဆရာဝန် သို့မဟုတ် သွားဆရာဝန် အား ပြောပြပါ။

ပိုတက်ဆီယမ်ဓာတ်ဖြည့်ပေးသော ဆေးသို့မဟုတ် ပိုတက်ဆီယမ် ဓာတ်ပါဝင်သော မည်သည့်ဆေးကိုမဆို အသုံးမပြုမီ သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ပိုတက်ဆီယမ် ကို လိုသည်ထက် များစွာ စားသုံးခြင်းသည် ဆိုးရွားသော ဘေးထက်ဆိုးကျိုးများကို ဖြစ်စေသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

(ယေဘူယျအသိပေးချက်ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

 

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက potassium chloride သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

-စိတ်ရှုပ်ထွေးခြင်း၊စိုးရိမ်စိတ်များခြင်း၊မေ့လဲသွားတော့မယောင် ခံစားရခြင်း။

-နှလုံးခုန် မမှန်ခြင်း။

-အလွန်အမင်းရေဆာခြင်း၊ဆီးအသွားများခြင်း။

-ခြေထောက်ကြွက်သားများ အားနည်းခြင်း။

-ကြွက်သားအားနည်းခြင်း၊တခုခုဆွဲထားသလို ခံစားရခြင်း။

-လက်၊ခြေ သို့မဟုတ် ပါးစပ်တဝိုက်တွင် ထုံနာကျင်နာ ခံစားရခြင်း။

-ဗိုက်အလွန်အောင့်ခြင်း၊တောက်လျှောက်အန်နေခြင်း သို့မဟုတ် ဝမ်းလျှောခြင်း။

-ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများ သွားခြင်း။

-ချောင်းဆိုးသွေးပါခြင်း၊ကော်ဖီအနှစ်ရောင်များ အန်ခြင်း။

သာမန်ဘေးထွက်ဆိုးကျိုးများမှာ

-အနည်းငယ်ပျို့အန်ခြင်း၊ဗိုက်အောင့်ခြင်း။

-ဝမ်းလျှောခြင်း (မပြင်းထန်)

-လက်ခြေတို့တွင် အနည်းငယ် ထုံနာကျဉ်နာဖြစ်ခြင်း။

-ဝမ်းထဲတွင် ပိုတက်ဆီယမ် ဆေးပြားပါလာခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) နဲ့ ဓာတ်ပြုနိုင်သလဲ

ပိုတက်ဆီယမ်ကို မထိခိုက်စေသော ဆီးဆေးများနှင့် ဓာတ်ပြုခြင်း။

ပိုတက်ဆီယမ်ဆားများနှင့် ပိုတက်ဆီယမ်ကို မထိခိုက်စေသော ဆီးဆေးများ (ဥပမာ။    ။ spironolactone)ကို အတူတကွ အသုံးပြုပြီး သွေးတွင်းပိုတက်ဆီယမ်ဓာတ်နည်းခြင်းကို မကုသသင့်ပေ။အဘယ့်ကြောင့်ဆိုသော် ထိုသို့ပူးတွဲကုသခြင်းသည် သွေးတွင်းပိုတက်ဆီယမ်ဓာတ်ကို အလွန်အကျွံများပြားစေ၍ ဖြစ်သည်။

 

ACEI ဆေးများနှင့် ဓာတ်ပြုခြင်း။

၎င်းတို့သည် aldosterone ထုတ်လုပ်ခြင်းကို တားဆီးခြင်းအားဖြင့် ခန္တာကိုယ်ထဲရှိ ပိုတက်ဆီယမ်ဓာတ်ကို ပိုမိုများပြားစေပါလိမ့်မည်။

Potassium chloride ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) နဲ့ ဓာတ်ပြုနိုင်သလား

Potassium chloride က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) နဲ့ ဓာတ်ပြုနိုင်သလဲ

Potassium chloride ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ သို့မဟုတ် သွေးတွင်းပိုတက်ဆီယမ်ဓာတ်များ သော အခြေအနေရှိနေလျှင်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးတွင်းပိုတက်ဆီယမ်ဓာတ်နည်းခြင်းအတွက်

—->အကြောသွင်းဆေး —>40-100 mEq potassium chloride ကို သင့်လျောသော ဖျော်ရည်တွင် သင့်လျော်သော အချိုးအစားအတိုင်း ရောနှောပြီး တနာရီလျှင် 10-40 mEqထက်မပိုသော ပမာဏဖြင့် သွင်းရမည်။

—->သောက်ဆေး ——> တနေ့လျင် 40-100mEq ပမာဏရှိသော  potassium chloride ကို သင့်လျော်သော အကြိမ်အရေအတွက်အဖြစ် ညီညီမျှမျှ ခွဲပြီး သောက်နိုင်သည်။ သောက်ဆေးပုံစံများမှာ ပုံမှန်ကြာမြင့်ချိန် အာနိသင်ရှိသော ဆေးပြား/တောင့်၊ ပျော်ဝင်နိုင်သော ဆေးပြား၊ဆေးရည် နှင့်သင့်လျော်သော ပမာဏရှိသည့် ရေ သို့မဟုတ် ဖျော်ရည် တို့ ရောနှောသောက်ရသော အမှုန့်။

သွေးတွင်း potassium ဓာတ်နည်းခြင်းကို ကာကွယ်ရန်

—–> အကြောသွင်းဆေး —>10 – 40 mEq potassium chloride ကို သင့်လျောသော ဖျော်ရည်တွင် သင့်လျော်သော အချိုးအစားအတိုင်း ရောနှောပြီး တနာရီလျှင် 10-40 mEqထက်မပိုသော ပမာဏဖြင့် သွင်းရမည်။

—->သောက်ဆေး ——> တနေ့လျင် 10-20mEq ပမာဏရှိသော  potassium chloride ကို သင့်လျော်သော အကြိမ်အရေအတွက်အဖြစ် ညီညီမျှမျှ ခွဲပြီး သောက်နိုင်သည်။ သောက်ဆေးပုံစံများမှာ ပုံမှန်ကြာမြင့်ချိန် အာနိသင်ရှိသော ဆေးပြား/တောင့်၊ ပျော်ဝင်နိုင်သော ဆေးပြား၊ဆေးရည် နှင့်သင့်လျော်သော ပမာဏရှိသည့် ရေ သို့မဟုတ် ဖျော်ရည် တို့ ရောနှောသောက်ရသော အမှုန့်။

ကလေးတွေအတွက် Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးတွင်း ပိုတက်ဆီယမ်ဓာတ်နည်းခြင်းကို ကုသရန်

သောက်ဆေး သို့မဟုတ် အကြောသွင်းဆေးအတွက် ဆေးပမာဏများမှာ အမျိုးမျိုးရှိသဖြင့် လူနာ၏အခြေအနေနှင့် လက်ရှိသုံးစွဲနေသော Guidelineများကို ညှိနှိုင်းတွက်ဆကာ ဆေးပမာဏကို တွက်ချက်ရမည်။

သောက်ဆေး ——> 2-5 mEq/kg/day ကို သင့်လျော်သော အကြိမ်ရေခွဲပြီး သောက်နိုင်သည်။အကယ်၍ ပိုတက်ဆီယမ် ချို့တဲ့မှု ဆိုးရွားသည်ဖြစ်စေ၊ ခန္တာကိုယ်မှ ဆက်လက်ဆုံးရှုံးမှုများ ရှိသည်ဖြစ်စေ အကြောမှ တဆင့်ဆေးသွင်းခြင်းကို ဦးစားပေးရမည်။

အကြောသွင်းဆေး ——>(မသွင်းခင် ဆေးပြင်းအားကို အရင်လျှော့ရမည်)။

0.5 -1 mEq/kg/dose (အများဆုံး 40mEq)ကို 0.3 – 0.5 mEq/kg/hr (အများဆုံး 1mEq/kg/hr) နှုန်းဖြင့်ပေးရမည်။ ထို့နောက် သွေးစစ်ခြင်းများကို မကြာခဏပြုလုပ်ရမည်ဖြစ်ပြီး ရလာဒ်အပေါ်အခြေခံကာ လိုအပ်လျှင် ထပ်မံပေးရမည်ဖြစ်သည်။

ပိုတက်ဆီယမ် ချို့တဲ့မှု အလွန်များပြားလျှင် သို့မဟုတ် ပိုတက်ဆီယမ် ဆုံးရှုံးမှုများ ဆက်လက်၍ ဖြစ်ပေါ်နေလျှင် နေ့စဉ်လိုအပ်သော ပိုတက်ဆီယမ် ၏ 200%ခန့် ပေးရန်လိုအပ်မည်ဖြစ်ပါသည်။

သွေးတွင်း ပိုတက်ဆီယမ် ဓာတ်နည်းခြင်းကို ကာကွယ်ရန်

——>ပုံမှန်အကြောထဲသို့ အရည်ဓာတ်ပြန်သွင်းရင်း ပိုတက်ဆီယမ် အကြောသွင်းဆေးကို သွင်းပေးရမည်ဖြစ်ပါသည်။ပိုတက်ဆီယမ် ချည်းသွင်းခြင်းကို အလွန်ဆိုးရွားစွာ ပိုတက်ဆီယမ် လျော့နည်းသည့် အခြေအနေများမှသာ အသုံးပြုရမည်ဖြစ်ပါသည်။ထိုသို့ ပိုတက်ဆီယမ် ချည်းသက်သက် သွင်းရာတွင် သွင်းသည့်နှုန်းမှာ 0.5mEq/kg/hr ထက်များလျှင် အခြေအနေကို ECG စက်ဖြင့် တချိန်လုံးစောင့်ကြည့်နေရမည်ဖြစ်ပါသည်။

နေ့စဉ်ပုံမှန်လိုအပ်သော ပိုတက်ဆီယမ် ပမာဏ : သောက်ဆေး သို့မဟုတ် အကြောသွင်းဆေး

ကလေးငယ်များ :  2-6 mEq/kg/day

အသက်ပိုကြီးသော ကလေးများ : 2-3 mEq/kg/day

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Potassium Chloride (ပိုတက်ဆီယမ် ကလိုရိုက်) ကိုဘယ်လိုရရှိနိုင်သလဲ

Potassium chloride တဗူးတွင် potassium နှင့် chloride  20 mEq စီပေးနိုင်သော  potassium chloride 1.5 gram ပါဝင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Potassium chloride ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ