backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Posaconazole

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Posaconazole ကို ဘာအတွက်အသုံးပြုကြသလဲ

Posaconazole ကိုခုခံအားစနစ်အလွန်ကျဆင်းနေသောသူများ(ဥပမာ ဓါတ်ကင်ကုသမှုခံယူထားသောလူနာများ)တွင်မှိုနဲ့ဆိုင်တဲ့ရောဂါပိုးတွေဝင်ရောက်တာကိုကာကွယ်ရန်သုံးပါတယ်။ အဲဆေးဟာ Azole antifungal လို့ခေါ်တဲ့ဆေးအမျိုးအစားထဲမှာပါဝင်ပါတယ်။ မှိုတွေကြီးထွားမှုကိုဆေးကတားပေးပါတယ်။

Posaconazole ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကိုဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ဆေးအဖြစ် တစ်နေ့တစ်ကြိမ်အစာနဲ့တွဲသောက်ပါ။ ဆေးကိုအမှုန့်ကြိတ်သောက်ခြင်း၊ဝါးစားခြင်းများမပြုလုပ်ပါနှင့်။ အဲလိုလုပ်ခြင်းဟာဆေးအားလုံးကိုတစ်ခါထဲထုတ်လိုက်သလိုဖြစ်ပြီးဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေရနိုင်ချေကိုပိုများစေပါတယ်။ ဆေးပြားပေါ်မှာအမှတ်အသားတွေမပါလျှင်သို့မဟုတ်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ရဲ့ညွှန်ကြားချက်မပါဘဲဆေးကိုထက်ခြမ်းမခြမ်းပါနဲ့။ ဆေးကိုအမှုန့်ချေခြင်း၊ဝါးစားခြင်းတို့မလုပ်ဘဲဆေးတစ်လုံးလုံးသို့မဟုတ်ထက်ခြမ်းခြမ်း၍မြိုချပါ။

ဆေးသောက်ရမယ့်ကြာချိန်ဟာသင့်ရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပါတယ်။

သင့်ရဲ့ခန္ဓါကိုယ်ထဲမှာရှိနေတဲ့ဆေးပမာဏကိုသာတသမတ်တည်းထိန်းထားပါက ဆေးရဲ့အာနိသင်ကအကောင်းဆုံးပါပဲ။ အဲဒါကြောင့်ယခုဆေးကိုအချိန်အပိုင်းအခြားအတိအကျသတ်မှတ်၍သောက်ပါ။

Posaconazole ဆေးပြားနဲ့ဆေးရည်တို့မှာပါဝင်တဲ့ဆေးပမာဏကွာခြားနိုင်ပါတယ်။ အဲဒါကြောင့်ဆရာဝန်ရဲ့ခွင့်ပြုချက်ညွှန်ကြားချက်မပါဘဲဆေးပြားပြောင်းသောက်လိုက် ဆေးရည်ပြောင်းသောက်လိုက်မလုပ်ပါနဲ့။

တကယ်လို့သင့်မှာပြင်းထန်တဲ့ဝမ်းလျှောရောဂါသို့မဟုတ်အန်တဲ့ရောဂါရှိပါကဆရာဝန်ကိုပြောပြပါ။ အဲရောဂါတွေရှိရင်Posaconazole ကကောင်းကောင်းအလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး။

Posaconazole ဘယ်လိုသိမ်းဆည်းရမလဲ

Posaconazole ကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Posaconazole ဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက် ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Posaconazole ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Posaconazole အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Posaconazole ကိုအသုံးမပြုခင် သင့်မှာယခုဆေးနဲ့သို့မဟုတ်အခြား azole auntifungalဆေးတွေ(ဥပမာ Ketokonazole)နဲ့ဓါတ်မတည့်တာမျိုးတွေရှိရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ ယခုဆေးမှာဆေးနဲ့ဓါတ်မတည့်တာတွေသို့မဟုတ်တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါတတ်ပါတယ်။ အသေးစိတ်အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

သင့်မှာယခင်ကအသည်းရောဂါသို့မဟုတ်ကျောက်ကပ်ရောဂါတွေရှိဖူးပါက ယခုဆေးကိုအသုံးမပြုခင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

Posaconazole ဟာနှလုံးခုန်စည်းချက်လွဲမှားတာမျိုးတွေဖြစ်စေတတ်ပါတယ်(QT prolongation)။QT prolongation ကယခုချက်ချင်းကိုဆေးကုသမှုခံယူဖို့လိုအပ်တဲ့အခြေအနေတွေဖြစ်တဲ့ နှလုံးခုန်အလွန်မြန်ခြင်းသို့မဟုတ်နှလုံးခုန်မမှန်ခြင်းနှင့်အခြားလက္ခဏာများ(ဥပမာ အလွန်မူးဝေခြင်း၊သတိလစ်ခြင်း)တွေကိုတော့ဖြစ်စေတာရှားပါတယ်။

တကယ်လို့သင့်မှာတခြားရောဂါတွေရှိခဲ့ရင်သို့မဟုတ်QT prolongation ဖြစ်စေနိုင်တဲ့တခြားဆေးတွေသောက်နေမယ်ဆိုရင်တော့ QT prolongation ရနိုင်ခြေပိုများမှာဖြစ်ပါတယ်။Posaconazole ကိုအသုံးမပြုခင် သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကို သင်သောက်နေတဲ့ဆေးတွေအကုန်လုံးကိုပြောပြပါ။ ဒါ့အပြင်သင့်မှာနှလုံးရောဂါတွေရှိရင်(ဥပမာ နှလုံးကောင်းကောင်းအလုပ်မလုပ်ခြင်း၊နှလုံးခုန်နှေးခြင်း၊QT prolongation)ဒါမှမဟုတ်သင့်ရဲ့မိသားစုထဲမှာနှလုံးရောဂါဖြစ်ဖူးသူတွေရှိခဲ့ရင်(ဥပမာ QT prolongation၊ရုတ်တရက်နှလုံးခုန်ရပ်၍သေဆုံးခြင်း)လည်းဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

သွေးထဲမှာပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ်တွေနည်းနေရင်လည်းQT prolongation ရနိုင်ခြေကိုမြင့်တက်စေပါတယ်။ တကယ်လို့သင့်အနေနဲ့အခြားဆေးတွေ(ဥပမာ ဆီးဆေး)သောက်နေရင်သို့မဟုတ်သင့်မှာချွေးထွက်လွန်ခြင်း၊ဝမ်းလျှောခြင်းနဲ့အန်ခြင်းတို့ဖြစ်နေမယ်ဆိုရင်လည်းQT prolongation ရနိုင်ခြေမြင့်တက်မှာဖြစ်ပါတယ်။Posaconazoleကိုဘေးကင်းကင်းသုံးနိုင်ဖို့အတွက်ဆရာဝန်ကိုမေးမြန်းပါ။

ယခုဆေးဟာသင့်ကိုမူးဝေစေပါတယ်။ အရက်နဲ့ဆေးခြောက်တွေသုံးမယ်ဆိုသင့်ကိုပိုပြီးမူးဝေစေမှာပါ။ အဲဒါကြောင့်သင့်အနေနဲ့ကောင်းကောင်းပြန်ပြီးအလုပ်မလုပ်နိုင်သေးသ၍ကားမမောင်းပါနဲ့။ စက်တွေကိုအသုံးမပြုပါနဲ့။ နောက်ပြီးအမြဲတမ်းနိုးကြားတက်ကြွနေရန်လိုအပ်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့။ အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ သင်ဆေးခြောက်တွေသုံးနေတယ်ဆိုရင်သင့်ဆရာဝန်ကိုပြောပြပါ။ အရက်သောက်ခြင်းကပြင်းထန်တဲ့အသည်းရောဂါတွေဖြစ်ပွားနိုင်ခြေကိုမြင့်တက်စေပါတယ်။

ခွဲစိတ်ကုသမှုမခံယူခင် သင့်ရဲ့ဆရာဝန်သို့မဟုတ်သွားဆရာဝန်ကိုသင်သုံးနေတဲ့ဆေးဝါးတွေ(ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ)အကြောင်းကိုပြောပြပါ။

အသက်ကြီးသူတွေအနေနဲ့ယခုဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအထူးသဖြင့်QT prolongationကိုပိုပြီးရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာဆိုယခုဆေးကိုအမှန်တကယ်လိုအပ်မှသာသုံးသင့်ပါတယ်။ ဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုသင့်ရဲ့ဆရာဝန်နဲ့ဆွေးနွေးပါ။

ယခုဆေးဟာမိခင်နို့တိုက်စဉ်မိခင်နို့ထဲမှာပါလာနိုင်လားဆိုတာကိုမသိပါဘူး။ ကလေးနို့မတိုက်ခင်သင့်ရဲ့ဆရာဝန်နဲ့ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Posaconazole ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPosaconazole ကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့် C လို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Posaconazole ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့ခြင်း၊အန်ခြင်း၊ဝမ်းလျှောခြင်း၊ခေါင်းကိုက်ခြင်း၊ဗိုက်နာခြင်း၊မူးဝေခြင်း၊မအိပ်နိုင်ခြင်းနှင့်အစာအိမ်ပြသနာများရနိုင်ပါတယ်။ တကယ်လို့အဲဒီဆိုးကျိုးတွေကြာနေမယ်ဆိုရင်သို့မဟုတ်ပိုဆိုးလာမယ်ဆိုရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုချက်ချင်းပြောပြပါ။

သင့်ဆရာဝန်ကသင့်ကိုဒီဆေးပေးပြီဆိုတာသင့်အပေါ်မှာဒီဆေးရဲ့ကောင်းကျိုးတွေကဆိုးကျိုးရနိုင်ခြေတွေထက်ပိုများတယ်ဆိုတာကိုသုံးသပ်ပြီးမှပေးတယ်ဆိုတာကိုတော့သတိရပါ။ ယခုဆေးကိုသုံးနေတဲ့သူတော်တော်များများမှာဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတွေမရပါဘူး၊

တကယ်လို့သင့်မှာအောက်ဖော်ပြပါအခြေအနေတွေခံစားနေရပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ မောပန်းခြင်း၊အလွယ်တကူသွေးထွက်ခြင်း၊အားနည်းနေခြင်း၊ကြွက်တက်ခြင်း၊စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများရှိခြင်း၊ခြေထောက်များဖောရောင်ခြင်း၊ရောဂါပိုးတစ်ခုခုဝင်တဲ့လက္ခဏာများ(ဥပမာ ချမ်းတုန်ခြင်း၊ဖျားခြင်း)၊မိန်းမကိုယ်မှသွေးဆင်းခြင်း၊အသက်ရှူမဝခြင်း၊ရေအလွန်ဆာခြင်း၊ဆီးအလွန်သွားခြင်း။

တကယ်လို့သင့်မှာအလွန်ဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတွေ ဥပမာ နှလုံးခုန်မမှန်ခြင်းသို့မဟုတ်မြန်ခြင်း၊အလွန်မူးဝေခြင်း၊သတိလစ်ခြင်းတို့ခံစားရပါကချက်ချင်းဆေးကုသမှုခံယူပါ။

Posaconazole ကအလွန်ပြင်းထန်သော(သေစေနိုင်သော)အသည်းရောဂါတွေဖြစ်စေတာရှားပါတယ်။ တကယ်လို့သင့်မှာအသည်းရောဂါရဲ့လက္ခဏာတွေဖြစ်တဲ့ မျက်လုံးတွေအရေပြားတွေဝါခြင်း၊ဆီးရောင်ရင့်ခြင်း၊ဆက်တိုက်ပျို့အန်ခြင်း၊ဗိုက်အရမ်းနာခြင်းများရှိပါကသင့်ရဲ့ဆရာဝန်ကိုပြောပြပါ။

ယခုဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းမျိုးကရှားပါတယ်။ ဒါပေမယ့်တကယ်လို့သင့်မှာဆေးနဲ့အပြင်းအထန်ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ အရေပြားမှာအနီကွက်များထွက်ခြင်း၊ယားယံခြင်း၊ဖောရောင်ခြင်း(အထူးသဖြင့် မျက်နှာ၊လျှာနဲ့လည်ချောင်း)၊အလွန်မူးဝေခြင်း၊အသက်ရှူရခက်ခဲခြင်းများရှိပါကဆေးကုသမှုချက်ချင်းခံယူပါ။

Posaconazoleကအရမ်းကြီးမဆိုးရွားတဲ့အရေပြားအနီကွက်လေးတွေတော့ထွက်စေနိုင်ပါတယ်။ ဒါပေမယ့်အဲဒီအနီကွက်လေးရှိတာဟာဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းလက္ခဏာတစ်ခုလို့တော့မပြောနိုင်ပါဘူး။ အဲဒါကြောင့်သင့်မှာအရေပြားအနီကွက်လေးတွေထွက်လာပါကဆေးကုသမှုခံယူပါ။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Posaconazole နဲ့ ဓါတ်ပြုနိုင်သလဲ

အခြားဆေးတွေက သင့်ခန္ဓါကိုယ်ထဲမှာ Posaconazoleရဲ့အကျိုးသက်ရောက်မှုကိုဖယ်ရှားပစ်နိုင်ပါတယ်။ဥပမာ efavirenz,rifamycins(ဥပမာ rifabutin)၊အတက်ရောဂါကုဆေးများ(ဥပမာ phenytoin)

ယခုဆေးဟာသင့်ခန္ဓါကိုယ်ထဲကနေအခြားဆေးတွေစွန့်ထုတ်မှုကိုနှေးစေပြီးတော့အဲဆေးတွေအလုပ်လုပ်တာကိုသက်ရောက်နိုင်ပါတယ်။ အဲဒီဆေးတွေကတော့alpha blockers(ဥပမာ alfuzosin,sildosin,tamsulosin),benzodiazepines(ဥပမာ midazolam),dronedarone,ergot alkaloids(ဥပမာ ergotamine,dihydroergotamine),pimozide,quinidine,rivaroxaban,sirolimus,statin ဆေးများ(ဥပမာ atorvastatin,lovastatin,simvastatinတို့ဖြစ်ပါတယ်။

Posaconazoleကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Posaconazole နဲ့ ဓါတ်ပြုနိုင်သလား

Potaconazole ဟာက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Posaconazole နဲ့ ဓါတ်ပြုနိုင်သလဲ

Posaconazole ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Posaconazole ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ aspergillosis အတွက်အသုံးပြုရန်အညွှန်း-အမျိုးမျိုးရှိသည်

ထိုးဆေးအတွက်:

ပထမဆုံးအကြိမ်အတွက်ဆေးပမာဏ: ပထမဆုံးနေ့မှာ ဆေး 300mgကိုတစ်နေ့နှစ်ကြိမ်ထိုးပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်ပမာဏ: ဆေး300mgကိုဒုတိယနေ့ကစပြီးတစ်နေ့တစ်ကြိမ်ထိုးပါ။

သောက်ဆေးအတွက်:

ဆေးရဲ့အာနိသင်ချက်ချင်းမရအောင်ထုတ်ထားသောဆေးပြားများအတွက်:

ပထမဆုံးအကြိမ်အတွက်ဆေးပမာဏ: ပထမဆုံးနေ့မှာ ဆေး 300mgကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်ပမာဏ: ဆေး300mgကိုဒုတိယနေ့ကစပြီးတစ်နေ့တစ်ကြိမ်သောက်ပါ။

သောက်ဆေးရည်အတွက်:ဆေးရည် 200mg ကိုတစ်နေ့သုံးကြိမ်သောက်ပါ။

ဆေးသောက်ရမည့်ကာလ:ခုခံအားကျဆင်းခြင်း၊သွေးထဲတွင် Neutrophil နည်းခြင်းများမှပြန်သက်သာလာတဲ့အပေါ်မူတည်သင့်ပါတယ်။

ရှင်းလင်းချက်များ

-ဆေးအာနိသင်ချက်ချင်းမရအောင်လုပ်ထားတဲ့ဆေးပြားတွေဟာသောက်ဆေးအဖြစ်သောက်ဖို့ပိုပြီးသင့်တော်ပါတယ်။ အဲဒီဆေးပြားတွေကဆေးရည်ထက်ကိုသွေးထဲမှာဆေးပမာဏပိုများများပေးပါတယ်။(အစာစားပြီးချိန်နှင့်အစာမစားခင်အချိန်မှာပါရပါတယ်)

အသုံးပြုခြင်းများ:ရောဂါရနိုင်ခြေများပြီးခုခံအားကျဆင်းနေသောလူနာများ ဥပမာ hematopoietic stem cell အစားထိုးကုသမှုခံယူထားခြင်း(HSCT)၊ခန္ဓါကိုယ်တွင်းအစားထိုးထားတဲ့ပစ္စည်းနဲ့မတည့်သောရောဂါ(GVHD)၊သွေးကင်ဆာရောဂါရှိသူများကိုဓါတ်ကုသမှုပြုလုပ်ပြီးနောက် သွေးထဲတွင်neutrophil နည်းနေခြင်း တို့တွင်Aspergillus နဲ့ Candida ရောဂါပိုးတွေမဝင်အောင်တားမြစ်ဖို့အတွက်သုံးပါတယ်။

Candedemia အတွက်အရွယ်ရောက်ပြီးသူများသောက်ရမည့်ဆေးညွှန်း

ထိုးဆေးအတွက်:

ပထမဆုံးအကြိမ်အတွက်ဆေးပမာဏ: ပထမဆုံးနေ့မှာ ဆေး 300mgကိုတစ်နေ့နှစ်ကြိမ်ထိုးပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်ပမာဏ: ဆေး300mgကိုဒုတိယနေ့ကစပြီးတစ်နေ့တစ်ကြိမ်ထိုးပါ။

သောက်ဆေးအတွက်:

ဆေးရဲ့အာနိသင်ချက်ချင်းမရအောင်ထုတ်ထားသောဆေးပြားများအတွက်:

ပထမဆုံးအကြိမ်အတွက်ဆေးပမာဏ: ပထမဆုံးနေ့မှာ ဆေး 300mgကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်ပမာဏ: ဆေး300mgကိုဒုတိယနေ့ကစပြီးတစ်နေ့တစ်ကြိမ်သောက်ပါ။

သောက်ဆေးရည်အတွက်:ဆေးရည် 200mg ကိုတစ်နေ့သုံးကြိမ်သောက်ပါ။

ဆေးသောက်ရမည့်ကာလ:ခုခံအားကျဆင်းခြင်း၊သွေးထဲတွင် Neutrophil နည်းခြင်းများမှပြန်သက်သာလာတဲ့အပေါ်မူတည်သင့်ပါတယ်။

ရှင်းလင်းအကြံပြုချက်များ

-ဆေးအာနိသင်ချက်ချင်းမရအောင်လုပ်ထားတဲ့ဆေးပြားတွေဟာသောက်ဆေးအဖြစ်သောက်ဖို့ပိုပြီးသင့်တော်ပါတယ်။ အဲဒီဆေးပြားတွေကဆေးရည်ထက်ကိုသွေးထဲမှာဆေးပမာဏပိုများများပေးပါတယ်။(အစာစားပြီးချိန်နှင့်အစာမစားခင်အချိန်မှာပါရပါတယ်)

အသုံးပြုခြင်းများ:ရောဂါရနိုင်ခြေများပြီးခုခံအားကျဆင်းနေသောလူနာများ ဥပမာ hematopoietic stem cell အစားထိုးကုသမှုခံယူထားခြင်း(HSCT)၊ခန္ဓါကိုယ်တွင်းအစားထိုးထားတဲ့ပစ္စည်းနဲ့မတည့်သောရောဂါ(GVHD)၊သွေးကင်ဆာရောဂါရှိသူများကိုဓါတ်ကုသမှုပြုလုပ်ပြီးနောက် သွေးထဲတွင်neutrophil နည်းနေခြင်း တို့တွင်Aspergillus နဲ့ Candida ရောဂါပိုးတွေမဝင်အောင်တားမြစ်ဖို့အတွက်သုံးပါတယ်။

Oral thrush အတွက်အရွယ်ရောက်ပြီးသူများသောက်ရန်ဆေးပမာဏ

သောက်ဆေးရည်

Oropharyngeal candidiasis အတွက်

ပထမဆုံးအကြိမ်အတွက်ဆေးပမာဏ: ပထမဆုံးနေ့မှာ ဆေး 100mgကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်ပမာဏ: ဆေး100mgကိုတစ်နေ့တစ်ကြိမ်နဲ့13ရက်သောက်ပါ။

Itraconazole သို့မဟုတ် Fluconazole နဲ့ကုလို့မပျောက်တဲ့Oropharyngeal candidiasis အတွက်:ဆေး 400mg ကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:လူနာရဲ့ရောဂါပြင်းထန်မှုနဲ့ရောဂါအခြေအနေတိုးတက်မှုပေါ်မူတည်ပြီးဆေးကိုသောက်သင့်ပါတယ်။

ကျောက်ကပ်အတွက်ဆေးပမာဏထိန်းညှိခြင်း

ထိုးဆေးအတွက်:

အလယ်အလတ်သို့မဟုတ်ပြင်းထန်တဲ့ကျောက်ကပ်ရောဂါ(ခန့်မှန်းGFR 50ml/min ထက်နည်းနေခြင်း)အတွက်:ဆေးရဲ့ကောင်းကျိုးဟာဆိုးကျိုးထက်မများနေဘူးဆိုရင်ထိုးဆေးကိုရှောင်ကြဉ်သင့်ပါတယ်။

ရှင်းလင်းအကြံပြုချက်များ:သွေးထဲရှိ creatinine ပမာဏကိုတိတိကျကျတိုင်းတာသင့်ပါတယ်။ တကယ်လို့ပမာဏများလာပြီဆိုရင် posaconazole ကိုသောက်ဆေးအဖြစ်ပြောင်းသောက်ဖို့စဉ်းစားသင့်ပါတယ်။

သောက်ဆေးအတွက်:

အပျော့စားသို့မဟုတ်အလယ်အလတ်ကျောက်ကပ်ရောဂါ(ခန့်မှန်း GFR 20မှ 80ml/min/1.73 m2)အတွက်:ဆေးပမာဏထိန်းညှိရန်မလိုပါ။

ပြင်းထန်တဲ့ကျောက်ကပ်ရောဂါ(ခန့်မှန်း GFR 20ml/min/1.73m2ထက်နည်းနေခြင်း)အတွက်:ဆေးပမာဏထိန်းညှိရန်မလိုပါ။ လူနာတွေကိုမှိုနဲ့ဆိုင်တဲ့ရောဂါပိုးတွေရှိမရှိကိုတိတိကျကျစစ်ဆေးသင့်ပါတယ်။

အသည်းအတွက်ဆေးပမာဏထိန်းညှိခြင်း

အလယ်အလတ်သို့မဟုတ်ပြင်းထန်တဲ့အသည်းရောဂါ(Child-Pugh A,B, or C)အတွက်:ဆေးပမာဏထိန်းညှိရန်မလိုပါ။

ဆေးကိုသွေးမှတစ်ဆင့်စွန့်ထုတ်ခြင်း

ယခုဆေးကိုသွေးမှတစ်ဆင့်စွန့်ထုတ်ခြင်းမရှိပါ။

အခြားရှင်းလင်းအကြံပြုချက်များ

ဆေးအသုံးပြုခြင်းနဲ့ပတ်သက်တဲ့အကြုံပြုချက်များ:

-ထိုးဆေးကို 0.22 micron polyethersulfone (PES) သို့မဟုတ် polyvinylidene difluoride (PVDF) filter မှတစ်ဆင့် ထိုးပါ။

-ထိုးဆေးကို central venous catheter သို့မဟုတ် peripherally inserted central catheter(PICC) ပါဝင်တဲ့ central venous line ကနေတစ်ဆင့်မိနစ်90လောက်ကြာအောင်ဖြည်းဖြည်းချင်းစီသွင်းပါ။ ထိုးဆေးကိုဘယ်တော့မှတစ်ခါတည်းမြန်မြန်မသွင်းပါနဲ့။

-တကယ်လို့ central venous catheter သာမရခဲ့လျှင် peripheral venous catheter ကနေတစ်ဆင့် မိနစ်30လောက်ကြာအောင်ဖြည်းဖြည်းချင်းသွင်းပါ။ ဆေးသွင်းရာတွင် central venous line ကိုအစားမထိုးခင်သို့မဟုတ်central venous line ကိုအစားထိုးနေစဉ်ကြားထဲမှာဆေးမပြတ်သွားအောင်ထိုးသည့်သဘောမျိုးဖြင့်သို့မဟုတ်အခြားထိုးဆေးတစ်မျိုးကိုပြောင်းမသုံးခင်တစ်ကြိမ်စာအဖြစ်ပဲသွင်းပါ။ ဆေးပမာဏအကြိမ်ရေများများထိုးရန်လိုအပ်ပါက central venous line ကနေပဲသွင်းပါ။

-ဆေးအာနိသင်ချက်ချင်မရအောင်လုပ်ထားသောဆေးပြားများနှင့်သောက်ဆေးရည်ကိုလဲလှယ်၍မသောက်ပါနဲ့။ ဆေးပုံစံတစ်ခုစီအတွက်ဆေးသောက်ရမယ့်ပမာဏကွာခြားပါတယ်။

-ဆေးအာနိသင်ချက်ချင်းမရအောင်လုပ်ထားတဲ့ဆေးပြားများကိုဆေးကိုစုပ်ယူမှုအားကောင်းစေရန်နဲ့သွေးထဲမှာဆေးပမာဏများများရောက်စေနိုင်ရန်အစာနဲ့တွဲသောက်ပါ။ ဆေးကိုတစ်လုံးလုံးသောက်ပါ။(ဆေးကိုတစ်ခြမ်းမခြမ်းပါနဲ့။ အမှုန့်မချေပါနဲ့။ ဝါးမစားပါနဲ့)ဆေးကိုရောဂါကာကွယ်ရန်အတွက်ပဲသောက်ပါ။

-သောက်ဆေးရည်ကိုဆေးကိုစုပ်ယူမှုအားကောင်းစေရန်နဲ့သွေးထဲမှာဆေးပမာဏများများရောက်စေနိုင်ရန်အစာစားနေစဉ်သို့မဟုတ်အစာစားပြီးမိနစ်20အတွင်းသောက်ပါ။ ဆေးမသောက်ခင်ဆေးပုလင်းကိုလှုပ်၍သောက်ပါ။

-အစားကောင်းကောင်းမစားနိုင်တဲ့လူနာတွေအတွက်ဆေးအာနိသင်ချက်ချင်းမရအောင်လုပ်ထားတဲ့ဆေးပြားတွေနဲ့ထိုးဆေးတို့ဟာမသင့်တော်ပါဘူး။ သောက်ဆေးရည်ကိုအာဟာရဖြည့်စွက်စာအရည်တစ်မျိုးနဲ့သို့မဟုတ်အက်ဆစ်နဲ့ကာဗွန်ပါတဲ့ဖျော်ရည်တစ်မျိုး(ဥပမာ ဂျင်းဖျော်ရည်)နဲ့တွဲသောက်ပါ။

-အစားကောင်းကောင်းမစားနိုင်တဲ့လူနာတွေသို့မဟုတ်အာဟာရဖြည့်စွက်စာအရည်တစ်မျိုးသို့မဟုတ်အက်ဆစ်နဲ့ကာဗွန်ပါတဲ့ဖျော်ရည်တွေနဲ့မတည့်တဲ့လူနာတွေအတွက်ဆေးအာနိသင်ချက်ချင်းမရအောင်လုပ်ထားတဲ့ဆေးပြားတွေနဲ့ထိုးဆေးတို့ဟာမသင့်တော်ပါဘူး။ အခြား antifungal ကုသနည်းများကိုစဉ်းစားပါ သို့မဟုတ် လူနာမှာမှိုနဲ့ဆိုင်တဲ့ရောဂါပိုးတွေဝင်လာနိုင်တဲ့အခြေအနေတွေကိုတိတိကျကျစစ်ဆေးပါ။

-တကယ်လို့ဆေးကိုနှာခေါင်းပိုက်နဲ့သွင်းမယ်ဆိုရင်လူနာမှာမှိုနဲ့ဆိုင်တဲ့ရောဂါပိုးတွေဝင်လာနိုင်တဲ့အခြေအနေတွေကိုတိတိကျကျစစ်ဆေးပါ။

-ယေဘုယျအားဖြင့်ကောင်းကျိုးဟာဆိုးကျိုးထက်မများဘူးဆိုရင်သွေးထဲမှာယခုဆေးရဲ့ပမာဏကိုနည်းစေတဲ့ပစ္စည်းများကိုတစ်ပြိုင်နက်သုံးခြင်းကိုရှောင်ကြဉ်ပါ။ တကယ်လို့အဲလိုပစ္စည်းတွေသုံးဖို့လိုအပ်တယ်ဆိုရင်လူနာမှာမှိုနဲ့ဆိုင်တဲ့ရောဂါပိုးတွေဝင်လာနိုင်တဲ့အခြေအနေတွေကိုတိတိကျကျစစ်ဆေးပါ။

-လွတ်သွားတဲ့ဆေးအကြိမ်များအတွက်ဆေးထုတ်လုပ်သူရဲ့ဆေးနဲ့ဆိုင်တဲ့အချက်အလက်များကိုတိုင်ပင်သင့်ပါတယ်။

ဆေးထိန်းသိမ်းမှုအတွက်လိုအပ်ချက်များ:

-ထိုးဆေးအတွက်:ဆေးကို 2C မှ 8C(36F မှ 46F) အထိအေးသောနေရာတွေထားပါ။ အခြားအရာတစ်ခုခုနဲ့ရောနှောထားပါကဆေးကို 24 နာရီအထိအအေးခန်းမှာထားပါ။

-ဆေးအာနိသင်ချက်ချင်းမရအောင်လုပ်ထားတဲ့ဆေးပြားများအတွက်:ဆေးကို 20C မှ 25C(68F မှ 77F)အထိအပူချိန်မှာထားပါ။ အပူချိန် 15C မှ 30 C(59F မှ 86F) အထိဆိုလည်းထားလို့ရပါတယ်။

-သောက်ဆေးရည်အတွက်:အပူချိန်25C (77F) မှာထားပါ။ အပူချိန် 15C မှ 30 C(59F မှ 86F) အထိဆိုလည်းထားလို့ရပါတယ်။

-ပြန်လည်စုစည်းခြင်း/ပြင်ဆင်ခြင်းနည်းလမ်းများ

-ဆေးထုတ်လုပ်သူရဲ့ဆေးနဲ့ဆိုင်တဲ့အချက်အလက်များကိုတိုင်ပင်သင့်ပါတယ်။

ထိုးဆေးအတွက်သင့်တော်မှု:

-သင့်တော်တဲ့ဆေးအာနိသင်လျော့အောင်လုပ်သောပစ္စည်းများ:5% dextrose နဲ့ sodium chloride 0.9%

-သင့်တော်တဲ့ဆေးနဲ့ဆိုင်သောပစ္စည်းများ(တကယ်လို့သင့်တော်တဲ့ဆေးအာနိသင်လျော့အောင်လုပ်သောပစ္စည်းတစ်ခုခုနဲ့လုပ်ထားမယ်ဆိုရင်): Amikacin sulfate, caspofungin, ciprofloxacin, daptomycin, dobutamine hydrochloride (HCl), famotidine, filgrastim, gentamicin sulfate, hydromorphone HCl, levofloxacin, lorazepam, meropenem, micafungin, morphine, norepinephrine bitartrate, potassium chloride, vancomycin HCl

စောင့်ကြည့်စစ်ဆေးခြင်း:

-ယေဘုယျ:မှိုနဲ့ဆိုင်တဲ့ရောဂါပိုးတွေရနိုင်ခြေများအတွက်(ဥပမာ သောက်ဆေးသောက်ပြီးနောက်ပြင်းထန်တဲ့ဝမ်းလျှောရောဂါသို့မဟုတ်အန်တဲ့ရောဂါများရှိတဲ့လူနာများ၊ကိုယ်အလေးချိန် 120kg ထက်ပိုများသောလူနာများ)

-အသည်းအတွက်:အသည်းအလုပ်ကောင်းကောင်းမလုပ်လုပ်စစ်ဆေးခြင်းနည်းများ(ဆေးစသောက်တဲ့အချိန်နဲ့သောက်နေစဉ်);အသည်းအလုပ်ကောင်းကောင်းမလုပ်လုပ်စစ်ဆေးခြင်းနည်းများပုံစံမမှန်သောလူနာများအတွက်အသည်းပြင်းပြင်းထန်ထန်ထိခိုက်ခြင်းရှိမရှိစစ်ဆေးခြင်း(ဆေးသောက်နေစဉ်အတွင်း);လူနာအခြေအနေကိုသိရန်(ဆေးသောက်နေစဉ်)အသည်းရဲ့လုပ်ငန်းတာဝန်များစစ်ဆေးခြင်း(အထူးသဖြင့်(အသည်းအလုပ်ကောင်းကောင်းမလုပ်လုပ်စစ်ဆေးခြင်းနည်းများနဲ့bilirubinစစ်ဆေးခြင်း)

-ကျောက်ကပ်အတွက်:ထိုးဆေးထိုးနေတဲ့လူနာတွေမှာအလယ်အလတ်သို့မဟုတ်ပြင်းထန်တဲ့ကျောက်ကပ်ရောဂါရှိနေမယ်ဆိုရင် သွေးထဲရှိ creatinine ပမာဏကိုစစ်ဆေးခြင်း

ကလေးတွေအတွက် Posaconazole ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Apsergillosisအတွက်ကလေးသောက်ရန်ဆေးပမာဏ-အမျိုးမျိုးရှိသည်။

အသက်13 နှစ်နှင့်အထက်အတွက်:

ဆေးရဲ့အာနိသင်ချက်ချင်းမရအောင်ထုတ်ထားသောဆေးပြားများအတွက်:

ပထမဆုံးအကြိမ်အတွက်ဆေးပမာဏ: ပထမဆုံးနေ့မှာ ဆေး 300mgကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်ပမာဏ: ဆေး300mgကိုဒုတိယနေ့ကစပြီးတစ်နေ့တစ်ကြိမ်သောက်ပါ။

သောက်ဆေးရည်အတွက်:ဆေးရည် 200mg ကိုတစ်နေ့သုံးကြိမ်သောက်ပါ။

ဆေးသောက်ရမည့်ကာလ:ခုခံအားကျဆင်းခြင်း၊သွေးထဲတွင် Neutrophil နည်းခြင်းများမှပြန်သက်သာလာတဲ့အပေါ်မူတည်သင့်ပါတယ်။

ရှင်းလင်းအကြံပြုချက်များ

-ဆေးအာနိသင်ချက်ချင်းမရအောင်လုပ်ထားတဲ့ဆေးပြားတွေဟာသောက်ဆေးအဖြစ်သောက်ဖို့ပိုပြီးသင့်တော်ပါတယ်။ အဲဒီဆေးပြားတွေကဆေးရည်ထက်ကိုသွေးထဲမှာဆေးပမာဏပိုများများပေးပါတယ်။(အစာစားပြီးချိန်နှင့်အစာမစားခင်အချိန်မှာပါရပါတယ်)

အသုံးပြုခြင်းများ:ရောဂါရနိုင်ခြေများပြီးခုခံအားကျဆင်းနေသောလူနာများ ဥပမာ HSCTနဲ့GVHDရှိသောလူနာများ၊သွေးကင်ဆာရောဂါရှိသူများကိုဓါတ်ကုသမှုပြုလုပ်ပြီးနောက် သွေးထဲတွင်neutrophil နည်းနေခြင်း တို့တွင်Aspergillus နဲ့ Candida ရောဂါပိုးတွေမဝင်အောင်တားမြစ်ဖို့အတွက်သုံးပါတယ်။

Candedemia အတွက်ကလေးသောက်ရန်ဆေးပမာဏ:

အသက်13 နှစ်နှင့်အထက်အတွက်:

ဆေးရဲ့အာနိသင်ချက်ချင်းမရအောင်ထုတ်ထားသောဆေးပြားများအတွက်:

ပထမဆုံးအကြိမ်အတွက်ဆေးပမာဏ: ပထမဆုံးနေ့မှာ ဆေး 300mgကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်ပမာဏ: ဆေး300mgကိုဒုတိယနေ့ကစပြီးတစ်နေ့တစ်ကြိမ်သောက်ပါ။

သောက်ဆေးရည်အတွက်:ဆေးရည် 200mg ကိုတစ်နေ့သုံးကြိမ်သောက်ပါ။

ဆေးသောက်ရမည့်ကာလ:ခုခံအားကျဆင်းခြင်း၊သွေးထဲတွင် Neutrophil နည်းခြင်းများမှပြန်သက်သာလာတဲ့အပေါ်မူတည်သင့်ပါတယ်။

ရှင်းလင်းအကြံပြုချက်များ

-ဆေးအာနိသင်ချက်ချင်းမရအောင်လုပ်ထားတဲ့ဆေးပြားတွေဟာသောက်ဆေးအဖြစ်သောက်ဖို့ပိုပြီးသင့်တော်ပါတယ်။ အဲဒီဆေးပြားတွေကဆေးရည်ထက်ကိုသွေးထဲမှာဆေးပမာဏပိုများများပေးပါတယ်။(အစာစားပြီးချိန်နှင့်အစာမစားခင်အချိန်မှာပါရပါတယ်)

အသုံးပြုခြင်းများ:ရောဂါရနိုင်ခြေများပြီးခုခံအားကျဆင်းနေသောလူနာများ ဥပမာ HSCTနဲ့GVHDရှိသောလူနာများ၊သွေးကင်ဆာရောဂါရှိသူများကိုဓါတ်ကုသမှုပြုလုပ်ပြီးနောက် သွေးထဲတွင်neutrophil နည်းနေခြင်း တို့တွင်Aspergillus နဲ့ Candida ရောဂါပိုးတွေမဝင်အောင်တားမြစ်ဖို့အတွက်သုံးပါတယ်။

Oral thrush အတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက် 13နှစ်နှင့်အထက်ဖြစ်ပါက:

သောက်ဆေးရည်အတွက်:

Oropharyngeal candidiasis အတွက်:

ပထမဆုံးအကြိမ်အတွက်ဆေးပမာဏ: ပထမဆုံးနေ့မှာ ဆေး 100mgကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်ပမာဏ: ဆေး100mgကိုတစ်နေ့တစ်ကြိမ်နဲ့13ရက်သောက်ပါ။

Itraconazole သို့မဟုတ် Fluconazole နဲ့ကုလို့မပျောက်တဲ့Oropharyngeal candidiasis အတွက်:ဆေး 400mg ကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:လူနာရဲ့ရောဂါပြင်းထန်မှုနဲ့ရောဂါအခြေအနေတိုးတက်မှုပေါ်မူတည်ပြီးဆေးကိုသောက်သင့်ပါတယ်။

သတိပြုရမည့်အချက်များ

အသက် 13 နှစ်အောက်ကလေးတွေမှာဆေးအာနိသင်ချက်ချင်းမရအောင်လုပ်ထားတဲ့ဆေးပြားများနဲ့သောက်ဆေးရည်တို့ရဲ့ဘေးကင်းမှုနဲ့ထိရောက်မှုကိုလေ့လာထားခြင်းများမရှိပါ။ အသက်18နှစ်အောက်ကလေးတွေမှာထိုးဆေးရဲ့ဘေးကင်းမှုနဲ့ထိရောက်မှုကိုလေ့လာထားခြင်းများမရှိပါ။ ထို့ကြောင့်အသုံးမပြုသင့်ပါ။

Posaconazole ကိုဘယ်လိုရရှိနိုင်သလဲ

Posaconazole ကိုအောက်ပါပုံစံ၊ပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

သောက်ဆေးရည်၊

ဆေးအာနိသင်ချက်ချင်းမရအောင်လုပ်ထားတဲ့ဆေးပြား

ထိုးဆေး။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Posaconazole ဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement