Generic Name: Piracetam (ပိုင်ရာစီတမ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Piracetam (ပိုင်ရာစီတမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Piracetam  ဟာ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းမှာ အောက်ဆီဂျင်ပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးပါတယ်။myoclonus လို့ခေါ်တဲ့ ကြွက်သားတွေ အကြောလိုက်ခြင်း၊တက်ခြင်းကို ကုသရာမှာ Piracetam နဲ့ အခြားဆေးတွေကို တွဲဖက်သုံးစွဲနိုင်ပါတယ်။dementia လို့ခေါ်တဲ့ အသက်အရွယ်ကြီးရင့်တာကြောင့် မှတ်ဉာဏ်ထိခိုက်တာမျိုးမဟုတ်ဘဲ အခြားသော အကြောင်းရင်းတွေကြောင့် မှတ်ဉာဏ်ထိခိုက်ခြင်းလက္ခဏာတွေကို လျော့ပါးသက်သာစေဖို့အတွက်လည်း Piracetam ကို အသုံးပြုနိုင်ပါသေးတယ်။

Piracetam (ပိုင်ရာစီတမ်) ဘယ်လိုသောက်သုံးသင့်သလဲ

piracetam ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျ သုံးစွဲရပါမယ်။

  • ဆေးပြားတပြားလုံးကို ရေတဖန်ခွက်အပြည့်နဲ့ သောက်ရပါမယ်။
  • piracetam ဟာ အင်မတန်ခါးတဲ့ အရသာရှိတဲ့အတွက် ဆေးပြားကို ချိုးဖဲ့ခြင်း၊ဝါးစားခြင်းတို့ကို မပြုလုပ်ရပါဘူး။

တကယ်လို့ ဆေးပြားပုံစံနဲ့ သောက်ရတာ အခက်အခဲရှိတယ်ဆိုရင် သင့်ဆရာဝန်ကို အမြန်ဆုံး အသိပေးပါ။ဆရာဝန်က ဆေးရည်ပုံစံပြောင်းပြီး ပေးပါလိမ့်မယ်။

Piracetam (ပိုင်ရာစီတမ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Piracetam  ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ piracetam  ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ piracetam  ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Piracetam  ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Piracetam  ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Piracetam (ပိုင်ရာစီတမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Piracetam  ကိုမသောက်သုံးခင်မှာ

  • ဆေးရုတ်တရက်ဖြတ်လိုက်ခြင်းကို ရှောင်ကျဉ်ရပါမယ်။
  • ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း။
  • နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း။
  • သွေးယိုစီးခြင်း၊သွေးခဲခြင်းဆိုင်ရာ ပြဿနာများ ရှိခြင်း။
  • မကြာသေးခင်က ခွဲစိတ်မှုအကြီးစားခံယူထားခြင်း။
  • အသက်အရွယ် အိုမင်းသူများ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Piracetam (ပိုင်ရာစီတမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Piracetam (ပိုင်ရာစီတမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ဂရုတစိုက်စောင့်ကြည့်ရပါမယ်။

  • ဓာတ်မတည့်ခြင်းလက္ခဏာများ ခံစားရခြင်း (အသက်ရှုရခက်ခြင်း၊ဖောရောင်ခြင်း၊ဖျားနာခြင်း)။
  • သွေးခဲခြင်းလုပ်ငန်း ကောင်းစွာ မလုပ်ဆောင်နိုင်တဲ့အတွက် ခန္ဓာကိုယ်မှ အလိုလျောက် သွေးယိုစီးခြင်း။
  • အတက်ရောဂါပိုဆိုးလာခြင်း။
  • ကယောင်ကတမ်းများဖြစ်ခြင်း၊ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းရခက်ခြင်း၊လမ်းလျှောက်လျှင် ဒယိမ်းဒယိုင်ဖြစ်ခြင်း။
  • စိုးရိမ်ပူပန်စိတ်များခြင်း၊စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း။
  • အိပ်ငိုက်ခြင်း။
  • စိတ်ကျဝေဒနာခံစားရခြင်း။
  • အားနည်းခြင်း။
  • ချာချာလည်အောင်မူးခြင်း။
  • ကိုယ်အလေးချိန်တက်လာခြင်း။
  • ဗိုက်နာဗိုက်အောင့်ခြင်း။
  • ဝမ်းလျှောခြင်း။
  • ဖျားခြင်း၊ခေါင်းကိုက်ခြင်း၊အရေပြားရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာတဝိုက်)၊အနီစက်များထွက်ခြင်း၊ယားယံခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Piracetam (ပိုင်ရာစီတမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Piracetam  ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Piracetam (ပိုင်ရာစီတမ်) နဲ့ ဓာတ်ပြုနိုင်သလား

Piracetam  က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Piracetam (ပိုင်ရာစီတမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Piracetam ဟာ အောက်ဖော်ပြပါ ကျန်းမာရေးအခြေအနေတွေနဲ့ သက်ရောက်ဓာတ်ပြုမှုတွေ ရှိနိုင်ပါတယ်။

  • သင့်ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်ဖူးလို့ ယူဆရင်။
  • သွေးယိုစီးခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိဖူးရင်။
  • Huntington ရောဂါ ခံစားနေရရင်။

Piracetam  ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Piracetam (ပိုင်ရာစီတမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

cortical myoclonus အတက်ရောဂါအတွက် :

သောက်ဆေးအဖြစ် : ၇.၂ မီလီဂရမ်ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခွဲပြီး သောက်နိုင်ပါတယ်။သုံးလေးရက်ခြားတခါ ဆေးပမာဏကို တိုးသွားနိုင်ပြီး တရက်ကို ၄.၈ ဂရမ်ပမာဏ အထိ တိုးနိုင်ပါတယ်။

အများဆုံးပေးနိုင်တဲ့ ဆေးပမာဏကတော့ တနေ့ကို ၂၀ ဂရမ် ဖြစ်ပါတယ်။

မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများအတွက် :

သောက်ဆေးအဖြစ် : နေ့စဉ် ၂.၄ မီလီဂရမ် သောက်သွားနိုင်ပြီး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ခွဲသောက်နိုင်ကာ အခြေအနေဆိုးတဲ့လူနာတွေမှာ တနေ့ကို ၄.၈ ဂရမ်အထိ ပေးနိုင်ပါတယ်။

ကလေးတွေအတွက် Piracetam (ပိုင်ရာစီတမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Piracetam (ပိုင်ရာစီတမ်) ကိုဘယ်လိုရရှိနိုင်သလဲ

piracetam  ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြား ၈၀၀ မီလီဂရမ်။
  • ဆေးတောင့် ၄၀၀ မီလီဂရမ်။
  • ဆေးရည် 12 g/60 ml.

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Piracetam  ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 11, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 11, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ