backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pilocarpine (ပိုင်လိုကာပင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Pilocarpine (ပိုင်လိုကာပင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Pilocarpine သည် မျက်လုံးအတွင်းရှိ အရည်ပမာဏကို နည်းစေသဖြင့် မျက်လုံးအတွင်းဖိအားကို လျှော့ချပေးနိုင်သည်။ မျက်လုံးအတွက် သုံးသော Pilocarpine ကို ရေတိမ် သို့မဟုတ် မျက်လုံးအတွင်း ဖိအားများခြင်းတို့အတွက် သုံးသည်။

Pilocarpine (ပိုင်လိုကာပင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Pilocarpine ကို ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း အတိအကျ အသုံးပြုပါ။ ဆရာဝန် ညွှန်ကြားထားသည်ထက် ပမာဏပို၍ သုံးခြင်း၊ကာလကြာကြာပို၍ သုံးခြင်းတို့ကို မပြုလုပ်ရပါ။ ဆေးဗူး /ပုလင်းတွင်ပါသော လမ်းညွှန်ချက်ကို အတိအကျလိုက်နာပါ။ မျက်စဉ်းအသုံးမပြုမီ လက်ကို စင်ကြယ်စွာ ဆေးပါ။ မျက်စဉ်းခပ်ရန်

-သင့်ခေါင်းကို နောက်လှန်လိုက်ပါ။ မျက်လုံးကို အပေါ်လှန်ကြည့်ပြီး မျက်စဉ်းဝင်မည့်နေရာလေး ဖြစ်လာစေရန် အောက်မျက်ခမ်းကို ဆွဲချပါ။ မျက်စဉ်းဗူး၏ထိပ်ကို မျက်လုံး၏ အပေါ်တည့်တည့်တွင်ထားပြီး အစက်တစက်ချပါ။ ထို့နောက် မျက်လုံးကို အောက်သို့တချက်ကြည့်ပြီး ၁မိနစ် ၂မိနစ်ခန့် မှိတ်ထားပါ။

-မျက်ရည်ပြွန်ထဲသို့ မျက်စဉ်းရည်များ စီးမသွားစေရန် မျက်စိ၏ အတွင်းဖက်ထောင့် (နှာခေါင်းနားနေရာ)ကို တမိနစ်ခန့် အသာဖိထားပါ။

-အကယ်၍သင်သည် အခြားသော ဆေးဝါးများကိုလည်း အသုံးပြုသေးပါက အဆိုပါ မတူညီသော ဆေးများကို အနည်းဆုံး ၅မိနစ်ခန့် ခြားပြီးမှ အသုံးပြုရပါမည်။

-မျက်စဉ်းဗူး၏ ထိပ်ကို သင့်လက်နှင့် မျက်စိအပါအဝင် မည်သည့်အရာနှင့်မှ မထိပါစေနှင့်။ ထိုသို့မဟုတ်ပါက မျက်စိထဲ ပိုးဝင်နိုင်ပြီး ဆိုးရွားသောနောက်ဆက်တွဲပြဿနာများ (မျက်စိကွယ်ခြင်းအပါအဝင်)ကို ခံစားရစေနိုင်ပါသည်။

-အကယ်၍ မျက်စဉ်းရည် အရောင်ပြောင်းသွားလျှင် ဖြစ်စေ၊အမှုန်များပါနေသည်ဖြစ်စေ ဆက်လက်အသုံးမပြုပါနှင့်။ သင့်ဆရာဝန်ထံမှ အသစ်တဗူး ရယူပါ။

Pilocarpine (ပိုင်လိုကာပင်း) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Pilocarpine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Pilocarpine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Pilocarpine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Pilocarpine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Pilocarpine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pilocarpine (ပိုင်လိုကာပင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Pilocarpine ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။

—>ဓါတ်မတည့်ခြင်း

Pilocarpine ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓါတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

ကလေးငယ်များတွင် Pilocarpine ၏ အာနိသင် ကို တိကျစွာ စမ်းသပ်ထားခြင်း မရှိသော်လည်း အရွယ်ရောက်ပြီးသူများနှင့် မတူညီသော အာနိသင် နှင့် ဘေးထွက်ဆိုးကျိုးများ ကလေးများတွင် ရရှိဖြစ်ပေါ်လိမ့်မည်ဟု မယူဆနိုင်ပါ။

—–>သက်ကြီးရွယ်အိုများ

ဆေးအများစုကို အသက်အရွယ်ကြီးသူများတွင် အထူးတလည်စမ်းသပ်လေ့ မရှိပါ။ ထို့ကြောင့် လူငယ်များတွင် ရရှိသည့် အာနိသင်များအတိုင်း အသက်ကြီးသူများတွင် ရရှိခြင်း ရှိမရှိ သေချာစွာ မသိရပါ။ ထိုသို့ အသက်ကြီးသူများတွင် Pilocarpine ၏ အာနိသင် ကို တိကျစွာ စမ်းသပ်ထားခြင်း မရှိသော်လည်း လူငယ်များနှင့် မတူညီသော အာနိသင် နှင့် ဘေးထွက်ဆိုးကျိုးများ အသက်ကြီးသူများတွင် ရရှိဖြစ်ပေါ်လိမ့်မည်ဟု မယူဆနိုင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pilocarpine (ပိုင်လိုကာပင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Pilocarpine (ပိုင်လိုကာပင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

-ချွေးထွက်ခြင်း၊နှာရည်ယိုခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ချမ်းခြင်း၊နီရဲပူနွေးခြင်း၊ဆီးခဏခဏသွားခြင်း၊မူးဝေထိုင်းမှိုင်းလေးလံခြင်း၊အားနည်းခြင်း၊ဝမ်းလျှောခြင်း၊အမြင်အာရုံ ဝေဝါးခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ အဆိုပါလက္ခဏာများ ဆက်လက်ရှိနေလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကို အမြန်အသိပေးပါ။

ဤဆေးသည် ပုံမှန်ထက်ပို၍ မျက်ရည်ထွက်စေသဖြင့် သင့်တွင် မျက်စိခြောက်ခြင်း (ဥပမာ ။ ။ Sjogren’s Syndrome)ပြဿနာရှိပါက ပို၍ အကျိုးဖြစ်စေသည်။ သို့သော် မျက်ရည်ထွက်ခြင်းမှာ အလွန်အကျွံဖြစ်လာပါက ဆရာဝန်ကို အသိပေးပါ။

Pilocarpine ကို အသုံးပြုခြင်းသည် အပြစ်ထက် အကျိုးက ပိုများစေ၍ သင့်ဆရာဝန်က အသုံးပြုရန် လမ်းညွှန်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Pilocarpine ကို အသုံးပြုသူ အများစုတွင် ဆိုးရွားပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ခံစားရလေ့မရှိပါ။

-အောက်ပါ ပြင်းထန်သော ဘေးထွက်လက္ခဏာများကို ခံစားရပါက ဆရာဝန်ကို ပြောပြပါ။

–နှလုံးခုန်နှေးခြင်း၊မြန်ခြင်း။

–ခြေထောက်တို့ တုန်ယင် အကြောလိုက်ခြင်း။

–သတိလစ်ခြင်း။

–အဆုတ်ပြဿနာများ(ဥပမာ။ ။ ချောင်းဆိုးချွဲထခြင်း၊အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း)။

–စိတ်နေစိတ်ထားများ ပြောင်းခြင်း(ဥပမာ။ ။ စိတ်တိုစိတ်ဆတ်ခြင်း)

–ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊နာခြင်း။

အလွန်ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ ရှားပါးပါသည်။ သို့သော် အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Pilocarpine (ပိုင်လိုကာပင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Pilocarpine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)အထူးသဖြင့်

—–> Tegafur

အစားအသောက်တွေနဲ့ အရက်က Pilocarpine (ပိုင်လိုကာပင်း) နဲ့ ဓါတ်ပြုနိုင်သလား

Pilocarpine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pilocarpine (ပိုင်လိုကာပင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Pilocarpine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

—–>ပန်းနာရင်ကြပ်ရောဂါ။

—–>အခြားသော မျက်စိရောဂါ/ပြဿနာများ ——> Pilocarpine က အခြေအနေကို ပိုဆိုးစေမည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pilocarpine (ပိုင်လိုကာပင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Pilocarpine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ရေတိမ်အတွက်

-မျက်စဉ်း——-> ရောဂါဖြစ်သော မျက်လုံးထဲသို့ တခါခတ်လျှင် ၁စက်မှ ၂စက်ကို တနေ့လျှင် သုံး၊လေးကြိမ်ခန့် ခတ်ပေးပါ။ အခြားမျက်စဉ်းများခတ်ရန် ရှိပါက အနည်းဆုံး ၅မိနစ်ခန့် ခြားပေးပါ။ မျက်ကပ်မှန်တပ်သူ ဖြစ်ပါက မျက်ကပ်မှန်ချွတ်ပြီးမှ မျက်စဉ်းခတ်ပါ။ ထို့နောက် ၁၅မိနစ်ခန့် အနည်းဆုံးကြာပြီးမှ မျက်ကပ်မှန်ကို ပြန်တပ်ပါ။

-ဂျဲလ် ——-> ဂျဲလ်ပမာဏအနည်းငယ်ကို (လက်သန်းစွန်းခန့်) ရောဂါဖြစ်သော မျက်လုံး၏ အောက်မျက်ခမ်းထဲသို့ ညအိပ်ယာဝင်တိုင်း ထည့်ပေးပါ။ အခြားမျက်စဉ်းများခတ်ရန် ရှိပါက အနည်းဆုံး ၅မိနစ်ခန့် ခြားပေးပါ။

-မျက်လုံးထဲ ထည့်ရသော ပစ္စည်းလေး ——-> တခုကို ရောဂါဖြစ်သော မျက်လုံး၏ အောက်မျက်ခမ်းထဲသို့ ညအိပ်ယာဝင်တိုင်း ထည့်ပေးပါ။၎င်းက ၇ရက်တခါလဲပေးပါ။

မျက်လုံးအတွင်း ဖိအားများခြင်းအတွက်

-မျက်စဉ်း——-> ရောဂါဖြစ်သော မျက်လုံးထဲသို့ တခါခတ်လျှင် ၁စက်မှ ၂စက်ကို တနေ့လျှင် သုံး၊လေးကြိမ်ခန့် ခတ်ပေးပါ။ အခြားမျက်စဉ်းများခတ်ရန် ရှိပါက အနည်းဆုံး ၅မိနစ်ခန့် ခြားပေးပါ။ မျက်ကပ်မှန်တပ်သူ ဖြစ်ပါက မျက်ကပ်မှန်ချွတ်ပြီးမှ မျက်စဉ်းခတ်ပါ။ ထို့နောက် ၁၅မိနစ်ခန့် အနည်းဆုံးကြာပြီးမှ မျက်ကပ်မှန်ကို ပြန်တပ်ပါ။

-ဂျဲလ် ——-> ဂျဲလ်ပမာဏအနည်းငယ်ကို (လက်သန်းစွန်းခန့်) ရောဂါဖြစ်သော မျက်လုံး၏ အောက်မျက်ခမ်းထဲသို့ ညအိပ်ယာဝင်တိုင်း ထည့်ပေးပါ။ အခြားမျက်စဉ်းများခတ်ရန် ရှိပါက အနည်းဆုံး ၅မိနစ်ခန့် ခြားပေးပါ။

-မျက်လုံးထဲ ထည့်ရသော ပစ္စည်းလေး ——-> တခုကို ရောဂါဖြစ်သော မျက်လုံး၏ အောက်မျက်ခမ်းထဲသို့ ညအိပ်ယာဝင်တိုင်း ထည့်ပေးပါ။၎င်းက ၇ရက်တခါလဲပေးပါ။

ကလေးတွေအတွက် Pilocarpine (ပိုင်လိုကာပင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

ရေတိမ်အတွက်

၁နှစ် မှ ၁၈နှစ် အထိ

-မျက်စဉ်း——-> ရောဂါဖြစ်သော မျက်လုံးထဲသို့ တခါခတ်လျှင် ၁စက်မှ ၂စက်ကို တနေ့လျှင် သုံး၊လေးကြိမ်ခန့် ခတ်ပေးပါ။ အခြားမျက်စဉ်းများခတ်ရန် ရှိပါက အနည်းဆုံး ၅မိနစ်ခန့် ခြားပေးပါ။ မျက်ကပ်မှန်တပ်သူ ဖြစ်ပါက မျက်ကပ်မှန်ချွတ်ပြီးမှ မျက်စဉ်းခတ်ပါ။ ထို့နောက် ၁၅မိနစ်ခန့် အနည်းဆုံးကြာပြီးမှ မျက်ကပ်မှန်ကို ပြန်တပ်ပါ။

-ဂျဲလ် ——-> ဂျဲလ်ပမာဏအနည်းငယ်ကို (လက်သန်းစွန်းခန့်) ရောဂါဖြစ်သော မျက်လုံး၏ အောက်မျက်ခမ်းထဲသို့ ညအိပ်ယာဝင်တိုင်း ထည့်ပေးပါ။ အခြားမျက်စဉ်းများခတ်ရန် ရှိပါက အနည်းဆုံး ၅မိနစ်ခန့် ခြားပေးပါ။

မျက်လုံးအတွင်း ဖိအားများခြင်းအတွက်

၁နှစ် မှ ၁၈နှစ်အထိ

-မျက်စဉ်း——-> ရောဂါဖြစ်သော မျက်လုံးထဲသို့ တခါခတ်လျှင် ၁စက်မှ ၂စက်ကို တနေ့လျှင် သုံး၊လေးကြိမ်ခန့် ခတ်ပေးပါ။ အခြားမျက်စဉ်းများခတ်ရန် ရှိပါက အနည်းဆုံး ၅မိနစ်ခန့် ခြားပေးပါ။ မျက်ကပ်မှန်တပ်သူ ဖြစ်ပါက မျက်ကပ်မှန်ချွတ်ပြီးမှ မျက်စဉ်းခတ်ပါ။ ထို့နောက် ၁၅မိနစ်ခန့် အနည်းဆုံးကြာပြီးမှ မျက်ကပ်မှန်ကို ပြန်တပ်ပါ။

-ဂျဲလ် ——-> ဂျဲလ်ပမာဏအနည်းငယ်ကို (လက်သန်းစွန်းခန့်) ရောဂါဖြစ်သော မျက်လုံး၏ အောက်မျက်ခမ်းထဲသို့ ညအိပ်ယာဝင်တိုင်း ထည့်ပေးပါ။ အခြားမျက်စဉ်းများခတ်ရန် ရှိပါက အနည်းဆုံး ၅မိနစ်ခန့် ခြားပေးပါ။

Pilocarpine (ပိုင်လိုကာပင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Pilocarpine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဂျဲလ် : Pilopine HS : 4% (4g)

မျက်စဉ်းရည် : 1% (15 mL); 2% (15 mL); 4% (15 mL);

Generic: 1% (15 mL); 2% (15 mL); 4% (15 mL)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement