Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Piascledine® 300mg ကို အဆစ်အမြစ်ရောင် ရောဂါ၏ လက္ခဏာများကို ကုသရန် အသုံးပြုသည်။

ဆေးသည် နာကျင်ခြင်း ကဲ့သို့ အရိုးနုများ ပျက်စီးသည့် လက္ခဏာများကို သက်သာစေပြီး လူနာ၏ လှုပ်ရှားနိုင်မှုကို တိုးတက်စေသည်။

Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) ဘယ်လိုသောက်သုံးသင့်သလဲ

      ဤဆေးကို

  • အစာဖြင့် သောက်ပါ။
  • အရည် လုံလုံလောက်လောက်ဖြင့် မျိုချပါ။
  • ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင် ညွှန်ကြား သည့်အတိုင်း သောက်ပါ။

Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) ဘယ်လိုသိမ်းဆည်းရမလဲ

      Piascledine® 300mg ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Piascledine® 300mg  ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။

Piascledine® 300mg  တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Piascledine® 300mg  ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    Piascledine® 300mg ကို ဆေး၏ ပါဝင်ပစ္စည်းတစ်ခုခု နှင့် ဓာတ်မတည့်သည့် သူတိုင်း ရှောင်ကြဉ်သင့်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ်တွင် Piascledine® 300mg သုံးခြင်းသည် ဘေးကင်းသလား သေချာ မသိရှိပါ။ Piascledine® 300mg မသောက်မီ ဖြစ်ပေါ်နိုင်သော ကောင်းကျိုး နှင့် ဆိုးကျိုးကို ချိန်ညိရန် ဆရာဝန် နှင့် အမြဲ တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

     ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

       Piascledine® 300mg သည် သင်လက်ရှိသောက်နေ သော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။

ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) နဲ့ ဓာတ်ပြုနိုင်သလား

     Piascledine® 300mg သည်အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ  အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုမှု ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

      Piascledine® 300mg သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန် သက်ရောက်မှု ရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

       ထောက်ခံထားသော ပမာဏသည် တစ်နေ့လျှင် ဆေးတောင့် ၁လုံးဖြစ်သည်။

ကလေးတွေအတွက် Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

     ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိ သေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဆေး၏ ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Piascledine 300 (ပီရပ်စ်ကလီဒင်း ၃၀၀ မီလီဂရမ်) ကိုဘယ်လိုရရှိနိုင်သလဲ

       Piascledine® 300mg ကို အောက်ပါ ပုံစံ၊ ပြင်းအား ဖြင့် ရနိုင်ပါသည်။

  • Piascledine® 300mg ဆေးတောင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Piascledine® 300mg သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 21, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 21, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ