Generic Name: Phenol (ဖီနော) Brand Name(s): Phenol (ဖီနော).

အသုံးပြုပုံများ

Phenol (ဖီနော) ကို ဘာအတွက်အသုံးပြုကြသလဲ

Phenol ကို လည်ချောင်းနာခြင်း၊ပါးစပ်နာခြင်း၊နှုတ်ခမ်းတဝိုက်တွင်ပေါက်လေ့ရှိသော canker အနာများကြောင့် နာကျင်ခြင်းများနှင့် ပါးစပ်အနည်းငယ်နီရဲရောင်ရမ်းခြင်းတို့ကို ကုသရန်သုံးသည်။ဆရာဝန် ညွှန်ကြားသော အခြားအခြေအနေများတွင် လည်း သုံးနိုင်သည်။ Phenol ဖြန်းဆေးသည် ထုံဆေးနှင့် အကိုက်အခဲပျောက်ဆေးတို့ ပေါင်းစပ်ထားခြင်းဖြစ်သဖြင့် နာကျင်ရောင်ရမ်းနေသော နေရာများကို ထုံကျင်စေကာ ဝေဒနာကို သက်သာစေသည်။

Phenol (ဖီနော) ဘယ်လိုသောက်သုံးသင့်သလဲ

Phenol ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။
Phenol ဖြန်းဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုပါ။ ဆေးပမာဏ အတိအကျကို သိရှိနိုင်ရန် ဆေးဗူး၊ပုလင်းတွင်ပါသော လမ်းညွှန်ချက်ကို သေချာစွာဖတ်ရှုပါ။ ဝေဒနာခံစားနေရသော နေရာကို ဖြန်းပြီး ၁၅စက္ကန့်ခန့် အကြာတွင် အပြင်သို့ ထွေးထုတ်ပါ။Phenolဖြန်းဆေး ကို သုံးရန် လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသော အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော် နောက်တစ်ကြိမ် သုံးရမည့်အချိန်နှင့် နီးကပ်နေလျှင် လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်တွင်သာ အသုံးပြုပါ။ ဆေးပမာဏကို နှစ်ဆတိုးမသုံးစွဲရ။Phenol ဖြန်းဆေးကို အသုံးပြုခြင်းနှင့် ပတ်သက်ပြီး မရှင်းလင်းသည်များရှိပါက သင့်ဆရာဝန်ကို မေးမြန်းပါ။

Phenol (ဖီနော) ဘယ်လိုသိမ်းဆည်းရမလဲ

Phenol ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Phenol ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Phenol ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Phenol ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Phenol ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Phenol ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Phenol (ဖီနော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Phenol ဆေးသုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။
—>ဓာတ်မတည့်ခြင်း
Phenol နှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။
—>ကလေးသူငယ်များ
ကလေးငယ်များတွင် Phenol ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။
—>သက်ကြီးရွယ်အိုများ
လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Phenol ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Phenol (ဖီနော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Phenol ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Phenol ဆေးသုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။
—>ဓာတ်မတည့်ခြင်း
Phenol နှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။
—>ကလေးသူငယ်များ
ကလေးငယ်များတွင် Phenol ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။
—>သက်ကြီးရွယ်အိုများ
လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Phenol ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Phenol (ဖီနော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် အမြန်ပြသပါ။
-အသက်ရှုရခက်ခြင်း၊ဖျားခြင်း၊ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်း၊မအီမသာဖြစ်ခြင်း။
-အနီစက်များထွက်ခြင်း၊ဖောရောင်ခြင်း။
-ပါးစပ်ထဲ သို့မဟုတ် ပါးစပ်တဝိုက်ရှိ မူလအနာ၏ နီရဲရောင်ရမ်းနာကျင်ခြင်းများ ပိုဆိုးလာခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Phenol (ဖီနော) နဲ့ ဓာတ်ပြုနိုင်သလဲ

Phenol ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Phenol (ဖီနော) နဲ့ ဓာတ်ပြုနိုင်သလား

Phenol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Phenol (ဖီနော) နဲ့ ဓာတ်ပြုနိုင်သလဲ

ဆေးဝါးဓာတ်ပြုမှုများ။
ဘယ်ဆေးဝါးတွေက Phenol နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Phenol ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Phenol နဲ့ ဓာတ်ပြုနိုင်ပါသလား။

Phenol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Phenol နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Phenol ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
-ပါးစပ်အတွင်း သို့မဟုတ် ပါးစပ်အနီးတဝိုက်တွင် ကူးစက်တတ်သော ရောဂါတခုခုရှိလျင်
-ပါးစပ်အတွင်း သို့မဟုတ် ပါးစပ်အနီးတဝိုက်တွင် ကြီးမားသော အနာရှိလျှင် —-> ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေမည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Phenol (ဖီနော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Phenol ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ဖြန်းဆေး (1.4%) —-> လည်ချောင်းထဲသို့ တိုက်ရိုက်ဖြန်းပါ။ ၁၅စက္ကန့်ခန့်ထားပြီး ထွေးထုတ်ပါ။ထိုသို့ပြုလုပ်ခြင်းကို ၂နာရီခြား တခါခန့်လုပ်ပါ။
အာလုပ်ကျင်းဆေး (1.4%) ——> ပါးစပ်ထဲတွင် ၁၅စက္ကန့်ခန့်ထားပြီး ထွေးထုတ်ပါ။ထိုသို့ပြုလုပ်ခြင်းကို ၂နာရီခြား တခါခန့်လုပ်ပါ။

ကလေးတွေအတွက် Phenol (ဖီနော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

ဖြန်းဆေး : ၂နှစ် မှ ၁၂နှစ်အထိ : 1.4 %ဖြန်းဆေးကို ၃ချက် သို့မဟုတ် 0.5% ဖြန်းဆေးကို ၅ချက်ခန့် လည်ချောင်းထဲသို့ သို့မဟုတ် ဖြစ်သောနေရာကို တိုက်ရိုက်ဖြန်းပါ။ ၂နာရီခြား တခါ လုပ်ပါ။
၁၂ နှစ်အထက် : 1.4 %ဖြန်းဆေးကို ၅ချက်ခန့် လည်ချောင်းထဲသို့ သို့မဟုတ် ဖြစ်သောနေရာကို တိုက်ရိုက်ဖြန်းပါ။ ၂နာရီခြား တခါ လုပ်ပါ။
အာလုပ်ကျင်းဆေး : ၆နှစ် မှ ၁၂နှစ်အထိ —–>ဂွမ်းစကို သုံးပြီး 1.4% phenol ပမာဏ ၁၀စီစီကို ဖြစ်သောနေရာသို့ အသာ တို့ပြီးလိမ်းပေးပါ။၁၅စက္ကန့်ခန့် အာလုပ်ကျင်းပြီးလျင် ထွေးထုတ်ပါ။
၁၂နှစ်အထက် ——-> 1.4%phenol ကို ပါးစပ်ထဲတွင် ၁၅စက္ကန့်ခန့်ထားပြီး ထွေးထုတ်ပါ။ထိုသို့ပြုလုပ်ခြင်းကို ၂နာရီခြား တခါခန့်လုပ်ပါ။

Phenol (ဖီနော) ကိုဘယ်လိုရရှိနိုင်သလဲ

• ဖြန်းဆေး
• ငုံဆေး

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Phenol ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ