Generic Name: Pethidine/Meperidine Hydrochloride (ပက်သဒင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Pethidine/Meperidine Hydrochloride (ပက်သဒင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

pethidine/meperidine hydrochloride သည် မူးယစ်စေသော အာနိသင်ရှိသည့် အနာသက်သာဆေး ဖြစ်ပါသည်။ ထိုဆေးသည် ဦးနှောက်ရှိအာရုံကြောများကို မူးယစ်ထိုင်းမှိုင်းစေခြင်းဖြင့် နာကျင်မှုကို သက်သာစေပါသည်။

ထိုဆေးကို အများအာဖြင့် ပြင်းထန် အဆင့်နှင့် အလယ်လတ်အဆင့်ရှိသော နာကျင်မှုများကို ခဏတာ သက်သာစေရန် အသုံးပြုပါသည်။ခွဲစိတ်မှုများ မပြုလုပ်မီနှင့် ပြုလုပ်နေစဉ်အတွင်း၊ ကလေးမွေးနေစဉ် နာကျင်မှုများ သက်သာအောင် သုံးသောဆေး ဖြစ်ပါသည်။

ထို့ပြင် ဆရာဝန်ညွှန်ကြားချက်နှင့် အညီအခြားသော ကုသမှုများတွင်လည်း အသုံးပြုပါသည်။

Pethidine/Meperidine Hydrochloride (ပက်သဒင်း) ဘယ်လိုသောက်သုံးသင့်သလဲ

pethidine/meperidine hydrochloride ကို အများအားဖြင့် ဆေးရုံ ဆေးခန်းများတွင် ထိုးဆေးအနေနှင့် အသုံးပြုကြပါသည်။ ဆေးအရည်သည် အရောင်နောက်နေခြင်း၊အရောင်ပြောင်းနေခြင်း၊ ဆေးဗူးများကွဲကြေပျက်စီးနေခြင်းများရှိလျှင် ဆေးကို မသုံးပါနှင့်။ ထို့ပြင် ထိုးဆေးကို မှီဝဲနေစဉ်တွင် ရေများများသောက်ရန် လိုအပ်ပါသည်။

သင့်အရေပြားကို ဆေးနှင့် ထိမိလျှင် ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးရပါမည်။ အကယ်၍ နှုတ်ခမ်း၊ လျှာ နှင့် နှာခေါင်းပေါက်များနှင့် ထိမိပါက သေချာစွာ ပလုတ်ကျင်းရမည်ဖြစ်သည်။

ဆေးထိုးသည့် ပစ္စည်းများနှင့် ဆေးဗူးများကို ကလေးသူငယ်များနှင့် ဝေးသော နေရာတွင်ထားပါ။ ဆေးထိုးအပ်များကို တခါသုံးများအသုံးပြုပါ။ အသုံးပြုသော ဆေးထိုးအပ်များနှင့် ချွန်ထက်သော အရာများကို သတ်မှတ်ထားသော နေရာတွင် စနစ်တကျစွန့်ပစ်ပါ။

မသိလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Pethidine/Meperidine Hydrochloride (ပက်သဒင်း) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

pethidine/meperidine hydrochloride ကို ၃၀ ဒီဂရီ ဆဲလ်စီးရပ်စ်အောက် မှာသိမ်းပါ။တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ pethidine/meperidine hydrochloride ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ pethidine/meperidine hydrochloride ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

pethidine/meperidine hydrochloride ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

pethidine/meperidine hydrochloride ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pethidine/Meperidine Hydrochloride (ပက်သဒင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန်  လိုအပ်သည်။

  • pethidine/meperidine hydrochloride ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်
  • သင့်တွင် အသက်ရှုကျပ်ခြင်း၊ အသက်ရှုနှုန်းနှေးခြင်းများဖြစ်နေလျှင်
  • ပြီးခဲ့သော ၂ပတ်အတွင်းတွင် monoamine oxidase inhibitor ( phenelzine) ဆေးများ သောက်ထားလျှင်
  • ritonavir, sibutramine, or sodium oxybate (GHB)စသည့်ဆေးများ သောက်နေလျှင်
  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်
  • codeine နှင့် morphine ပါသောဆေးများနှင့် ဓာတ်မတည့်လျှင်
  • အရက်နှင့် မူးယစ်စေသော အရာများ သောက်နေလျှင်၊အရက်ဖြတ်ခြင်း၊ ဆေးဖြတ်ခြင်းများ ပြုလုပ်ထားလျှင်

ယခုဆေးသည် မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်း ၊ ခေါင်းမကြည်ခြင်းများကို ဖြစ်စေနိုင်ပါသည်။ အရက်သောက်ခြင်း၊ ရာသီဥတု ပူအိုက်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ဖျားခြင်းတို့က ပိုပြီး မူးဝေစေပါသည်။ ထိုသို့ မဖြစ်အောင် အထူးသဖြင့် မနက်ပိုင်း အချိန်များတွင် အထိုင်အထကို ဖြေးဖြေးလုပ်ပါ။ ထိုသို့ဖြစ်လာလျှင် ထိုင်ခြင်း၊ လဲလျောင်းခြင်းတို့ကို ပြုလုပ်လိုက်ပါ။

ထိုဆေး၏အာနိသင်တုန့်ပြန်မှုကို မသိပါဘဲနှင့် ကားမောင်းခြင်း၊ အရေးကြီးသော တာဝန်များထမ်းဆောင်ခြင်းတို့ကို မပြုလုပ်ရပါ။

ယခုဆေးသည် ၀မ်းချုပ်စေနိုင်ပါသည်။ ထို့ကြောင့် ၀မ်းနှုတ်ဆေးများ၊ ၀မ်းပျော့ဆေးများ သုံးမည်ဆိုပါက ဆရာဝန်အား အရင်တိုင်ပင်သင့်ပါသည်။ထို့ပြင် အမျှင်ဓာတ်များသော အစားအစာများစားခြင်း၊ ရေများများသောက်ခြင်း၊ လေ့ကျင့်ခန်းများများ လုပ်ခြင်းတို့ဖြင့် ၀မ်းမချုပ်စေရန် ကာကွယ်နိုင်ပါသည်။ ထိုသို့ပြုလုပ်လျက်မှ ၀မ်းချုပ်လာလျှင် ဆရာဝန်ထံသွားပြပါ။

ဆေးကို သတ်မှတ်ထားသော အချိန်အတိုင်းအတာထက် ပိုသုံးခြင်းမျိုးမပြုလုပ်ပါနှင့်။ ယင်းသို့ ပြုလုပ်ခြင်းသည် ဆေးလွန်ကာ အဆိပ်သင့်စေသည့်အပြင် တက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။

ဆေးကို ဆရာဝန်ညွှန်ကြားချက် မပါဘဲ ရုတ်တရက် ရပ်လိုက်ခြင်းမျိုး မပြုလုပ်ပါနှင့်။ ဆေးသောက်ချိန် ရက်သတ္တပတ်အနည်းငယ်ကျော်လွန်လာလျှင် ဆရာဝန်အားတိုင်ပင်ပါ။ ဆရာဝန်က ဆေး၏ဆိုးကျိုးများ မခံစားရအောင် ဖြေးဖြေးချင်းဖြတ်ပါလိမ့်မည်။

ယခုဆေးကို ထိုးနေစဉ် ဆေးကုသမှုများ၊ ခွဲစိတ်မှုများ၊ သွားနှင့် ခံတွင်းကုသမှုများ ခံယူရမည်ဆိုပါက မပြုလုပ်မီ ဆရာဝန်အားပြောပြပါ။

ယခုဆေးကို အသက်ကြီးသူများနှင့် ကလေးငယ်များတွင် သတိနှင့် အသုံးပြုပါ။ ကလေးငယ်များသည် ဆေးကြောင့် အသက်ရှုနှေးခြင်း၊ အသက်ရှုကျပ်ခြင်းများ ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။

ဆေးကို အချိန်ကြာမြင့်စွာ သုံးခြင်း၊ ပမာဏများစွာသုံးခြင်းသည် လိုအပ်သည်ထက်ပိုသုံးခြင်းဖြစ်သွားသောကြောင့် ဆေးယဉ်ပါးသွားနိုင်ပါသည်။ ထို့ကြောင့် ဆေးကို သတ်မှတ်ထားသော အချိန်အတိုင်းအတာထက် ပိုသုံးခြင်းမျိုးမပြုလုပ်ပါနှင့်။ ဆေးသုံးနေရင်း ဆေးမတိုးတော့လျှင် ဆရာဝန်အား ပြောပြပါ။

ထို့ပြင် အချိန်ကြာမြင့်စွာ သုံးခြင်းကြောင့် ဆေးကို မသုံးရမနေနိုင်အောင် ဖြစ်သွားစေပါသည်။ ယင်းကို ဆေးစွဲခြင်းဟုခေါ်ပါသည်။

ဆေးကို ရုတ်တရက် ဖြတ်လိုက်လျှင် ဆေးဖြတ်ခြင်း၏ လက္ခဏာများဖြစ်သော စိုးရိမ်စိတ်များခြင်း၊ ခံတွင်းပျက်ခြင်း၊ ခါးနာခြင်း၊ ချမ်းခြင်း၊ ၀မ်းလျှောခြင်း၊ သူငယ်အိမ်များ ကျယ်ခြင်း၊နှလုံးခုန် အသက်ရှုနှုန်းများ မြန်ခြင်း၊မျက်ရည်များ ကျခြင်း၊ဂနာမငြိမ်ဖြစ်ခြင်း၊ အဆစ်များနှင့် ကြွက်သားများ နာကျင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အဆက်မပြတ် ပြင်းထန်စွာ ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း၊ ဗိုက်ရစ်ခြင်း၊ ချွေးပြန်ခြင်း၊ သန်းခြင်း တို့ဖြစ်စေနိုင်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pethidine/Meperidine Hydrochloride (ပက်သဒင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်   C           ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Pethidine/Meperidine Hydrochloride (ပက်သဒင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါတို့သည် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများဖြစ်ပြီး ယင်းတို့ မခံမရပ်နိုင်အောင် ဖြစ်လာပါက ဆရာဝန်နှင့် ပြသရမည်ဖြစ်ပါသည်။

  • ၀မ်းချုပ်ခြင်း
  • မူးဝေခြင်း
  • ထိုင်းမှိုင်းခြင်း
  • မျက်နှာနီခြင်း
  • ခေါင်း မကြည်ခြင်း
  • ခံတွင်းပျက်ခြင်း
  • အန်ခြင်း
  • ပျို့ခြင်း
  • ချွေးပြန်ခြင်း တို့ဖြစ်ပါသည်။

အောက်ပါ ပြင်းထန်သောဆိုးကျိုးများ ကို ခံစားရလျှင် နီးစပ်ရာဆေးခန်းသို့ ချက်ချင်းသွားပြရပါမည်။

  • အနီဖုများထွက်ခြင်း
  • အင်ပြင်ထခြင်း
  • ယားယံလာခြင်း
  • အသက်ရှုကျပ်လာခြင်း
  • ရင်ကျပ်ခြင်း
  • နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • စိတ်အာရုံရှုပ်ထွေးခြင်း
  • ဆီးသွားရခက်ခြင်း
  • မူးမိုက်ခြင်း
  • နှလုံးခုန်မှန်ခြင်း
  • ထင်ယောင်ထင်မှားဖြစ်ခြင်း
  • စိတ်အခြေအနေများ ပြောင်းလဲခြင်း၊ မူမမှန်ခြင်း
  • ခြေလက်များ ထုံကျဉ်ခြင်း
  • တက်ခြင်း
  • နေ့စဉ်ရက်ဆက် ၀မ်းချုပ်ခြင်း၊ ပြင်းထန်စွာ ဗိုက်ရစ်ခြင်း
  • ပြင်းထန်စွာအဆက်မပြတ် မူးဝေခြင်း
  • ပြင်းထန်စွာအဆက်မပြတ် ထိုင်းမှိုင်းခြင်း
  • အသက်ရှုနှုန်းနှေးခြင်း၊ အသက်ရှုကျပ်ခြင်း
  • ပြင်းထန်စွာအဆက်မပြတ် ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
  • ကတုန်ကယင်ဖြစ်ခြင်း
  • ကြွက်သားများ လှုပ်ရှားမှုမမှန်ခြင်း
  • အမြင်အာရုံများ ပြောင်းလဲခြင်း တို့ဖြစ်ပါသည်။

(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Pethidine/Meperidine Hydrochloride (ပက်သဒင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

pethidine/meperidine hydrochloride ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ပါဆေးများသည် pethidine/meperidine hydrochloride နဲ့ဓာတ်ပြုနိုင်သောဆေးများ ဖြစ်ပါသည်။

  • မူးယစ်ခြင်းကို ဖြစ်စေသော ၊ မဖြစ်စေသော butorphanol, pentazocine, naltrexone, rifamycins စသည့် ဆေးများအားလုံးသည် pethidine ၏ အာနိသင်ကို လျော့ပါးစေပါသည်။
  • Furazolidone , MAOIs (e.g., phenelzine) ဆေးများသည် မေ့မြောခြင်းကိုဖြစ်စေခြင်း၊ အသက်ရှုကျပ်စေခြင်း၊ သွေးပေါင်ကျခြင်း၊ တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း စသည့် pethidine ၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေပါသည်။
  • Selective serotonin reuptake inhibitors (SSRIs) (e.g., fluoxetine) , sibutramine ဆေးများသည် ကိုယ်အပူချိန်တက်ခြင်း၊ စိတ်အာရုံများ ပြောင်းလဲခြင်း၊ အကြောဆွဲခြင်း၊ ပြင်းထန်စွာ ထိုင်းမှိုင်းခြင်း စသည့် pethidine ၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေပါသည်။
  • Acyclovir, cimetidine, phenothiazines (e.g., chlorpromazine), phenytoin, ritonavir ဆေးများသည် pethidine ၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေပါသည်။
  • Cyclobenzaprine, sodium oxybate ဆေးများသည် pethidine ၏ အာနိသင်ကို လွန်ကဲစေပါသည်။

အစားအသောက်တွေနဲ့ အရက်က Pethidine/Meperidine Hydrochloride (ပက်သဒင်း) နဲ့ ဓာတ်ပြုနိုင်သလား

pethidine/meperidine hydrochloride က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pethidine/Meperidine Hydrochloride (ပက်သဒင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

pethidine/meperidine hydrochloride ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။  အထူးသဖြင့် အောက်ပါ ကျန်းမာရေး အခြေအနေများရှိနေပါက ဆရာဝန်အား အသိပေးရန် လိုအပ်ပါသည်။

အဆုတ်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ (ဥပမာ- ရင်ကျပ်ရောဂါ၊ နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ ၊ အဆုတ်ကြောင့် ဖြစ်သော နှလုံးရောဂါ)

သွေးထဲတွင် အောက်ဆီဂျင်နည်းပြီး ကာဗွန်ဒိုင်အောက်ဆိုက်များနေခြင်း

သွေးဥများမူမမှန်ခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်ခြင်း

Adrenal ဂလင်းနှင့် ဆိုင်သောရောဂါများ ဖြစ်ခြင်း

ခါးကျောရိုးစောင်ခြင်း

သိုင်းရွိုက်ဂလင်း ပြသနာများရှိခြင်း

သွေးပေါင်ကျခြင်း

ဆီးကြိတ်ကြီးခြင်း

ဆီးသွားရခက်ခြင်း

အသည်း နှင့် ကျောက်ကပ်ရောဂါများ ရှိခြင်း

နှလုံးရောဂါ(ဥပမာ-နှလုံးခုန် မမှန်ခြင်း)

တက်ခြင်း

အစာအိမ်နှင့် အူလမ်းကြောင်း ပြသနာများရှိခြင်း (ဥပမာ- အူရောင်ခြင်း)

မကြာသေးမီက ခေါင်းကို ထိခိုက်ဖူးခြင်း၊ ဦးနှောက်အကြိတ်များ ရှိခြင်း၊ ကြီးထွားလာခြင်း၊ ဦးနှောက်ထဲရှိအရည်များ ဖိအားများခြင်း

အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါး အလွဲသုံးစားလုပ်ခြင်း၊ ဆေးစွဲခြင်း၊ စိတ်မူမမှန်ခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံရန် အတွေးများဝင်ဖူးခြင်း

ပိုးသတ်ဆေးများသောက်ခြင်းကြောင့် အူရောင်ပြီး ၀မ်းလျှောခြင်း၊ ၀မ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ သွေးပေါင်ကျခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ အလွန်ပင်ပန်းနွမ်းနယ်ခြင်း တို့ဖြစ်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pethidine/Meperidine Hydrochloride (ပက်သဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • သက်လတ်ပိုင်းများ

အမေရိကန်နိုင်ငံ နာကျင်မှု အဖွဲ့အစည်း (၂၀၀၇)၏အဆိုအရ pethidine/meperidine hydrochloride သည် နာကျင်မှုကိုသက်သာစေသည့် ပထမဦးစားပေး ဆေးမဟုတ်ပါ။

အခြားရွေးချယ်စရာ မရှိတော့မှသာလျှင် ခဏတာနာကျင်မှုများ (၄၈ နာရီအောက်) အတွက် ဆေးပမာဏသည် တစ်နာရီလျှင် 600 mg မကျော်သင့်ပါ။ ဆေးကို ခဏတာနာကျင်ခြင်း ဖြစ်စေ၊ နာတာရှည်နာကျင်ခြင်းဖြစ်စေ သောက်ဆေးအနေဖြင့် ပေးခြင်းကို လုံးဝမထောက်ခံထားပါ။

နာကျင်မှု : သတ်မှတ်ထားသော ပမာဏမှာ သောက်ဆေး၊ အသားထိုးဆေး၊ အရေပြားအောက်ထိုးဆေး 50-150 mg နှင့် ၃/၄ နာရီခြားတွင် လူနာ၏ တုန့်ပြန်မှု အပေါ်မူတည်ပြီး လိုအပ်သလို ထိုးနိုင်ပါသည်။

မခွဲစိတ်မီ : သတ်မှတ်ထားသော ပမာဏမှာ အသားထိုးဆေး၊ အရေပြားအောက်ထိုးဆေး 50-150 mg နှင့် ၃/၄ နာရီခြားတွင် လူနာ၏ တုန့်ပြန်မှု အပေါ်မူတည်ပြီး လိုအပ်သလို ထိုးနိုင်ပါသည်။

ဆေးကိုဆက်တိုက်သွင်းခြင်း : သတ်မှတ်ထားသော ပမာဏမှာ တစ်နာရီလျှင် 15-35 mg ဖြစ်ပါသည်။

ကလေးမွေးချိန်တွင် အနာသက်သာစေရန် : သတ်မှတ်ထားသော ပမာဏမှာ အသားထိုးဆေး၊ အရေပြားအောက်ထိုးဆေး 50-100 mg နှင့် ၁နာရီမှ ၃  နာရီခြားတွင် လူနာ၏ တုန့်ပြန်မှု အပေါ်မူတည်ပြီး လိုအပ်သလို ထိုးနိုင်ပါသည်။

 

ဆေးပမာဏ နှင့်ပတ်သက်ပြီး အသိပေးခြင်း

  • ကျောက်ကပ်မကောင်းသူများတွင် မသုံးပါနှင့်။
  • အသည်းမကောင်းသူများတွင် ပထမအစတွင် ဆေးပမာဏကို လျှော့ပေးပါ။ အသည်းခြောက်သူများတွင် ဆေး၏အာနိသင် လွန်ကဲနိုင်သောကြောင့် ဖြစ်ပါသည်။

 

  • သက်ကြီးရွယ်အိုများ

သတ်မှတ်ထားသော ပမာဏမှာသောက်ဆေး 50 mg ၄ နာရီခြား သို့မဟုတ် အသားထိုးဆေး 25 mg ၄နာရီခြား  ဖြစ်ပါသည်။ ၄၈ နာရီအောက် နာကျင်မှုများအတွက် တကြိမ် ၂ ကြိမ်အထိသာ အသုံးပြုသင့်ပါသည်။

ကလေးတွေအတွက် Pethidine/Meperidine Hydrochloride (ပက်သဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အမေရိကန်နိုင်ငံ နာကျင်မှု အဖွဲ့အစည်း (၂၀၀၇)၏အဆို အရ meperidine သည် နာကျင်မှုကိုသက်သာစေသည့် ပထမဦးစားပေး ဆေးမဟုတ်ပါ။

အခြားရွေးချယ်စရာ မရှိတော့မှသာလျှင် ခဏတာနာကျင်မှုများ (၄၈ နာရီအောက်) အတွက် ဆေးပမာဏသည် တစ်နာရီလျှင် 600 mg မကျော်သင့်ပါ။ ဆေးကို ခဏတာနာကျင်ခြင်း ဖြစ်စေ၊ နာတာရှည်နာကျင်ခြင်းဖြစ်စေ သောက်ဆေးအနေဖြင့် ပေးခြင်းကို လုံးဝမထောက်ခံထားပါ။

နာကျင်မှု : သတ်မှတ်ထားသော ပမာဏမှာ သောက်ဆေး၊ အသားထိုးဆေး၊ အရေပြားအောက်ထိုးဆေး 1-1.8 mg/kg နှင့် ၃/၄ နာရီခြားတွင် လူနာ၏ တုန့်ပြန်မှု အပေါ်မူတည်ပြီး လိုအပ်သလို ထိုးနိုင်ပါသည်။ သို့သော် 100 mg ထက် မကျော်ရပါ။

မခွဲစိတ်မီ : သတ်မှတ်ထားသော ပမာဏမှာ အသားထိုးဆေး၊ အရေပြားအောက်ထိုးဆေး 1.1-2.2 mg/kg  ကို မေ့ဆေးမပေးမီ မိနစ် ၃၀ မှ ၉၀ အလိုတွင် ပေးနိုင်ပါသည်။

Pethidine/Meperidine Hydrochloride (ပက်သဒင်း) ကိုဘယ်လိုရရှိနိုင်သလဲ

pethidine/meperidine hydrochloride ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • pethidine/meperidine hydrochloride ဆေးပြား Schedule II50mg, 100mg
  • pethidine/meperidine hydrochloride သောက်ဆေးရည် 50mg/5mL
  • pethidine/meperidine hydrochloride ထိုးဆေးရည် Schedule II25mg/mL, 50mg/mL, 75mg/mL, 100mg/mL

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

pethidine/meperidine hydrochloride ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ