Generic Name: Paxeladine (ပါဆယ်လာဒင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Paxeladine (ပါဆယ်လာဒင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Paxeladine ကို oxeladine citrate ပါသော ချောင်းဆိုးပျောက်ဆေးရည် ဖြစ်သည်။  Paxeladine ကို လည်ချောင်းယား၍ချောင်းဆိုးခြင်း၊ ဓာတ်မတည့်မှုကြောင့် ချောင်းဆိုးခြင်း၊ စိတ်ကြောင့် ချောင်းဆိုးခြင်း၊ ချောင်းဆိုးသော နှလုံးဝေဒနာရှင်များ၊ လေပြွန်ရောင်ခြင်း၊ လေပြွန်ကြီးများရောင်ခြင်းနှင့် အသက်ရှုလမ်းကြောင့် မသန့်ရှင်းပဲ လေပြွန်မှ ထုတ်သည့်အရည်များနည်းသော အခြေအနေများတွင် အသုံးပြုနိုင်ပါသည်။

Paxeladine (ပါဆယ်လာဒင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ပါးစပ်မှသောက်သုံးရမည့်ပုံစံအတွက် အောက်ပါတို့ကို လုပ်ဆောင်သင့်သည်။

  • Paxeladine ဆေးရည်အား ဆရာဝန်ညွှန်ကြားထားသည့် ဆေးပမာဏ၊ အချိန်အတိုင်း သောက်ပါ။
  • Paxeladine ကို မသုံးခင် အညွှန်းစာကို သေချာဖတ်ပါ။
  • ဆေးညွှန်းနှင့်ပါတ်သတ်၍ မရှင်းလင်းသည်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

Paxeladine (ပါဆယ်လာဒင်း) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Paxeladine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Paxeladine ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။

Paxeladine ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။)

Paxeladine အား အိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချတာမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာ အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Paxeladine (ပါဆယ်လာဒင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Paxeladine အားမသုံးခင် သင့်၌အောက်ပါတို့ရှိနေလျှင် ဆရာဝန်အားပြောပါ။

  • ဓာတ်မတည့်ခြင်း- Paxeladine ၊ ၎င်းတွင်ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်လျှင်။ ဆေးနှင့်ဆိုင်သော အချက်အလက်များ အညွှန်းစာတွင် ပါပါသည်။
  • တခြားသောဆေးများ၊ အစာများ၊ ဆိုးဆေးများ၊ တာရှည်ခံဆေးများ သို့မဟုတ် တိရိစ္ဆာန်များနှင့် ဓာတ်မတည့်လျှင်
  • ကလေးငယ်
  • အသက်ကြီးသူ
  • တခြားသော ကျန်းမာရေးအခြေအနေ၊ သုံးနေသောဆေးများသည် Paxeladine နှင့် ဓာတ်ပြုမှုဖြစ်နိုင်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Paxeladine (ပါဆယ်လာဒင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Paxeladine (ပါဆယ်လာဒင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးများကဲ့သိုပင် Paxeladine သည်လည်း ဘေးထွက်ဆိုးကျိုးတစ်ချို့ကို ဖြစ်စေနိုင်ပါသည်။ ဖြစ်သည်မှာ ရှာပါးပြီး ဆေးအကူညီယူရန်လည်း မလိုအပ်တတ်ပါ။ သို့သော် ဆေးကိုအသုံးပြုပြီးနောက် ပြဿနာတစ်ခုခုရှိလာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အမြဲတမ်းအရေးကြီးပါသည်။

တစ်ချို့ဘေးထွက်ဆိုးကျိုးများကို အောက်တွင် စာရင်းပြုစုထားပါသည်။

  • အပိန့်များထခြင်း
  • မူးဝေခြင်း
  • ငိုက်မျဉ်းခြင်း
  • အနည်းငယ် အစာမကြေခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Paxeladine (ပါဆယ်လာဒင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Paxeladine သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။

မလိုလားအပ်သော ဆေးဝါးဓာတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။)

ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Paxeladine (ပါဆယ်လာဒင်း) နဲ့ ဓာတ်ပြုနိုင်သလား

Paxeladine က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Paxeladine (ပါဆယ်လာဒင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Paxeladine သည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအား ပိုဆိုးသွားစေခြင်း  သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။

ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီး၏။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Paxeladine (ပါဆယ်လာဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Paxeladine hydrochloride ဆေးပမာဏအတွက် အချက်အလက်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လူကြီးများအတွက် ရည်ညွှန်းပမာဏ – တိုင်းသည့်ဇွန်းကြီးဖြင့် ၁ ဇွန်အပြည့် (၅ မီလီလီတာခန့်) ကို လိုအပ်လျှင် ၄ နာရီခြားတစ်ခါသောက်ပါ။ တစ်ရက်လျှင် ၅ ကြိမ်ထက်ပိုမသောက်ရပါ။

ကလေးတွေအတွက် Paxeladine (ပါဆယ်လာဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Paxeladine hydrochloride ပမာဏနှင့် ပါတ်သတ်ပြီး ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

တစ်ချို့ဖြစ်ရပ်များအတွက် ရည်ညွှန်းပမာဏများ ကို အောက်တွက် စာရင်းပြုထားပါသည်။

လ ၃၀ မှ ၆ နှစ်အထိ ကလေးငယ်များ (၁၅ – ၂၀ ကီလိုကိုယ်အလေးချိန်) – တိုင်းသည့်ဇွန်းသေးဖြင့် တစ်ဇွန်း (၂.၅ မီလီလီတာ) ၄ နာရီခြားတစ်ခါ။ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တစ်ရက်လျှင် ၃-၄ ကြိမ်ထက် ပိုမသောက်ရပါ။

၆-၁၀ နှစ်ကလေးများအတွက် (၂၀ – ၃၀ ကီလိုအလေးချိန်) – စံပြတိုင်းသည့်ဇွန်းဖြင့် တစ်ဇွန်း (၅ မီလီလီတာခန့်) ကို လေးနာရီခြားတစ်ခါ။ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး တစ်ရက်လျှင် ၂-၃ ကြိမ်ထက် ပိုမသောက်ရပါ။

အသက် ၁၀-၁၅ နှစ်ကလေးများတွက် (၃၀-၅၀ ကီလို ကိုယ်အလေးချိန် – တိုင်းသည့်ဇွန်းသေးဖြင့် တစ်ဇွန်း (၅ မီလီလီတာခန့်) ကို လေးနာရီခြားတစ်ခါ။ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး တစ်ရက်လျှင် ၃-၅ ကြိမ်ထက် ပိုမသောက်ရပါ။

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ရာ လိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Paxeladine (ပါဆယ်လာဒင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Paxeladine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

Paxeladine ဆေးရည်ထုပ် – ၁၂၅ မီလီလီတာ၊ ၀.၂%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Paxeladine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သောက်လိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 19, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 19, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ