backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Paroxetine (ပါရိုစီတင်း)


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Paroxetine (ပါရိုစီတင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

စိတ်ကစဉ့်ကလျားရောဂါ၊ ထိန်းမရအောင်ကြောက်လန့်ခြင်းရောဂါ၊ တစုံတစ်ခုကိုတမ်းတမ်းစွဲတပ်မက်ခြင်း၊ အာသာဆန္ဒမထိန်းနိုင်ခြ င်း (OCD)၊ စိုးရိမ်ခြင်း၊ ထိခိုက်မှုနောက်ပိုင်းပြဿနာများကိုကုသရာမှာ သုံးပါတယ်။ ဦးနှောက်ထဲမှာရှိတဲ့ပစ္စည်း (serotonin) တွေကို အကျိုးသက်ရောက်မှုရှိပါတယ်။

selective serotonin reuptake inhibitor (SSRI)ဖြစ်ပါတယ်။ သင့်ရဲ့စိတ်ခံစားချက်၊ အအိပ်၊ အစား၊ စွမ်းအင်၊ နေ့စဉ်ဘဝအပေါ်မှာစိတ်ဝင်စားမှုရှိခြင်းကိုပြန်လည်ရရှိနိုင်ခြင်း တို့ကိုကောင်းမွန်စေပါတယ်။ ကြောက်လန့်ခြင်း၊ စိုးရိမ်ခြင်း၊ မလိုလားတဲ့အတွေးများ၊ ထိန်းမရအောင်ေကြောက်လန့်ခြင်းအကြိမ်ရေကို လျော့နည်းစေပါတယ်။ နေ့စဉ်ဘဝကိုထိခိုက်စေတဲ့ လက်ခဏခဏဆေးခြင်း၊ ရေတွက်ခြင်း၊ စစ်ဆေးခြင်းစတဲ့ အာသာဆန္ဒကိုမထိန်းနိုင်ခြင်းကဲ့သို့သော ခဏခဏပြုလုပ်ချင်နေသည့်ဆန္ဒကို လျော့စေခြင်းဖြစ်ပါတယ်။ ပြင်းထန်တဲ့ဓမ္မတာမလာခင်အကြိုရောဂါစု ( ဓမ္မတာအကြိုကျေနပ်မှုခေါင်းပါးကြောင့်ကြရောဂါ) ကိုကုသရာမှာလည်းသုံးပါတယ်။ မီးယပ်သွေးဆုံးချိန်မှာ ဖြစ်တဲ့ အပူအဖိမ့်တွေကိုလည်း ကုသနိုင်ပါတယ်။

Paroxetine (ပါရိုစီတင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်ကြားချက်အတိုင်း တိတိကျကျ သောက်ရမှာဖြစ်ပါတယ်။ ဆေးညွှန်းစာမှာပါတဲ့အတိုင်း အကုန်လိုက်နာသင့်ပါတယ်။ ဆရာဝန်က ဆေးပမာဏကိုပြောင်းလဲပေးနိင်ပါတယ်။ သတ်မှတ်ထားတဲ့ပမာဏထက် ပိုပေးတာတွေလျော့ပေးတာတွေ အချိန်ပိုကြာပေးတာတွေ မလုပ်သင့်ပါဘူး။ ထုတ်ပေးမှုချဲ့ပေးတဲ့ဆေးပြားပုံစံကို ချေကျိတ်တာတွေ၊ ဝါးစားတာ၊ ပိုင်းတာမျိုးတွေမလုပ်သင့်ပါဘူး။ တစ်ပြားလုံးကိုမျိုချရ မှာ ဖြစ်ပါတယ်။ ဆေးပမာဏမတိုင်းတာခင်မှာ အမှုန်များပါတဲ့အရည်ပုံစံဆေးကို သေချာခါပေးသင့်ပါတယ်။ အရည်ဆေးကို တိုင်းတာတဲ့ဆေးထိုးပြွန်၊ ဇွန်း၊ ခွက် စတာတွေနဲ့ တိုင်းတာပါ။ မရှိဘူးဆိုရင် ဆေးဝါးကျွမ်းကျင်သူဆီမှာ မေးနိုင်ပါတယ်။

လက္ခဏာတွေမသက်သာခင် လေးပတ်လောက်သောက်ရနိုင်ပါတယ်။ သင့်လက္ခဏာတွေမသက်သာလာဘူးဆိုရင် ဆေးညွှန်းအတိုင်းဆက်သုံးပြီး ဆရာဝန်ကိုပြောရမှာစြဖ်ပါတယ်။ မကောင်းတဲ့ဆေးဖြတ်လက္ခဏာတွေပေါ်လာနိုင်တာကြောင့် ရုတ်တရက်ကြီးမရပ်လိုက်ပါနဲ့။ စိတ်ချရစွာဘယ်လိုရပ်လိုက်ရမလဲဆိုတာကို သင့်ဆရာဝန်ကိုမေးသင့်ပါတယ်။ ဆေးလျှော့ခြင်းနဲ့ပတ်သက်ပြိး သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ။

Paroxetine (ပါရိုစီတင်း) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Paroxetine (ပါရိုစီတင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • paroxetine သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်

MAO inhibitorတွေကို လွန်ခဲ့တဲ့၁၄ရက်ကအသုံးပြုနေမယ်ဆိုရင် သို့ paroxetineဆေးအသုံးပြုပြီးနောက်၁၄ရက်အတွင်း မသုံးသင့်ပါဘူး။ ကြီးမားတဲ့အပြန်အလှန်တုံ့ပြန်မှုဖြစ်နိုင်လို့ဖြစ်ပါတယ်။ ( isocarboxazid, linezolid, methylene blue injection, phenelzine, rasagiline, selegiline, or tranylcypromineကဲ့သို့သော ) ။ paroxetineဆေးရပ်လိုက်ပြီးတဲ့အခါမှာလည်း MAO inhibitorစမသုံးခင် အနည်းဆုံး၁၄ရက်စောင့်ရပါမယ်။

အချို့သောငယ်ရွယ်သူတွေမှာ ပထမဆုံးအသုံးပြုချိန် သတ်သေချင်တဲ့အတွေးတွေဖြစ်နိုင်ပါတယ်။ သင့်အခြေအနေတိုးတက်လာမလာသိနိုင်ဖို့ သင့်ဆရာဝန်ဆီကို ပုံမှန်ပြသနေသင့်ပါတယ်။ သင့်မိသားစု သို့ အခြားအုပ်ထိန်းသူတွေအနေနဲ့ သင့်ရဲ့ပြောင်းလဲလာတဲ့စိတ်ခံစားချက်တွေ လက္ခဏာတွေကို သတိပြုနေဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Paroxetine (ပါရိုစီတင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Paroxetine (ပါရိုစီတင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊)တွေတွေ့ခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီယူသင့်ပါတယ်။

  • ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ အသစ်တွေ လက္ခဏာအသစ်တွေဆိုးဆိုးရွားရွားတွေ တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။ ( ခံစားချက်အမူအကျင့်များ ပြောင်းလြဲခ်င်း၊ စိုးရိပ်ခြင်း၊ ထိန်းမရောအင်လန့်ခြင်း၊ အိပ်စက်ရာတွင်အခက်အခဲရှိခြင်း၊ စိတ်လိုက်မာန်ပါလုပ်ခြင်း၊ စိတ်ကသိကေအောက်ဖြစ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ ရန်လိုခြင်း၊ ကနာမငြိမ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတက်ကြွမှုလွန်ကဲခြင်း၊ စိတ်ပိုကျခြင်း၊ သတ်သေလိုသည့်အတွေးများ သို့ နာကျင်စေလိုသည့်အတွေးများ)

အောက်ပါပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကို တွေ့ရမယ်ဆိုရင် ဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။

  • အတွေးများထိန်းမရြခ်င်း၊ အိပ်ဖို့မလိုခြင်း၊ အန္တရာယ်ရှိတဲ့ပုံမှန်မဟုတ်တဲ့အမူအကျင့်များ၊ အလွန်အမင်းပျော်ခြင်းဝမ်းနည်းခြင်း၊ အရင်ထက်စကားပိုများခြင်း
  • အမြင်ဝါးခြင်း၊ ဥမင်သဖွယ်မြင်ခြင်း၊ မျက်လုံးနာခြင်းရောင်ခြင်း၊ အလင်းကွင်းများမြင်ခြင်း
  • ပုံမှန်မဟုတ်ဘဲအရိုးနာခြင်း၊ ရောင်ခြင်း ၊ ပေါက်ပြဲခြင်း
  • ကိုယ်အလေးချိန်သို့ အစားအစားလိုစိတ်အပြောင်းအလဲိများ
  • အလွယ်တကူပေါက်ပြဲလွယ်ခြင်း၊ သွေးထွက်လွယ်ခြင်း( နှာခေါင်း၊ ပါးစပ်၊ ယောနိလမ်ကြောင်း၊ အူမကြိး) ၊သွေးချောင်းဆိုးခြင်း
  • ဆီရိုတိုနင်ကိုယ်တွင်းပမာဏများခြင်းကြောင့် စိုးရိမ်ကြောင့်ကြခြင်း၊ ထင်ယောင်ထငိမှားဖြစ်ခြင်း၊ ဖျားခြင်း၊ နှလုံးခုန်မြန်ခြင်း၊ တုံ့ပြန်မှုများလွန်ကဲခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဆက်စပ်နိုင်မှုမဲ့ခြင်း၊ ဖျော့တော့ခြင်း
  • ကိုယ်တွင်းဆိုဒီယမ်ပမာဏနည်းခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မရေမရာဖြစ်ခြင်း၊ စကားမပီခြင်း၊ အလွန်အမင်းအားနည်းခြင်း၊ အန်ခြင်း၊ ကိုယ့်ကိုယ်ကိုမထိန်းနိုင်ခြင်း
  • ပြင်းထန်တဲ့အာရုံကြောဆိုင်ရာတုံ့ပြန်မှုများ ကြွက်သားများအလွန်အမင်းတောင့်တင်းနေခြင်း၊ အဖျားကြီးခြင်း၊ ချွေးထွက်ခြင်း၊ မရေမရာဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်းမည်ီခြင်း၊ တုန်ခြင်း၊
  • အရေပြားဆိုင်ရာပြင်းထန်တဲ့တုန့်ပြန်မှုများ – ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ မျက်နှာလျှာရောင်ခြင်း၊ မျက်လုံးပူခြင်း၊ အရေပြားနာခြင်း၊ အနီရောင်အပြာရောင်အဖိမ့်များ ပျံ့နှံ့နေခြင်း (အထူးသဖြင့်မျက်နှာနှင့်ခန္ဓါကိုအပေါ်ပိုင်းယ်ပေါ်တွင်)ပေါက်ပြဲခြင်း၊ ကွာကျခြင်း

တွေ့ရများတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

အမြင်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

အားနည်းခြင်း၊ အိပ်ချငိမူးတူးဖြစ်ခြင်း၊ မူးဝြေခ်ငး

ချွေးထွက်ခြင်း၊ စိုးရိမ်ခြင်း၊ တုန်ခါခြင်း

အိပ်မပျော်ြခ်င်း

အာခြောက်ခြင်း၊ သမ်းဝေခြင်း

လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုနည်းခြ်ငး၊ မြုံခြင်း၊ ကာမဆက်ဆံရာတွင်ပြီးမြောက်ဖို့အခက်အခဲရှိခြင်း

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Paroxetine (ပါရိုစီတင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

)အောက်ပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။

  • Cimetidine (Tagamet), St. John’s wort, tamoxifen, tryptophan (sometimes called L-tryptophan), warfarin (Coumadin, Jantoven)
  • Heart rhythm medicine နှလုံးခုန်ခြင်းဆိုင်ရာဆေးများ
  • HIV or AIDS medications
  • Certain medicines to treat narcolepsy ထိုင်းမှိုင်ခြင်း or ADHD – amphetamine, atomoxetine, dextroamphetamine, Adderall, Dexedrine, Evekeo, Vyvanse, and others
  • စိတ်ကြွစေတဲ့ အနာသက်သာဆေးများNarcotic pain medicine – fentanyl, tramadol
  • Medicine to treat anxiety, mood disorders, thought disorders, or mental illnessစိုးရိမ်ခြင်း၊ ခံစားချက်အပြောင်းအလဲများ၊ အတွေးအပြောင်းအလဲများ၊ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများကုသသည့်ဆေးများ – such as buspirone, lithium, other antidepressants, or antipsychotics
  • ခေါင်းတစ်ခြမ်းကိုက်ရောဂါအတွက်ဆေးများMigraine headache medicine – sumatriptan, rizatriptan, zolmitriptan, and others
  • အတက်ရောဂါအတွကါဆေးများSeizure medicine – phenobarbital, phenytoin

အစားအသောက်တွေနဲ့ အရက်က Paroxetine (ပါရိုစီတင်း) နဲ့ ဓါတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Paroxetine (ပါရိုစီတင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

ဒီဆေးကိုသက်ရောက်နိုင်တဲ့ရောဂါအခြေအနေတွေကတော့

နှလုံးရောဂါ၊ သွေးတိုး၊ လေဖြတ်ဖူးခြင်း

အသည်းကျောက်ကပ်ရောဂါ

သွေးထွက်ခြင်းသွေးခဲခြင်းဆိုင်ရာမူမမှန်ခြင်း

အတက်ရောဂါ

စိတ်ကျစိတ်ကြွခြင်း၊ ဆေးစွဲဖူးခြင်း။ သတ်သေလိုသည့်အတွေးများဝင်ဖူးခြင်း

ရေတိမ်

ဆိုဒိယမ်သွေးတွင်းပမာဏနည်းခြ်ငး

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Paroxetine (ပါရိုစီတင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူများ စိတ်ကျရောဂါအတွက်

ချက်ချင်းထုတ်ပေးတဲ့ဆေးပြားပုံစံနဲ့ အမှုန်ပါအရည်ပုံစံ

အစောပိုင်းကာလ- 20 mg သောက်ဆေး တစ်နေ့တစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

ရောဂါထိန်းသိမ်ေးရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- 20 mg to 50 mg သောက်ဆေး တစ်နေ့တစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

ဆေးပမာဏအပြောင်းအလဲ – တစ်နေ့ 10 mgတစ်ပတ်ခြားတစ်ခါအနည်းဆုံး တိုးပေးခြင်း

ထုတ်ပေးမှုချဲ့ပးထားပေးနိုင် သောဆေးပြားပုံစံ

အစောပိုင်းပမာဏ- Paroxetine- naive patients: : 25 mg သောက်ဆေး တစ်တေစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

ဆေးအပြောင်းအလဲ- 30 mgချက်ချင်းထုတ်ပေးတဲ့ဆေးပုံစံက 37.5 mgထုတ်ပေးမှုချဲ့ပေးတဲ့ဆေးပြားပုံစံနဲ့ တူညီပါတယ်။

ရောဂါထိန်းသိမ်ေးရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- အစောပိုင်းပမာဏကို အများဆုံး 62.5 mgတစ်နေ့စာ တိုးပေးခြင်း

းဆေးပမာဏအပြောင်းအလဲ – တစ်နေ့ 12.5mgတစ်ပတ်ခြားတစ်ခါအနည်းဆုံး တိုးပေးခြင်း

ဂရုပြုရမည့်အချက်- ထုတ်ပေးမှုချဲ့ပေးထားတဲ့ဆေးပြားတွေကို တစ်ပြားလုံးမျိုချရမှာဖြစ်ပါတယ်။ ဝါးစားခြင်းကျိတ်ချေခြင်းမပြုပါနဲ့။

အရွယ်ရောက်ပြီးသူများ စိုးရိမ်ခြင်းအတွက်

ချက်ချင်းထုတ်ပေးတဲ့ဆေးပြားပုံစံနဲ့ အမှုန်ပါအရည်ပုံစံ

အစောပိုင်းကာလ- 20 mg သောက်ဆေး တစ်နေ့တစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

ရောဂါထိန်းသိမ်ေးရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- 60mg အထိ သောက်ဆေး တစ်နေ့တစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

ဆေးပမာဏအပြောင်းအလဲ – တစ်နေ့ 10 mgတစ်ပတ်ခြားတစ်ခါအနည်းဆုံး တိုးပေးခြင်း

ထုတ်ပေးမှုချဲ့ပေးထားနိုင်သောဆေးပြားပုံစံ

အစောပိုင်းပမာဏ-: 12.5 mg သောက်ဆေး တစ်တေစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

ရောဂါထိန်းသိမ်ေးရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- အစောပိုင်းပမာဏကို အပတ်စဉ် 12.5 mgတိုးပေးခြင်းဖြ်င့် အများဆုံး 37.5 mgတစ်နေ့စာ တိုးပေးခြင်း

းဆေးပမာဏအပြောင်းအလဲ – တစ်ပတ်ခြားတစ်ခါအနည်းဆုံး တိုးပေးခြင်း

ဂရုပြုရမည့်အချက်- ထုတ်ပေးမှုချဲ့ပေးထားတဲ့ဆေးပြားတွေကို တစ်ပြားလုံးမျိုချရမှာဖြစ်ပါတယ်။ ဝါးစားခြင်းကျိတ်ချေခြင်းမပြုပါနဲ့။

အရွယ်ရောက်ပြီးသူများ စိုးရိမ်ခြင်းအတွက်

ချက်ချင်းထုတ်ပေးတဲ့ဆေးပြားပုံစံနဲ့ အမှုန်ပါအရည်ပုံစံ

အစောပိုင်းကာလ- 10 mg သောက်ဆေး တစ်နေ့တစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

ရောဂါထိန်းသိမ်ေးရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- 40mg အထိ သောက်ဆေး တစ်နေ့တစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း။ 60 mg အထိသောက်ဆေး တစ်နေ့တစ်ကြိမ် မနက်ပိုင်း

ဆေးပမာဏအပြောင်းအလဲ – တစ်နေ့ 10 mgတစ်ပတ်ခြားတစ်ခါအနည်းဆုံး တိုးပေးခြင်း

ထုတ်ပေးမှုချဲ့ပေးထားနိုင်သောဆေးပြားပုံစံ

အစောပိုင်းပမာဏ- Paroxetine naive patients:: 12.5 mg သောက်ဆေး တစ်တေစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

ရောဂါထိန်းသိမ်ေးရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- အစောပိုင်းပမာဏကို အပတ်စဉ် 12.5 mgတိုးပေးခြင်းဖြ်င့် အများဆုံး 75 mgတစ်နေ့စာ တိုးပေးခြင်း

းဆေးပမာဏအပြောင်းအလဲ – တစ်ပတ်ခြားတစ်ခါအနည်းဆုံး တိုးပေးခြင်း

ဂရုပြုရမည့်အချက်- ထုတ်ပေးမှုချဲ့ပေးထားတဲ့ဆေးပြားတွေကို တစ်ပြားလုံးမျိုချရမှာဖြစ်ပါတယ်။ ဝါးစားခြင်းကျိတ်ချေခြင်းမပြုပါနဲ့။

အရွယ်ရောက်ပြီးသူများ ဓမ္မတာအကြိုကြောင့်ကြခြင်းအတွက်

ထုတ်ပေးမှုချဲ့ပေးထားနိုင်သောဆေးပြားပုံစံ

အစောပိုင်းပမာဏ-: 12.5 mg သောက်ဆေး တစ်တေစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

ဆက်တိုက်သို့ တလှည့်စီ၊ 12.5 mg သောက်ဆေး တစ်တေစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ၊ အများအားဖြ်င့် မနက်ပိုင်း ရာသီစက်ဝိုင်းရဲ့လူတီယယ်ကာလတွင်း ( ရာသီသွေးဆင်းမခင်၁၄ရက်အလို)

ရောဂါထိန်းသိမ်ေးရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- 12.5 mg သောက်ဆေး တစ်တေစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း စမ်းသပ်သုံးစွဲမှုတွေမှာ အကျိုးသက်ရောက်မှုပေးပါတယ်။ ရာသီစက်ဝန်း၃ခါထက်ပိုပြီးတော့ အကျိုးသက်ရောက်မှုမပေးနိုင်သေးပါဘူး။ တည့်တယ်ဆိုရင် ဆက်တိုက်အသုံးပြုနိုင်ပါတယ်။

းဆေးပမာဏအပြောင်းအလဲ – တစ်ပတ်ခြားတစ်ခါအနည်းဆုံး တိုးပေးခြင်း

ဂရုပြုရမည့်အချက်- ထုတ်ပေးမှုချဲ့ပေးထားတဲ့ဆေးပြားတွေကို တစ်ပြားလုံးမျိုချရမှာဖြစ်ပါတယ်။ ဝါးစားခြင်းကျိတ်ချေခြင်းမပြုပါနဲ့။

အရွယ်ရောက်ပြီးသူများ အာသာဆန္ဒမထိန်းနိုင်ခြင်းအတွက်

ချက်ချင်းထုတ်ပေးတဲ့ဆေးပြားပုံစံနဲ့ အမှုန်ပါအရည်ပုံစံ

အစောပိုင်းကာလ- 20 mg သောက်ဆေး တစ်နေ့တစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

ရောဂါထိန်းသိမ်ေးရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- 40mg အထိ သောက်ဆေး တစ်နေ့တစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

60 mg အထိသောက်ဆေး တစ်နေ့တစ်ကြိမ် မနက်ပိုင်း

ဆေးပမာဏအပြောင်းအလဲ – တစ်နေ့ 10 mgတစ်ပတ်ခြားတစ်ခါအနည်းဆုံး တိုးပေးခြင်း

အရွယ်ရောက်ပြီးသူများ အာသာဆန္ဒမထိန်းနိုင်ခြင်းအတွက်

ချက်ချင်းထုတ်ပေးတဲ့ဆေးပြားပုံစံနဲ့ အမှုန်ပါအရည်ပုံစံ

အစောပိုင်းကာလ- 20 mg သောက်ဆေး တစ်နေ့တစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

ရောဂါထိန်းသိမ်ေးရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- 20 to 50 mg အထိ သောက်ဆေး တစ်နေ့တစ်ကြိမ် အစာနဲ့တွဲပြိး သို့ အစာမပါဘဲ ၊ အများအားဖြင့် မနက်ပိုင်း

ဆေးပမာဏအပြောင်းအလဲ – တစ်နေ့ 10 mgတစ်ပတ်ခြားတစ်ခါအနည်းဆုံး တိုးပေးခြင်း

အရွယ်ရောက်ပြီးသုူများ သွေးဆုံးပြီးနော်က်ပိုင်းလက္ခဏာများအတွက်

Brisdelle (R)တစ်မျိုးတည်းသာလျှင် ဈေးကွက်မှာရောင်းချဖို့ ခွင့်ပြုထားပါတယ်။ မပြင်းထန်ရာကနေ ပြင်းထန်တဲ့ သွေးဆုံးခြင်းဆက်နွှယ်တဲ့သွေးကြောလှုပ်ရှားခြင်းလက္ခဏာများအတွက် – 7.5 mgသောက်ဆေး တစနေ့်တစ်ကြိမ် ညအိပ်ရာဝင်ခါနီး အစာနဲ့ သို့ အစာမပါဘဲ

ကလေးတွေအတွက် Paroxetine (ပါရိုစီတင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေအတွက် ပမာဏကိုသတ်မှတ်မထားပါဘူး။ ကလေးတွေအတွက် စိတ်မချရမှုတွေဖြစ်နိုင်ပါတယ်။ အသုံးမပြုခင်မှာ စိတ်ချရမှုနဲ့ပတ်သက်ပြီး ပြည့်ပြည့်ဝဝနားလည်ထားသင့်ပါတယ်။ ပိုပြီးသိလိုတာတွေကို သင့်ဆရာဝန်တတ်ကျွမ်းနားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Paroxetine (ပါရိုစီတင်း) ကိုဘယ်လိုရရှိနိုင်သလဲ

အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

ဆေးတောင့်ပုံစံ 7.5 mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement