Generic Name: Papaverine (ပါပါဗာရင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Papaverine (ပါပါဗာရင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Papaverine  ကို ကိုယ်တွင်းအင်္ဂါတွေဖြစ်ပေါ်လာအောင် ပေါင်းစပ်ဖွဲ့စည်းထားသော smooth muscle ကြွက်သားတွေ အလွန်အကျွံညှစ်တဲ့ အခြေအနေတွေကို ကုသဖို့အတွက် အများဆုံး အသုံးပြုလေ့ရှိပါတယ်။သွေးလည်ပတ်မှုပြဿနာတွေရှိနေတဲ့ လူနာတွေမှာ သွေးစီးဆင်းမှု တိုးတက်ကောင်းမွန်အောင် ပံ့ပိုးပေးဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ဒီဆေးဟာ သွေးကြောတွေကို ကျယ်စေတဲ့အတွက် နှလုံးနဲ့ ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ သွေးလည်ပတ်သွားလာမှု ကောင်းမွန်စေပါတယ်။ပန်းသေပန်းညှိုးခြင်းအတွက် Papaverine  ကို အသုံးမပြုသင့်သလို လိင်တံထဲကိုလည်း မထိုးထည့်သင့်ပါဘူး။ဒီလို ထိုးထည့်ခြင်းအားဖြင့် လိင်တံကို တချိန်လုံးထောင်မတ်နေစေပြီး အလွန်နာကျင်စေတဲ့အတွက် ခွဲစိတ်ကုသဖို့တောင် လိုအပ်သွားမှာ ဖြစ်ပါတယ်။ဒါပေမယ့် Papaverine  ကို အမျိုးသားတွေမှာ မျိုးမအောင်ခြင်းကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။

Papaverine (ပါပါဗာရင်း) ဘယ်လိုသောက်သုံးသင့်သလဲ

  • Papaverine ကို သောက်ဆေးပြား ဒါမှမဟုတ် ကြာရှည်စွာ အာနိသင်ပြသော ဆေးတောင့် ပုံစံ အနေနဲ့ ရရှိနိုင်ပါတယ်။ဆေးပြားပုံစံအဖြစ် အသုံးပြုမယ်ဆိုရင် တနေ့ကို သုံးကြိမ်ကနေ ငါးကြိမ်အထိ သုံးစွဲနိုင်ပြီး ဆေးတကြိမ်နဲ့ တကြိမ်အကြားမှာ ခြားတဲ့ အချိန်ကာလကတူညီရမှာဖြစ်ပါတယ်။ကြာရှည်စွာ အာနိသင်ပြတဲ့ ဆေးတောင့်ပုံစံကို သုံးစွဲမယ်ဆိုရင်တော့ ၈နာရီခြားတခါ ဒါမှမဟုတ် ၁၂နာရီကြားတခါ သုံးစွဲနိုင်ပါတယ်။ဆေးညွှန်းကို အတိအကျလိုက်နာရမှာဖြစ်ပြီး မရှင်းလင်းတာတွေရှိရင် ဆရာဝန်ကို သေချာစွာ မေးမြန်းရပါမယ်။Papaverine  ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျ သုံးစွဲပါ။
  • Papaverine ဟာ စွဲတတ်တဲ့အတွက် ညွှန်ကြားထားတဲ့ ပမာဏထက်ပိုသောက်တာ၊အကြိမ်ရေပိုသောက်တာ ဒါမှမဟုတ် ညွှန်ကြားထားတဲ့ ကာလထက် ကြာရှည်စွဲသောက်တာမျိုး မလုပ်ရပါဘူး။
  • Papaverine  ဟာ သွေးပေါင်တက်တာကို ထိန်းပေးနိုင်ပါတယ်။ဒါပေမယ့် လုံးဝတော့ မကုသနိုင်ပါဘူး။ဒါကြောင့် သင့်အနေနဲ့ နေထိုင်ကောင်းသွားပြီဆိုရင်တောင် Papaverine  ကို ဆက်လက်သုံးစွဲရမှာ ဖြစ်ပြီး ဆရာဝန်ကို အသိမပေးဘဲ ဆေးသောက်ရပ်လိုက်တာမျိုး လုံးဝမလုပ်ရပါဘူး။

Papaverine (ပါပါဗာရင်း) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Papaverine  ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ papaverine  ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ papaverine  ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Papaverine  ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Papaverine  ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Papaverine (ပါပါဗာရင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

papaverine သို့မဟုတ် အခြားဆေးတွေနဲ့ ဓာတ်မတည့်တာမျိုး ရှိရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။

သင့်အနေနဲ့ အခြားသော ဆေးတွေ သုံးစွဲနေရတယ်ဆိုရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ (အထူးသဖြင့် levodopa (Larodopa, Sinemet) နဲ့ ဗီတာမင်များ)။

သင့်မှာ နှလုံးရောဂါရှိရင် ဒါမှမဟုတ် ရေတိမ်ရောဂါရှိရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။

သင့်မှာ ကိုယ်ဝန်ရှိနေရင်၊ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။ဆေးသောက်နေတုန်း ကိုယ်ဝန်ရှိလာရင်လည်း ဆရာဝန်ကို အကြောင်းကြားပါ။

သွားနှင့် ခံတွင်းဆိုင်ရာ ခွဲစိတ်မှုတွေအပါအဝင် အခြားသော ခွဲစိတ်မှုတွေကို ခံယူရမယ်ဆိုရင်လည်း သင့်အနေနဲ့ papaverine သုံးစွဲနေရကြောင်း ဆရာဝန်ကို ကြိုတင်အသိပေးပါ။

ဒီဆေးဟာ မူးဝေထိုင်းမှိုင်းငိုက်မျဉ်းခြင်းတွေကို ဖြစ်စေနိုင်တဲ့အတွက် ဆေးရဲ့ အာနိသင်သက်ရောက်မှုပုံစံကို ဂဃနဏ မသိရသေးခင် ကားမောင်းတာမျိုး ဒါမှမဟုတ် စက်ကိရိယာအကြီးစားတွေကို ကိုင်တွယ်မောင်းနှင်တာမျိုး မပြုလုပ်သင့်ပါဘူး။

အရက်ဟာ papaverine ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေတဲ့အတွက် papaverine ကို သုံးစွဲနေစဉ်ကာလမှာ အရက်သေစာသုံးစွဲမှုနဲ့ ပတ်သက်ပြီး သိရှိလိုတာတွေ ရှိပါက ဆရာဝန်ကို မေးမြန်းပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Papaverine (ပါပါဗာရင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ

ဘေးထွက်ဆိုးကျိုးများ

Papaverine (ပါပါဗာရင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

  • တကိုယ်လုံးပူနွေးနေသလို ခံစားရခြင်း။
  • ချွေးစေးများပျံခြင်း။
  • ခေါင်းကိုက်ခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း။
  • အရေပြားတွင် အနီစက်များထွက်ခြင်း။
  • ဗိုက်အောင့်ဗိုက်နာခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • ဝမ်းလျှောခြင်း။
  • ဝမ်းချုပ်ခြင်း။
  • ဗိုက်နာခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Papaverine (ပါပါဗာရင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Papaverine  ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ် (ဥပမာ အက်စ်ပရင်၊viagra၊ ပါရာစီတမော စသည်)။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

 

အစားအသောက်တွေနဲ့ အရက်က Papaverine (ပါပါဗာရင်း) နဲ့ ဓာတ်ပြုနိုင်သလား

Papaverine  က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Papaverine (ပါပါဗာရင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Papaverine  ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Papaverine (ပါပါဗာရင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကြာရှည်စွာ အာနိသင်ပြသော ဆေးတောင့်ပုံစံ (သောက်ဆေး) :

၁၅၀ မီလီဂရမ် ကို ဆယ့်နှစ်နာရီခြားတခါ သောက်ရပါမယ်။ဆေးပမာဏကို ၁၅၀ မီလီဂရမ်နဲ့ ရှစ်နာရီခြားတခါ သို့မဟုတ် ၃၀၀မီလီဂရမ်နဲ့ ဆယ့်နှစ်နာရီခြားတခါ စသဖြင့် တိုးမြှင့်နိုင်ပါတယ်။

ဆေးပြားပုံစံ (သောက်ဆေး) :

၁၀၀ – ၃၀၀ မီလီဂရမ် ကို တနေ့ သုံးကြိမ်ကနေ ငါးကြိမ်အထိ သောက်နိုင်ပါတယ်။

ပန်းသေပန်းညှိုးခြင်းအတွက် (ထိုးဆေး) :

ဆေး ၃၀ – ၆၀ မီလီဂရမ် ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိင်တံထဲသို့ ဖြည်းညင်းစွာ ထိုးထည့်ရပါမယ်။တမိနစ်၊နှစ်မိနစ်အတွင်းမှာ ဆေးကို ကုန်စင်အောင် ထိုးရမှာပါ။တနေ့ကို တကြိမ်ထက်ပိုမထိုးပါနဲ့။နှစ်ရက်ဆက်တိုက်ထက် ပိုမထိုးရသလို တပတ်ကို သုံးကြိမ်ထက် ပိုမထိုးရပါဘူး။

ကလေးတွေအတွက် Papaverine (ပါပါဗာရင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Papaverine (ပါပါဗာရင်း) ကိုဘယ်လိုရရှိနိုင်သလဲ

papaverine  ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

Papaverine Hydrochloride ထိုးဆေး 60 mg/2 ml (30 mg/ml).

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Papaverine  ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 11, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 11, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ