Generic Name: Pantoprazole (ပန်တိုပရာဇော) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Pantoprazole (ပန်တိုပရာဇော) ကို ဘာအတွက်အသုံးပြုကြသလဲ

Pantoprazole ကို အချို့သော အစာအိမ်ပြဿနာများ နှင့် အစာရေမြို (esophagus) ပြဿနာများအတွက် အသုံးပြုပါသည်။၎င်းသည် အစာအိမ်မှ ထုတ်သော အက်ဆစ်ကို လျော့နည်းစေခြင်းဖြင့် ရင်/လည်ချောင်းပူခြင်း၊အစာ/ရေမြိုရခက်ခြင်း နှင့် ကြာရှည်စွာ ချောင်းဆိုးခြင်းတို့ကို သက်သာစေပါသည်။ Pantoprazole သည် အက်ဆစ်ကြောင့် ထိခိုက်ထားသော အစာအိမ်နှင့် အစာရေမြိုတို့ကို ပြန်လည်သက်သာကောင်းမွန်စေခြင်း၊အနာဖြစ်ခြင်းကို ကာကွယ်ပေးခြင်း၊အစာရေမြိုကင်ဆာကို ကာကွယ်ပေးခြင်း စသည့် အကျိုးအာနိသင်များရှိပါသည်။Pantoprazole သည် Proton Pump Inhibitors (PPIs) ဟုခေါ်သော ဆေးအုပ်စုဝင် အမျိုးအစား ဆေးတမျိုးဖြစ်ပါသည်။

အခြားအသုံးပြုမှုများ။   ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် Pantoprazole ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။

Pantoprazole (ပန်တိုပရာဇော) ဘယ်လိုသောက်သုံးသင့်သလဲ

Pantoprazole ကို အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်နေ့လျင် ၃ကြိမ် သို့မဟုတ် ၄ကြိမ် သို့မဟုတ် သင့်ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း သောက်နိုင်သည်။ဆေးပမာဏ အနည်းအများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ အကယ်၍ သင်သည် Pantoprazole  ဆေးပြားကို သုံးစွဲပါက ဆေးပြားကို မခြမ်းပါနှင့်၊ဝါးမစားပါနှင့်၊ချေမပစ်ပါနှင့်။ထိုသို့ ပြုလုပ်ခြင်းသည် ဆေးအာနိသင်ကို ပျက်စီးစေပါသည်။ ထို့ကြောင့် တစ်လုံးလုံး မြိုချပါ။

အကယ်၍ သင်သည် Pantoprazole အမှုန့်ကို သုံးစွဲပါက အစာမစားမီ မိနစ်၃၀ခန့်ကြိုတင်၍ သောက်ပါ။ သောက်သုံးရန် အထုတ်ကို ဖွင့်ပြီး အထဲမှ အမှုန့်ကို ပန်းသီးဆော့စ်သို့မဟုတ် ပန်းသီးဖျော်ရည်နှင့် ရောပြီးသောက်ပါ။ပန်းသီးဆော့စ် လက်ဖက်ရည်ဇွန်းတဇွန်း (၅ စီစီခန့်)ထဲသို့ အမှုန့်များကိုဖြူးပြီး ၁၀မိနစ်အတွင်း အကုန် မြိုချပါ။ထို့နောက် ရေသောက်ချပါ။ သို့မဟုတ် ခွက်လေးတစ်ခွက်ထဲတွင် ပန်းသီးဖျော်ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း (၅စီစီခန့်)ထည့်ပြီး ဆေးမှုန့်များနှင့် ရောကာ ၅စက္ကန့်ခန့် မွှေပြီးနောက် အကုန်သောက်ပစ်ပါ။ဆေးကုန်ကြောင်းသေချာစေရန် ခွက်ကို ပန်းသီးဖျော်ရည် နှင့် တစ်ကြိမ်၊နှစ်ကြိမ်ခန့် ကျင်းပြီး ထပ်သောက်ပါ။ အချိန်အတော်ကြာကြို၍ ဆေးမဖျော်ထားပါနှင့်။

အကယ်၍ လူနာသည် နှာခေါင်းပိုက်မှ တဆင့် ဆေးသောက်ရမည်ဆိုပါက မှန်ကန်စွာ ဆေးဖျော်စပ်နည်း နှင့် တိုက်ကျွေးနည်းကို ဆရာဝန်အား သေချာစွာ မေးပါ။

လိုအပ်လျှင် Pantoprazole နှင့် အတူ antacid ဆေးများကို သုံးစွဲကောင်းသုံးစွဲရပါလိမ့်မည်။အကယ်၍ သင်သည် sucralfate ကို ပါ သောက်ရမည်ဆိုလျှင် Pantoprazole ကို sucralfate မသောက်မီ အနည်းဆုံး နာရီဝက်ခန့်စောသောက်ပါ။ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ရောဂါသက်သာသွားသည့်တိုင် Pantoprazole ကို ဆရာဝန်ညွှန်ကြားထားသည့် ကာလပြည့်သည်အထိ အပြည့်အဝ သောက်ရပါမည်။

Pantoprazole (ပန်တိုပရာဇော) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Pantoprazole ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Pantoprazole ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Pantoprazole ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Pantoprazole ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Pantoprazole ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pantoprazole (ပန်တိုပရာဇော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Pantoprazole ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။

—>ဓာတ်မတည့်ခြင်း

Pantoprazole  ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

ကလေးငယ်များတွင် Pantoprazole ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။

—>သက်ကြီးရွယ်အိုများ

လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Pantoprazole ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pantoprazole (ပန်တိုပရာဇော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Pantoprazole (ပန်တိုပရာဇော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Pantoprazole သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

-နှလုံးခုန် မြန်ခြင်း ၊ မမှန်ခြင်း။

-ကြွက်သားများ မူမမှန်စွာ လှုပ်ခါနေခြင်း။

-ဂဏှာမငြိမ်ခြင်း။

-ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းထဲသွေးပါခြင်း။

-ကြွက်သားနာခြင်း၊ကြွက်သား အားနည်းခြင်း၊တခုခု ဆွဲထားသလို ခံစားရခြင်း။

-ချောင်းဆိုးခြင်း၊ တစ်ဆို့ဆို့ခံစားရခြင်း။

-ခေါင်းကိုက်ခြင်း၊အာရုံစူးစိုက်၍ မရခြင်း၊သတိမေ့တတ်ခြင်း၊အားနည်းခြင်း၊အစားအသောက်ပျက်ခြင်း၊ဂဏှာမငြိမ်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊ကယောင်ကတမ်းဖြစ်ခြင်း၊သတိလစ်ခြင်း၊တက်ခြင်း၊ ဖြည်းညင်းစွာ အသက်ရှုခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

-ကိုယ်အလေးချိန်ပြောင်းခြင်း။

-ပျို့အန်ခြင်း၊ဝမ်းလျှောခြင်း။

-လေထခြင်း၊ဗိုက်နာ/အောင့်ခြင်း။

-မူးဝေထိုင်းမှိုင်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း။

-အဆစ်အမြစ်ရောင်ခြင်း။

-အိပ်မပျော်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Pantoprazole (ပန်တိုပရာဇော) နဲ့ ဓာတ်ပြုနိုင်သလဲ

Pantoprazole ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Pantoprazole ကိုအသုံးမပြုသင့်ပါဘူး။သင့်ဆရာဝန် အနေနဲ့ Pantoprazole ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

—–> Rilpivirine

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Pantoprazole နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

 Atazanavir

 Bosutinib

 Citalopram

 Dabrafenib

 Dasatinib

 Erlotinib

 Eslicarbazepine Acetate

 Ketoconazole

 Ledipasvir

 Methotrexate

 Mycophenolate Mofetil

 Nelfinavir

 Nilotinib

 Pazopanib

 Saquinavir

 Topotecan

 Vismodegib

အောက်ဖော်ပြပါ ဆေးများသည် Pantoprazole ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

 Cranberry

 Levothyroxine

 Warfarin

အစားအသောက်တွေနဲ့ အရက်က Pantoprazole (ပန်တိုပရာဇော) နဲ့ ဓာတ်ပြုနိုင်သလား

Pantoprazole က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pantoprazole (ပန်တိုပရာဇော) နဲ့ ဓာတ်ပြုနိုင်သလဲ

Pantoprazole ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

-ဝမ်းလျှောခြင်း။

-သွေးတွင်း မဂ္ဂနီဆီယမ်ဓာတ်များခြင်း။

-အရိုးပွခြင်း။

-အတက်ရောဂါရှိခြင်း —–> သတိနှင့်သုံးပါ။ အခြေအနေကို ပိုဆိုးစေမည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pantoprazole (ပန်တိုပရာဇော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ  Pantoprazole ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

Erosive esophagitis အစာရေမြိုရောင်ရောဂါအတွက်

ရောဂါကို ကုသရန်

-၄၀ မီလီဂရမ်ကို တစ်နေ့လျှင် တစ်ကြိမ်ဖြင့် ၈ပတ်အထိ သောက်ရမည်။ထို ကာလပြီးနောက် အရှင်းပျောက်သေးလျင် နောက်ထပ် ၈ပတ် ထက်သောက်နိုင်သည်။ ၁၆ပတ်ထက် ကျော်လွန်ပြီးသောက်ပါက အကျိုးသက်ရောက်မှုရှိမရှိ၊စိတ်ချရမှု ရှိမရှိ မသိရှိရပါ။

အနာကျက်ခြင်းကို ဆက်လက်ထိန်းသိမ်းရန်

-၄၀ မီလီဂရမ်ကို တစ်နေ့လျှင် တစ်ကြိမ် သောက်ရမည်။ Pantoprazole ကို အများဆုံး ၁၂လအထိ သောက်ခြင်းကိုသာ လေ့လာမှုများ ပြုလုပ်ထားပါသည်။

Gastroesophageal Reflux Disease အတွက်

-အကြောသွင်းဆေး —->၄၀မီလီဂရမ်ကို တနေ့လျှင် တကြိမ်နှုန်းဖြင့် ၇ရက် မှ၁၀ရက် အထိပေးရမည်။တခါသွင်းလျှင် ၁၅မိနစ်ခန့်ကြာအောင် သွင်းရမည်။လူနာအနေဖြင့် သောက်ဆေးစ သောက်နိုင်သည်နှင့် တပြိုင်နက် အကြောဆေးကို သောက်ဆေးသို့ ပြောင်းရမည်။

-သောက်ဆေး —->၄၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်ဖြင့် ၈ပတ်အထိ သောက်နိုင်သည်။ထို ကာလပြီးနောက် အရှင်းပျောက်သေးလျင် နောက်ထပ် ၈ပတ် ထက်သောက်နိုင်သည်။ ၁၆ပတ်ထက် ကျော်လွန်ပြီးသောက်ပါက အကျိုးသက်ရောက်မှုရှိမရှိ၊စိတ်ချရမှု ရှိမရှိ မသိရှိရပါ။

အူသိမ်အနာအတွက်

-၄၀ မီလီဂရမ်ကို တစ်နေ့လျှင် တစ်ကြိမ်သောက်ရမည်။ဆေးပမာဏကို တနေ့လျှင်သောက်ရသည့်ပမာဏ ၁၂၀မီလီဂရမ်ရောက်သည်အထိ ၁၂ပတ်တခါ ၄၀မီလီဂရမ်စီ တိုးပေးနိုင်သည်။လေ့လာတွေ့ရှိသည့် အချက်အလက်များအရ Pantoprazoleတမျိုးတည်းကို တစ်နေ့လျှင် ၄၀မီလီဂရမ်သောက်ပါက ၄ပတ်ကြာပြီးနောက် လူနာ ၈၇% လုံးဝအနာကျက်ပြီး ၈ပတ်ကြာပြီးနောက် လူနာ ၉၄% လုံးဝအနာကျက်သွားကြောင်းသိရှိရပါသည်။

အစာအိမ်အနာအတွက်

-၄၀ မီလီဂရမ်ကို တစ်နေ့လျှင် တစ်ကြိမ်သောက်ရမည်။လေ့လာတွေ့ရှိသည့် အချက်အလက်များအရ Pantoprazole တစ်မျိုးတည်းကို တစ်နေ့လျှင် ၄၀မီလီဂရမ်သောက်ပါက ၄ပတ်ကြာပြီးနောက် လူနာ ၈၇% လုံးဝအနာကျက်ပြီး ၈ပတ်ကြာပြီးနောက် လူနာ ၉၄% လုံးဝအနာကျက်သွားကြောင်းသိရှိရပါသည်။

Helicobacter pylori ဘက်တီးရီးယားပိုးကို နှိမ်နင်းရန်အတွက်

-ဆေးသုံးမျိုး ပူးတွဲအသုံးပြုခြင်း

—->Helicobacter pylori ဘက်တီးရီးယားပိုးကို အမြစ်ဖြတ်ရန်အတွက် Clarithromycin + (metronidazole သို့မဟုတ် amoxicillin )နှင့် တွဲဖက်၍ Pantoprazole ၄၀မီလီဂရမ်ကို ၇ရက်တိတိ တနေ့လျှင် ၂ကြိမ် သောက်ရမည်။ထို့နောက် ၂၈ရက် ပြည့်သည်အထိ Pantoprazole ၄၀မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ရမည်။ထိုသို့ ဆေးသုံးမျိုး ပူးတွဲအသုံးပြုခြင်းဖြင့်  Helicobacter pylori ဘက်တီးရီးယားပိုးကို အမြစ်ဖြတ်နိုင်စွမ်း ၉၅% ထက်ပိုများသည်ဟု သိရပါသည်။

-ဆေးလေးမျိုး ပူးတွဲအသုံးပြုခြင်း

—->Bismuth subcitrate နှင့်  tetracycline ကို တနေ့လျှင် ၄ကြိမ်၊metronidazole  ၂၀၀မီလီဂရမ် ကို တနေ့လျှင် ၃ကြိမ်၊ အိပ်ယာဝင်ခါနီး ၄၀၀မီလီဂရမ်တို့ နှင့် တွဲဖက်၍ Pantoprazole ၄၀မီလီဂရမ်ကို ၇ရက်တိတိ တနေ့လျှင် ၂ကြိမ် သောက်ရမည်။လူနာ ၈၂%ခန့်တွင်  Helicobacter pylori ဘက်တီးရီးယားပိုးကို အမြစ်ဖြတ်နိုင်စွမ်း ရှိသည်။

Zollinger-Ellison Syndrome ကို ကုသရန်အတွက်

-အကြောသွင်းဆေး —-> ၈၀မီလီဂရမ်ကို ၁၂နာရီခြားတခါသွင်းရမည်။တခါသွင်းလျှင် ၁၅မိနစ်ကြာအောင်သွင်းရမည်။တစ်နေ့လျင် ၂၄၀မီလီဂရမ်ထက်ပို၍ သွင်းခြင်း သို့မဟုတ် ၆ရက်ထက်ပိုသွင်းခြင်း သည် အကျိုးရှိမရှိ မလေ့လာရသေးပါ။

-သောက်ဆေး —-> ၄၀မီလီဂရမ်ကို တစ်နေ့လျင် ၂ကြိမ်၊အများဆုံး တစ်နေ့လျှင် ၂၄၀မီလီဂရမ် အထိ သောက်နိုင်သည်။အချို့လူနာများသည် Pantoprazole ကို ၂နှစ်ထက်ပို၍ စွဲသောက်ရလေ့ရှိသည်။

Stress ကြောင့် အစာအိမ်/အူအနာဖြစ်ခြင်းကို ကာကွယ်ရန်အတွက်

Stress ကြောင့် ဖြစ်သော အနာမှ သွေးယိုစီးခြင်းကို အရေးပေါ်အခြေအနေတွင် ကာကွယ်ရန် : အကြောသွင်းဆေး ၈၀မီလီဂရမ်ကို ၁၅မိနစ်အတွင်း ပေးရမည်။တနေ့လျှင် ၂ကြိမ်ပေးရမည်။တစ်နေ့လျှင် ဆေးပမာဏ အများဆုံး ၂၄၀မီလီဂရမ်ကို ၃ကြိမ် အညီအမျှ ခွဲပေးနိုင်သည်။

အရေးပေါ်အခြေအနေကို တည်ငြိမ်အောင် ကုသပြီးနောက် ထပ်မံ၍ သွေးယိုစီးခြင်းမှ ကာကွယ်ရန် : အကြောသွင်းဆေး ၈၀မီလီဂရမ်ကို ဦးစွာပေးရမည်။ထို့နောက် 8mg/hr နှုန်းဖြင့် ၃ရက်ဆက်တိုက်ပေးထားရမည်။ ၃ရက် ပြည့်လျှင် PPI သောက်ဆေးသို့ ပြောင်းရမည်။

အစာအိမ်/အူ အနာအတွက်

Stress ကြောင့် ဖြစ်သော အနာမှ သွေးယိုစီးခြင်းကို အရေးပေါ်အခြေအနေတွင် ကာကွယ်ရန် : အကြောသွင်းဆေး ၈၀မီလီဂရမ်ကို ၁၅မိနစ်အတွင်း ပေးရမည်။တနေ့လျှင် ၂ကြိမ်ပေးရမည်။တနေ့လျှင် ဆေးပမာဏ အများဆုံး ၂၄၀မီလီဂရမ်ကို ၃ကြိမ် အညီအမျှ ခွဲပေးနိုင်သည်။

အရေးပေါ်အခြေအနေကို တည်ငြိမ်အောင် ကုသပြီးနောက် ထပ်မံ၍ သွေးယိုစီးခြင်းမှ ကာကွယ်ရန် : အကြောသွင်းဆေး ၈၀မီလီဂရမ်ကို ဦးစွာပေးရမည်။ထို့နောက် 8mg/hr နှုန်းဖြင့် ၃ရက်ဆက်တိုက်ပေးထားရမည်။ ၃ရက် ပြည့်လျှင် PPI သောက်ဆေးသို့ ပြောင်းရမည်။

ကလေးတွေအတွက် Pantoprazole (ပန်တိုပရာဇော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Pantoprazole (ပန်တိုပရာဇော) ကိုဘယ်လိုရရှိနိုင်သလဲ

Pantoprazole ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြား : ၂၀မီလီဂရမ် ၊ ၄၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

(ယေဘူယျအသိပေးချက် –

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

(ယေဘူယျအသိပေးချက် –

Pantoprazole ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ