backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pancrelipase (ပန်ခရီလိုင်ပေ့စ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Pancrelipase (ပန်ခရီလိုင်ပေ့စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Pancrelipase တွင် ပရိုတင်း၊ ကစီဓါတ်နှင့် အဆီများကိုခြေပေးသော အင်ဇိုင်းများပါပြီး တစ်ချို့သော အခြေအနေများ၌ အစာခြေဖျက်ခြင်းကို တိုးမြင့်စေရန်အတွက် အသုံးပြုပါသည်။ (ဥပမာ Cystic fibrosis နှင့် မုန့်ချိုအိတ်ရောင်ခြင်း။)

Pancrelipase (ပန်ခရီလိုင်ပေ့စ်) ဘယ်လိုသောက်သုံးသင့်သလဲ

ပါးစပ်မှသောက်သုံးရမည့် ပုံစံများအတွက်

  • ဆရာဝန်ညွှန်ကြားထားသည့် ပမာဏနှင့် အချိန်အတိုင်း Pancrelipase ကိုသောက်ပါ။
  • Pancrelipase ကို မသုံးခင် အညွှန်းစာကို သေချာဖတ်ပါ။
  • အညွှန်းတွင်ပါသည်များကို မရှင်းလင်းသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Pancrelipase (ပန်ခရီလိုင်ပေ့စ်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Pancrelipase ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Pancrelipase ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။

Pancrelipase ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။)

Pancrelipase အား အိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချတာမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာ အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

Pancrelipase အားရေခဲသေတ္တာထဲ၌ သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင်ပျက်ပြယ်နိုင်သောကြောင့် အေးခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pancrelipase (ပန်ခရီလိုင်ပေ့စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်၌ အောက်ပါတို့ရှိလျှင် ဆရာဝန်ကိုပြောပါ-

  • Pancrelipase နှင့် ဓါတ်မတည့်ခြင်း၊ Pancrelipase တွင်ပါသော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်း
  • တခြားဆေးများ၊ အစာများ၊ ဆိုးဆေးများ၊ တာရှည်ခံဆေးများ သို့မဟုတ် တိရိစ္ဆာန်များနှင့် ဓါတ်မတည့်မှုရှိလျှင်
  • တခြားသော ကျန်းမာရေးအခြေအနေများနှင့် သင်သုံးနေသည့်ဆေးများသည် Pancrelipase နှင့် ဓါတ်ပြုမှုရှိနိုင်လျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pancrelipase (ပန်ခရီလိုင်ပေ့စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

(ယေဘူယျအသိပေးချက်-ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Pancrelipase (ပန်ခရီလိုင်ပေ့စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးများကဲ့သိုပင် Pancrelipase သည်လည်း ဘေးထွက်ဆိုးကျိုးတစ်ချို့ကို ဖြစ်စေနိုင်ပါသည်။ ဖြစ်သည်မှာ ရှာပါးပြီး ဆေးအကူညီယူရန်လည်း မလိုအပ်တတ်ပါ။ သို့သော် ဆေးကိုအသုံးပြုပြီးနောက် ပြဿနာတစ်ခုခုရှိလာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အမြဲတမ်းအရေးကြီးပါသည်။

တစ်ချို့ဘေးထွက်ဆိုးကျိုးများကို အောက်တွင် စာရင်းပြုစုထားပါသည်။

  • အမြင်ေဝဝါးခြင်း
  • အာခြောက်ခြင်း
  • အသားအရေပူပြီး ခြောက်သွေ့ခြင်း
  • ခံတွင်းမှသစ်သီးနံ့ထွက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ဗိုက်ပိုဆာလာခြင်း
  • ရေပိုဆာလာခြင်း
  • ဆီးပိုသွားခြင်း
  • ချွေးထွက်ခြင်း
  • အကြောင်းရင်းမရှိပဲ ကိုယ်အလေးချိန်ကျသွားခြင်း
  • အန်ခြင်း
  • ချောင်းဆိုးခြင်း
  • အသက်ရှုကြပ်ခြင်း
  • အစာမျိုရခက်ခြင်း
  • မူးဝေခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အရေပြားယားယံခြင်း သို့မဟုတ် အပိန့်ထခြင်း
  • ပျို့အန်ခြင်း
  • အသက်ရှုရာတွင် အသံထွက်ခြင်း
  • မျက်ခွံများ သို့မဟုတ် မျက်လုံးတစ်ဝိုက်၊ မျက်နှာ၊ နှုတ်ခမ်း သို့မဟုတ် လျှာများ ဖောခြင်း သို့ ဖူးယောင်ခြင်း
  • ရင်ကြပ်ခြင်း
  • ဝမ်းသွားရခက်ခြင်း
  • ပုံမှန်မဟုတ်ပဲ ဗိုက်အလွန်နာခြင်း
  • ပုံမှန်မမဟုတ်ပဲ မောပန်းခြင်း သို့မဟုတ် အားနည်းခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။

ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Pancrelipase (ပန်ခရီလိုင်ပေ့စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Pancrelipase သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။

မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Pancrelipase (ပန်ခရီလိုင်ပေ့စ်) နဲ့ ဓါတ်ပြုနိုင်သလား

Pancrelipase က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pancrelipase (ပန်ခရီလိုင်ပေ့စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Pancrelipase သည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအား ပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီး၏။

ထိုကျန်းမာရေးအခြေများမှာ –

  • သွေးတွင်းသကြားဓါတ် ပုံမှန်မဟုတ်ခြင်း
  • Fibrosing colonopathy (အူတွင်း ကမောက်ကမရောဂါတစ်မျိုး)
  • ဂေါက်
  • သွေးတွင်းယူရစ်အက်စစ်များခြင်း
  • ဆီးတွင်းယူရစ်အက်စစ်များခြင်း
  • အူပိတ်ခြင်း
  • ကျောက်ကပ်ရောဂါ
  • မုန့်ချိုအိတ်ရောင်ခြင်း
  • ဝက်သားနှင့် ဝက်သားထုတ်ကုန်များနှင့် ဓါတ်မတည့်ခြင်း
  • လက်တို့စ်နှင့်ဓါတ်မတည့်ခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pancrelipase (ပန်ခရီလိုင်ပေ့စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အစာနှင့် သို့မဟုတ် သွားရေစာနှင့်တွဲပြီး သို့ မဟုတ် မစားခင် ၁ လုံးမှ ၃ လုံးထိ

  • အာနိသင်အချိန်ကြာအောင်ပြသည့်ဆေးတောင့်

စတင်ရမည့် ဆေးပမာဏသည် အစာတစ်ခါစားလျှင် ခန္ဓါကိုယ်အလေးချိန် တစ်ကီလိုတိုင်း ၅၀၀ လိုင်းပေ့စ်ယူနစ်နှုန်းဖြင့် တိုက်ရမည်။ အများဆုံးသောက်နိုင်မည့် ရည်ညွှန်းပမာဏသည် အစာတစ်ခါစားလျှင် ခန္ဓါကိုယ်အလေးချိန် တစ်ကီလိုတိုင်း ၂၅၀၀ လိုင်းပေ့စ်ယူနစ်နှုန်း ဖြစ်သည်။

(သို့မဟုတ် တစ်ရက်လျှင် ခန္ဓါကိုယ်အလေးချိန် တစ်ကီလိုတိုင်း ၁၀၀၀၀ လိုင်းပေ့စ်ယူနစ်နှုန်းအောက် သုံးနိုင်ပါသည်။) သို့မဟုတ်ပါက တစ်ရက်လျှင်စားသည့် အဆီပမာဏ တစ်ဂရမ်ကို ၄၀၀၀ လိုင်းပေ့စ်ယူနစ်နှုန်းအောက်လည်း သုံးနိုင်ပါသည်။

  • အမှုန့်ပုံစံ

ရည်ညွှန်းပမာဏသည် လက်ဖက်စားဇွန်း၏ ၄ ပုံ ၁ပုံ ကို (ဝ.၇ ဂရမ်) အစာနှင့် သွားရေစာနှင့် သောက်ရန်ဖြစ်သည်။

  • ဆေးပြား

စတင်ရမည့် ဆေးပမာဏသည် အစာတစ်ခါစားလျှင် ခန္ဓါကိုယ်အလေးချိန် တစ်ကီလိုတိုင်း ၅၀၀ လိုင်းပေ့စ်ယူနစ်နှုန်းဖြင့် တိုက်ရမည်။ အများဆုံးသောက်နိုင်မည့် ရည်ညွှန်းပမာဏသည် အစာတစ်ခါစားလျှင် ခန္ဓါကိုယ်အလေးချိန် တစ်ကီလိုတိုင်း ၂၅၀၀ လိုင်းပေ့စ်ယူနစ်နှုန်း ဖြစ်သည်။

(သို့မဟုတ် တစ်ရက်လျှင် ခန္ဓါကိုယ်အလေးချိန် တစ်ကီလိုတိုင်း ၁၀၀၀၀ လိုင်းပေ့စ်ယူနစ်နှုန်းအောက် သုံးနိုင်ပါသည်။) သို့မဟုတ်ပါက တစ်ရက်လျှင်စားသည့် အဆီပမာဏ တစ်ဂရမ်ကို ၄၀၀၀ လိုင်းပေ့စ်ယူနစ်နှုန်းအောက်လည်း သုံးနိုင်ပါသည်။

ကလေးတွေအတွက် Pancrelipase (ပန်ခရီလိုင်ပေ့စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ဆေးတောင့်

ရည်ညွှန်းပမာဏသည် အစားအသောက်ပေါ်တွင် ဆေးတောင့်တစ်တောင့်မှ ၃ တောင့်ထိ အမှုန့်များကို ဖြူးကျွေးနိုင်သည်။

  • ပါးစပ်မှသောက်ရမည့်ပုံစံ (အချိန်ကြာသည်အထိ အာနိသင်ပြနိုင်သည့် ဆေးတောင့်)

အသက် ၁၂ လအထက်နှင့် ၄ နှစ်အောက်ကလေးများအတွက် – စတင်ရမည့်ပမာဏသည် စတင်ရမည့် ဆေးပမာဏသည် အစာတစ်ခါစားလျှင် ခန္ဓါကိုယ်အလေးချိန် တစ်ကီလိုတိုင်း ၁၀၀၀ လိုင်းပေ့စ်ယူနစ်နှုန်းဖြင့် တိုက်ရမည်။

အများဆုံး ရည်ညွှန်းပမာဏသည် အစာတစ်ခါစားလျှင် ခန္ဓါကိုယ်အလေးချိန် တစ်ကီလိုတိုင်း ၂၅၀၀ လိုင်းပေ့စ်ယူနစ်နှုန်းဖြင့် တိုက်ရမည်။ (သို့မဟုတ် တစ်ရက်လျှင် ခန္ဓါကိုယ်အလေးချိန် တစ်ကီလိုတိုင်း ၁၀၀၀၀ လိုင်းပေ့စ်ယူနစ်နှုန်းဖြင့် တိုက်ရမည်။) သို့မဟုတ်ပါက အစာတစ်ခါစားလျှင် ခန္ဓါကိုယ်အလေးချိန် တစ်ကီလိုတိုင်း ၄၀၀၀ လိုင်းပေ့စ်ယူနစ်နှုန်းဖြင့် တိုက်ရမည်။

အသက် ၁၂ လအောက်ငယ်သော ကလေးများ

  • Creon – နို့မတိုက်ခင် သို့မဟုတ် နို့ဗူး ၁၂၀ မီလီလီတာတွင် ၃၀၀၀ လိုင်းပေ့စ်ယူနစ်နှုန်း
  • Pancreaze – နို့မတိုက်ခင် သို့မဟုတ် နို့ဗူး ၁၂၀ မီလီလီတာတွင် ၂၆၀၀ လိုင်းပေ့စ်ယူနစ်နှုန်း
  • Pertzye – ဆရာဝန်ဆုံးဖြတ်သည့်အတိုင်း ပမာဏကို အသုံးပြုပါ။
  • Ultresa™ – ဆရာဝန်ဆုံးဖြတ်သည့်အတိုင်း ပမာဏကို အသုံးပြုပါ။
  • Zenpep® – နို့မတိုက်ခင် သို့မဟုတ် နို့ဗူး ၁၂၀ မီလီလီတာတွင် ၃၀၀၀ လိုင်းပေ့စ်ယူနစ်နှုန်း
  • အမှုန့်ပုံစံ

အစားနှင့်တွဲလျက် လက်ဖက်စားဇွန်း ၄ ပုံ ၁ ပုံ။ ဆရာဝန်သည် လိုအပ်သလို ဆေးပမာဏကို ထိန်းညှိပါလိမ့်မည်။

  • ဆေးပြား

ရည်ညွှန်းဆေးပမာဏသည် အစာနှင့်တွဲလျက် ၁ ပြားမှ ၂ ပြား။

Pancrelipase (ပန်ခရီလိုင်ပေ့စ်) ကိုဘယ်လိုရရှိနိုင်သလဲ

Pancrelipase ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • ဆေးတောင့် (အချိန်ကြာအောင် အာနိသင်ပြမည့်ပုံစံ)
  • ဆေးပြား
  • ဝါးစားနိုင်သည့်ဆေးပြား
  • အမှုန့်
  • ဆေးတောင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Pancrelipase ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သောက်လိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement